Pages

Friday, September 30

လက်္ဖရည်ကြမ်းက ဆေးလိပ်ကြောင့်ဖြစ်သော အဆုတ်ကင်ဆာကို သက်သာစေနိုင်ဟုဆို


တိုင်ဝမ် ကျွန်းဆေးရုံ တစ်ရုံက အမေရိကန်ပြည်ထောင်စု၊ ကင်ဆာ သုတေသနအသင်းရဲ့ ယခုနှစ်စာတမ်းဖတ်ပွဲမှာ တင်ပြ ထားပါတယ်။ တိုင်ဝမ်းဆေးတက္က သိုလ်က ဒေါက်တာလင်က “ အဆုတ်ကင်ဆာဆိုတာ တရုတ်okw(တိုင်ပေ) မှာ သေနှုန်းများတဲ့ ရောဂါဖြစ်ပါတယ်၊လက်ဖက်ရည်ကြမ်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊သူမှာပေါ် လီဖီနာလို့ခေါ် တဲ့ အင်တီအောက်စီဒင့်ပါတယ်၊ သူက အလုံး၊ အကြိတ်ဖြစ်တာကို တားတယ် ” လို့ ဆိုပါတယ်။ဒေါက်တာလင်နဲ့ သူ့အဖော်တစ်စုက အဆုတ်ကင်ဆာဖြစ်ပြီး လူနာ ၁၇၀ နဲ့ ပကတိ ကျန်းမာသူ ၃၄၀ ကို မေးခွန်းတွေမေးပြီး သုတေသနပြုပါတယ်။ သူတို့ရဲ့နေထိုင်ရာဒေသ၊ စီးကရက်သောက်သုံးမှု၊ လက်ဖက်ရည်ကြမ်းသောက်သုံးမှု၊နေ့စဉ်စားသုံးမှု (အသီးအ နှံ၊ ဟင်းသီးဟင်းရွက်)၊ ချက်ပြုတ်ပုံ၊ မိသားစုမှာကင်ဆာမျိုးရိုး ရှိမရှိ တို့နဲ့ဆက်စပ်ပြီး စူးစမ်းပါတယ်။
သုတေသနပြုခံရသူ အုပ်စုထဲပါ၊ ဆေးလိပ်သောက်သူရော၊ မသောက်သူရော တစ်နေ့ လက်ဖက် ရည်ကြမ်းတစ်ခွက်ကလေးတောင် မသောက်ဘူးဆိုရင် ကင်ဆာဖြစ်ဖို့ (ရဖို့) ၅.၁၆ဆဖြစ်နိုင်ခြေရှိကြောင်း။
ဆေးလိပ်လည်းသောက်မယ်၊ ပုံမှန်လည်း လက်ဖက်ရည်ကြမ်းသောက်လေ့ မရှိဘူးဆိုရင်တော့ ၁၂.၇၁ ဆ တောင်ဖြစ်နိုင်ခြေရှိကြောင်း တွေ့ထားပါတယ်။ကင်ဆာအားပေးဗီဇ (ဂျင်း) လဲမပါ၊လက်ဖက်ရည်ကြမ်းလဲ ပုံမှန်သောက်မယ် ဆိုရင် ကင်ဆာကင်းဝေးဖို့၆၆ရာခိုင်နှုန်းတောင်ရှိတယ်၊ ဒါပေမဲ့ ဆေးလိပ်သောက်ပြီး ကင်ဆာ အားပေးဗီဇ(ဂျင်း) လဲပါမယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက အလွန့်အလွန်များတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ ပြောနိုင်တာက ဆေးလိပ်သောက်လို့ရတဲ့ အဆုတ်ကင်ဆာ ကို လက်ဖက်ရည်ကြမ်းက တစ်မျိုး တစ်ဖုံပြောင်းနိုင် ( လျော့နိုင်) တယ်၊ အဆုတ်ကင်ဆာက ဗီဇပေါ်မှာပဲမူတည်တယ် ” လို့ဒေါက်တာ လင်က ဆိုပါတယ်။

