Pages

Friday, August 31

ဘာသာရေးစာအုပ်များ ဒေါင်းရန်


ဒီတစ်ခါတော့ ဘာသာရေးစာအုပ်တွေ စုထားတဲ့ ဆိုက်လေးတစ်ခု တင်ပေးလိုက်ပါတယ်။ သူ တင်ထားတာ  ၄၀ ခုရှိတယ် စာအုပ်တွေ က ၃၀ ကျော်လောက်ရှိတယ် ။ သူငယ်ချင်း ယောက်တင်ထားတာတွေ့လို့ ပြန်ရှယ်လိုက်ပါတယ်။ 



To download >> minus@

အားလုံးကိုလေးစားလျက်.....

Thursday, August 30

Folder ကို software မသုံးဘဲ lock ချမယ်


တစ်ခါတော့ မိမိတစ်ယောက်တည်းကလွဲလို့ ဘယ်သူမှ မသိစေချင်တဲ့ ဖိုင်လေးတွေကို software မသုံးဘဲ lock ချချင်တဲ့ သူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီနည်းလေးနဲ့ ကုဒ်လေးက ကျွန်တ်ာကွန်ပျူတာ စသုံးတက်ခါစ  ဆိုဒ်တွေလိုက်ကြည့်ရင်းနဲ့ သဘောကျလို့ ကူးယူထားတာပါ။ ဘယ်ဆိုဒ်ဆိုတာက မမှတ်မိတော့တဲ့အတွက် တောင်းပန်အပ်ပါသည်။ 

အသုံးပြုရန်ကုဒ်

cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK

if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END

echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked

goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"

ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully

goto End
:End
 

Wednesday, August 29

ကွန်ပျူတာပျက်လျှင် စဉ်းစားနိုင်မည့်အချက်များ


ကွန်ပျူတာတစ်လုံးပျက်ပြီ ဆိုရင် စဉ်းစားနိုင်မယ့်အချက်တွေ ရေးထားတဲ့ စာအုပ်လေး တင်ပေးလိုက်ပါတယ်။ ဘယ်ကနေ ယူထားလဲတော့ ကျွန်တော်မသိတော့ဘူး ။ ကြာပြီဆိုတော့လေ။ အဲဒါ လျှောက်ရှာရင်း ပြန်တွေ့လို့ မျှဝေလိုက်ပါတယ်။ ကွန်ပျူတာ စတင်လေ့လာသူများအတွက် အရမ်းကို အသုံးဝင်ပါတယ်။ သိပြီးများသူများအတွက်တော့ မဟုတ်ဘူးပေါ့။ ဒါလေးဖတ်ထားမယ်ဆိုရင် မိမိကွန်ပျူတာ   ဘာဖြစ်တယ်ဆိုတာ သူများကိုတောင်    ပြစရာမလိုလောက်အောင်ကို   ပြည့်စုံစွာရေးသား ဖော်ပြထားပါတယ် ။



အသုံးလိုမည့်သူများအောက်မှာဒေါင်းလိုက်ပါ။ mediafire နဲ့က အွန်လိုင်းမှာဖတ်လို့ရသလို့ ဒေါင်းလော့ချ လို့လည်းရပါတယ်။

To download >> minus@

To download >> mediafire

အားလုံးကိုလေးစားလျက်....

Desktop ပေါ်က အသဲ မီးတောက် ဆော့ဝဲလ်


Desktop ပေါ်မှာ အသဲမီးတောက်လေး ထားချင်သူများအတွက် တင်ပေးလိုက်ပါတယ်။  crack ဖိုင်လေးပါ  ပါတယ်။  အသုံးပြုပုံက လွယ်ပါတယ်။ ပေးထားတဲ့ ဆော့ဝဲလ်ေးလကိုဒေါင်းလော့ချပြီးတော့ install လုပ်လိုက်ပါ။ install လုပ်ပြီး အသဲပုံလေး တန်းပေါ်လာရင်အဲဒီပေါ်ကို right click ထောက်ပြီး close ပေးလိုက်ပါ။   ပြီးရင် carck ဖိုင်လေးထဲ ကောင်လေးကို copy လုပ်ပါ။ C:\Program Files (x86)\Fire Heart Desktop Gadget  အဲဒီထိရောက်အောင်သွားပြီး past လုပ်ပါ။ copy and replace ပေးပါ။ ဒါဆိုရင် full version လေးအဖြစ်သုံးပြုလို့ရပါပြီ ။ 

