Pages
Thursday, October 27
windows 7 start menu in windows 8
အခုကျွန်တော်ပြောမှာက windows 8 မှာ windows 7 start menu လေးထားတဲ့အကြောင်းကိုပြောပြမှာပါ။  windows 8  ရဲ့   start menu ကို မကြိုက်တဲ့သူတွေ အတွက်အဆင်ပြေမယ်ထင်ပါတယ်။  အရင်ဆုံး ကျွန်တော်တို့  run  box(win+r) ကိုဖွင့်လိုက်ပါ။ run box ထဲမှာ  regedit လိုရိုက်ထည့်ပါ။ပြီးရင် အောက်မှာဖော်ပြထားတဲ့အတိုင်းအဆင့်ဆင့်သွားပါ။ 
“HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer”
Exploer ကိုရောက်ရင် ညာဘက်အကွက်ထဲမှာ  RPEnabled ကိုရှာပြီး တော့  left click နှစ်ချက်နှိပ်ပါ။ RPEnabled box လေးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Hexadecimal ဆိုတာကိုရွေးပြီး တန်ဖိုးကို (၀) သုညပေးလိုက်ပါ။ ပြီးရင် အိုကေနှိပ်ပါ။ကွန်ပျူတာကို  restart ပေးပါ။ အောက်မှာပုံနဲ့ပြထားပါတယ်။
Wednesday, October 26
ကမ္ဘာ့အကောင်းဆုံးဘာသာရေး (ဗုဒ္ဓဘာသာ)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူပေါင်းဆောင်ရွှက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံးဘာသာရေးအဖြစ်ရွှေးချယ်ခဲ့ကြောင်းသိရှိရသည်။ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်(၂၀၀)ကျော်ကရွှေးချယ်ခဲ့ခြင်းဖြစ်ပြီးပိုရု အံ့သြဖို့ကောင်းသည်မှာပါဝင်ရွှေးချယ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအများစုသည် ဗုဒ္ဓဘာသာကိုမိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ သုတေသနညွန်ကြားရေးမှူး Jonna Hultကပြောကြားရာတွင် ကမ္ဘာ့အမွန်မြတ်ဆုံးအကောင်းဆုံး ဘာသာတရားဗုဒ္ဓဘာသာကရရှိခဲ့တာအံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့မတူတာက အဲဒါပါပဲ။တခြားဘာသာတွေကလက်နက်တွေကို အဆင့်သင့်ကိုင်ထားကြတယ်။ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေးအတွတ်နဲ့ စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့မတူဘဲ ဗုဒ္ဓဘာသာဟာကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ကျွန်တော်လည်းကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဟာနေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်းလည်းကောင်းအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။ ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင် ရာဘာသာရေးနဲ့  အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွှတ်ရေးအဖွဲ့ကြီး၏ပါကစ္စတန်နိုင်ငံမူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd ကကျွန်တော်ဟာအစ္စလန်ဘာဥာကို နှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးအကြောင်းပြပြီးအမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို`တွေ့မြင်ခံစားရပါတယ်။ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နာလည်သဘောပေါက်ခဲ့ကြပါတယ်။ ပြောရရင် ကျွန်တော်ရဲ့အရင်းအနှီးဆုံးမိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။Belfast မြို့မှ ကက်သလစ် ဘုန်းကြီး       Ted O'Shaungh-nessy  ကတော့ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့်လူသားတွေကို မေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒနားလည်ပါတယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ဒါ့ကြောင့် မွန်မြတ်တဲ့ဗုဒ္ဓဘာသာကိုမဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။ဗုဒ္ဓဘာသာကိုကမ္ဘာ့အကောင်းဆုံးဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွတ် ဆုလက်ခံရန်ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း     ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။
မြတ်မင်္ဂလာစာဆောင်
Tuesday, October 25
သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း
ဗုဒ္ဓသာသာနဲ့ဆိုင်တဲ့ အကြောင်းအရာလေးမို့လား ကျွန်တော့် ဘလော့မှာတင်လိုက်တာပါ။  အယုံအကြည်မရှိတဲ့ အနောက်နိုင်ငံသားတွေ လက်ခံသွားတယ်ဆိုတော့ ကျွန်တော့်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေ အတွက် သိသင့် သိထိုက်တဲ့ သတင်းကောင်းလေးပေါ့ဗျာ။ ဒါမှလည်း နောင်မှာ ဗုဒ္ဓသာသနာဟာ ကမ္ဘာပေါ်မှာ အထွန်းကားဆုံး ဘာသာတစ်ခုဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်းနှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာသံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရကခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့
အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာ ကျော်သွားမှာကို မဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။သိပ္ပံပညာ တိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်။
source:မြန်မာအင်ဂျင်နီယာ ဖိုရမ်
Monday, October 24
ကွန်ပျူတာ ၀င်းဒိုး ဘယ်ချိန်တင်လဲကြည့်မယ်
ဒီနည်းလေးက မိမိကွန်ပျူတာမှာ ၀င်ဒိုး ဘယ်နေ့ ဘယ်ချိန်က တင်ခဲ့တယ်ဆိုတာကို ပြန်ကြည့်တဲ့ နည်းလေးပါ။ မသိသေးသော သူများအတွက်ပါ။  Start  မှ  run (window key+r) ကိုသွားပါ။  run box မှာ cmd လို့်ရိုက်ပါ။ cmd command box မှာ systeminfo လို့်ရိုက်လိုက်ပါ။ ပြီးရင် ခဏစောင့်ပါ။ ကွန်ပျူတာနဲ့ဆိုင်တဲ့ အချက်အလက်တွေ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Original Install Date: ဆိုတာကိုရှာလိုက်ပါ။ အဲဒီကောင်လေးက မိမိ ၀င်းဒိုး ဘယ်ချိန်တင်ခဲ့တယ်ဆိုတာကို ဖော်ပြပါတယ်။
အသိပညာ(Knowledge)
အသိပညာ (Knowledge) သည် ယနေ့ခေတ်တွင် အရေးပါမှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့အနေဖြင့် အတန်းပညာများစွာတက်မြောက် သိထားယုံဖြင့် မလုံလောက်တော့ပေ။ ပြောင်းလဲမှုအရှိန်မြန်ဆန်လွန်းသော ယနေ့ခေတ်ကာလ မျိုးတွင် အသိပညာ (Knowledge) တို့ကို မည်သည့်အသက်အရွယ် ရောက်နေပါစေ၊ အမြဲမပြတ်လေ့လာ ဖတ်ရှုနေမှသာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။
အလုပ်လုပ်နေခြင်းဖြင့်လဲ မလုံလောက်ပါ။ မိမိတို့၏ လုပ်ကိုင်ပုံ နည်းလမ်းများအား လမ်းကြောင်းမှန်မမှန်၊ စနစ်ကျနမှု ရှိမရှိ များနှင့် အားနည်းချက်၊ အားသာချက်များကို ဝေဖန်နိုင်ဖို့ လိုအပ်သည်။ ပြင်ပလောကကို လေ့လာပြီး မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင် ချင့်ချိန်သတိရှိရမည်။ ထိုကဲ့သို့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်း တိုးတက်လာစေဖို့ အတွက် Knowledge ဆိုသော အသိပညာ တို့ ကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနေကြခြင်း ဖြစ်သည်။ အောင်မြင်ကြီးပွားခဲ့သော ပုဂ္ဂိုလ်များစွာတို့ ၏ အောင်မြင်မှု လျှို့ ဝှက်ချက်မှာ ပင်ကိုယ် ထူးချွန်ခြင်းထက် အားလပ်ချိန်မှန်သမျှကို အကျိုးရှိရှိ အသုံးချခဲ ခြင်းက အဓိကဖြစ်သည်။
ယနေ့ကမ္ဘာကြီးတွင် အများနှင့်တန်းတူ တွေးနိုင်၊ သိနိုင်၊ စဉ်းစားနိုင်၊ ဝေဖန်နိုင်ရန်နှင့် သုံးသပ်နိုင်ရန်အတွက် အသိပညာ (Knowledge) နှင့် ပြည့်စုံ ဖို့မှာ အလိုအပ်ဆုံးဖြစ်သည်။ ထိုအချက်ကို လူသားတို့ ကောင်းစွာ သဘောက်ပေါက် နားလည်သော်လည်း အသိပညာ (Knowledge) ၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်မှု အလွန်အားနည်းသေးသည်။ အထူးသဖြင့် မြန်မာ စာဖြင့် ရေးသားထားသော အင်တာနက် စာမျက်နှာ တော်တော်များများတွင် အသိပညာ ဟူ Label ကို တွေ့ရတတ်ပြီး ထိုခေါင်းစဉ်အောက်တွင် ရေးသားထားသည်များမှာ အသိပညာ (Knowledge) မဟုတ်သည့် အခြား အကြောင်းအရာများသာ ဖြစ်နေသည်။ ဤသို့ဆိုလျှင် အသိပညာ (Knowledge) ဆိုသည်မှာ အဘယ်နည်း ????