နှစ်ပေါင်း ရှစ်ရာကျော်မှ တစ်ကြိမ်သာ ကြုံတွေ့နိုင်သော 2011 အောက်တိုဘာလ


စနေ ငါးရက်၊ တနင်္ဂနွေ ငါးရက် ၊ တနင်္လာ ငါးရက် ရှိ သည့် အောက်တိုဘာလ သည်မကြာခင်စတင် တော့ မည် ဖြစ်ပြီး အဆိုပါနှစ် သည် နှစ်ပေါင်း ၈၂၃ နှစ် နေ မှာ တစ်ကြိမ်ကြုံ 
ကြို  က်ခြင်း ဖြစ်သည်။အဆိုပါ လကျတိုင်းကမ္ဘာ တွင် ထူးခြား ဆန်း ပြား မှု များ ရှိပြီး အထူး သဖြင့် စစ်ဘုရင် များအင်ပါယာ များ သည် ထိုလ ကျသည့် နှစ် တစ်ဝိုက် တွင် ပျက်စီးရသည်။ ဒိန်းမတ် ဘုရင် သည် လွန်ခဲ့ သော နှစ် ၈၀၀ ထို အချိန်က အာဏာ ကန့် သတ် ခံခဲ့ ရပြီး ၊စစ်သူ ကြီး ဂျင်ဂစ်ခန် နှင့် လူဝီ ၉ တို့  သေဆုံး ခဲ့သည်။ ကူဗလိုင် ခန် သည် ယွမ်မင်ဆက် ကိုထူထောင် ခဲ့ သော် လည်း ဂျပန် နှင့် ဖြစ်သည့် စစ်ပွဲ တွင် ၀က်ဝက် ကွဲ ရှုံး ခဲ့ သည်။ထိုကာလ တွင် မြန်မာ နိုင်ငံ ဉ် လည်း ပုံဂံ ခောတ် ပျက်သုဉ်း ချိန် ဖြစ်သည်။အဆိုပါ နေ့ များ ငါးရက် ထပ် သည့် လ နောက် ပိုင်း ငါးလ သည် စစ်ရေးစစ်ရာ များ ပျက်စီး
ဆုံး ရှုံး ခြင်း ခေါင်းဆောင် များ သေဆုံး ခြင်း အာဏာကန့် သတ် ခံရခြင်း များ ရှိ သော်လည်း Money Bag ဟု ခေါ်သည့် ငွေ ၀င် သည့် ကာလ ဖြစ်သည်။အဆိုပါကာ လ ဉ် ကံတရား သည် နင်းပြား တို့  ကို ဖေးမ ပြီး သလွန် သည် စောင်း သည် စောင်းပြီး သန်လျှက် သည် မထက်  ဟု တရုတ် ဖုန်းရွှေ ပညာ ရပ် ဉ် ဖော် ပြထား သည်။အကြံအစည် ရှိက အောင်မြင် တတ် ပြီး အကြံပေါ် တော့ တစ်ချက် ကံ ကော် တော့ တစ်သက်ဖြစ်သည့် လ ဟု အိန္ဒိယ ဟူးရာ နှင့် ဧကံသဗျာကရဏ ဗေဒ တွင်လည်း ဆိုထား သည်။စနေ နံ ၊ တနင်္ဂနွေ နံ ၊ တနင်္လာ နံ အလွန် အားကောင်း ပြီး မိသား စု တွင်း ဉ် ထို နေ့  မွေး သူသုံး ဦး ရှိ လျှင် ကံ အလွန် ကောင်း သည် ဟု ဆိုထား သည်။

Thursday, September 29

ကလေးများအား စာဖတ်ခြင်းစိတ်ဝင်စားစေရန်


မိဘများအနေနဲ့ မိမိသားငယ်သမီးငယ်လေးတွေကို စာဖတ်ပြခြင်းထက် ပိုကောင်းတဲ့လက်ဆောင်ဆိုတာ ခပ်ရှားရှားပါ။ တစ်သက်တာအကျိုးပြုမည့် စာဖတ်ခြင်းအလေ့အကျင့်ကို ငယ်စဉ်ကတည်းက စတင်ပျိုးထောင် ပေးရာတွင် အထောက်အကူဖြစ်မည့် နည်းလမ်းများကို ဖော်ပြအပ်ပေသည်။

၁။ မွေးကင်းစအရွယ်မှ စတင်၍ စာဖတ်ပြခြင်း စကားပြောပေးခြင်းတို့ကို ပြုလုပ်ပေးပါ။
စာဖတ်ပြရန် ငယ်လွန်းသေးသည့်အရွယ်ဟူ၍မရှိပေ။ ငယ်စဉ်တွင် ကလေးများကို စကားပြောပေးခြင်း၊ စာဖတ်ပြပေးခြင်းဖြင့် ၄င်းတို့၏ စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသည်။ မကြာခဏ ကြားရဖန်များလာသောအခါ ကလေးငယ်တို့သည် အသံများ၊ စကားလုံးများနှင့် ရင်းနှီးလာပြီး စာဖတ်တတ်ချိန်တွင် အလွန်အကျိုးဖြစ်ထွန်းစေပါသည်။