အများကြီးလိုချင်တယ်ဆိုရင်  shortcut လေးကို ထပ်ခါထပ်ခါ ကလစ်ပေးပါ။ အသေးအကြီး  လိုချင်တယ်ဆိုရင် တစ်ခုချင်းဆီပေါ်ကို right click ထောက်ပြီး setting ကိုသွားပါ။  Heart size မှာ မိမိလိုသော size ကိုရွေးပြီး ok ပေးပါ။  ဒါဆိုရင် ရပါပြီ။ 

To download >>  minus@

အားလုံးကိုလေးစားလျက်......

window media player for windows 8


Windows 8 မှာ media player မပါဘူးလို့ပြောတာပဲ ။ အဲဒါကြောင့် windows 8 သုံးတဲ့သူများအဆင်ပြေ အောင် တင်ပေးလိုက်ပါတယ်။ 


For 32-bit >> minus@

For 64-bit >> minus@

အားလုံးကိုလေးစားလျက်.....

Screen capture for windows 8


ဒီတစ်ခါတော့  windows 8 အသုံးပြုသူများအတွက် screen shot capture လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကျွန်တော်က windows 8 မသုံးသေးတဲ့အတွက် ဘယ်လိုသုံးရမယ်ဆိုတာတော့ အသေးစိတ်မပြောပြတော့ဘူး။  ကိုယ်တိုင်သာ စမ်းကြည့်လိုက်ပါ။


အသုံးလိုမည့်သူများ အောက်မှာဒေါင်းလိုက်ပါ။ 

To download >> minus@

အားလုံးကိုလေးစားလျက်....

Tuesday, August 28

soundcloud သုံးနည်း နှင့် ဘလော့အတွက် ကုဒ်ယူနည်း


ဒီတစ်ခါတော့ အစ်ကိုတစ်ယောက်ပြောလာလို့ပါ။ တခြား မသိသေးသောသူတွေလည်း သိအောင်ဆိုပြီး တင်ပေးလိုက်တာပါ။ soundcloud က mp 3 တွေကို upload တင်ပြီး  online မှာ နားထောင်လို့ရတဲ့ဆိုက်လေးပါ။  အကောင့်လုပ်နည်းက ဒီလိုပါ။ ပထမဆုံး ဒီဆိုက် လေးကိုသွားပါ။

အဆင့်(၁)

အဲဒီရောက်ပြီးဆိုရင် Singn up ကို ကလစ်ပေးပါ။ Facebook အကောင့်နဲ့ လုပ်မယ်ဆိုရင် Sign in with Facebook ကိုကလစ်ပေးပါ။ မှတ်ချက် Facebook နဲ့သုံးမယ်ဆိုရင် တန်းပြီး အသုံးပြုလို့ရပါပြီ။ gmail နဲ့ဆိုရင်တော့  sign up ကိုနှိပ်ပါ။

Browser မသုံးဘဲ Youtube က videos ကြည့်မယ်


ဒီတစ်ခါတော့  ရှားရှားပါးပါးလေးတစ်ခု တင်ပေးလိုက်တယ်နော်။ ဒီဆော့ဝဲလ်လေးက Desktop ပေါ်ကနေပဲ youtube က သီချင်းတွေ ၊ ဗွီဒီယိုတွေကို မည့်သည့် Browser မှ မလိုပဲ ကြည့်လို့ရတယ်ဗျာ။  တစ်ခုရှိတာက မြန်မာလို search box မှာ ရိုက်လို့မရဘူး ။ အတုံးတုံးတွေနဲ့ ပဲ ပေါ်နေမှာဖြစ်ပါတယ်။  ဒါပေ့မယ့် အဲဒီအတုံးတုံးတွေကို ကိုယ်က လက်ကွက်အလွတ်ရတယ်ဆိုရင် ရိုက်သာချလိုက် ပေါ်လာလိမ့်။ နမူနာပုံလေးပြမယ်ဗျာ။ စိတ်ဝင်စားရင်အောက်မှာ အသုံးပြုနည်း ပြောပြထားပါတယ်။ Desktop ပေါ်မှာ ဒီလိုလေးပေါ့။

Monday, August 27

Desktop ကို အလှဆင်မယ်


ဒီတစ်ခါ Desktop ကိုအလှဆင်တဲ့ ဆော့ဝဲလ်လေးတစ်ခုတင်ပေးလိုက်ပါတယ်။ သူက Gadgets လေးတွေပါ ပါတယ်။ ဒါ့အပြင် ထူးခြားတာက မိမိ ထားချင်သော Folder ဖြစ်ဖြစ် File ဖြစ်ဖြစ် Destop ပေါ်မှာ ကြိုက်နှစ်သက်တဲ့ ပုံလေးနဲ့  Gadgets လေး ထားလို့ရတယ်ဗျာ။ပုံလေးနမူနာ ကြည့်လိုက်ပါ။ Desktop ပေါ်မှာ Google search လည်းပါတယ်နော်။ အဲဒီကနေ ရှာရင်လည်း ရတယ်။  နှစ်သက်ရင်အောက်မှာ သုံးနည်းလေးပြောထားပါတယ်။ 