အသိပညာ (Knowledge) ဆိုသည်မှာ အမြင့်မားဆုံးအဆင့်ဖြစ်သည်။ သတင်း၊ အချက်အလက် (Information) သည် အလည်အလက်အဆင့်ဖြစ်ပြီး အချက်အလက် (Data) မှာ အနိမ့်ဆုံးအဆင့်ဟူ၍ အကြမ်းဖျဉ်း မှတ်သားနိုင်သည်။
အချက်အလက် (Data) ဆိုသည်မှာ သာမန် စီးဆင်းမှုတစ်ခု (သို့) ဖြစ်ပေါ်ပြောင်းလဲလာမှုတစ်ခုမှ ရရှိသော အချက်အလက်များကို ခေါ်သည်။ သတင်း၊ အချက်အလက် (Information) ဆိုသည်မှာ အချက်အလက် (Data) များကို ခေါင်းစဉ်အလိုက် ခွဲခြားသတ်မှတ်ပြီး လူသားတို့နားလည် လက်ခံနိုင်သော ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များကို ခေါ်သည်။ အသိပညာ (Knowledge) တွင် အတွေးအခေါ် (Concepts)၊ ကိုယ်တွေ့ (သို့) အတွေ့အကြုံ (experience)၊ ကန့်သက်ချက် တစ်စုံတစ်ရာအတွင်း လိုက်လျှောညီထွေမှုရှိစေရန် ဖန်တီး စီစဉ်ပေးနိုင်သည့် အသိဥာဏ် (insight that provide a framework for creating)၊ ဝေဖန် ပိုင်းခြားနိုင်မှု (evaluating) နှင့် အချက်အလက် (Information) တစ်ခုကို အသုံးချနိုင်မှုတို့ ပါဝင်သည်။
အသိပညာ (Knowledge) ကို မလေးနက်သော အသိပညာ (Shallow knowledge) နှင့် လေးနက်သော အသိပညာ (Deep knowledge) ဟူ၍ အဆင့်အတန်း နှစ်မျိုး သက်မှတ်နိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ် အသိပညာ (Procedural Knowledge) ၊ သဘာဝ အသိပညာ (Declarative Knowledge) ၊ မြင့်မားသော အသိပညာ (Meta Knowledge) ၊ ကိုယ်တိုင်လေ့လာ သင်ကြားခြင်းဆိုင်ရာ အသိပညာ (Heuristic Knowledge) ၊ ဆက်စပ်တွေးတော တည်ဆောက်ခြင်းဆိုင်ရာ အသိပညာ (Structural Knowledge) ၊ အသုံးပြုခြင်း ဆိုင်ရာ အသိပညာ (Procedural knowledge) ဟူ၍ ပိုင်းခြား သတ်မှတ်နိုင်သည်။
အသိပညာ (Knowledge) ဆိုသည်မှာ မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းဖြစ်သည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟု ဂရိအတွေးအခေါ်ပညာရှင် ပလေတို (Plato) က ခံယူတင်ပြခဲ့၏။
ပလေတို၏အဆိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality) ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။
ထိုသို့ပင် William James
က အမှန်တရား (Truth) ဆိုသည်မှာ ပထမဦးဆုံး တွေးတော့ရမည်၊ ထိုအတွေးသည် တခေဏ္ဏသော်လည်းကောင်း၊ တစ်ဘဝသော်လည်း ကောင်း ယခုချက်ချင်း မှန်ကန်သလို နောက်လည်း မှန်ကန်နိုင်သည်။ ဆိုလိုသည်မှာ အမှန်တရား၏ တည်မြဲမှုမှာ အချိန်အနေ၊ အချိန်အခါနှင့် လူတို့၏ သဘောထားပေါ်တွင်သာ မူတည်ပေသည်။
Kenneth E
က အသိပညာ (Knowledge) ကို ပုံရိပ်တစ်ခုအဖြစ်လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ထိုပုံရိပ်ကို တိတိကျကျ ဝေခွဲ ပိုင်းခြားလို့ မရပါက ထိုပုံရိပ်သည် ယုံကြည်မှု (Belief) မှ အမှန်တရားသို့ ပြောင်းလဲလာသည်ဟုသာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) ဖြစ်ရန်အတွက် စိတ်ကူး၊ အကြံအစည် (Idea) အဖြစ် နီးကပ်လာသည်ဟု ယူဆနိုင်သည်။