၂။ စာဖတ်ပြနေစဉ် ကလေးကို ပေါင်ပေါ်တင်ထားပေးပါ။
ကလေးငယ်သည် စာဖတ်ပြနေစဉ်အတွင်း ပျော်ပျော်ရွှင်ရွှင် အယုယ ခံနေရသောအခါ စာဖတ်ခြင်း အပေါ်အကောင်းနှင့်ယှဉ်ကာ မြင်လာပါလိမ့်မည်။

၃။ စာအုပ်ကို ကလေးကို ကိုင်ခွင့်ပေးပါ။
ကလေးငယ်တို့သည် စာအုပ်ကို ကိုယ်တိုင် ကိုင်ကြည့်ချင်တတ်ကြပါသည်။ စာအုပ်အကြောင်းကို ပိုသိစေရန် စာအုပ်ကို ကိုင်ထားပါစေ။ မာမာတောင့်တောင့် စာအုပ်များကိုတော့ ရွေးချယ်ထားပါ။ ထို့အပြင် ကလေးတို့ သဘောတွေ့စေမှာ သေချာသည့် ရုပ်ကြွစာအုပ်များ၊ ပွတ်သပ်ကိုင်တွယ်ကြည့်နိုင်သော အဆင်အသွေးပါသည့် စာအုပ်များကိုလဲ ရွေးချယ်ပေးပါ။

၎။ ကာရန်ပါသော စာအုပ်များကို ရွေးချယ်ပါ။
ကာရန်သည် ဘာသာစကား၏ တည်ဆောက်ပုံနှင့် နဘေကို နားလည်စေရန် အထောက်အကူပေးပါသည်။ ကလေးငယ်၏ အကြားအာရုံအတွက်လဲ ဆွဲဆောင်မှုရှိစေသည်။ လေ့လာမှုများအရ ကာရန်နဘေ သည် မှတ်မိလွယ်စေသည်ဟု သိရသည်။ ထို့ကြောင့်လည်း ကလေးတို့သည် စာမဖတ်တတ်ခင်မှာပင် အချို့စာအုပ်များကို အလွတ်ရနေခြင်းဖြစ်နိုင်သည်။


၅။ ချဲ့ထွင်ပြောဆိုပေးပါ။
ကလေးငယ်က စကားပြောဖို့ ကြိုးစားလာပါက သူ့စကားအတိုင်း လိုက်ပြောပေးပါ။ ဥပမာ လကိုလက်ညှိုးထိုးကာ “လ” ဟုပြောပါက “ဟုတ်တာပေါ့… အဲ့ဒါ လ လေ” ဟူ၍လည်းကောင်း၊ “ကြောင်” ဟုပြောပါကလည်း “ဟုတ်တာပေါ့ လိမ္မော်ရောင်ကြောင်လေးနော်” ဟူ၍လည်းကောင်း ၄င်းတို့ကို ဝေါဟာရအသစ်များ သင်ပေးပါ။ 

၆။ စံပြဖြစ်အောင်နေပါ။

စာအုပ်ကောင်းများကို ကြိုက်တတ်ခြင်းသည် ကူးစက်တတ်သော ရောဂါဖြစ်သည်။ မိဘများက စိတ်ဝင်တစား စာဖတ်နေသည်ကို တွေ့ရဖန်များပါက ကလေးငယ်တွင်လည်း စာဖတ်လိုစိတ် အလိုလိုဖြစ်လာမည် ဖြစ်သည်။

၇။ စာအုပ်များကို လက်လှမ်းမှီရာတွင်ထားပါ။
စာအုပ်များကို ကလေးများ အလွယ်တကူယူနိုင်သော နေရာတွင် ထားပါ။ သူတို့ဘာ သူတို့ စာအုပ်များနှင့် ကစားပါစေ။ ဖတ်ရန်စာအုပ်ကိုလဲ သူကိုယ်တိုင် ရွေးပါလိမ့်မည်။ စာတစ်အုပ်ထဲကို အကြိမ်ကြိမ် ဖတ်ပြနေရ၍ သင်စိတ်ကုန်ကောင်းကုန်ပါလိမ့်မည်။ သို့သော်လည်း ထိုသို့ အထပ်ထပ်အခါခါ ဖတ်ပြခြင်းဖြင့် သင့်ကလေး၏ သင်ယူနိုင်မှုကို အလွန်အထောက်အကူပေးနိုင်မည် ဖြစ်သည်။ 