ကွန်ပျူတာအလင်းအမှောင်ညှိပေးသောဆော့ဝဲလ်


ကျွန်တော် တို့ ကွန်ပျူတာ ကိုနေ့စဉ်နဲ့အမျှ သုံးနေသူများအတွက် မျက်စိကို ထိခိုက်နိုင်ပါတယ်။ အဲလိုထိခိုက်မှု သက်သာစေရန် ဒီဆော့ဝဲလ်လေးက အထောက်အကူဖြစ်ပါတယ် ။ ကွန်ပျူတာ သုံးတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါ။  သူက အလင်းအမှောင်ကို ထိန်ညှိပေးပါတယ်။ နေ့ခင်းဘက် နေအရောင်နဲ့မသိသာပေ့မယ့် ညဘက်ရောက်တဲ့အခါမှာ သိသာပါတယ်။ သုံးကြည့်ရင်သိပါလိမ့်မယ်။ ညဘက်မျာ ကွန်ပျူတာ ကအလင်းက မျက်စိကိုတအားစူးစေပါတယ်။  အသုံးပြုချင်တယ်ဆိုရင်အောက်မှာ ဒေါင်းလိုက်ပါ။ 



 To download >> Mediafire

အော်မေ့လို့ Iphone တွေ၊ Ipad တွေမှာလည်း ထည့်လို့ရတယ်တဲ့ဗျာ။ သိချင်ရင်တော့ ဒီလင့် မှာသာ သွားလိုက်တော့ဗျာ။

အားလုံးကိုလေးစားလျက်.....


Facebook မှာ Animation ပုံလေးတွေ တင်ချင်ရင်



ဒီကောင်လေးက မိမိ Facebook ပေါ်မှာ animation လှုပ်ရှားနေတဲ့ ပုံလေးတွေထည့်တာဖြစ်ပါတယ်။  မသိသေးသောသူများအတွက်ပါ။ Facebook app တစ်ခုဖြစ်ပါတယ်။ ဒီလိုလေးပါ။ ဒီလင့်  လေးကိုသွားပါ။ ပြီးရင် Go to App ဆိုတာကိုကလစ်ပေးလိုက်ပါ။

အဲဒါပြီးရင် ပုံလေးတွေပေါ်လာပါ့မယ်။ ကြိုက်တဲ့ပုံလေးကို ကလစ်ပေးပြီး မိမိ wall မှာ ရှယ်နိုင်ပါတယ်။ 


အားလုံးကိုလေးစားလျက်.....

Sunday, August 26

ဟာသပုံလေးများ




Ok , Now u know !


This is people'mind



Go to the hell 

မိန်းကလေးများအတွက် အွန်လိုင်းဂိမ်းတစ်ခု


ဒီတစ်ခါ မိန်းကလေးများအတွက် အပျင်းပြေ အွန်လိုင်းဂိမ်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ တစ်ခါပဲ သုံးလို့ ကောင်းပါတယ်။  မိန်းကလေးအရုပ်လေးတစ်ရုပ်ကို မိမိစိတ်ကြိုက် အဝတ်လေးတွေ ဆင်ပေးတာ၊  မျက်မှန်လေးတွေ တပ်ပေးတဲ့ ဂိမ်းလေးပါ ။ အွန်လိုင်းမှာပဲ ဆော့လို့ရတဲ့ ဂိမ်းလေးပါ။ 



စိတ်ဝင်စားရင်  ဒီမှာ  သွားလိုက်နော်...:)

အားလုံးကိုလေးစားလျက်.....

Saturday, August 25

Bitdefender antivirus 2013 (Last Version)