ခြုံငုံသုံးသပ်ကြည့်ပါက အသိပညာ (Knowledge) ဆိုသည်မှာ အကြောင်းအချက် တစ်ခု (Information) ဖြစ်သည်။ သို့သော် ထို အကြောင်းအချက်သည် မှန်ကန်မှုရှိသည်၊ ခွဲခြမ်းစိတ်ဖြာပြီးနောက် တိကျသေချာတဲ့ အဖြေ ရရှိပြီးသား အရာဟု မှတ်သားနိုင်သည်။
ကမ္ဘာဦးအစ လူသားတို့သည် အသိပညာ (Knowledge) ကို အသိ၊ ရှင်းရှင်းလင်းလင်းသိမြင်ပြီးသော
အမှန်တရား၊ သင်ကြားမှု၊ သက်သေပြနိုင်တဲ့ အရည်အချင်းတစ်ခု လို့ သက်မှတ်ထားကြသည်။ ထို့ကြောင့် အသိပညာ (Knowledge) တစ်ခုကို တိတိကျကျ သေချာနာလည်ရန်အတွက် မိမိကိုယ်တိုင် တွေ့ကြုံနားလည်ဖို့ လိုအပ်သည်။
source: သူရိန်စိုး
ကောင်းကင်ဘုံဆိုတာဒါလား
တခါက နှစ်ပေါင်း ၅၀ ကြာ ပေါင်းသင်းခဲ့ကြသော လင်မယား နှစ်ယောက် အနက် ယောကျာင်္း သေဆုံးသွားလေသည်။ ဇနီးဖြစ်သူသည် ပရလောကနှင့် လူဝင်စားခြင်းကို ယုံကြည်သူ ဖြစ်သည်။ထို့ကြောင့် တမလွန်မှ သူ့ယောကျာင်္းနှင့် အဆက်အသွယ် ရရန် အမြဲတစေ ကြိုးပမ်းသည်။ တစ်ညတွင် သူ့ယောကျာင်္း အသံကို ထူးဆန်းစွာ ကြားရသည်။
မိန်းမ - ရှင်အဲဒီမှာ ဘယ်လိုနေလဲ ။
ယောကျာင်္း - တကယ်ပဲကွာ ..... ပြောရရင် ယုံမှာ မဟုတ်ဘူး။ လှလိုက်တဲ့ ကောင်းကင်၊ ရေကလဲ ပြာလဲ့ ကြည်နေတာပဲ။ မျက်လုံးညိုကြီးတွေနဲ့ အရမ်းချစ်စရာ ကောင်းတဲ့ သတ္တ၀ါတွေလဲ အပြည့်ပဲ။
မိန်းမ - ကောင်းကင်ဘုံဆိုတာ ရှင်ပြောသလို တစ်ခါမှ မကြားဖူးဘူး။
ယောကျာင်္း - ကောင်းကင်ဘုံ ဟုတ်လား မင်းကို ဘယ်သူက ကောင်းကင်ဘုံ အကြောင်း ပြောနေလို့လဲ။
မိန်းမ - ရှင် ခုနက ပြောနေတာတွေက ကောင်းကင်ဘုံ အကြောင်း မဟုတ်ဘူးလား။
ယောကျာင်္း - ငါက နွားဖြစ်နေတာဟ။
မှားပါတယ်
လင်မယားနှစ်ယောက် စကားပြောနေကြလေသည်-
ယောကျာင်္း - ငါစိတ်ဓါတ် ကျတယ်ကွာ ...။
မိန်းမ - ဘာဖြစ်ရပြန်တာလဲ ...။
ယောကျာင်္း - တစ်ခါတစ်ခါ ငါဟာ ဘာမှအသုံးမ၀င်တော့ဘူးလို့ ခံစားရတယ် .. ။
မိန်းမ - ရှင် ဒီလိုခံစားနေစရာ မလိုပါဘူး ... ။
ယောကျာင်္း - ဘာဖြစ်လို့လဲ ..။
မိန်းမ - လူတွေက ရှင်အသုံးမကျဘူးဆိုတာ သိနေကြပြီးလေ ....။
မိုဘိုင်းဖုန်းသုံးခြင်း နှင့် ဦးနှောက်ကင်ဆာ
မိုဘိုင်းဖုန်းအသုံးပြုခြင်းဖြင့် ဦးနှောက် ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ် ဆိုတဲ့ ယူဆချက် မမှန်ကန်တဲ့ အကြောင်း မကြာသေး မီက ထွက်ပေါ်လာတဲ့ လေ့လာချက် တစ်ခုက ဖော်ပြထား ပါတယ်။ ဒီလေ့လာမှုကို လန်ဒန် အခြေစိုက် ကင်ဆာ သုတေသနဌာနခွဲနဲ့ ဗြိတိသျှ တက္ကသိုလ် (၃)ခုတို့ (၄)နှစ်ကြာ ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပြီး ကာလရှည်ကြာ မိုဘိုင်းဖုန်း အသုံးပြုမှုနဲ့ ဦးနှောက်အကျိတ် (Glioma) ဖြစ်ပေါ်မှု တို့အကြား ဆက်စပ်မှု မရှိကြောင်း ကောက်ချက်ချ ခဲ့ကြပါတယ်။ မိုဘိုင်းဖုန်းကို ပုံမှန်အသုံးပြု သူများ၊ တစ်သက်လုံး စွဲစွဲမြဲမြဲ အသုံးပြုနေသူများ၊ နာရီပေါင်းများစွာ တစ်ဆက်တည်း အသုံးပြုသူများ စသည်ဖြင့် အုပ်စုခွဲလေ့လာ ခဲ့ပေမယ့် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ် ဆိုတဲ့ အထောက် အထား မတွေ့ရကြောင်း British Medical Journal မှာ ရေးသား ဖော်ပြထားပါတယ်။ ဒီတွေ့ရှိချက်ဟာ ဗြိတိန် တစ်နိုင်ငံတည်းရဲ့ ရလဒ်မဟုတ်ဘဲ၊ အမေရိကန်နဲ့ ဥရောပတိုက်တစ်လွှား နိုင်ငံပေါင်း (၁၃)နိုင်ငံက တစ်ပြိုင်တည်း သုတေသနပြု လေ့လာမှုက ရရှိလာတဲ့ ရလဒ်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ကမ္ဘာတစ်ဝန်း မိုဘိုင်းဖုန်း အသုံးပြုမှု တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မိုဘိုင်းဖုန်းက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လိုင်း တွေကြောင့် ခေါင်းကိုက်ခြင်းကအစ ဦးနှောက်အကျိတ် ဖြစ်ပွား ခြင်းမျိုးအထိ ကျန်းမာရေးအရ အန္တရာယ်ရှိနိုင်တဲ့ အကြောင်း စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ခိုင်မာတဲ့ သက်သေ အထောက်အထား တော့မတွေ့ရသေးပါဘူး။ ဗြိတိန်မှာ ဦးနှောက်ကင်ဆာ ဖြစ်ပွားသူပေါင်း တစ်နှစ်ကို (၄၀၀၀) နီးပါးရှိပြီး အမေရိကန်ပြည်ထောင်စုမှာတော့ လူပေါင်း(၂၀၀၀၀)လောက် ရှိကြောင်း သိရပါတယ်။
McKinney နဲ့ Swerdlow တို့အပါအ၀င် Leeds, Manchester နဲ့ Nottingham တက္ကသိုလ်တို့က သိပ္ပံပညာရှင် တွေ အနေနဲ့ Glioma ဦးနှောက် အကျိတ် ဖြစ်ပွားနေသူ (၉၆၆) ယောက်ကို အခြား ကျန်းမာသူ (၁၇၁၆)ဦးနဲ့ နှိုင်းယှဉ်ပြီး အသုံးပြုတဲ့ မိုဘိုင်းဖုန်း အမျိုးအစား၊ ဖုန်းခေါ်ဆိုမှု အကြိမ် အရေအတွက်နဲ့ ကြာမြင့်ချိန် တွေကို အခြေခံ လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဦးနှောက်ကင်ဆာ ဝေဒနာရှင်တွေ အနေနဲ့ ၄င်းတို့ မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဦးခေါင်းဖက် အခြမ်းမှာ အကျိတ်ဖြစ်ပေါ်တာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ ပေမယ့် သိပ္ပံ ပညာရှင် တွေကတော့ ဒါဟာ လူတွေ ထင်ယောင်ထင်မှား မှု သို့မဟုတ် အမှတ်မှားမှု သာဖြစ်တယ်လို့ ဆိုထား ပါတယ်။
ဒီသုတေသနပြု လုပ်ဆောင်ချက်အရ မိုဘိုင်းဖုန်း အသုံးပြုသူများနှင့် ကင်ဆာဖြစ်ပွားမှုတို့အကြား အဆက်အစပ် မတွေ့ရှိရတဲ့ အပြင် အခြားရေဒီယိုလှိုင်းနဲ့ ထိတွေ့ လုပ်ကိုင်နေသူတွေကို လေ့လာချက် အရလည်း ခိုင်မာတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရတဲ့ အကြောင်း McKinney က ပြောကြားခဲ့ ပါတယ်။
Sunday, October 23
ဘလော့ရေးသားခြင်း ရည်ရွယ်ချက်
ကျွန်တော် ဒီဘလော့ကို ပြုလုပ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကိုယ်ပိုင်မှတ်စုလေး တစ်ခုအဖြစ်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။  ကျွန်တော်ဖတ်ဖူးသော စာအုပ်တွေ ဘလော့တွေများထဲမှ  ကျွန်တော် စိတ်ဝင်စားသော အကြောင်းအရာလေးများကို ဘလော့မှာ ပြန်လည်ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော် ဖတ်သလို သူများတွေကိုလည်းဖတ်စေချင်သော ရည်ရွယ်ချက်ကြောင့် သူငယ်ချင်းတွေကို ပြန်လည် မျှဝေပေးဖို့ ကျွန်တော်အမြဲတမ်းပြောပါတယ်။ မသိသေးသူများအတွက်ပါ။ ကျွန်တော်လည်း ကျွန်တော်လေ့လာဖြစ်သော မူရင်း ဘလော့များကိုလည်း ဖော်ပြထားပါတယ်။ တစ်ခါတစ်လေစိတ်ကူးပေါက် ရင်တော့ မိမိနားလည်သလိုရေးသားပါတယ်။  ဘာလို့ မိန်းကလေးနာမည်တပ်လည်းဆိုရင်တော့ မေးစရာမလိုဘူးလို့ ထင်ပါတယ်။ ဘလော့မရေး ခင်ကျွန်တော် ဘလော့ဂါတစ်ယောက်ရှိသင့်ရမယ့် အချက်တွေ ဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်ဖြစ်လိုက်ပါတယ်။ ဘလော့ရေးဖို့ကိုလည်း လက်တွန့်သွားခဲ့ပါတယ်။ အဲဒီဆောင်းပါးရေးသားထားကတော့ မိမိကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်သိတဲ့ အကြောင်းအရာကိုပဲ  ပြုလုပ်ဖို့ကို တိုက်တွန်းထားပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်မရေးသားကြဖို့ကိုပြောပါတယ်။  သူပြောချင်တဲ့ရည်ရွယ်ချက်က  ဘလော့မှာ ကျန်းမာရေးဆိုရင် ကျန်းမာရေးအကြောင်းပဲ သီးသန့်ရေးဖို့ကိုဖော်ပြထားပါတယ်။  ကွန်ပျူတာအကြောင်းဆိုရင်လည်း ဘလော့မှာ ကွန်ပျူတာအကြောင်းပဲ သီးသန့်ရေးဖို့ကို ပြောထားပါတယ်။ အဲဒီတော့ကျွန်တော် စဉ်းစားမိတယ် ။ငါဘာအကြောင်းရေးမှာလဲဆိုတော့။ ကိုယ်လည်း ရှင်းရှင်းပြောရရင် ဆရာဝန်လည်းမဟုတ်ဘူး ။ program  သမားလည်းမဟုတ်ဘူး ။အကြောင်းအရာတစ်ခုတည်းကို ဦးတည်ပြီးရေးဖို့ဆိုတာ ကျွန်တော်အတွက်မဖြစ်နိုင်ပါဘူး ။  အဲဒီလောက်ထိလည်း ဥာဏ်မမှီပါဘူး။ ကျွန်တော် ဒီဘလော့လေးလုပ်ဖို့ အဲဒီဆောင်းပါးဖတ်ပြီး လေးငါးလကြာမှ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သူများတွေလို မရေးနိုင်ရင်တောင်မှ မိမိတက်စွမ်းသလောက် ဗဟုသုတလေးတွေ၊ အကြောင်းအရာမဖြစ်စလောက်လေးတွေကို  ဘလော့မှာ ရေးသားဖို့ ဖြစ်လာခဲ့တယ်။ အသိပညာ မျှဝေတဲ့ သဘောပဲဖြစ်ပါတယ်။  ပြီးတော့ နောက်တစ်ခုကလည်း ကျွန်တော်ဘယ်နေရာရောက်ရောက် အင်တာနက်ရှိနေမယ်ဆိုရင် ကျွန်တော်လေ့လာဖြစ်သော အကြောင်းအရာလေးကို ပြန်လည်လေ့လာဖို့လည်းပါတာပေါ့ဗျာ။ ကျွန်တော်က  ဥာဏ်လည်းကောင်းတာမဟုတ်ဘူး။  ဘလော့မှာရှိတဲ့အကြောင်းအရာတွေအားလုံးကို အမြဲတမ်းတော့ ခေါင်းထဲ ထည့်မထားနိုင်ဘူးပေါ့ဗျာ။ ဖတ်ပြီးရင်း ပြန်ပြန်ဖတ်ရတာပေါ့။ ကျွန်တော်လည်း ကျွန်တော်လက်လှမ်းမိသလောက် စာအုပ်တွေဖတ်နေဆဲ၊ လေ့လာနေဆဲ သူတစ်ယောက်ပါ။ အပေါ်ကပြောခဲ့သလို အကြောင်းအရာတစ်ခုထဲတော့ ကျွန်တော့်ဘလော့မှာ တွေ့ရမှာမဟုတ်ပါဘူး။  ဟိုနည်းနည်း ဒီနည်းနည်းပေါ့ဗျာ။ လာလည်တဲ့မိတ်ဆွေများကိုလည်း အတိုင်းထက်အလွန်ပဲ ကျေးဇူးတင်ပါတယ်။
အားလုံးကို လေးစားလျက်…………………..
Serial Key ရှာနည်း
ကျွန်တော်တို့ ကွန်ပျူတာသုံးတဲ့သူတွေ အတွက် google ကပေးထားတဲ့ free softwares တွေ ကိုဒေါင်းလော့ချပြီး အသုံးပြုကြပါတယ်။ များသောအားဖြစ် ရက် ၃၀ ပဲ ပေးသုံးတာတို့၊ serial key တောင်းတာတို့ ဖြစ်တက်ပါတယ် ။  အဲဒီတော့ မိမိအသုံးပြုသော ဆော့ဝဲအတွက် serial  key  ကို အလွယ်တကူရှာလို့ရပါတယ်။ Google မှာ "Product Name" 94FBR လို့ရိုက်ထည့်ပါ။  "Product Name"  ဆိုတဲ့နေရာမှာ မိမိအသုံးပြုတဲ့ဆော့ဝဲလ်ရဲ့ နာမည်ကိုထည့်ပေးရပါမယ် ။
ဥပမာ-
"powerdirector 9"94FBR
" password recovery"94FBR
windows password ကို သူများပြောင်းလို့မရအောင်လုပ်နည်း
ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.
၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration 
     ကိုသွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double 
    click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို 
     double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
၈၊  အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
     ထပ်ပေါ်လာပါလိမ့်မယ်။
၉၊  အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
      ပေးလိုက်ရင် ကွန်ပျူတာကို ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။
နွားနို့သောက်ခြင်းဖြင့် အရိုးပွရောဂါ နှင့် ကင်ဆာရောအမျိုးအမျိုးကိုကာကွယ်ပေးနိုင်
နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။ ပိုးသတ်ဆေးအသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများစားသုံးခြင်းကြောင်ြ့ဖစ်ပွားသည့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာများကိုသာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံးခြင်းဖြင့် ယင်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
“နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပြီး ပရိုတင်းဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactose နဲ့ လူတွေရဲ့ ခန္ဓာကိုယ်မတည့်ရင် ဝမ်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသုံးပုံတစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လအရွယ်ထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည် အပူအအေးမျှတပြီး အစာချေစနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
“ကျွန်မသားငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ ဝမ်းချုပ်ဖူးတယ်။ ဝမ်းမချုပ်အောင် သကြားနည်းနည်းရော တိုက်ခဲ့ရတယ်။ လူနို့မှာ သကြားဓာတ်များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ်များများပါတယ်။ ပရိုတင်းဓာတ်များတဲ့အခါကျတော့ ဝမ်းချုပ်တယ်။ အသားအများကြီးစားတဲ့သူတွေလဲ ဝမ်းချုပ်နိုင်တာပဲ” ဟု ဒေါက်တာအေးအေးသော် ဒုတိယညွှန်ကြားရေးမှူး အာဟာရစီမံချက်မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေးဦးစီးဌာနက ဆိုသည်။
“နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မသန့်ရှင်းရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပကနေ နို့မှုန့်တင်သွင်းပြီး ပြန်လည် ထုပ်ပိုးရောင်းချတဲ့ လုပ်ငန်းတွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထောက်ခံချက်ယူရပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ကျော်လင်းက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြည်တွင်း နို့ဆီနှင့် နို့မှုန့်လုပ်ငန်းရှင်များအား ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များဖြစ်သည့် Good Manufacturing Practice၊ Good Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“ကလေးတစ်နှစ်ကျော်ပြီဆိုရင်ကျွန်တော်တို့ဆီက နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့အတွက် ဝမ်းမှန်မှန် သွားနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း ကျန်းမာရေးနဲ့အညီ ထုတ်လုပ်ထားပါတယ်” ဟု Red Horse Industrial Group မှ ပိုင်ရှင် ဦးထွန်းထွန်းက ဆိုသည်။
Ref : The Flower News
ကွန်ပျူတာကို မီးထိုင်ရှို့မယ်
ဒီဆော့ဝဲလေးက ကွန်ပျူတာ desktop ပေါ်မှာ  မီးတောက်လေးတွေကို မိမိ ကြိုက်သလို ပြင်ဆင်အသုံးပြုလို့ရပါတယ်။ အပျင်းပြေပေါ့။ တစ်ခါတစ်လေ  ပျင်းလို့ ဟိုလျောက်လုပ် ဒီလျောက်လုပ်ချင်တဲ့အခါ ဒီကောင်လေးကို သုံးပြီးတော့ ကွန်ပျူတာကို မီးထိုင်ရှို့နေပေါ့ဗျာ။
windows 8
windows 7 ပဲသုံးနေတာ ငြီးငွေ့လာရင် windows 8 လေး ပြောင်းသုံးချင်သူများအတွက် ပါ။  ပုံစံကတော့ windows 7 နဲ့သိပ်တော့မကွာပါဘူး။ နည်းနည်းလေးပါပဲ ။ ဒါပေ့မယ့် အသစ်စမ်းချင်တဲ့သူတွေအတွက်  အဆင်ပြေမယ်ထင်ပါတယ် ။
password >>world4free.in
Saturday, October 22
