Pages

Monday, November 28

ယူတတ်ရင် ပညာပါပဲ


ကျွန်တော်ဒီပို့စ်လေးကို forward mail တစ်ခုကနေရလို့ ပြန်လည် ဖော်ပြလိုက်တာပါ။ စာဖတ်သူများလည်း ဒီထက်မက စဉ်းစားတွေးခေါ်တတ်ပါစေ။ စဉ်းစားစရာ မှတ်သားစရာလေးတွေမို့လို့ ပါ။

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မအမြင့်ကတော့ ၁၀ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံးကျောက်တုံးကြီးကို ခလုတ်တိုက်ကြတယ်။သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား”ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာအဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာဂရုစိုက်လိုက်ရင်ပြီးရော မလား” ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့မရတာနဲ့ “အဖေကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား” အဖေက “ဖယ်လို့ရရင်အခုထိရှိနေအုန်းမလား” ချွေးမက မကျေနပ်သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီလေ။တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကိုချွေးမခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာလောင်းလိုက်တယ်။ အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။ တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူးအပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။ ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကို  အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။

ဒီပုံပြင်ပြောပြချင်တာကတော့ သင်ဆုံးဖြတ်ချက်ချနိုင်ရင်၊သင်လုပ်နိုင်မယ်ဆိုတာပါပဲ သင်သာလျှင်သင့်ရဲ့ ပဲ့ကိုင်ရှင်ပါ။

ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီးပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ” လူအတော်များများလိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး “ဘယ်သူယူမလဲ” လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။“ဒါဆို ဒီလိုလုပ်လိုက်ရင်ကော” သူ ဒေါ်လာ ၂၀ကိုအောက်ပစ်ချလိုက်ပြီးခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။ “ကယ်ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ်။ “သူငယ်ချင်းမိတ်ဆွေတို့အရမ်းအနှစ်သာရရှိတဲ့အကြောင်းကိုပြောသွားတာ သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ်ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ။ အားလုံးလိုချင်နေတာပါပဲ။ တန်ဖိုးမလျော့သွားပါဘူး။ လူ့ဘ၀ခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ်ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကိုလုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သင်ကသင်ပါပဲ။ညစ်ပတ်နေတဲ့ အ၀တ်တွေကိုဝတ်ထားပါစေ။ အားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။

တန်ဖိုးရှိသောသူများ ဖြစ်ကြပါစေ....... 
အားလုံးကိုလေးစားလျက်.....

အိပ်မက်အကြောင်း


ဒီတစ်ခါတော့ ကျွန်တော်တို့ အိပ်မက်မက်ခြင်း အကြောင်းနဲ့ပက်သက်ပြီးတော ဆရာတော် ဦးကောဝိဒ ဟောပြောချက်များကို ပြန်လည်ဖော်ပြပါသည်။
အိပ်မက်မက်ခြင်းအကြောင်း လေးမျိုးရှိတယ်လို့ မှတ်ယူရပါမယ်။ ထိုလေးမျိုးမှာ
(၁) ဓာတ်ချောက်ချား၍ အိပ်မက်မြင်မက်ခြင်း။
(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။
(၃) နတ်များက လှည့်စားသောကြောင့် အိပ်မက်ခြင်း။
(၄)ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်မြင်မက်ခြင်းတို့ ဖြစ်ကြပါတယ်။

(၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။ ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာ တွင် တောင်ပေါ်မှ လိမ့်ကျသယောင်ယောင်, ဆင်ကြမ်း,မြင်းကြမ်း,ခြင်္သေ့, သစ်ကျားစသော သားရဲများ၊ လူဆိုးသူခိုးစသူတို့ မိမိနောက် တကောက်ကောက်လိုက်နေသယောင်ယောင် ကြောက်မက်ဖွယ် အိပ်မက်တို့ကို မြင်မက်တတ်ကြတယ်။

(၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။ မိမိရှေးကမြင်ဖူး သုံးဆောင်ခံစားဖူးသည့် အာရုံများကို မြင်ရကြားရ သုံးဆောင်ခံစားရသယောင်ယောင် မြင်မက်တတ်ကြပါတယ်။

(၃)နတ်များက လှည့်စားောကြောင့် အိပ်မက်မြင်မက်ခြင်း။ နတ်များက အကျိုးလိုလား၍ဖြစ်စေ၊ အကျိုးမဲ့ကို လိုလား၍ဖြစ်စေ၊ အကျိုးရစေရန်၊ အကျိုးမဲ့စေရန်စတဲ့ နတ်တို့ရဲ့ အာနုဘော်ကြောင့် အာရုံအမျိုးမျိုးကို မြင်မက်တတ်ကြပါတယ်။

(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်ခြင်း။ ကောင်းမှု၊ မကောင်းမှု (ကုသိုလ်,အကိုသိုလ်)အစွမ်းကြောင့် ကောင်းကျိုး မကောင်းကျိုးရဖို့ရန် ရှေ့ပြေးပုဗ္ဗနိမိတ်ဖြစ်သော အိပ်မက်တို့ကို မြင်မက်တတ်ကြပါတယ်။ မဟာမာယာဒေ၀ီ သားရဖို့ရန် အိပ်မက်မြင်မက်မှု၊ ယခုအခါ ဘုရားအလောင်းတော် အိပ်မက်ကြီး ငါးပါးကို မြင်မက်မှု စသည့် ကောင်းကျိုး၊ မကောင်းကျိုး ဖြစ်ပေါ်ဖို့ရန် မြင်မက်သည့် အိပ်မက်မျိုး ဖြစ်ပါတယ်။

ထိုအိပ်မက်(၄)မျိုးတွင် (၁)ဓာတ်ချောက်ချား၍ မြင်မက်ခြင်း။ (၂)ရှေးက လေ့ကျင့်ခံစားခဲ့ဖူးသည့် အတိုင်း မြင်မက်ခြင်း။ ထိုနှစ်မျိုးတို့သည် မက်သည့်အတိုင်း မမှန်တတ်သည်ကများပါသည်။ (၃) နတ်များ လှည့်စားသောကြောင့် မြင်မက်သည့် အိပ်မက်မှာ မှန်လည်းမှန်တတ်သကဲ့သို့ လွဲလည်းလွဲတတ်ပါတယ်။ နတ်များ ဒေါသထွက်လျှင် ပရိယာယ်ဖြင့် ပျက်စီးရာပျက်စီးကြောင်း အလွဲလွဲအမှားမှား အိပ်မက်ပေးတတ်ကြပါတယ်။

တစ်ခါက သီဟိုဠ်ကျွန်း ရောဟနအရပ် နာဂကျောင်းတိုက်ကြီးတွင် သံဃမထေရ်ကြီးတစ်ပါးဟာ ရဟန်းသံဃာများကို မပန်ကြားဘဲ ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှည်းစေ၏၊ ထိုကံ့ကော်ပင်တွင် နေထိုင်တဲ့ ရုက္ခစိုးနတ်ဟာ ပထမတွင်တော့ ထိုမထေရ်အား မှန်ကန်တဲ့ အိပ်မက်ကိုပဲ ပေးနေပါတယ်။ ယုံလောက်တဲ့အချိန်ရောက်သောအခါ “ဤနေ့မှ (၇)ရက်မြောက်နေ့၌ အရှင်ဘုရား၏ ဒါယကာ ပြည့်ရှင်မင်းကြီးဟာ နတ်ရွာစံလိမ့်မယ်”လို့ အိပ်မက်၌ ပြောကြားခဲ့ပါတယ်။ မထေရ်ဟာ ထိုအိပ်မက်မှစကားကို ယုံကြည်ကာ မင်းကြီးအား ပြောကြားစေပါတယ်။ မင်းကြီးလည်း ရက်ကိုရေတွက်ပြီး (၇)ရက်လွန်မြောက်သောအခါ နတ်ရွာမစံဘဲရှိနေသည့်အတွက် ထိုမထေရ်သည် မဟုတ်မတရား ပြောကြားပေတယ်ဆိုပြီး ထိုမထေရ်ရဲ့ လက်ခြေတို့ကို ဖြတ်စေခဲ့ပါတယ်။

(၄)ပုဗ္ဗနိမိတ်ကြောင့် မြင်မက်သော အိပ်မက်တို့ကား ဧကန်အမှန်ချည်းပင် ဖြစ်ပါတယ်။ အိပ်မက်မြင်မက်သောပုဂ္ဂိုလ်များမှာ ၀ိပလ္လာသတရား မပယ်ရှားသေးသည့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပါတယ်။ ရဟန္တာများမှာ ၀ိပလ္လာသတရား ပယ်ရှားပြီးဖြစ်သောကြောင့် အိပ်မက်မမြင်မက်ကြတော့ပေ။ ထို့ပြင် အိပ်မက်မြင်တဲ့အခါ အချိန်နှင့်အကျိုးပေးကိုလည်း ဖေါ်ပြပါဦးမည်။ ညဦးယံ သန်းခေါင်ယံ မိုးသောက်ယံတို့၌ မြင်မက်သော အိပ်မက်တို့သည် မမှန်တတ်ပေ။ ဒါပေမယ့် မိုးသောက်အားကြီး လင်းခါနီး အာရုဏ်တက်အချိန်တွင် မြင်မက်သော အိပ်မက်တို့သည်ကား မှန်သည်က များတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရုဏ်တက်အချိန်တွင် စားသောက်ထားသည့် အစာအာဟာရများ သည် ကြေကျက်၍ ခန္ဓာကိုယ်၌ အဆီအနှစ်သြဇာများ တည်နေသည့် အချိန်ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထိုအာရုဏ်တက်အချိန်တွင် ကောင်းသောအရာ များကို မြင်မက်လျှင် ကောင်းကျိုးရတတ်ပါတယ်။ မကောင်းသော အရာများကို မြင်မက်လျှင် မကောင်းကျိုးရတတ်ပါတယ်။
ဆရာတော် ဦးကောဝိဒ(မြိတ်)