၈။ ပျော်ရပါစေ။
စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရမည့် အလုပ်တစ်ခုဟု သင့်ကလေးမမြင်စေသင့်ပါ။ ကလေးများနှင့်ပျော်ပျော်ပါးပါး ရောက်တတ်ရာရာသီချင်းများဆိုလိုက် စာလုံးဂိမ်းများ ကစားလိုက် လုပ်ပေးခြင်းဖြင့် အကျိုးရှိသော ပျော်စရာအချိန်များကို ဖန်တီးယူပါ။

ထူးဆန်းထွေလာ



အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါသည်..။


ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိရပါသည်..။


John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။


Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါသည်..။


အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါသည်..။


Space Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါသည် ၄င်းသည် သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။


Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါသည်..။

Graphic စွမ်းဆောင်ရည် တိုးတက်စေရန်


Computer အသုံးပြုကြရာမှာ Monitor Screen ဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Screen ပေါ်မှာ မြင်ရတဲ့ စာလုံးတွေ သေးငယ်နေမယ်၊ ပုံရိပ်တွေေ၀၀ါးနေမယ်၊ Screen တုန်ခါမှုတွေ ဖြစ်နေမယ်ဆိုရင် စိတ်ညစ်ဖို့ ကောင်းလှသလို မျက်စိကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ Computer Display ပေါ်မှာ ကြည့်လို့ ကောင်းလာအောင် ပြုလုပ်နိုင်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Graphic Card နဲ့ တခြား Windows Setting တွေကို ချိန်ညှိမှုလေးတွေ ပြုလုပ်ပေးရုံနဲ့ အမြင်စွမ်းရည် ပိုကောင်းလာအောင် ပြုလုပ်နိုင်ပါတယ်။

PC ရဲ့ Graphic Card ကို သူ့ Windows Driver ကနေ ထိန်းချုပ်ပေးနေတာကြောင့် Card အတွက် နောက်ဆုံး ပေါ် Driver တွေ ရရှိဖို့ ကြိုးစားရပါမယ်။ ကိုယ်အသုံးပြုနေတာ ဘယ် version လဲဆိုတာသိရင် Desktop ပေါ်မှာ Right Click လုပ်ပြီး Properties ကို ရွေးလိုက်တဲ့အခါ Display Properties Dialog Box ပွင့်လာပါလိမ့်မယ်။ Setting Advanced-Adapter (XP မှာ Properties Driver) စသဖြင့် click လုပ်ပေးပါ။

Graphcis Card ထုတ်လုပ်သူရဲ့ Web Site အတွင်းဝင်ရောက်ပြီး နောက်ဆုံးပေါ် Driver Version ကို Download လုပ်ယူပါ။ ဒါပေမယ့် ကြိုတင်ထုတ် (Beta) Version ကို Install မလုပ်မိဖို့ သတိပြုရပါမယ်။ Beta ဆိုတာ အလုပ်လုပ်ဆဲ အဆင့်မှာသာရှိသေးပြီး အပြီးသတ် မလုပ်ရသေးတဲ့အတွက် ရရှိမယ့်အကျိုးအမြတ်ထက် ပြဿနာပေးနိုင်တာက ပိုပါတယ်။ Graphics Driver အားလုံးမှာ လုပ်ဆောင်နိုင်တဲ့ Setting တချို့ကို ဖော်ပြ ပေးထားပါတယ်။