ဒီတစ်ခါတော့ ကမ္ဘာ့အကောင်းဆုံး Antivirus ဖြစ်တဲ့ Bitdefender နောက်ဆုံး version လေးတင်ပေးလိုက်ပါတယ်။ Crack ပါ ထည့်ပေးပါတယ် ။ crack ထည့်နည်းက ဒီလိုပါ။ အရင်ဆုံး bitdefender 2013 ကို install လုပ်ပြီးရင် crack ချိုးဖို့အတွက်က safe mode ထည့်ကိုသွားရမှာဖြစ်ပါတယ်။ အဲလိုသွားဖို့အတွက် run (win+r) ကိုခေါ်ပါ။ Run box ထဲမှာ msconfig  လို့ရိုက်ထည့်ပါ။ ပြီးရင် Boot ကိုရွေးပါ။ အဲဒီမှာ Safe boot ကို အမှန်ခြစ်လေးပေးပါ။ ပြီးရင် Apply and Ok  ။ Restart ချလိုက်ပါ။  ဒါဆိုရင် safe mode ထဲ ရောက်သွားပါလိမ့်မယ်။ Safe mode ထဲရောက်ပြီးဆိုရင် crack ဖိုင်လေးကို လိုက်ရှာပြီး ဖိုင်ဖြေလိုက်ပါ။ ပြီးရင် install လုပ်လိုက်ပါ။ Year 2045 ဆိုတဲ့ စာကို ကလစ်ပေးပါ။ ဒါဆိုရင်ပြီးပါပြီ။ Safe mode ထဲက ပြန်ထွက်ဖို့အတွက် run>> msconfig >> Boot>> Safe boot  ကို အမှန်ခြစ် ပြန်ဖြုတ်ပေးပါ။ ပြီးရင် Apply and ok။ Restart ပြန်ချလိုက်ပါ။ ဒါဆိုရင် crack ချိုးပြီး ဖြစ်ပါတယ်။ 



32-bit ရော ၊ 64-bit အတွက်ပါ တင်ပေးလိုက်ပါတယ်။

For 32-bit >> adrive@

For 64-bit >> part 1   part 2   part 3

For crack >> minus@

အားလုံးကိုလေးစားလျက်......
             

ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်




ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာယခုနှစ် နှစ်ဝက်ကျိုးသည်အထိ Facebook ပင်ဖြစ်ခဲ့သည်။ အီတာလျံအခြေစိုက် လူမှုမီဒီယာသုတေသနပညာရှင် ဗင်ဆင်ဇိုကိုဆန်ဇာသည် Alexa နှင့် Google Trends ကဲ့သို့သော အွန်လိုင်းစောင့်ကြည့်မှု ဆိုက်များ အသုံးပြု၍ လူမှုကွန်ရက်များ၏ ကမ္ဘာ့မြေပုံတစ်ခုလုံး၌ Facebook ကိုယ်စားပြု အပြာရောင်မှာ နေရာအများအပြား၌ အလွှမ်းမိုးဆုံးဖြစ်ခဲ့သည်။ သုတေသနပြုချက်အရ Facebook ကို နိုင်ငံပေါင်း  ၁၃၇ နိုင်ငံတွင်  ၁၂၆ နိုင်ငံ၌ အသုံးပြုနေကြသည်ကို သိရသည်။ 
အင်တာနက် ကမ္ဘာ၏ စာရင်းအင်းအချက်အလက်များကို စစည်းတင်ပြလေ့ရှိသော internetworldstats.com ဝက်ဘ်ဆိုက်၌လည်း Facebook အသုံးပြုသူအရေအတွက်မှာ မတ်လတွင် ၈၄၅ သန်းရှိခဲ့သည်ဟုဆိုသည်။ သို့သော် ယခုအခါဇူလိုင် ၂၇ ရက်တွင်အေပီသတင်းတစ်ရပ်က ဖော်ပြခဲ့မှုအရ သန်း ၉၅၀ ကျော်ခဲ့ပြီဖြစ်သည်။  Facebook ကုမ္ပဏီ၏ တရားဝင်ထုတ်ပြန်မှုအရ ၎င်း၏ဆိုက်ကို နေ့စဉ်လူပေါင်း ၅၄၃ သန်းက မိုဘိုင်းဖုန်းများ၊ သင်ပုန်းကွန်ပျူတာငယ်များ စသည့် Mobile Device များဖြင့် အသုံးပြုနေကြောင်း သိရသည်။ Facebook သည် စတင်တည်ထောင်သည့် ၂၀၀၄ ခုနှစ်မှစ၍ ရှစ်နှစ်တာအတွင်း အသုံးပြုသူ ၁၀၀ ရာခိုင်နှုန်းခန့်တိုးတက်လာခြင်းဖြစ်သည်။  Facebook ၏နောက် ဒုတိယနေရာမှ လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ Twitter ဖြစ်၍ အသုံးပြုသူသန်း ၄၉၀ ရှိရာ  Facebook နှင့် ထက်ဝက်ခန့်ကွာ ဟနေသည်။

Source: 7 day news

ငွေကြေးမရှိသော်လည်းပေးကမ်းနိုင်သောအလှူ (၇) မျိုး



၁။ မျက်နှာဟန်ပန် အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း။

၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား ၊ ချီးကျူးစကား ပြောဆိုခြင်း။

၃။ စိတ်ဖြင့် အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ရိုးသားစွာ ဆက်ဆံခြင်း။ 

၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတာနဖြင့် သူတပါးကို ကြည့်မြင်တတ်ခြင်း။ 

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော အလုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို        ကူညီခြင်း။