Sunday, November 27

ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း


ဒီတခါတော့ ဖတ်မိတဲ့ သချာင်္ ပဟေဠိ အကြောင်းလေးကိုပြောပြပါ့မယ်။ သူက တော့  gtalk မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် အသက်ကိုမပြောပြချင်သူအတွက် ဒီနည်းလေးကိုသုံးပြီး မေးကြည့်နော်။ သိတဲ့သူအတွက်တော့  ရီစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မသိသေးသောသူအတွက်တော့ ဗဟုသုတလည်းရတယ်  ။ အပျင်းလည်းပြေပါတယ်။ ဂဏန်းလေးလုံးမှ မဟုတ်ပါဘူး ဒီထက်လည်းပိုလို့ရ နိုင်ပါတယ်။ လုပ်နည်းအဆင့်ဆင့်က ဒီလိုပါ။
၁။ မိမိသိချင်သောသူကို ဂဏန်းလေးလုံး (သူ့စိတ်ကြိုက်) ရေးပါစေ။ 
၂။ အဲဒီဂဏန်း လေးလုံးကို စိတ်ကြိုက်နေရာ ပြောင်းလဲပါစေ ။
၃။ ကြီးသောကိန်းမှ ငယ်သောကိန်းကို နုတ်ပါစေ။ နုတ်လို့ရသော ဂဏန်းအားလုံးကိုပေါင်းပါစေ။ 
၎။ ပေါင်းလို့ရတဲ့ကိန်းသည် ဂဏန်း ၂ လုံး (သို့) ၃ လုံးထက်ပိုပါက တစ်လုံးတည်း ရသည်အထိပေါင်းပါစေ။
၅။ အဖြေကို (၇) ပေါင်းထည့်ပါစေ။ 
၆။ ပေါင်းရကိန်းကို သူမွေးသောနှစ်ရဲ့ နောက်ဆုံးဂဏန်း ၂ လုံးနဲ့ ပေါင်းထည့်ပါစေ။ 
၇။ အဖြေကိုပြောပါစေ။
မိမိလုပ်ဆောင်ရမှာက နောက်ဆုံးအဖြေမှ (၁၆) ကိုနုတ်ပါ။ သင့်မိတ်ဆွေမွေးသောခုနှစ်ကို ရပါလိမ့်မည်။ ခုနှစ်ကို ရောက်လျှင် ယခုရောက်ရှိနေသော ခုနှစ်ထဲမှ နုတ်လျှင် သူ၏ အသက်ကိုသိနိုင်ပေမည်။ 
အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိန်းတစ်ခုတွင်  ဂဏန်းအရေအတွက် မည်မျှပင် ပါစေကာမူ ယင်းဂဏန်းများကို စိတ်ကြိုက်နေရာပြောင်း ၍ များသောကိန်းမှ ငယ်သောကိန်းကို နုတ်လျှင်  ရရှိသောအဖြေသည် (၉) သို့မဟုတ် (၉) အဖြစ်ရရှိရန် ဖန်တီးပေးသောအခြေအနေသို့ရောက်ရှိမည်ဖြစ်သည်။ တစ်လုံးထဲ ကျန်သည်အထိပေါင်းသော် အဖြေသည် (၉) ဖြစ်ရပေမည်။ သင့်အနေဖြင့်  (၇) ကို(၉) နှင့်ပေါင်း၍ ရသော (၁၆) ကို နုတ်လိုက်သောအခါ အဖြေမှာ သုညဖြစ်သည်။  သို့ဖြစ်သောကြောင့် မွေးသောခုနှစ်ကို အလွယ်တကူ ရရှိသည်။ ထိုအခါ ယခုရောက်ရှိနေသာ ခုနှစ်ဖြင့် သူ့အသက်ကိုအလွယ်တကူသိနိုင်သည်။  အမှန်တိုင်းပြောရရင် ဒီအထိကျွန်တော်ဖတ်တာ နားလည်သေးဘူး ဥပမာလေးနဲ့မှ အဆင်ပြေတယ်ဗျာ။ ဥပမာကတော့ 
 ၁၃၇၉ ကိုရွေးတယ်ဆိုပါစို့ ။ အဲဒီဂဏန်းလေးတွေကိုဒီလို(၇၉၃၁) နေရာပြောင်းလိုက်မယ်။ များသောကိန်းမှငယ်သော ကိန်းကိုနုတ် (၇၉၃၁-၁၃၇၉=၆၅၅၂ )ကိုရရှိမည်။ ၆၅၅၂ ကိုပေါင်းသော်(၆+၅+၅+၂=၁၈) ရမည်။ အဲဒီ ၁၈ ကိုပေါင်းသော် (၉) ရမည်ဖြစ်သည်။ (၉)ကို (၇) နှင့်ပေါင်းသော် ၁၆ ရရှိမည်။ အဲဒီ ၁၆ ကို သူမွေးသောခုနှစ် ၁၉၈၉ ရဲ့နောက်ဆုံးနှစ်လုံးနဲ့ပေါင်း (၁၆+၈၉=၁၀၅) ကိုရရှိမည်ဖြစ်သည်။ နောက်ဆုံးအဖြေ ၁၀၅ မှ ၁၆  ကိုနှုတ်သော် ၈၉ ရရှိမည်ဖြစ်သည်။ ဒီနေရာမှာသိထားရမှာက ၈၉ ဆိုတာ (၁၉၈၉) ဆိုတာသိထားပါ။  ယခုရောက်ရှိသောခုနှစ် ၂၀၁၁ ။ ထိုကြောင့် ၂၀၁၁ ထဲက ၁၉၈၉ ကိုနှုတ် ၂၂ နှစ်ဖြစ်တယ်။  ကိုယ်တိုင်တွက်ကြည့်မှ သဘောပေါက်လိမ့်မယ်နော်။ 

အားလုံးကို လေးစားလျက်

Saturday, November 26

windows 7 အတက်နှေးသူများအတွက်


ဒီနည်းလေးက မသိသေးသောသူများ အတွက်ပါ။  windows တက်လာတာနှေးလို့ တခြားနည်းတွေသုံးကြည့်လို့ အဆင်မပြေရင်ဒီနည်းလေးကိုသုံးကြည့်ပါ။ လုပ်နည်းကတော့ Desktop ပေါ်က  my computer ကို right click ထောက်ပြီး properties ကိုသွားပါ။ အဲဒီကမှတဆင့် Advanced system settings ကို သွားပါ ။ System properties box ပေါ်လာပါလိမ့်မယ်။ အဲဒီကနေမှ Advanced ဆိုတဲ့ buttom လေးကိုရွေးပါ ။ အဲဒီအောက်ကနေမှ Start up and Recovery  မှာ settings ဆိုတာကိုကလစ်ပေးပါ။ ပြီးရင် Time to display list of operating systems မှာ အမှန်ခြစ်လေးပေးပါ။ မိမိ မြန်စေလိုသော second ကို ရွေးပါ။ ပြီးရင် ok ပေးပါ ။  အဆင်ပြေပါစေဗျာ.........။  အောက်ပုံလေးကိုကြည့်ပါ။


  အားလုံးကိုလေးစားလျက်..........

ဒု-သ-န-သော ဆိုတာ


ဒု-သ-န-သော တဲ့။ငယ်ငယ်တုန်း ကတော့အဘိုးရှင်းပြဖူးပါတယ် ။ ဒါပေ့မယ့် မှတ်ဥာဏ်က မကောင်းတော့ မမှတ်မိတော့ဘူး။ ဒါကြောင့် စာအုပ်တွေထဲမှာလည်းမွေနှောက်ရှာပါတယ်။ အင်တာနက်မှာလည်းရှာတယ်။ အခုမှ ဘာလို့ရှာလည်းဆိုရင် ငယ်ငယ်တုန်းက သိချင်စိတ်နည်းခဲ့လို့ပေါ့။ အခုသိချင်တဲ့အရွယ်ရောက်မှ လျောက်ရှာဖြစ်တယ်။ ဆရာတော်တပါးရဲ့ ဘာသာရေးဆိုက်လေးမှာ သွားတွေ့တယ်။ တော်တော်ပျော်သွားတယ်။ ကိုယ်သိချင်တာလေး သိရလို့။  နောက်ထပ်သိချင်တာလေး   တွေလည်းရှိသေးတယ် ။ ဆက်လက်ရှာနေဆဲပေါ့။ အခုတွေ့ရှိတာလေးကို မသိသေးသောသူများအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။ နည်းနည်းတော့ရှည်တယ်ဗျာ။ ဒု-သ-န-သော  ဆိုတာ ဒီလိုတဲ့ဗျာ။
 
အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သောထိုက်လိမ့်မယ်ဆိုတဲ့    စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ ဒီလိုပါ။       တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက်ငွေကြေးချမ်းသာမှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အ်ာဟစ်မြည်တမ်းလိုက်တဲ့ အသံများဖြစ်ပါတယ် ။ ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ ဒီအကြောင်းကို ကောသလ   မင်းကြီးအားအကြောင်းပြုပြီးြ မတ်စွာဘုရားရှင်ကေ ဟာကြားတော်  မူခြင်းဖြစ်ပါတယ်။  သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။  ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရားပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။ ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေ ခိုင်းလိုက်ပါတယ်။ ညနေ မိမိရေးချိုးရန် အမီပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်း မိန့်ကြားလိုက်ပါတယ်။ ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို           ယူဆောင်ကာ   နေပြည်တော် သို့ပြန်ခဲ့ပါတယ်။  မြို့တံခါးဝရောက်တော့  နေမဝင်သေးသော်လည်း    တံခါးပိတ်ထားပြီး    ဖြစ်သည်  ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေ ထား၍မြေမှုန့်နှင့် ကြာပန်းတို့ကိုထားခဲ့ပြီး မို့ပြင်ရှိကျောင်းတစ်ကျောင်း မှာသွားအိပ်ပါတယ်။ မင်းပြစ်မင်းဒဏ် သင့်၍ချစ် လှစွာသောဇနီးနှင့်ကွဲကွာရတော့ မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာ  မအိပ်နိုင်ပဲဖြစ်နေပါတယ် ။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။ ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာ ကိုကြားရတော့ထိတ် လန့်တုန်လှုပ်သွားပါတယ်။ အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်း   လျင်လင်းချင်း    ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍  အကြောင်းစုံကိုပြောပြပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန် လိုက်ပါတယ်။ ဘယ်လိုပြန်လိုက် သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက် စရာကောင်းလှကြောင်း၊ အသက်အန္တရာယ်ပင်       ထိခိုက်နိုင်ကြောင်းဖြစ် ပါတယ်လို့လျှောက်ထားပါတယ်။ အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို  တားဆီးနိုင်မည့်  ယတြာကို အမြန်စီစဉ်ခိုင်းပါတယ်။