Resolution

Screen ပေါ်မှာ ပြသပေးနိုင်တဲ့ Dot ၊ ဒါမှမဟုတ် Pixel (Picture Element ရဲ့ အတိုကောက်) အရေအတွက် ဖြစ်ပါတယ်။ Resolution ပိုများရင် တစ်လက်မ အကွက်အတွင်းမှာ ဖော်ပြပေးနိုင်တဲ့ Dot အရေအတွက် ပိုလာတဲ့အတွက် ပုံရိပ်တွေကို ပိုမိုပြတ်သားစေပါတယ်။ Monitor ကတော့ ပိုမြင့်တဲ့ resolution ကို လက်ခံ နိုင်ရပါမယ်။ Resolution မြင့်မားလာတဲ့အတွက် Graphics Board နဲ့ PC ပေါ်မှာ Processing တောင်းဆိုမှုတွေ တိုးတက် များပြားလာပါလိမ့်မယ်။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ထုတ်လုပ်တဲ့ Computer တွေမှာပါရှိတဲ့ Graphics Card တွေဟာ 1024x768 Resolution ကို အနည်းဆုံး Support လုပ်နိုင်ပါတယ်။ တချို့ဆိုရင် 1600 x 1200 ထိတောင် Support လုပ်နိုင် ကြပါတယ်။ စနစ်ဟောင်းတွေမှာတော့ အမြင့်ဆုံး Resolution 800 x 600 အထိသာ Support လုပ်နိုင်ကြ ပါတယ်။

Screen Resolution ကို ချိန်ညှိလိုက်ရင်တော့ Display Properties ကို ဖွင့်ပြီး Setting ကို Click လုပ်ပါ။ 'Screen Area' ၊ ဒါမှမဟုတ် 'Screen Resolution Bar' ကို Higher (More) ၊ ဒါမှမဟုတ် Lower (Less) ဆီကို Slide လုပ်သွားနိုင်ပါတယ်။ Resolution ပိုမြင့်တာဟာ ပုံရိပ်အရည်အသွေး ပိုကောင်းလာစေပေမယ့် Icon တွေ၊ စာသားတွေနဲ့ တခြား Object တွေကို ပိုမိုသေးငယ်စေပါတယ်။ ကိုယ့်အတွက် ကြိုက်နှစ်သက်ရာ Setting ကို စမ်းသပ်ရွေးချယ်ရပါမယ်။ အများစုတို့အတွက် အလွယ်တကူ ဖတ်ရှုရနိုင်တဲ့ အမြင့်ဆုံး Resolution ဖြစ်ပါတယ်။


Color Depth

Graphics Card ကနေ Support လုပ်ပေးနိုင်တဲ့ Color အရေအတွက် ဖြစ်ပါတယ်။ Color အရေအတွက် ပိုသုံး ရင် ပုံရိပ်အရည်အသွေး ပိုကောင်းပေမယ့် သင့်စနစ်ပေါ်မှာ Processing တောင်းဆိုမှု ပိုများလာပါလိမ့်မယ်။

Graphics Card ရဲ့ Color-depth Setting တွေကို Display Properties ထဲရှိ Setting Tab အောက်မှ Color Dropdown Menu (XP မှာ 'Color quality') မှာ List လုပ်ပေးထားပါတယ်။ Pixel တိုင်းအတွက် သတ်မှတ် ပေးထားတဲ့ Bit အရေအတွက်နဲ့ ဖော်ပြပေးလေ့ရှိပါတယ်။ True Color (24-bit Color) ဟာ 16,777,216 Color ခွင့်ပြုနိုင်ပြီး High Color (16-bits) ကတော့ 65,536 Color Support လုပ်နိုင်ပါတယ်။ 16-bits Color ထက် ပိုနည်းရင် ပုံရိပ်တွေ ကြည့်မကောင်းတော့ပါဘူး။ Driver အတော်များများတို့ဟာ 8-bit (256 Colors) ၊ ဒါမှ မဟုတ် 16-bit (32,536 Colors) Setting တွေ ပေးမထားကြပါဘူး။ PC အသစ်တွေမှာဆိုရင် 32-bit Color ကို Support လုပ်ပေးထားပါတယ်။ Color ၁၆ သန်းအပြင် True Color အဖြစ် Color တွေ ပေါင်းထည့်ပေးထား ပါတယ်။ အလျင်အမြန်ရွေ့လျားတဲ့ 3D Game တွေမှာ အလွန်အသုံးဝင်ပေမယ့် သမားရိုးကျ Application တွေ မှာတော့ အနည်းငယ်သာ ကူညီနိုင်ပါတယ်။

VGA (Video Graphics Array)အကြောင်း(၂)