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး ၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကားလေးငယ်တို့အား မိမိ၏ ထိုင်ခုံနေရာကိုထိုင်စေခြင်း။ 

၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကို သူတပါးတို့ အနားယူရန် ပေးကမ်းခြင်း ။

(မြတ်ဗုဒ္ဓ)

Friday, August 24

Right click ထောက်ရင် ပုံလေးပါ ပေါ်အောင်


ဒီတစ်ခါတော့ ကျွန်တော်တို့ အလှအပ၊ ဆန်းဆန်းပြားပြားကြိုက်သူများအတွက် ဆော့ဝဲလ်လေး တစ်ခု တင်ပေးလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ သူက ဘာလဲဆိုရင် ကျွန်တော်တို့ Desktop ပေါ်မှာဖြစ်ဖြစ် ၊ Folder လေးတွေ ပေါ်မှာပဲဖြစ်ဖြစ် right click ထောက်လိုက်ရင် open တို့ ၊ properties တို့ သွားတဲ့ box လေးပါ ပုံလေး ပါပေါ်အောင်လုပ်ပေးတဲ့ ဆော့ဝဲလ်လေးပါ။  ဖိုင်ဆိုဒ်ကလည်း ဘယ်လောက်မှမရှိပါဘူး။  အသုံးပြုကလည်း လွယ်လွယ်လေးပါ။  

သုံးနည်းက  ဆော့ဝဲလေးပေါ်ကို right click ထောက်ပြီး run as administrator ကို ကလစ်ပေးပါ။ 

အပေါ်ကလိုပေါ်လာပြီဆိုရင် INstall DLL ကို ကလစ်ပေးပါ။ ပြီးရင် အောက်ကပုံလေးပေါ်လာတဲ့အခါ Ok ပေးပါ။ 
ပြီးရင် Browse Image ကနေမိမိထည့်လိုသောပုံကိုရွေးပါ။ ရွေးပြီးရင် Apply ပေးပါ။
Box လေးတစ်ခု ထပ်ပေါ်လာပါ့မယ် ။ ok ပေးပါ။  အောက်နားမှာရှိတဲ့ About နဲ့ Restart Explorer ကို ကလစ်ပေးစရာမလိုပါဘူး။  ပြီးပါပြီး ။  Desktop ပေါ်မှာဖြစ်ဖြစ် Folder ပေါ်မှာဖြစ်ဖြစ် right click ထောက်ကြည့်လိုက်ပါ။  အောက်ကပုံလေးအတိုင်းပေါ်နေပါ့မယ်။ 

မူရင်းဆိုဒ်ကနေလည်းဒေါင်းလို့ချလို့ရပါတယ်။ သုံးနည်းတော့မပါဘူးပေါ့။ လျှောက်ရှာရင်းနဲ့ တွေ့လာလို့ မျှဝေလိုက်တာပါ။

 To Download >> minus@


အဆင်ပြေပါစေ.......

အားလုံးကိုလေးစားလျက်....

Desktop ပေါ်က Folder ကိုဖျောက်မယ်


ဒီနည်းလေးက သိတာတော့ကြာပြီ အခုမှ တင်ဖို့ စဉ်းစားမိတာ။  မိမိ Desktop ပေါ်မှာ မိမိ က သူများမကြည့်စေချင်သော Folder လေးတစ်ခုကို ဖျောက်ထားတာပါ။ သူက Desktop ပေါ်မှာပဲ ရှိနေပါတယ်။ ဒါပေ့မယ့် အဲဒီ  Folder လေးကို မမြင်ရပါဘူး။  လုပ်နည်းက ဒီလိုပါ။ 

အရင်ဆုံး မိမိဖျောက်လိုသော Folder လေးပေါ်ကို right click ထောက်ပြီး rename လေးကို ကလစ်ပေးပါ။ 

အောက်ကလိုပုံစံလေး ပေါ်လာပြီဆိုရင် Alt+0160 ကို တွဲနှိပ်ပါ။  Special key ခေါ်တာပေါ့။ သူက  name ကို ဗလာဖြစ်အောင် လုပ်လိုက်တာပါ။  

Thursday, August 23

မလှူကောင်းသော ဒါန(၁၀) ပါး







အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ ၁၀-ပါး။ ပေးလှူသော် ကုသိုလ်မရ။
အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