@ ဆိုတာ


အီးမေးလ်လိပ်စာများမှာပါတဲ့ အင်္ဂလိပ်အက္ခရာ အေ ကို ၀ိုင်းထားတဲ့ ဟာလေးကို ခေါ်ကြတာတော့။ @ " at sign" ဖြစ်ပါတယ်။ ဒါပေမယ့် သူမှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။ ဘာပုံနှိပ်စက်များမှ မပေါ်ခင်မှာ  စာသမားပေသမားများဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးကြပြီဆိုရင် လက်ကိုဘဲ အသုံးပြုကြရတယ်။ အဲ့ဒီ အခါမှာ အင်္ဂလိပ်စာလုံးကို ရေးတဲ့ အခါ အတွန့်အတက်တွေနဲ့ပေါ့ ။ ကျွန်တော်တို့ မြန်မာလိုဆို ပန်းစာလုံးပုံစံမျိုးလေးတွေပါ။ လှလှပပပေါ့။ အဲ့လို ရေးတဲ့ အခါမှာ at ဆိုတဲ့စာလုံးကို အတွန့် အတက်များနဲ့ ရေး တဲ့ အခါ a ကို ရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲ a ကနေ တဆက်တည်း ပြန်ဝိုင်းလိုက်တယ်။ at ဟာ အများသုံးစာ လုံးဖြစ်တာကတစ်ကြောင်း သူ့ကို ဒီအတိုင်းရေးရင် ( a + ထောင်လျက်+အချောင်း+ မျဉ်းတို) လို့ သုံးကြိမ် ရေးရတာကို တကြိမ်တည်း နဲ့ ရေးလိုက်ရာကနေ ပုံသေစာလုံး တစ်လုံးဖြစ်လာလို့ဆိုကြပါတယ်။ နောက်တခါ ဗဟုသုတအနေနဲ့ ပြောပြချင်တာကတော့ တခြား နိုင်ငံခြား နည်းပညာသိပ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေမှာ ဆိုရင် အဲ့ဒီ သင်္ကေတကို ထူးခြားတဲ့ သင်္ကေတအဖြစ် အမှတ်အသားထားကြတယ်။ အချို့က တိရစ္ဆာန် ငယ်ကလေးများဖြင့် တင်စားလို့ အမှတ်အသား ပြုကြပါတယ်။ ဥပမာ ရေးရရင်-
တရုတ် - (xiao laoshu) ကြွက်ကလေး (သို့) ကြွက်သင်္ကေတ ၊ ရုရှား- (sobachaka) - ခွေးသေးသေးလေး၊ပိုလန်- (atka) မျောက်၊ ဟန်ဂေရီကတော့ (kukac) တီကောင် ၊ ကိုရီးယားတွေက (daseul-gi) - ခရု ၊ ပြင်သစ်တို့ကတော့ တစ်မျိုးခေါ်တယ်။ ( escargot) ပက်ကျိ ၊ သို့မဟုတ် ( queue de singe , a dans le rond) မျောက် ၊ ဂျာမန်ကတော့ ( klammeraffe) တွဲလွဲခိုနေတဲ့ မျောက်ကလေး ၊ ဟော်လန်ကတော့ (apen-staartje) မျောက်အမြီး ဆိုပြီး အသီးသီးချစ်စနိုးနဲ့ခေါ်ကြတယ်။ နောက်တစ်ခု အီးမေးလ်တွေ မတွင်ကျယ် မသုံးခင်ကတည်းက။ @ သင်္ကေတကို ပစ္စည်းများရဲ့ အလေးချိန်သတ်မှတ်ရာမှာလဲ အသုံးပြုခဲ့ကြတယ်။ ဥပမာ- ငှက်ပျောသီး ၁၀ လုံးကို ဒေါ်လာ ၅ ဒေါ်လာနဲ့ဝယ်တယ်ဆိုရင် တော့ - ငှက်ပျောသီး ၁၀လုံး @ $ ၁၀ လို့ ရေးကြတယ်။ 
 
အားလုံးကိုလေးစားလျက်

ဟာသလေးများ


ဖတ်မိထားသော ဟာသလေးများကို ပြန်လည်ရေးသား ဖော်ပြလိုက်ပါတယ်။
 
ပွေးရှိတယ်

တစ်ခါက အလွန်အလှအပကြိုက်သော လူပျိုကြီးတစ်ဦးရှိည်။ သူသည် သန့်သန့်ပြန့်ပြန့် နေထိုင်တတ်သော် လည်း ၊ ကျောကုန်းမှာ ပွေးများပေါက်လျက်ရှိသည်။ သူပွေးပေါက်သည်ကို လူမသိအောင် အိမ်တွင်းမှာသာ ရေချိုးလေ့ရှိသည်။ တစ်နေ့တွင် အိမ်မှာ ရေမလာသောကြောင့်  လမ်းထဲရှိရေတွင်းသို့ ရေချိုးရန်ထွက်လာခဲ့သည်။ ရေချိုး နေစဉ် သူ့ဘေးမျ ဦးမာမွတ်က ရေချိုးနေသူများအား " ကျောကုန်းမှာ ပွေးရှိတယ်မင်းတို့ မသိဘူးလား " ။ လူပျိုကြီးမှာ အကြီးအကျုယ် ရှက်သွားပြီ ဆပ်ပြာတုံးဖြင့် ဦးမာမွတ် ကိုပေါက်လိုက်သည်။ ထိုအခါ တစ်ယောက် နဲ့တစ်ယောက် စကားများရန်ဖြစ်ကြရာ နံဘေးမှလူများ ၀ိုင်းဝန်းဖြန့်ဖြေကြရသည်။ ဒါနဲ့ လူတစ်ယောက် လူပျိုကြီးကို မေးပါလေရော။ နေပါဦး ဦးလူပျိုကြီးရဲ့ ဘာဖြစ်လို့ ဦးမာမွတ်ကို ဆပ်ပြာတုံးနဲ့ ပေါက်ရတာတုန်း။ လူပျိုကြီးပြန်ပြောလိုက်သည်။  ပေါက်ရမှာပေါ့ဗျ-သူက ဘာလို့ ကျုပ် ကျောကုန်းမှာ ပွေးရှိတာ ပြောရတာလဲ။ ထိုအခါ လူအုပ်ထဲမှာ လူတစ်ယောက် ၀င်ပြောလိုက်သည်။ ဖြစ်ရလေဗျာ-ဦးမာမွတ်ပြောတာက -  ကျောက်ကုန်းမှာ  ပွဲရှိတာကို ပြောတာဗျ ။

ပိုင်ရှင်မရှိသောကား
မြို့တစ်မြို့တွင် မြို့ပိုင်ထံသို့ ကားခိုးမှုဖြင့် တရားခံတစ်ဦးရောက်လာသည်။ ထိုသူမှာ အရက်လည်း မူးနေသည်။ အမှုစစ်သောအခါ မြို့ပိုင်က -မောင်မင်း ကားခိုးမှုကို ကျူးလွန်ခဲ့တယ် မဟုတ်လား။ ထိုအခါ တရားခံ ဖြေလိုက်သည်မှာက -ကျွန်တော် ဒီကားကို ခိုးတာမဟုတ်ပါဘူး ခင်ဗျာ။ သင်္ချိုင်းကုန်းနားမှာ မော်တော်ကား ရပ်ထားတာတွေ့တော့ ပိုင်ရှင်သေသွားပြီထင်လို့ ယူသွားမိတာပါ ခင်ဗျာ။

အားဆေး
ရပ်ကွက်တစ်ခုမှာ ဗြော့ကြီး ဆိုသူ အချောင်သများ လူပျင်း တစ်ယောက်ရှိသည် ။ဘာအလုပ်မှ မလုပ်ပေ။ အိမ်နားနားချင်းများ က သူ့ကို အရင်းအနှီးရရန် ၊ ငွေချေးလိုက်သော အခါတွင်လည်း သုံးဖြုန်းပစ်လိုက်ပြီး  ရေသာခိုမြဲ ခိုနေသည်။ တစ်နေ့တါင် ထိုရပ်ကွက်ထဲပြောင်းလာသော လူသစ် တစ်ဦး ထံဗြော့ကြီး ပိုက်ဆံသွားချေးရာ ရသွားသည်။ ပြောင်းလာသောလူသစ်က ထိုအကြောင်းကို သူ့အိမ်ဘေးမှ အဘိုးကြီးအားပြောပြရာ။  သူ့ကို ငွေငါးဆယ် ချေးလိုက်တယ် အဘရေ ။ ဗြော့ကြီး အကြောင်းသိပြီး ဖြစ်သော အဘိုးကြီးက ပြောလိုက်သည်မှာ-မင်းကွာ သူ့ကိုအကူအညီပေးတာ ကျားကို ဘားဘပက် အားဆေးကျွေးတာနဲ့ အတူတူပါပဲကွာ.......။

ထင်သားပဲ 

တစ်ခါ က အလွန်သည်းခံတတ်သော  ကိုထွန်းမောင်ဆိုသူတစ်ယောက်ရှိသည်။ သူ့မိန်းမ မထွားကြီးကမူ ကိုထွန်းမောင်နှင့် ဆန့်ကျင်ဘက် ၊ ဒေါသအလွန်ကြီးသူဖြစ်သည်။  တစ်နေ့တွင် ဇနီးမောင်နှံနှစ်ယောက် စကာပြော အဆင်မပြေရာမှ ကိုထွန်းမောင် က စကားနည်း ရန်စဲ အိမ်ပေါက်ဝတွင် ထွက်ထိုင်နေလိုက်သည်။ ထိုအခါ မထွားကြီးသည်ဒေါသ ပိုထွက်လာပြီး  ကိုထွန်းမောင် ထံသွားက ရေအပြည့်ပါသော သံပုံးဖြင့် ခေါင်းပေါ်သို့ လောင်းချလိုက်သည်။ ရယ်သွားကြသော လမ်းသွာလမ်းလာလူများကို ကိုထွန်းမောင်ပြောလိုက်သည်မှာကား- အင်းမိုးကြိုးထစ်ပြီးရင် မိုးရွာ ချလိမ့်မယ်လို့ ထင်သားဗျို့ ။ 

သူ့အလုပ် 

မြို့တစ်မြို့ရှိ ဆေးခန်းတစ်ခုသို့ ခပ်ကြောင်ကြောင်လူတစ်ဦး ရောက်လာရာ ဆရာဝန်ကမေးသည်။ ဘယ်လိုဖြစ်တာလဲ ပြောပါအုံး။ ခပ်ကြောင်ကြောင်လူက -အခုတလောကျွန်တော်စိတ်တွေ ဂယောက်ချောက်ချား ဖြစ်နေလို့ပါ ဆရာ။ ဆရာဝန်ကစမ်းသပ်ကြည့်ပြီး -ဒီမယ် ခင်ဗျားထွေထွေထူးထူးဘာ မှမစဉ်းစာပါနဲ့ ၊ ခင်ဗျားရဲ့ကိုယ်ကို ခင်ဗျားရဲ့ အလုပ်ထဲမှာပဲ နစ်မြုပ်ထားလိုက်ရင် ခင်ဗျားစိတ်တွေ ပြန်ပြီး တည်ငြိမ်လာမှာပါ။  ထိုအခါလူနာပြောလိုက်သည်က - ခင်ဗျာ ! ကျွန်တော် ကိုယ်ကို ကျွန်တော့် အလုပ်ထဲမှာ နစ်မြုပ်ထားရမယ်၊ ဟုတ်လား၊ ကျွန်တော်က သင်္ချိုင်းတူး သမားဆရာရဲ့.......။

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ......

