Pages

Sunday, December 23

Facebook privacy shortcuts များအကြောင်း



Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို  US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ  မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
-Privacy Shortcuts

Save
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။
Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
222
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။ Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

WW
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့  profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။

Fi
ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။ ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
××××××××××××××××××××××××××××××××××××××
အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….

Monday, December 10

AVG Internet Security 2013 + Keys


ဘလော့မဝင်ဖြစ်တာ ကြာပြီဗျာ။ ဒီနေ့တော့ AVG Internet Security 2013 လေးတင်ပေးလိုက်ပါတယ်။  ကီးပါ ရှာပေးထားပါတယ်။ တစ်ခုသတိထားရမှာက Install လုပ်ပြီးရင် Update ပေးမှ အဆင်ပြေပါလိမ့်မယ်။ 





For 32-bit >> Adrive 

For 64-bit >> Adrive 

For key >> Mediafire

အားလုံးကိုလေးစားလျက်.....

Monday, December 3

ဘ၀မှာစိတ်ချမ်းသာဖို့



ဆရာတော် ဦးဇောတိက



၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့အရေးပါတာလဲ။
 
ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့်နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။


(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင်ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင်ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။


(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။
ဒါကြောင့်ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ HappyBirth Dayပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလိုပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။


(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။


(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကိုမတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့်စိတ်ဆင်းရဲမခံဘူး။


(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦးအကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။


(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၈) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။


(၉) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်းဖြစ်နိုင်တယ်။ သူများက ငါ့ကိုနေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေးနေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်းနေရာမရွေး အချိန်မရွေးစိတ်ချမ်းသာနိုင်တယ်။


(၁၀) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။


(၁၁) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။


(၁၂) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။


(၁၃) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။


(၁၄) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင်စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။

အဲဒီလို သဘောထားကို ပြတ်ပြတ်သားသားထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

ဆရာတော် ဦးဇောတိက

Sunday, December 2

ငါတို့မတွေ့တော့ဘူးကွာ ( သီချင်း )




ဒီနေ့တော့ သီချင်းလေး တင်ပေးလိုက်ပါတယ်။  ခံစားနားဆင်ကြည့်ပါ ။



အားလုံးကိုလေးစားလျက်....