50 GB Online Free storage site


ကဲ ဒီတခါတော့ ရှာဖွေတွေ့ရှိတာလေး တစ်ခု ဝေမျှလိုက်ပါတယ်။ မသိသေးသော သူများအတွက်ပါ။  online မှာ ဖိုင်တွေ ၊ ဗွီဒီယိုတွေ ၊ E-book တွေ ကိုသိမ်းထားမယ်၊ ဒါမှမဟုတ် မိမိမှာရှိတာလေးတွေကို upload တင်ပြီးဝေမျှချင်တယ်ဆိုရင် ဒီဆိုဒ်လေးက အသုံးဝင်တယ်နော်။ အရင်တခါ ပြောတဲ့ minus.com က 10 G ပဲ Free ရတာ ။ ဒီကောင်ေးလက 50 G Free တဲ့ဗျာ။ ဒီကောင်လေး အသုံးပြုပုံနည်းနည်းရှုပ်တယ် ။ ရှုပ်တယ်ဆိုလို့ လန့်မသွားနဲ့နော်။  အဲဒါကြောင့်ပုံလေးတွေနဲ့ ရှင်းပြပါ့မယ်။ 

အရင်ဆုံး ဒီဆိုဒ်  လေးကို အရင်သွားပါ။
ကဲရောက်ပြီဆိုရင်အောက်ကပုံစံလေးတွေ့လိမ့်မယ်။ အဲဒီမှာ FREE 14-Day ၊ Personal Premium အဲဒီကောင်လေးတွေကိုအစက်ပေးထားတာတွေ့လိမ့်မယ်။ ဖြုတ်လိုက်ပါ။ အောက်မှာ အဝါနဲ့ပြထားတဲ့နေရာ (Personal Basic(FREE 50GB) မှာ အစက်ကလေးထည့်ပါ။ 

ဘယ်ဘက်ခြမ်းက နာမည်တွေ ၊ အီးမေးလ်တွေ ၊ ပတ်ဝက်စ်တွေ ဖြည့်မယ်။ အရေးကြီးတာ တစ်ခုက Password ဖြည့်တဲ့နေရာမှာပါ။ သူက capital letter ထည့်ပေးရပါတယ်။ ဥပမာ -mgmglay89AA အဲလိုမျိုးပေါ့ ။ 

Wednesday, August 22

ဝမ်းထဲအစာမရှိလျှင် မစားသင့်သော အစားအစာများ


ကျွန်တော်တို့ ဝမ်းထဲမှာ အစာမရှိဘူးဆိုရင်အောက်ပါ အစားအစာ များဟာ စားဖို့မသင့်တော်ပါဘူးတဲ့ ။ မသိသေးသော သူများအတွက်ပါ။ ကျွန်တော်လည်းမသိဘူး။  အစာမရှိလည်း စားတာပဲ။ အခုတော့ မစားတော့ဘူး။  သူငယ်ချင်းတို့လည်း ရှောင်ကြပေါ့။ ကျန်းမာရေးက မဖြစ်ခင် ရှောင်တာပဲ ကောင်းတယ်။


 orange 

 soy milk
 persimmon

English to Myanmar Dictionary


ဒီတစ်ခါတော့ အင်္ဂလိပ် ကနေ  မြန်မာပြန်တဲ့ ဆော့ဝဲလ် သေးသေးလေးတစ် ခု  တင်ပေးလိုက်ပါတယ်။  တော်တော်လည်းစုံပါတယ်။ ဖိုင်ဆိုဒ်ကလည်းသေးပါတယ်။ ဒီ  Dictionary လေးကို WHIZZO Programming School >> C# Programming သင်တန်းမှာ ကျောင်းသား၊ကျောင်းသူအများ မှ စီစဉ်ရေးသားတည်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်က 1.35 MB ပဲရှိပါတယ်။ အသုံးလိုမည့်သူများအောက်မျာ ဒေါင်းလိုက်ပါ။ အွန်လိုင်းမှာ သိချင်တယ်ဆိုရင် ကျွန်တော် ဘလော့ ဘယ်ဘက်ခြမ်းမှာ online dictionary လေးတင်ပေးထားပါတယ်။


To Download >> Mediafire

အားလုံးကိုလေးစားလျက်.....

Tuesday, August 21

အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ ကွယ်ပျောက်ရခြင်းအကြောင်း


အိန္ဒိယနိုင်ငံသည် ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်ခဲ့သော နေရာဌာနတစ်ခုဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင်မူ အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ သာသနိကအဆောက်အအုံများရှိသော်လည်း ဘာသာရေးအသိရှိသူများ ပျောက်ကွယ်သလောက်ဖြစ်သွားခဲ့ပေပြီ။ ။ ။
၁။ ရဟန်းတော်များဘက်မှ အစစအရာရာ ဘက်စုံအားနည်းလာခြင်း။
၂။ ဟိန္ဒူဗြဟ္မဏတို့ အတွင်းအပြင်တိုက်ခိုက်ဖျက်ဆီးမှု ခံရခြင်း။
၃။ မူစလင်တို့၏ တိုက်ခိုက်မှုခံရခြင်း။