Thursday, November 24

Google ရဲ့ ၀န်ဆောင်မှုတစ်ခု


ကျွန်တော်ဒီနည်းလေးကိုသိတာမကြာသေးပါဘူး ။ ကျွန်တော့်လိုမသိသေးသောသူများအတွက်ပါ။ ဘာလဲဆိုတော့ မိမိမှာရှိတဲ့ ပုံကို google မှာ ရှာတဲ့ နည်းလေးပါ ။ မင်းသား ၊ မင်းသမီး ၊ အဆိုတော်တွေပေါ့။ ဒါက အဲဒါနဲ့ပက်သက်ပြီးတော့ရှာချင်တဲ့ သူအတွက်ပါ။ နောက်တစ်ခုက ချက်တင်အတွက် ပါ။ ဒီအကြောင်း နည်းနည်းပြောပါ့မယ်။ ဒီလိုဗျာ။ ကျွန်တော် ဆီကို ညီလေးတစ်ယောက်ရောက်လာတယ်။ အစ်ကို ဒီကောင်မလေးကိုသိလားတဲ့။ မြန်မာနိုင်ငံကလို့ပြောတယ်။ သူကဓာတ်ပုံပဲ ပို့်လိုက်တာတဲ့။ vzo လည်း မချက်ဖူးဘူး။ အဲဒါသူပုံဟုတ်လားလို့မေးတယ်။ ကျွန်တော်လည်း မေးပို့ထားပုံကိုကြည့်လိုက်တယ် ။ ဒါပေ့မယ့် သိပ်တော့မသေချာဘူးပေါ့။ သူက တရုတ်စပ်လို့ပြောတယ်။ အင်းပုံစံကတော့ ဟုတ်ပါတယ်။ ဒါနဲ့သေချာအောင် အဲဒီပုံကိုဒေါင်းလော့ချက်လိုက်တယ် ။ ပြီးတော့အခုကျွန်တော် ပြောမယ့်နည်းလမ်းနဲ့ google မှာ လိုက်ရှာလိုက်တယ် ။ အားလား လား တွေ့ပါပြီ။ ကိုရီးသားမင်းသမီးပုံ ။ ကဲတွေ့ပြီနော် ။ချက်တင်မှာ အဲလို အလှိမ့် မခံရအောင် စေတာနာလေးနဲ့ပါ။ လုပ်နည်းကိုပြောပြပါ့မယ်။ ကျွန်တော်တို့ အရင်ဆုံး friefox မှာ ဖြစ်ဖြစ် explorer မှာပဲဖြစ်ဖြစ် google လို့ရိုက်လိုက်ပါ။ပြီးရင် Image ဆိုတာကိုရွေးပါ။ ဘယ်ဘက်ထိပ်မှာပါ။ ရွေးပြီးရင် google ဆိုတဲ့ ဘားမှာ ကင်မရာပုံလေးတွေ့လိမ့်မယ်။ အဲဒါလေးကို ကလစ်ပေးပါ။ ပြီးရင်  upload an image ဆိုတာကိုရွေးပါ။ Browse ကနေ မိမိစက်ထဲမှာ ရှာလိုသော ပုံကိုရွေးပြီး open ပေးလိုက်ပါ။ သူနဲ့တူတဲ့ ပုံတွေ တန်းစီပြီးထွက်လာပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်နော်။သူက အနီးစပ်ဆုံးရှာပေးတာပါ။ ကျွန်တော်စမ်းကြည့်ပြီးပြီ ။ တစ်ချိုပုံတွေကျ အတိအကျမထွက်ပါ။ အောက်က ဥပမာလေးကိုကြည့်လိုက်ပါ။

အားလုံးပဲ အဆင်ပြေပါစေ.
လေးစားလျက်.......

မျက်စိအားကောင်းစေရန်


မျက်စိအားကောင်းစေရန် အောက်ပါအချက်များကို လိုက်နာသင့်ပါတယ်။
(၁) ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။
(၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေ ကိုအကာအကွယ်ပေးတယ်   ။ဆောက်လုပ်ရေးတို. ၊စက်ပြင်ဆရာတို.ဆိုရင်လည်း  အကာအကွယ်မျက်မှန်  တပ်ဆင်သင့်ပါတယ်။   မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။
(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင်  လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက ကြာရင်မျက်စိပါကွယ်သွာဒးနိုင်ပါတယ်။
(၄)ဟင်းချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို.ပါ။
(၅) အိမ်အပြင်နေကူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။
(၆) ညစာစားတဲ့အခါ စိမ်းစာဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။
(၇)ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေဖယ်ရှားပေးပါ။ မိတ်ကပ်အပိုင်းအစကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။
(၈) သန့်ရှင်းတဲ့မျန်နှာသူတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့မျက်နှသူတိပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ကူးစက်မြန်မျက်စိရောဂါဖြစ်စေတယ်။
(၉) စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် သုံးဆယ်ပြည့်တိုင်း စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ်လောက်ကြည့် သင့်တယ်။(နာရီသံပတ်ပေးပြီးနှိုးဆော်ပါ)
(၁၀) တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။သွေးပေါင်ချိန်မြင့်ရင် မျန်စိထဲက သွေးကြောတွေကို ဒုက်ခပေးနိုင်တယ်။
၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စပယ်ပန်းရနံ.ဟာ ဦးနှောက်ရှေ.ပိုင်းက beta လှိုင်း တွေကို       ဖြစ်ပေါ်စေပြီးနိုးကြားထက်မြက်မှုနဲ.    မျက်စိအားကောင်းခြင်းတို.ကို ဖြစ်စေတယ်။
(၁၂) ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးပါ။ အရောင်သွေဖယ်မှုနည်းတယ်။ ယာဉ်ကောင်တဲ့အခါ ပိုအရေးကြီးတယ်။
(၁၃) အငန်လျှော့စားသင့်တယ်။         အငန်ဓါတ်များရင်    မျက်စိမှာတိမ်ဖြစ်ဖို. အခြေအနေပိုပေးတက်တယ်။ဆားလျှော့စားပါ။

အားလုံးကိုလေးစားလျက်

Wednesday, November 23

ဒီလိုစိတ်မျိုး ထားနိုင်ကြပါစေ


ဒီပို့စ်လေးကိုပြန်လည် ရေးသားတင်ပြခြင်းက ဘာသာရေး အသိလေးတစ်ခု ရရှိပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားလိုက်ပါသည်။ အသိပညာ ဗဟုသုတ တိုးပွားကြပါစေ။

ကပ္ပ္ပိယ     - ဆရာတော်ဘုရား နာရီကြီးဘယ်ရောက်သွားလဲ ဘုရား
ဆရာတော်- ညက ဒကာနှစ်ယောက်လာယူသွားတယ်ကွ
ကပ္ပိယ     - ဆရာတော် အဲဒါဆိုရင် သူခိုးလာခိုးသွားတာ ဖြစ်မှာပေါ့..ဆရာတော်မသိလိုက်ဘူးလား
ဆရာတော်- သိတာပေါ့ကွ...သူတို့ကမမှီမကမ်းနဲ့ဖြုတ်နေတဲ့ အသံတွေ၊မတော်လို့ လွတ်ကျလို့   မင်းတို့ နိုးကုန်ရင်  နာရီလဲ အကောင်းမရ ၊ ဒုက္ခလည်း ရောက်မှာစိုးလို့ပလ္လင်နောက်မှာ ခွေးခြေရှိတယ် တောင်ပြောလိုက်သေးတယ်။
ကပ္ပိယ   - ဆရာတော်နှယ့် သူခိုးပဲ  ဘာလို့ပြောလိုက်ရတာလဲ .လှူတယ်ဆိုတာကမှ တော်သေးတယ်။
ဆရာတော်- ထူးပါဘူးကွာ ။ သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ  သက်သာတာပေါ့ ။ ညကြီးမင်းကြီးသူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် အယုတ် အမြတ်ကလဲ မရွေးရတော့ဘူးကွယ်  
 (အောင်ခြင်းရှစ်ပါး ဆရာတော်) အမရပူရမြို့

ဒါယိကာ   - ဆရာတော်  ဘုရား တပည့်တော်လှူတားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ၊ဘယ်နေရာမှာသွားထားပါသလဲ ဘုရား
ဆရာတော်- ဘယ်မှာမှ သွားမထားပါဘူး။ ဒကာ။  သူ့ပိုင်ရှင်လာယူသွားတယ်
ဒါယိကာ   - ဆရာတော် ဘုရား  ဘယ်ကပိုင်ရှင်ရှိအုံးမှာလည်း တပည့်တော်လှူထားပဲ  ဆရာတော်ပိုင်ပစ္စည်းပေါ့ ဘုရား
ဆရာတော်- ငါ မပိုင်လို့ပေါ့ကွာ၊ ငါပိုင်ရင်  ငါ့ပစ္စည်းက ငါ့နားမှာရှိမှာပေါ့။ အခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ
ဒါယိကာ   - ဆရာတော်ကလည်း မဟုတ်သေးပါဘူး။ သူခိုး ခိုးတာမဟုတ်လား ဘုရား ။ဒါဆို ဆရာတော့် ရေဒီယို ဆုံးပြီပေါ့
ဆရာတော်- မဆုံးပါဘူးကွာ ၊ ဆုံးတယ်ဆိုတာ မီးလောင်သွားတာ တို့ ၊ မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့လို့ ဘယ်သူမှ သုံးခွင့်မရတော့တာမှ ဆုံးတာ။ အခုက တစ်နေရာရာမှာ အသုံးဝင်နေတုန်းပါ။
( တောင်တွင်းကြီးမြို့ ....နတ်မှီတောရ ဆရာတော်ဘုရားကြီး)

ကပ္ပိယ     - ဆရာတော်ဘုရား လုပ်အုံးဘုရား ။ ဒုက္ခတော့ရောက်ကုန်ပြီ ..ရဲတိုင်မှ ဖြစ်တော့မယ်၊၊
ဆရာတော်- ဘာတုန်းဟဲ့ ကပ္ပိယရဲ့ မင်းဟာ အရင်းမပါ အဖျားမပါနဲ့ ပြူးတူးပြဲတဲ နဲ့ တိုးတိုးသက်သာပြော ပြောစမ်းပါ။
ကပ္ပိယ     - ဆရာတော့ပစ္စည်း မညက သူခိုး ခိုးသွားပြီဘုရား ။ ဒါကြောင့် ပုလိပ်(ရဲ) ကိုတိုင်မှ ဖြစ်မယ်လို့ ပြောတာပါ ဘုရား။
ဆရာတော်- ကပ္ပိယ ကိုယ့်ပစ္စည်းပျောက်တယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်းကို ခိုးခဲ့ဖူးလို့ဖြစ်မှာပေါ့ဟဲ့ ။ သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ။ အသာနေပါ ကပ္ပိယ ရယ်။ မင်းလုပ်လိုက်မှဖြင့် ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ်။
( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား)

အားလုံးကိုလေးစားလျက်.......