VGA (Video Graphics Array)အကြောင်း(၃)
AGP 
AGP ကတော့ Accelerated Graphic Port ကိုဆိုလိုပါတယ်။ သူကို PCI rev 2.1 ပေါ်ကို အခြေခံပြီးထုက်လုပ်ထားတာဖြစ်ပါတယ်။ AGP မှာ system memory နဲ့ တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်နိုင်မှု၊ organization နဲ့ data transfer မှာ de-multiplexing နဲ့ simplification လုပ်ဆောင်နိုင်မှု၊ clock speed မြန်ဆန်မှုတို့ကြောင့် PCI တွေအပေါ်ကို အသာစီးရထားပါတယ်။AGP ကို verison ၃မျိုးနဲ့ထုက် ပါတယ်။ AGP x1, AGP 4x, AGP 8x တို့ဖြစ်ပါတယ်။ AGP ဟာ 32 bit wide နဲ့ 66MHz speed ရှိပါတယ်။ 266MB/s bandwidth ကိုရပါတယ်။ AGP 8x ဆိုတာက AGP 1x ထက် ၈ဆပိုမြန်တယ်လို့ ဆိုတာဖြစ်ပါတယ်။ AGP 8x ကို 4x slot မှာတပ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် 4x speed နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။ ထို့အတူပဲ AGP 4x ကို 8x slot မှာတပ်ဆင်ပါက 4x speed နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။
PCI Express
PCI Express ဟာ Parallel Interface Bus system တွေဖြစ်တဲ့ ISA, PCI, AGP တွေနဲ့မတူပဲ Serial Interface Bus System ရှိပါတယ်။ Parallel Bus တွေနဲ့မတူတာက စုစုပေါင်း Bandwidth ကို device တွေအားလုံးကရနိုင်တာပါပဲ။PCI Express တွေဟာ single Links တစ်ခုခြင်းစီရဲ့ speed ကို မြှောက်ခြင်းနဲ့ အလုပ်လုပ်ပါတယ်။ single link တစ်ခုမှာ 250MB/s up stream နဲ့ 250 MB/s downstream ရှိပါတယ် (upstream to the system and downstream to the device)။ PCI E x 16 က single link ရဲ့ ၁၆ ဆ ဖြစ်တဲ့ 4GB/s up stream နဲ့ 4GB/s downstream (total 8GB/s) ရှိပါတယ်။ PCI Express x16 card တွေဟာအမြဲတမ်း 16 ဆနဲ့အလုပ်လုပ်စရာမလိုပါဘူး။ ဒါကြောင့် dual Graphic card တွေကို တပ်ဆင်နိုင်အောင် ဆောင်ရွက်လာတယ်။ PCIE x16 slots နှစ်ခုပါလာပြီး slot တစ်ခုပဲသုံးမယ်ဆိုရင် 16x နဲ့ လုပ်နိုင်ပြီး card နှစ်ခုသုံးပါက 8x နဲ့အလုပ်လုပ်ကြတယ်။ ဒါကြောင့် SLI နဲ့ Crossfire နည်းပညာကိုထောက်ပံ့တဲ့ ကဒ်တွေကို PCI Express interface နဲ့ပဲလာတာဖြစ်တယ်။ ဒါပေမယ့် Bandwidth တွေကို တိုးလာတာနဲ့အမျှ Card တွေမှာလည်း power ပိုမိုလိုအပ်လာတယ်။ Slot က power နဲ့မလုံလောက်တော့တဲ့အခါမှာ card တွေမှာ Power connector တွေသက်သက်ထည့်သွင်းလာတယ်။ယခုပေါ်ထွက်နေတဲ့ Mid-range နဲ့ highend card တွေမှာဆိုရင် 4-pin, 6-Pin, 8-pin power connector တွေ တစ်ခုကနေ နှစ်ခုထိပါဝင်လာတယ်။
Graphic Processor and Memory
ကွန်ပျုတာမှာ CPU ကို ကွန်ပျုတာရဲ့ Brain အဖြစ်တင်စားရင် Graphic Card မှာ GPU ကို အသည်းနှလုံးအဖြစ်တင်စားရလိမ့် မယ်။ သူကို Cooler အောက်မှာထားတယ်။ CPU လိုသူကို ဖြုတ်တပ်လို့မရပါဘူး။ Graphic Card ထုက်လုပ်သူတွေက တခါတည်းတပ်ဆင်ပေးလိုက်တယ်။ Pixel Shaders, Vertex Shader, Pipelines, Core clock speeds တွေဟာ GPU ကလုပ်ဆောင်ပေးနိုင်တဲ့ architecture တွေပဲဖြစ်တယ်။
Graphic card တွေကိုကြည့်ရင် GPU အပြင်နောက်တစ်ခုပါဝင်လာတာက Memory ပဲဖြစ်တယ်။ Memory တွေကို တော့ GPU နဲ့အတက်နိုင်ဆုံး နီးအောင်ထားကြတယ်။ Interface Clock speed မြင့်မြင့်ရအောင်ဖြစ်တယ်။
Graphic Memory တွေဟာ DDR2, DDR3, GDDR3, GDDR4, GDDR5 ဆိုပြီးရှိကြတယ်။ အဲ့ဒီ့ Memory တွေဟာ 64 bit wide ကနေ 512 bit wide ထိရှိတယ်။ memory များလေ graphical data ကိုပိုပြီး store လုပ်နိုင်လေဖြစ်တယ်။ Memory နည်းရင် လိုအပ်တဲ့ data က graphic memory နဲ့မလုံလောက်တဲ့အခါ system memory ကနေသွားယူနေရတယ်။ ဒါပေမယ့်လည်း Graphic memory ရဲ့ပမာဏ ကသိပ်ပြီးအဓိကမကြပါဘူး။ သူ့ရဲ့ memory bus wide ကပိုပြီးတော့အဓိကကျပါတယ်။ 512MB graphic memeory ရှိတဲ့ card နဲ့ 1GB memory ရှိတဲ့ card နှစ်ခုဟာ performance သိပ်မကွာလှပါဘူး။ ဒါပေမယ့် 64 bit bus wide နဲ့ 128 bit bus wide နှစ်ခုဆိုရင်တော့ သိသိသာသာကွာခြားပါတယ်။