“မူစလင်တို့၏ တိုက်ခိုက်မှုခံရခြင်း”

သာသနာနှစ်(၁၂၅၅)ခု၊ အေဒီ(၇၁၀)တွင် မိုဟာမက်အက်ကာဆင်သည် အိန္ဒိယပြည်အနောက်မြောက်နယ်ကို တိုက်ခိုက်အောင်မြင်ခဲ့သည်။ အဆိုပါနယ်ကို မူစလင်ဘာသာဝင်တို့၏ အခြေစိုက်ရာဌာနအဖြစ် စတင်သက်မှတ်ခဲ့သည်။ နောင်နှစ်ပေါင်း နှစ်ရာခန့်ကြာသောအခါ မဟာမေဒင်တို့သည် အိန္ဒိယပြည်မြောက်ပိုင်း,အလယ်ပိုင်းတို့ကိုပါ ထင်ထင်ရှားရှား ၀င်ရောက်တိုက်ခိုက်လာခဲ့ကြသည်။

အေဒီ(၁၂)ခန့်ရောက်သောအခါ၌ကား    ဟိန္ဒူဗြဟ္မဏ,ဂျိန်းဘာသာ,ဗုဒ္ဓဘာသာဝင်တို့၏ ကျောင်းကန်
ပုထိုးများနှင့် စေတီအမျိုးမျိုးတို့ကို လုယက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ဟိန္ဒူ ဗြဟ္မဏများနှင့် ဂျိန်းဘုန်းကြီးတို့မှာ အ၀တ်ဖြူများကို ၀တ်ဆင်ထားခြင်းကြောင့် လူဝတ်ကြောင်များနှင့်တူနေပြီး လူထဲသို့ ရောနှောဝင်ရောက်ပုန်းခိုနေကြသောကြောင့် လွတ်မြောက်သွားခဲ့ကြသည်။ ဗုဒ္ဓဘာသာရဟန်းတော်များမှာ အများနဲ့မတူ တမူထူးခြားနေပြီး တစ်နေရာတည်းတွင် စုဝေးနေကြသောကြောင့် ဘေးရန်မှမလွတ်ခဲ့ပေ။ ရုတ်တရက် လာရောက် ၀ိုင်းဝန်းတိုက်ခိုက်သောအခါ၌လည်း လွတ်အောင် မပုန်းရှောင်နိုင်ကြပေ။ ဗုဒ္ဓဘာသာကျောင်းကန် ,စေတီပုထိုးတို့၌ လည်းကောင်း၊ ဟိန္ဒူဘုရားကျောင်း, နတ်ကွန်းတို့၌ လည်းကောင်း ရွှေ,ငွေ,ကျောက်သံပတ္တမြား ရတနာပစ္စည်းများရှိနေသောကြောင့် မြို့ရွာများကိုမတိုက်ခိုက်မီ ရှေးဦးစွာ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးစသည်များကို လုယက်တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးကြသည်။ 

Pot player software


ဒါလေးက video တွေ mp 3 တွေ ဖွင့်တဲ့ player လေးတစ်ခုပါ။ windows media ၊ vlc ၊ Gom ၊ just audio အပြင် အသစ်အဆန်းလေး သုံးချင်သုံးများအတွက် တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကို ဒေါင်းလော့ချတဲ့သူပေါင်း မနည်းတော့ပါဘူး။ ရေပန်းအစားဆုံး Player တစ်ခုလည်းဖြစ်ပါတယ်။ သုံးရတာအဆင်ပြေပါတယ်။ ကျွန်တော်လည်းအခုသုံးကြည့်နေတယ်။ စိတ်ဝင်စားရင်အောက်မှာဒေါင်းလိုက်ပါ။  အယ် တစ်ခုပြောချင်တာက ဒီ player လေးက အသစ်ဖြစ်တဲ့အတွက် install လုပ်ပြီးရင် open with နဲ့ပေါ်ဖို့ အနည်းငယ် ပြောင်းပေးရပါသေးတယ်။ ခက်ခက်ခဲခဲကြီးတော့မဟုတ်ပါဘူး။  ဥပမာ-မိမိဖွင့်လိုသော video ကို  right click ထောက်ပါ။ open with>> choose default program ကိုသွားပါ။ pot player လေး ရှိမနေပါဘူး။ အဲဒီမှာ Browse ဆိုတာလေးကို ကလစ်ပေးပါ။ အဲဒီကနေမှ Desktop ပေါ်က Pot player shortcut လေးကိုရွေးပေးပြီး open ပေးပါ။ ဒါဆိုရင် အိုကေပါပြီ။ 


သူ့ကိုလည်း နှစ်မျိုးတင်ပေးထားပါတယ်။ 32-bit / 64-bit အတွက်ပါ ပါပါတယ်။ 

For 32-bit >> minus@   

For 64-bit >> minus@   

အဆင်ပြေပါစေ ..