Gtalk Theme

 
မနက်ကအချိန်မရလို့ အခုထပ်ဖြည့်လိုက်တာ။ ဒီတခါတော့ ဆော့ဝဲလေးပါတင်ပေးလိုက်တယ်ဗျာ။ သုံးချင်သူများ ဒေါင်းသွားလိုက်ပါ ။  အတိုကောက်အဓိပါယ်လေးတွေ ထပ်တွေ့လို့ တင်ပေးလိုက်ပါတယ်။ တော်ကြာ သူများက ကိုယ့်ကို ဘာပြောလို့ပြောမှန်းမသိ ဖြစ်နေမှာစိုးလို့နော်။ ဆော့ဝဲလေး run ပြီးရင်တော့ မိမိရဲ့  gtalk setting ကိုသွားပါ။ အဲဒီမှာ Appearance ကိုရွေးပါ။ Chat Theme မှာ My theme လို့ပြောင်းပါ ။ ဒါဆိုရင်သုံးလို့ရပါပြီ။  ဒီမှာ ဒေါင်းလိုက်ပါ။
 
X-( angry smiley Angry
;^) big nose wink smiley Big Nose Wink
=) big smile smiley Big Smile
B-) cool smiley Cool
:'( crying smiley Crying
:-D big happy laugh smiley Big Happy Laugh
:D grin smiley Grin
:-) happy smiley Happy
<3 heart smiley Heart
:(|) monkey smiley Monkey
\m/ rock out emoticon Rock Out
:( sad emoticon Sad
:-o shocked smiley Shocked
:-/ skeptical smiley Skeptical
=) smile smiley Smile
:-| straight face emoticon Straight Face
:P tongue out emoticon Tongue Out
;) wink emoticon wink

gtalk smile အဓိပါယ်လေးများ


 Gtalk မှာ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ  အောက်ပါအတိုကောက်စာလုံးလေးတွေ တွေ့ရပါတယ် ။ ဘယ်လိုကွန်ပျူတာမျိုးမှာပဲ တွေ့ရမလဲဆိုရင်တော့ smile software  run ထားတဲ့စက်မှာသာ animation လေးနဲ့ပေါ်မှာ ဖြစ်ပါတယ်။ မိမိရော သူငယ်ချင်း စက်မှာ ပါ  run ထားမယ်ဆိုရင်တော့ နှစ်ယောက်လုံး အဆင်ပြေမှာဖြစ်တယ်။ တစ်ခါတစ်လေ မိမိစက်မှာ run မထားဘူး။ အဲဒီ အဓိပါယ်လည်းမသိဘူးဆိုတဲ့ သူများအတွက်ပါ။ :atb လို့ မိမိဘက်ကို သူငယ်ချင်းက ရိုက်လိုက်တယ် ။ ဆော့ဝဲက run မထားတော့ ။ စဉ်းစားတာပေါ့  ။ဘာကြီးပါလိမ့်ဆိုပြီး  ။အဲလိုလေးတွေ မဖြစ်အောင်ပါ။  ဆော့ဝဲကိုတော့ ညနေမှတင်တော့မယ်ဗျာ။  အကြောင်းအရာဖေါ်ပြချက် ရိုက်ရန် မြန်မာလိုအဓိပ္ပါယ်သက်ရောက်မှူက အောက်ဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။
All the Best :atb (သိပ်ကောင်းတယ်)
Angel :angel (နတ်သမီးလေး)
Angry :angry (စိတ်ဆိုးတယ်)
Applause :clap (အားပေးပါတယ်)
Bath :bath (ရေချိုးနေတယ်)
Blushing :blush (မျက်နှာနီအောင်ရှက်တယ်)
Call me :callme (ဆက်သွယ်ပါ)
Cool :cool (အေးအေးဆေးဆေးပါ)
Crying :waa (ငိုနေတယ်)
Day Dreaming :dream (နေ.လည်ခင်းအိပ်မက်)
Dislike :naa (မကြိုက်ပါ)
Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်)
Game :game (ကစားမယ်)
Ghoting :ghoting (စဉ်းစားနေတယ်)
Good Morning :gm (ကောင်းသောနံနက်ခင်းပါ)
Good night :gn (ကောင်းသောညပါ)
Heart :heart (အချစ်)
Hi :hi (နှုတ်ဆက်တယ်)
Hai :hai (နှုတ်ဆက်တယ်)
Hug :hug (ပွေ.ဖက်မယ်)
I am Mad :mad (ငါရူးတော့မယ်)
I love you :ilu (မင်းကိုချစ်တယ်)
I miss you :imu (မင်းကိုသတိယနေတယ်)
Idea :idea (အကြံရပြီ)
Kissing :kiss (နမ်းမယ်)
Laughing :ha (ရီရတယ်)
Laughing :haha (ဟားတိုက်ရီရတယ်)
Love struck :love (ချစ်ကြောင်းပြောမယ်)
Mess :mess (စားမယ်)
Movie :movie (တီးထည့်လိုက်ရမလား)
News :news (သတင်း)
No :no (မ_ဘူး)
Not talking :calm (မပြောဘူး)
Now :now (ယခု)
On Phone :call (Ph နှင့်ပြောမယ်)
Pray :pray (ဆုတောင်းနေတယ်)
Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်)
Secret/Silent :shh (တိတ်တိတ်နေ)
Shut Up :shutup (ပါးစပ်ပိတ်ထားပါ)
Sleep :sleep (အိပ်နေတယ်)
Sleepy :zz (အိပ်ချင်ပြီ)
Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း)
Sorry :sry (၀မ်းနည်းပါတယ်)
Stop shouting :stop (နားပိတ်ထားတယ်)
Surprised :oh (အံသြတယ်)
Take care :tc (ဂရုစိုက်ပါ)
Thanks :thanx (ကျေးဇူးတင်ပါတယ်)
Wait :wait (ခဏစောင့်ပေးပါ)
Waving :bye (နှုတ်ဆက်ပါတယ်)
Worried :wor (စိတ်ပူနေတယ်)
Yahooooo :yahoo ( ရှာကြည့်ပါ)
Yes :yes (ကောင်းပါပြီ)

အားလုံးကို လေးစားလျက် 

Tuesday, November 22

လောကမှာ မိန်းကလေးတွေ အမှန်တကယ် အလိုချင်ဆုံး အရာ


တစ်ခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါးရှိသတဲ့။ အဲဒီ တိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးမားပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။ ထိုဘုရင်ကြီးက တိုင်းပြည်ငယ်လေးကို သိမ်းပိုက်ချင်ပေ့မယ့် ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ် ကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်တယ်။ အဲဒီအခွင့်အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ။ ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ပြောပါတယ်။ မေးလိုက် တဲ့မေးခွန်းက -လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ  တဲ့။ အဲဒီမေးခွန်းကတော့ ဘုရင်လေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုပ်ထွေးစေတော့တာပဲ။ တစ်ချို့ကတော့ မဖြစ်နိုင်တဲ့မေးခွန်းလို့ထင်ကြတယ်။  မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရာသူကြီးတွေ၊   ပြည်သူပြည်သားတွေနဲ့  ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီးတော့ အဖြေရဖို့ ကြိုးစားပါတယ်။ဒါပေ့မယ့် ကျေနပ်ဖွယ်ရာ အဖြေကိုတော့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမကြီးတစ်ယောက်သာလျှင် ဒီအဖြေကိုဖြေနိုင်လိမ့်မယ်လို့လျောက်တင်ကြတယ်။ စုန်းမကြီးဟာ အလွန်တန်ဖိုးကြိးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့ အဖြေပေးရမယ့်နောက်ဆုံး ရက်ဟာ တဖြည်းဖြည်းနီးကပ်လာပါတယ်။ စုန်းမကြီးကလည်း သူ့တောင်းဆိုချက်ကိုအရင် လိုက်လျောမှသာ အဖြေပေးနိုင်မယ်လို့ ပြောပါတယ်။စုန်းမကြီးတောင်းဆိုတာက ဘုရင်လေးရဲ့ ယုံကြည်အားအကိုးရဆုံး သူငယ်ချင်းလဲဖြစ်၊ နိုင်ငံရဲ့သူရဲကောင်စစ်သည်တစ်ဦးလဲ ဖြစ်တဲ့ အမတ်ကြီးးကို သူနဲ့ လက်ဆက်ပေးဖို့ပါတဲ့။ ဘုရင်လေးလဲ အရမ်းတုန်လှုပ်ခြောက်ခြားသွားတာပေါ့။ စုန်းမကြီးပုံစံက ခါးကကုန်းကုန်း၊ ကျောကုန်းဘုနဲ့ အမြင်ဆိုးရွားလှတယ်။သွားကလည်း ရှေ့သွားတစ်ချောင်းပဲရှိတယ်။ အနံ့အသက်ကလည်း ဆိုးရွားလှတယ်။ စကားအပြောအဆိုကလည်းကြမ်းတယ်။အဲဒီလို ဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ သူသူငယ်ချင်းကို ယူဖို့တိုက်တွန်းရမှာကို သူ့အတွက်  ၀န်ထုပ်ဝန်ပိုးဖြစ်နေပါတော့တယ်။ ဒါပေမ့ယ် အမတ်ကြီးက တိုင်းပြည်နဲ့လူမျိုးအရေးယှဉ်ရင် ဒီကိစ္စက မပြောပလောက်ကြောင်းပြောခဲ့ပါတယ်။ ဒါကြောင့် စုန်းမကြီးတောင်းဆိုချက်ကိုလက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ မင်္ဂလာပွဲကိုကျင်းပပြီးနောက် စုန်းမကြီးက ဘုရင်လေးကိုအဖြေကိုပြောပြလိုက်ပါတယ်။ အဖြေကတော့ -လောကကြီးမှာ အမျိုးသမီးတိုင်း အမှန်တကယ် အလိုချင်ဆုံးအရာက သူတို့ရဲ့ဘ၀ကိုသူတို့ စိတ်တိုင်းကျ စီမန်ခန့်ခွဲချင်တာပဲ  လို့ပြောခဲ့တယ်။ ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိရပြီး စစ်ဘုရင်ကြီးလည်း စစ်မပြုတော့ဘဲ ဘုရင်လေးတို့ တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်။
 