HDMI
HDMI ကတော့ High Definition Multimedia Interface ကိုညွှန်းဆိုတာပဲဖြစ်ပါတယ်။ HDMI ကိုသာမန် graphic card တွေမျာမတွေ့ရပဲ၊ Entertainment ဦးစားပေး ကဒ်တွေနဲ့ High end card တွေမှာပဲတွေ့ရပါတယ်။ HDMI မှာ High definition Video နဲ့ Audio တွေကို ပေးပို့ နိုင်စွမ်းရှိပါတယ်။
ဒါပေမယ့် သူ့နဲ့ချိတ်ဆက်မယ့် cable တွေကတော့ ဈေးကြီးနေပါသေးတယ်။

Graphic Card Interfaces
ပုံမှာပြထားတာကတော့ Graphic Card Interface ဖြစ်ပါတယ်။ Graphic Card Interface ဟာ graphci card နဲ့ computer ကြား ချိတ်ဆက်ပေးတဲ့ အရာပဲဖြစ်ပါတယ်။
Graphic card တွေကိုဝယ်ယူရာမှာ Interface ကအရမ်းကိုအရေးကြီးပါတယ်။ ကိုယ့် MB ရဲ့ Graphic card slot ဟာ ကိုယ်ဝယ်လာတဲ့ Graphic Card ရဲ့ Interface ချင်းကိုက်ညီမှုမရှိဘူးဆိုရင် တပ်ဆင်လို့ မရပါဘူး။ ဥပမာ အားဖြင့် PCI Express graphic card ဟာ AGP slot မှာတပ်ဆင်လို့မရသလို AGP Graphic Card ကလည်း PCI Express slot မှာတပ်ဆင်လို့မရပါဘူး။ MB နဲ့ Graphic Card အပြန်အလှန် data ပေးပို့နိုင်မှုကို Bandwidth နဲ့တိုင်းတာပါတယ်။ Bandwidth မြင့်လေ graphic card က မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်လေဖြစ်ပါတယ်။ ဒါပေမယ့်လဲ Graphic Card Industry တွေပြောသလောက် Interface တစ်ခုနဲ့တစ်ခု သိပ်ပြီးကွာခြားမှုမရှိပါဘူး။
Interface တွေဟာ အရင်တုန်းက အများကြီးရှိပေမယ့် လို့ အခုအခါမှာတော့ AGP နဲ့ PCI Express ပဲကျန်ပါတော့တယ်။ ဒါပေမယ့် ဗဟုသုတ အနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

ISA
ISA ဆိုတာက Industry Standard Architechure ကိုဆိုလိုပါတယ်။ သူကို ဟိုးအရင်တုန်းက ကွန်ပျုတာတွေမှာပဲ တွေ့နိုင်ပါတယ်။ အခုချိန်မှာတော့ ပျောက်ကွယ်သွားပါပြီ။ သူမှာ 8 bit wide interface နဲ့ 16 bit wide interface ဆိုပြီး graphic card နှစ်မျိုးထွက်ရှိပါတယ်။ EISA (Extended ISA) ဆိုပြီးထွက်ပေါ်လာပါသေးတယ်။ သူကတော့ 32 bit wide ရှိပါတယ်။ ဒါပေမယ့် ဈေးကြီးတဲ့အတွက် နောက်ထပ် Interface အသစ်ထွက်ပေါ်လာတဲ့အခါ မှေးမှိန်သွားခဲ့တယ်။

PCI 
PCI က Peripheral Components Interconnect ကိုဆိုလိုပါတယ်။ သူက 32 bit wide interface ဖြစ်ပြီး 33MHz speed နဲ့ run ပါတယ်။ 133 MB/s Bandwidth ကိုရရှိပါတယ်။ PCI ကို ISA တွေနေရာမှာ အစားထိုးအသုံးပြုပါတယ်။ PCI တွေကို add in card တွေအတွက် ယခုထိစံထားသုံးစွဲနေသေးပါတယ်။ ဒါပေမယ့် Graphic Card တွေအတွက်ကတော့ မသုံးတော့ပါဘူး။

PCI X 
PCI -X ကတော့ PCI Extended ကိုဆိုလိုတာဖြစ်ပါတယ်။ သူ့မှာ 64 bit wide interface ရှိပြီး 4266 MB/s bandwidth ရှိပါတယ်။ ဒီကဒ်တွေကို server တွေမှာပဲအသုံးပြုခဲ့ပြီး တွေ့ရခဲပါတယ်။ PCI X ကဒ်တွေကို ကျွန်တော်တို့ ရဲ့ PCI ver 2.2 slot တွေမှာတပ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် PCI Express slot တွေမှာတပ်လို့ မရပါဘူး။

ဆက်လက်ဖော်ပြပါမည်.....