အမတ်ကြီးနဲ့ စုန်မကြီး  မင်္ဂလာပွဲဘယ်လိုဖြစ်သွားတာလဲ
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်း  တစ်ပြိုင်နက်ခံစားနေရပြီပေါ့။ သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ်ချင်း နဲ့ အလွန်မသတီစရာစုန်းမတို့ လက်တွဲရမယ့် ဘ၀အရေးကို စဉ်းစားမိလို့ပေါ့။ အမတ်ကြီးလည်းဆိုးရွားလှ  တဲ့ ဘ၀ကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ၀င်ရပြီပေါ့။ ဒါပေ့မယ့်အိပ်ခန်းတွင်းမှာ အလွန်လှပတဲ့ ကောင်မလေးတစ်ယောက် ထိုင်နေတာကိုတွေ့လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ဘယ်လိုတွေဖြစ်ကုန်ပြီလဲလို့မေးခဲ့တယ်။  ကောင်မလေးကပြန်ပြောခဲ့တယ်။ သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ရုပ်နဲ့တွေ့ပေ့မယ့် ကြင်နာစွာဆက်ဆံခဲ့တယ်။ ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့သင့်ကို အခွင့်အရေးတစ်ခုပေးချင်ပါတယ်။ ဒါကတော့ နေ့ခင်းဘက်  မှာ ဒါမှဟုတ် ညဘက် ရှင်ကြိုက်တဲ့အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံတဲ့ပုံစံ နဲ့တွေ့မြင်နိုင်အောင် ဖန်ဆင်းထား မယ်လို့ ပြောလိုက်ပါတယ်။  ဘယ်လောက်များရင်နာစရာကောင်းလိုက်တဲ့မေးခွန်းပါလိမ့်။ အမတ်ကြီးလဲ သေချာစဉ်းစားပြီးတော့ အဖြေပေးရတော့မယ်။ နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေအလည်မှာ ပြသပြီးတော့ ညအချိန်မှာ စုန်းမကြီးနဲ့ အတူတူအိပ်မလား ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီးတော့ ညပိုင်းမှာ ချောမောလှပတဲ့ကောင်းမလေးနဲ့နေမလား။  အမတ်ကြီးဘာကိုရွေးတယ်ဆိုတာ ဆက်မဖတ်ခင်  စာဖတ်သူအနေနဲ့ရောဘာကိုရွေးချယ်လဲ စဉ်းစားကြည့်ပါ။ စဉ်းစားဖြစ်အောင် စဉ်းစားနော် ။
??????????????????????????????????????????????????????????????????????????????????????


အမတ်ကြီးရွေးချယ်လိုက်တာကတော့ မင်းသဘောအတိုင်းပါတဲ့ ဗျာ။ အဲဒီစကားကိုကြားလိုက်တဲ့အခါ ကောင်မလေးက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။  အချိန်တိုင်းပဲ လှပတဲ့ ပုစံ နဲ့မြင်တွေ့စေရပါမယ် လို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဘ၀ကို သူမစိတ်ကြိုက်စီမံခွင့် ရရှိခဲ့လို့ပါ။ ပုံပြင်လေးရဲ့ဆိုလိုရင်းကတော့ သင့်ရဲ့ကောင်မလေးဟာ သူစိတ်တိုင်းကျ သူဘ၀ကို စီမံခွင့်မရခဲ့ရင်.သင့်အခြေအနေဟာလည်း နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ မလှပနိုင်တော့ဘူးပေါ့။

အားလုံးကိုခင်မင်လေးစားလျက်

Monday, November 21

ငယ်ငယ်ကသိချင်ခဲ့သော


အခုဖော်ပြတဲ့ အကြောင်းအရာတွေကတော့ ကျွန်တော်ငယ်ငယ်ကတည်းကသိချင်တာလေးတွေ ပါပါတယ်။ငယ်ငယ်ကဘာလို့လဲမသိဘူး။ စပ်စုတယ်ပဲပြောမလားပဲ ။ တစ်ခုခုဆို အရမ်းမေးတတ်တယ်။ နောက်ပိုင်းလူကြီးတွေအမြင်ကပ်လာတော့ မေးတဲ့အကျင့်လး  ပျောက်သွားပါလေရောဗျာ။ ကြီးလာတော့လည်း ကိုယ်ကိုယ်တိုင်ပဲ စာအုပ်တွေထဲမှာလိုက်ရှာရတော့တာပေါ့။ ဒီလိုမျိုး နောက်ထပ်ရှာလို့တွေ့ခဲ့ရင်လည်း ဆက်လက်ဖော်ပြ ပါအုံးမယ်။ ဗဟုသုတအဖြစ်ပါ။

ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ 

ကြယ်တံခွန်ဆိုတာ ကီလိုမီတာအနည်းငယ်ပဲထူတဲ့ ကျောက်သားအကြေအမွတွေ၊ ရေခဲအကြေအမွတွေ ဖွဲ.စည်းထားတဲ့ ကိုယ်ထည်ကြီးဖြစ်တယ်။ သူက နေရဲ့ အနီးကိုရောက်လာတဲ့အခါမှာ ပူလာတယ်။ ရေခဲတွေက ဓာတ်ငွေ.အဖြစ်ပြောင်းလဲသွားတယ်။ ဖုန်မှုန့် အပိုင်းစတွေကို အာကာသထဲဆွဲထုတ်ပစ်တယ်။ နေမှပျံထွက်လာတဲ့ အမှုန်လေးတွေစုထားတဲ့တိမ်တိုက်တွေက  (အာကာသထဲရှိလေကြောင့်) သူ.ဓာတ်ငွေ.တွေကို နောက်ဘက်တွန်းထုတ်ပြီး ဖုန်မှုန်တွေနဲ့ အမြီးတန်းအဖြစ် ဖွဲ.စည်းထားလိုက်ပါတယ်။ နေရဲ့အနားကဖြတ်နေစဉ်မှာ အဲဒီဥက္ကာခဲရဲ့ အမြီးတန်းက သိပ်လှတယ်။ အမြီးတန်းကီလိုမီတာ သန်းနဲ့ချီပြီး ရှည်လျားနိုင်တယ်။ အချို့အမြီးတန်းတွေက သိပ်ကိုပါးလွှာတယ်။  ဥပမာအားဖြင့်   ကမ္ဘာ့ အနီးမှ    ဘေးဒုက္ခမပေးဘဲ     ဖြတ်သန်းသွားတဲ့   
ဟေလီကြယ်တံခွန်ရဲ့  အမြီးဟာသိပ်ကို ပါးလှပ်ပါတယ်။

ပင်လယ်ဟာဘယ်လောက်နက်သလဲ 

ပစိဖိတ်သမုဒ္ဒရာဟာ အနိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက် (၁၁၀၃၀) မီတာရှိပြီး အနက်ဆုံး ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာဟာအနိမ့်ဆုံး (၃၉၀၀) မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀) မီ တာရှိတယ်။ အတ္တလန်တိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအနက်(၃၃၀၀) မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀) မီတာရှိပြီး မြေထဲပင်လယ်ကအများဆုံးအနက် (၅၁၂၀) မီတာနဲ့ အနည်းဆုံးက (၁၀၀၀) မီတာရှိတယ်။ ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေက ဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က (၄၆၀) မီတာ ရှိပြီး မြောက်ဘက်ပင်လယ်ကတော့ (၉၁-၁၀၀) မီတာနက်တယ်။

သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ


သက်တန့်တွေကို    ညမှာမမြင်ရဘူးဆိုတာ   သတိထားမိကြမှာပါ။  တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့  အခါမှာလည်းသူတို့ကိုမမြင်ရပါဘူး။ မိုးရွာပြီးကြည်လင် သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့ အချိန်အတွင်းမှာ သက်တန့်တွေပေါ်ပေါက် လာတတ်ပါတယ်။   ရေထဲမှာရှိတဲ့ရေစက်        ကလေးတွေကို
နေရောင်ခြည်    အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်ပါတယ်။ 

ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ

KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံးစီးပွားဖြစ်လုပ်ကိုင်သော လေကြောင်းလိုင်း ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၈၀) ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျလူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။ အဲလဘတ်သည်KLM လေကြောင်းလိုင်းကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယနေ့ခေတ်တွင်တိုက်ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ ကျော်တွင် KLM လေကြောင်းလိုင်း၏ ကွန်ယက်များဖြန့်ကျက်ထားပြီဖြစ်သည်။

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ 

ခရစ်တော်မပေါ်မီ (၇၇၆) ခုနှစ်မှစ၍ ဂရိလူမျိုးများသည် အိုလံပစ်ပွဲတော်များကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန် ပန်းချီပညာရှင်များ ၊ စာရေးဆရာများ ၊ အားကစားသမားများ စုဝေးရောက်ရှိတတ်သည်။ အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ ပထမဦးဆုံးအိုလံပစ်ပြိုင်ပွဲများသည် အားကစားသက်သက်မဟုတ်ချေ၊ ပြဇာတ်များကကြသည်၊ ကဗျာများရွတ် ကြသည်။ ပြေးပွဲများကျင်းပကြသည်။ ဂရိလူမျိုးများအတွက် အိုလံပစ်ပြိုင်ပွဲများသည် စိတ်နှင့်ရုပ် ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံ အောင်ပွဲဆုတောင်းခံနိုင်သည် ဟုယူဆသည်။ အိုလံပစ် ပွဲတော်များကို (၃) ရက်ကြာမျှကျင်းပခဲ့သည်။ အားကစားသမားများသည် အပြေးပြိုင်ကြ၊ လှည်းမောင်း ပြိုင်ကြသည်။ ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲများစားသောက် ပွဲများ ကျင်းပတတ်ကြသည်။ 

ငပလီလို့ဘာကြောင့်ခေါ်တာလဲ

အပန်းဖြေစခန်းအဖြစ်ထင်ရှားသည်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် လေးမိုင်လောက်သာဝေးကွာသည်။ မဇင်းလေဆိပ်သည်သံတွဲမြို့နှင့်ခုနှစ်မိုင်ခန့်ဝေးသည် ။ ငပလီကမ်းခြေစခန်းသည် ရွာကလေးဖြစ်သည်။ မဇင်းလေဆိပ်မှ(၂)မိုင်မျှသာဝေးသည်။ ငပလီသည် မြန်မာစကား မဟုတ်ပေ။ အီတလီလူမျိုးတို့သည် သံတွဲမြို့အနီး ယခုငပလီစခန်းသို့ရောက်လာကြသည်။ ငပလီစခန်းနေရာသည် အီတလီနိုင်ငံရှိ နေပလီ(နေပယ်) ကမ်းခြေစခန်းကဲ့သို့အလွန်သာယာသည်။ ရှုခင်းလှသည်။ ထို့ကြောင့်နေပလီဟုခေါ်တွင်ခဲ့သည်း နောင်တွင်နေပလီ မှ ငပလီ ဖြစ်လာသည်ဟုဆိုသည်။

အားလုံးကိုလေးစားလျက်.........

အတတ်နှင့် ပညာ


ဒီပို့စ်လေးကို ဖတ်မိသော စာဖတ်သူများ အနေဖြင့်     အသိတရားတစ်ခုခုကို ရသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ကျွန်တော်အရမ်းကြိုက်လို့ မူရင်းအတိုင်းပြန်တင်ပေးလိုက်ပါတယ်။
ဤဆောင်းပါးသည် အတတ်ပညာ သင်ကြားလေ့လာ နေကြသော လူငယ်၊ လူရွယ်၊ ပညာရှင်၊ ပညာသင် တို့ အကျိုး အတွက် ရည်ရွယ် ပါသည်။လောက ၌ အတတ်မျိုးစုံတို့ ရှိကြပါသည်။ ကောင်းသော အတတ်ပညာများ ရှိသလို၊ မကောင်း သော အတတ်ပညာ များလည်း ရှိနေကြ၏။ဤနေရာတွင် အတတ်၊ နှင့် ပညာကို ခွဲခြား နားလည်ရန် သာဓက တို့ဖြင့် ပြဆောင် ရှင်းလင်း ပေးပါမည်။ဇာတ်တော် တစ်ခုတွင် မြေခွေး တစ်ကောင် သည် အခြားသော တိရစ္ဆာန်များကို ခိုင်းစေ ထိမ်းကျောင်း နိုင်သော ပထ၀ီ ဇယ မန္တန်ကို အကြောင်း ကြုံကြိုက်၍ တတ်မြောက်သွား၏။ ထို့နောက် ထိုမြေခွေးသည် သူ၏ တစ်သက်တွင်ပင် မော်၍ ပင် မကြည့်ရဲသော ခြင်္သေမင်း တို့ကိုပင် အမိန့်ပေး စေခိုင်း နိုင်ခြင်းဖြင့် - အတိုင်းအဆ မဲ့သော တန်ခိုး စွမ်းအားကို ရပြီဟု ယုံကြည်ကာ ဗာရာဏသီပြည်ကို စစ်ပြုရန်ပင် ကြိုးစားခဲ့၏။ထိုအတတ်၏ စွမ်းအားကြောင့် အတိုင်းအတာ တစ်ခုအထိ တန်ခိုး အာဏာ ကြီးထွား ခဲ့သော်လည်း၊ ကျိုးကြောင်း ဆက်စပ် တွေးခေါ် နိုင်သော ပညာ ကင်းမဲ့မှုကြောင့် ထိုမြေခွေးသည် သေဆုံး ပျက်စီးခဲ့ရ၏။ထိုနည်းတူ- သေသော သတ္တ၀ါတို့ကို ပြန်လည် အသက်ဝင်စေသော မန္တန်ကို တတ်ရာမှ ကျားသေ ကို အသက်သွင်းမိသဖြင့် မိမိအား ပြန်လည် သတ်ဖြတ်ခြင်း ခံရသော ပုဏ္ဏား လုလင် ငယ် အကြောင်း၊ ရတနာ ရွှေမိုး ငွေမိုး ရွာစေသော မဟာ ဝေဒဗ္ဗ မန္တန်ကို တတ်သော်လည်း၊ အခြေအနေ အချိန်အခါကို နားလည်နိုင်သော ပညာဥာဏ် ကင်းမဲ့သော ကြောင့်- ဓါးပြ တို့လက်တွင် အသက်ဆုံးခဲ့ရသော လုလင် အကြောင်း တို့ကိုလည်း ဗုဒ္ဓဘာသာဝင် မြန်မာ လူငယ်တို့ ကြားဖူးကြမည် ထင်ပါသည်။အတတ်သည် - သာမာန် အတတ်ကို တတ်မြောက်ခြင်းဖြင့် အနိမ့်ဆုံး အဆင့် စားဝတ် နေရေးကို ပေး၏။ ထူးခြား ထက်မြက်သော အတတ်ကို တတ်မြောက်ခြင်းဖြင့် တန်ခိုး အာဏာ ကြီးထွား စေမှုကို ပေး၏။ လွန်စွာ ထူးခြားသော အတတ်ကို တတ်မြောက်ခြင်းဖြင့် - လွန်စွာ ထူးခြားသော ဘုန်းတန်ခိုး စွမ်းရည် သတ္တိတို့ကို ပေး၏။လူ့လောကတွင် နေ့စဉ်နှင့် အမျှ အတတ်မျိုးစုံတို့ကို မြင်တွေ့ရ၏။ ထမင်း၊ ဟင်း ချက်ခြင်း၊ မုန့်လုပ်ခြင်း၊ ဘာသာစကား ပြောဆိုခြင်း တို့ မှ စ၍၊ ကွန်ပျူတာ အသုံးပြုခြင်း၊ ကွန်ပျူတာ ပြင်ဆင်ခြင်း စသည်တို့ အထိ အဆင့်မြင့်မားသော အတတ်ပညာ များစွာတို့မှာ နေ့စဉ် ကြုံတွေ့ နေရသော အတတ်များ ဖြစ်ပါ၏။သို့သော် အတတ်သည် ပညာ မဟုတ်ပါ။ သို့ဖြစ်သော်လည်း- အတတ်သည် ပညာနှင့် သီးခြား လည်း ဖြစ်မနေပါ။ အတတ်၏ နောက်ကွယ်တွင် - အကျိုးအကြောင်းတို့ကို ဆက်စပ်သော၊ ဆင်ခြင် နိုင်စွမ်းသော ပညာတို့ရှိ၏အတတ် တို့သည် ပညာမှ စီးဆင်း လာကြသလို- အတတ်တို့ကို ကျိုးကြောင်း ဆက်စပ်ခြင်း၊ ပြန်လည် စိစစ်တွေးခေါ်ခြင်း၊ တို့မှလည်း ပညာကို ပြန်လည် ရရှိနိုင်၏။ဥပမာ- မော်တော်ကားကို သီအိုရီ ဖြင့် တွက်ချက် ဒီဇိုင်းဆွဲသော ပညာရှင် တစ်ဦးသည် ကားပြင် တတ်ချင်မှ တတ်ပါမည်။ ထိုနည်းတူ ကားပြင်တတ်သူ မက္ကင်းနစ် တစ်ယောက်သည် လည်း မိမိပြင်သော ကား၏ နောက်ကွယ်မှ အကျိုးအကြောင်း ဆက်စပ်မှု (Chemical Energy မှ Mechanical Energy ပြောင်းလဲလာပုံ) တို့ကို နားလည် နိုင်ချင်မှ နားလည် ပါမည်။သို့သော်- ၀ါရင့်လာသော၊ တနည်းအားဖြင့် မိမိကြုံတွေ့လာရသော အတွေ့အကြုံ တို့ကို ပေါင်းစု စိစစ်၍၊ ကျိုးကြောင်း ဆက်စပ် ဆင်ခြင်တတ်သော မက္ကင်းနစ် တစ်ယောက်သည်- ကားတစ်စီး ၏ အတွင်းသဘော ပညာကို ထိုးထွင်းနားလည် လာနိုင်ပါ၏။ဆိုလိုသည်မှာ- အတတ်သည် - လေ့ကျင့် သင်ကြားမှု သဘောဖြစ်၏။ တစ်စုံ တစ်ယောက်က တစ်စုံ တစ်ယောက်ကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်၏။ပညာသည် အကျိုးအကြောင်း ဓမ္မသဘောတရား ဖြစ်၏။ ပညာတွင် ဆိုးသည်၊ ကောင်းသည် ဟူ၍ မရှိ၊ ဆက်စပ် ဖြစ်ပေါ်လာသော သဘောတရားသာ ရှိ၏။ ပညာသည် အလွယ်တကူ လက်ဆင့်ကမ်း၍ မရပဲ- မိမိကိုယ်တိုင် ကြောင်းကျိုး ဆင်ခြင်မှု၊ လေ့လာစူးစမ်းမှု၊ ခြုံငုံ သုံးသပ်မှု တို့မှ လာသည် ဖြစ်သောကြောင့်- ပရိနိဗ္ဗာန သုတ်တော်တွင် မြတ်စွာဘုရား ဟောတော်မူသည့် အတိုင်း “အတ္တာဟိ အတ္တာနော နာထော” မိမိကိုယ်သာ အဓိက အားထားရာ ဖြစ်၏။အတတ်ကို ကျွမ်းကျင်သော အခါ- “အထုံ” ဖြစ်၏။ ပညာကို စွဲနစ်သော အခါ- “ပါရမီ” ဖြစ်၏။သိုင်းသမား တစ်ယောက်သည် စဉ်းစား စရာ မလိုပဲ- ရန်သူမှ ချောင်းရိုက်လိုက်သော ဒုတ်ကို ပုတ်ထုတ်၊ ရှောင်ထွက် နိုင်ခြင်းသည် အတတ်ကို ကြိမ်ဖန် များစွာ ကျင့်ကြံထားသော “အထုံ” သဘော ဖြစ်၏။ “အထုံ” ဆိုသည်မှာ မွမ်းမံ လိမ်းကျံထားသည် ဆိုသော အနက်ရှိ၏။သို့သော်- ထိုအတတ်မှ တစ်ဆင့်တက်၍ ပညာရှင် ဖြစ်သွားကြသူတို့သည် - ထိုအတတ်၏ နောက်ကွယ်မှ ပညာကို ရရှိသွား၏။ ဤသည်ကို သိမြင်ခြင်း “၀ိဇ္ဇာ” ဖြစ်သည်ဟု ဆိုနိုင်၏။ “၀ိဇ္ဇာ” ဆိုသည်မှာ မြေလျှိုး၊ မိုးပျံနေခြင်းကို ဆိုလိုခြင်း မဟုတ်၊ ထိုသို့ ထိုးထွင်း ပေါက်မြောက်စွာ သိသွားသူတို့ကို အနောက်တိုင်း ပညာရှင်တို့ကို “Enlignten ones” ဟု ခေါ်၏။ အလင်းရောင် ရသွားသူများဟု ဆိုလိုခြင်း ဖြစ်သည်။လူ-လူချင်း ထိုးနှက် ရိုက်ပုတ်သော ကိုယ်ခံ ပညာကိုပင် လေ့ကျင့် သင်ကြား ခဲ့ကြသူများ ဖြစ်ခဲ့ကြသော ကရာတေး ၏ ဖခင် ဖြစ်သူ ဆရာကြီး ဂစ်ရှင် ဖူနာကိုချိ မှာ ပြောခဲ့သည်မှာ- “ကရာတေး” ဆိုသည်မှာ “ဗလာ လက်” ဖြစ်၍၊ “ဗလာ စိတ်” ထားနိုင်ရန်၊ “လောဘ၊ ဒေါသ၊ မောဟ” တို့မှ ကင်းဝေးရန် အတွက် ဖြစ်သည်ဟု ဆိုခဲ့၏။ ထိုနည်းတူ- တစ်ဦးနှင့် တစ်ဦး ချုပ်နှောင် ကိုင်ပေါက်သော အိုက်ကီဒို ပညာကို တီထွင်ခဲ့သူ ဒေါက်တာ မိုးရေးဟိ မှ - “မုန်းတီးမှု များသူသည် ဤပညာကို မတတ်မြောက်နိုင်” ဟု ဆိုခဲ့၏။ ရန်သူ အများနှင့် တစ်ယောက် သတ်ပုတ်ရာတွင်- ဒေါသဖြစ်လျှင်၊ ကြောက်လန့်လျှင်၊ မိမိကိုယ်မိမိ အထင်ကြီးလျှင်၊ အစွဲအလန်း ထားမိလျှင်- သေနိုင်သော အမှားဖြစ်၏။ ၀င်လာသော ဒါး၊ ဒုတ်၊ ခြေကန်ချက်၊ ထိုးနှက်ချက်တို့ အပေါ်တွင် - တစ်ခု ရောက်လာလျှင်- ရောက်လာသော အချိန်အခိုက် အတန့်လေးတွင်သာ- လိုအပ်သော တုန့်ပြန်မှုကို ပေးလိုက်ပြီး၊ ထိုကိစ္စ အပေါ်တွင် စိတ်ထဲမှ လုံးဝ ပယ်ဖျောက်၍၊ နောက်တစ်ခု လာလျှင် လာသလို တုန့်ပြန်ရန် ထားရမည့် သဘောထားကို- ရှင်နာဂသိန်မှ မိလိန္ဒ မင်းကြီးအား ဖြေကြား ခဲ့သော စကားဖြစ်သည့်- “အရှင်မင်းကြီး- မှန်ရှေ.ကို ရပ်လျှင်၊ မှန်ထဲက အရိပ်ဟာ ချက်ချင်းပေါ်သလား၊ နောက်မှ ပေါ်သလား၊ မှန်ရှေ့က ထွက်လိုက် လျှင်ကော၊ မှန်ထဲက အရိပ်ဟာ၊ ချက်ချင်းပျောက်သွားသလား၊ နောက်ကျမှ ပျောက်သွား သလား” ဟူသော ဥပမာ အတိုင်းပင်- ကိုယ်ခံပညာရှင် ဆရာကြီးများက- ညွှန်ပြခဲ့၏။ဤသည်မှာ- လူ-လူချင်း သတ်ပုတ်သော အတတ် ပင် ဖြစ်လင့်ကစား၊ နောက်ကွယ်မှ ပညာကို မြင်သွား သူတို့သည် ဗြဟ္မစိုရ် တစ်ရား တစ်ပါး ဖြစ်သော “ဥပက္ခာ” စိတ် (ချစ်ခြင်း၊ မုန်းခြင်း၊ တွယ်တာခြင်း၊ ကြောင့်ကြခြင်း တို့မှ ကင်းဝေးခြင်း) ထားသွား နိုင်ပုံကို ဆိုလိုရင်း ဖြစ်၏။ကောင်းကင်တွင် လူသားတို့ ပျံသန်းနိုင်ရန် အတွက် ဘ၀ တစ်ခုလုံးကို နှစ်မြုပ်ပြီး၊ လေယာဉ် တီထွင် ဒီဇိုင်းဆွဲမှုကို ပြုလုပ်ခဲ့သော၊ “ရိုက်ညီနောင်” တို့ထက်ပင် ပိုစောသည်ဟု ဆိုနိုင်သော ဘရာဇီး လူမျိုး “အယ်လ်ဘာတို ဆန်တို ဒူးပွန့်” သည် မိမိ၏ တီထွင်မှုကို လူသားတို့ အချင်းချင်း သတ်ဖြတ်ရန် အတွက် စစ်ရေး ကိစ္စများတွင် အသုံးပြုလာကြခြင်းကို စိတ်ဆင်းရဲစွာဖြင့် မိမိကို မိမိ အဆုံး စီရင်သွားခဲ့၏။ကောင်းမည် ထင်၍ ထူးခြားသော အတတ်ပညာကို ဖေါ်ထုတ်ခဲ့သော်လည်း - မကောင်းသော နေရာတို့တွင် သုံးခြင်းသည် မူလ ပညာရပ်၏ ရန်သူပင် ဖြစ်ပါသည်။အနုမြူ အတွက် အရေးအကြီးဆုံး E=mc² ဖေါ်မြူလာကို ဖေါ်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် - စွမ်းအင်၊ ဒြဗ်နှင့် အလင်း၏ အလျင်တို့ ဆက်စပ်မှု သဘောတရား ပညာကို ဖေါ်ထုတ်ခဲ့သူ ဖြစ်၏။ ထိုပညာတွင် ကောင်းခြင်း၊ ဆိုးခြင်း မရှိပါချေ။ ကြောင်းကျိုး ဆက်စပ်မှု၊ သဘာဝ ဓမ္မ တစ်ခုသာ ဖြစ်၏။သို့သော် ၄င်းကို သုံး၍- လူ့လောက အတွက် လိုအပ်သော စွမ်းအင် ထုတ်နှုတ် သုံးစွဲနိုင် ခြင်းသည် အတတ်ဖြစ်၏။ ထိုနည်းတူ လူပေါင်း များစွာကို သေကြေ ပျက်စီးစေနိုင်သော အနုမြူ၊ နျူကလီယာ စစ်လက်နက် ထုတ်လုပ်ခြင်းသည် လည်း အတတ် ဖြစ်၏။ကောင်းသော အတတ်နှင့် မကောင်းသော အတတ်သည်သာ ခြားနား၏။တနည်းအားဖြင့် အတတ်သည် Application ခေါ် လက်တွေ့ အသုံးတည့်ခြင်းကို ဦးတည်၏။ ပညာသည်- Enlightenment ခေါ် ထွက်မြောက်ရာ အလင်းရောင် လမ်းကြောင်းကို ဦးတည်၏။
မူရင်း: http://www.motaa.info/2011/01/blog-post.html

Sunday, November 20

မြွေဝင်စားလား


မတွေ့ဖူးသောသူများအတွက် ထူးထူးဆန်းဆန်းလေးတင်ပြလိုက်ပါတယ်။ကြည့် ကြည့်ပါ။


အချိုရည် လျော့သောက်ပါ


အချိုရည်အမြောက်အမြား သောက်သုံးခြင်းက အလျင်အမြန် အိုမင်းစေဖွယ်ရှိသည်ဟု သိပ္ပံ ပညာရှင်တို့က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ သုတေ သနပြုချက်အရဘိလပ် ရည်တွင်ပါဝင်သော ပြင်းရှသောအရသာရှိသည့် ဖော့စဖိတ်က အိုမင်းခြင်းကိုအရှိန်မြှင့် တင်ပေးခြင်းဖြစ်သည်။ဖော့စဖိတ်သတ္တုဓာတ်သည် အသား၊ ကိတ်မုန့် နှင့် ပေါင်မုန့်ထဲတွင်လည်းပါဝင်ကာ စားသုံး သူ၏အသား အရေနှင့် ကြွက်သားတို့အား ညှိုးရော်ခြောက်သွေ့စေသကဲ့သို့ နှလုံးနှင့် ကျောက်ကပ်လည်းပျက်စီးစေကြောင်းသိရသည်။ဖော့စဖိတ်သတ္တုဓာတ်နှင့် ပတ်သက်၍ သုတေသနပြုဖော်ထုတ်တင်ပြခဲ့သည့် ဂျာရယ်ဝစ်မန်း၏အဆို အရ ဆိုဒါက ကဖင်းဓာတ် ကိုပေး၍ဖော့စဖရတ်သည် ဆိုဒါနှင့်အတူလိုက်ပါလာသော ခရီး သည်ဖြစ် သည်ဟု ဆိုခဲ့သည်။အလားတူပင် ဘိလပ်ရည်အား ရက်သတ္တ ပတ်လျှင် နှစ်ပုလင်းသောက်သုံးခြင်းသည် အရိုးကင်ဆာ၊ ပန်က ရိယ ကင်ဆာ၊ အကြောသေခြင်းနှင့် ကြွက်သား အားနည်းခြင်း ရောဂါတို့ဖြစ်ကြောင်းဆက်နွှယ်မှုရှိနေ သည်ဟု ဆိုသည်။ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာအမ်ရှော ကက်ရာဇာကွီဦးဆောင်သော သုတေသနအဖွဲ့က ဖော့ စဖိတ်၏ သက်ရောက်မှုနှင့်ပတ်သက်၍ ကြွက်များနှင့် စမ်းသပ်ခံရာ ရက်သတ္တပတ်ရှစ်ပတ်နှင့် ၁၅ပတ်အကြား တွင်အချိန်မတိုင်မီစော၍ အိုမင်းလာသည့် လက္ခဏာ များကို တွေ့ရှိရသည်ဟုဆိုသည်။သိပ္ပံပညာရှင်တို့၏ယူဆချက်အရ ဖော့စဖိတ် ဓာတ်စာမှာ အဆိပ်အတောက်ဖြစ်စေသော   သက်ရောက်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်   ဟုဆိုသည်။ သုတေသီတို့၏    အဆိုအရလူသားတို့တွင် ကျန်းမာရေးနှင့်ညီညွတ်သော ဓာတ်စာနှင့် အစားအစာထဲ တွင် ပါဝင်သောဖော့စဖိတ်အလေးအပေါ့ကိုချိန်ညှိ၍ သက်ရှည်ကျန်းမာစေ ရန်မှာအရေးပါသည့်အတွက်ဖော့ စဖိတ်၏ အဆိပ်အာနိသင်ကိုရှောင်ရှားနိုင်ရန် ဘိလပ် ရည်ကို သင့်တင့်မျှတစွာသောက်သုံးသင့်သည်ဟု အကြံ ပြုခဲ့ကြောင်း သိရသည်။ အချိုရည်ကြိုက်သူများ  နုပျိုချင်ရင် အချိုရည်လျော့သောက်နော်။