အားလုံးကိုလေးစားလျက်.....

Winrar last version


ဒီတစ်ခါတော့ Winrar ဆော့ဝဲလ် နောက်ဆုံး version လေး တင်ပေးလိုက်ပါတယ်။  update မှကြိုက်သူများအတွက်ပါ။ အဲဒီအကြောင်းတော့ ထွေထွေထူးထူးမပြောတော့ပါဘူးနော်။ ဖို်င်ချုပ် ၊ ဖိုင်ဖြေတဲ့ ဆော့ဝဲလ်လေးပါ။  

အသုံးလိုမည့်သူများ အောက်မှာဒေါင်းလိုက်ပါ။  32-bit ရော 64-bit အတွက်ပါ တင်ပေးလိုက်ပါတယ်။ 

For 32-bit >> minus@

For 64-bit >> minus@

အဆင်ပြေပါစေ....

အားလုံးကိုလေးစားလျက်.....

Monday, August 20

မြန်မာဖောင့်များ စုစည်းမှု


ဒီတစ်ခါ တော့မြန်မာ ဖောင့်အခက်ခဲဖြစ်နေသူများအတွက်  ဆိုဒ်တစ်ခု ညွှန်းလိုက်ပါတယ်။  windows 7, windows xp , 32-bit,64-bit  အကုန်လုံးအတွက် ပါ ပါတယ် ။ ဟိုးအရင်က zawgyi-one တွေက မကိုက်တာတွေ ရှိပါတယ်။ ဒီဆိုဒ်လေးက  ဖောင့်တွေကတော့ အကုန်လုံးနဲ့ အဆင်ပြေပါတယ်။


အဲတစ်ခုရှိတယ်ဗျာ ။ 64-bit အသုံးပြုသူများအတွက်တော့ Gtalk မှာ error ရှိပါတယ်။ ကျန်တဲ့ web page အားလုံး မြန်မာလိုရပြီး Gtalk  မှာတော့ Internet option မှာ သွားပြောင်းပေးရပါတယ်။ ပြောင်းနည်းကို  ပုံလေးနဲ့ပြပေးပါ့မယ်။ 

အရင်ဆုံး Control panel >>Network and  Internet >>Internet Options ကိုရောက်အောင်သွားပါ။
ရောက်ပြီးဆိုရင်အောက်က ပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။ 

အဲဒီမှာ Fonts ဆိုတာကိုကလစ်ပေးပါ။ 

ပြီးရင်  zawgyi-one ကိုရွေးပါ ။ ဒါဆိုရင် Gtalk မှာပါ မြန်မာလို ပေါ်ပါပြီ။


အားလုံးကိုလေးစားလျက်....

Fast copy software


ဒီတစ်ခါ ဖိုင်တွေ ကော်ပီကူးတာ အရမ်းမြန်တဲ့ ဆော့ဝဲလ်လေးတစ်ခုတင်ပေးလိုက်ပါတယ်။ တကယ်လည်းမြန်ပါတယ်။  ဖိုင်ဆိုဒ် သေးသေးလေးကို ကော်ပီကူးတာကျ အသုံးမလိုပေ့မယ့်  10 G , 20 G တို့ ကူးမယ့်သူများအတွက်တော့ အသုံးဝင်တာပေါ့ဗျာ။ 

သုံးနည်းကလည်း ဘာမှမခက်ပါဘူး။ အရင်ဆုံး အောက်မှာ ပေးထားသော ဆော့ဝလ်လေးကို install လုပ်ပါ။ ပြီးရင် Desktop ပေါ်မှာ shortcut လေးပေါ်လာပါ့မယ်။ အဲဒီကောင်လေးကို ကလစ်ပေးပါ။ ပြီးရင် အပေါ်ကပုံလေးအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ Source ဆိုတဲ့ နေရာမှာ မိမိ  copy ကူးလိုသော ဖိုင်ကိုရွေးပါ။  DestDir ဆိုတဲ့ နေရာမှာ မိမိ past လုပ်လိုသော နေရာကို ရွေးပါ။ ဥပမာ- External Hard Disk ,Memory stick ။ ကျွန်တော်ကတော့ ဥပမာအဖြစ် Desktop လို့ပြထားပါတယ်။  ဖိုင်ဆိုဒ်က ဘယ်လောက်မှ မရှိပါဘူး ။သေးသေးလေးတွေပါ။ 1 MB တောင်မရှိပါဘူး။ 

To download >> Mediafire


အားလုံးကိုလေးစားလျက်.....

Facebook ကို Desktop ပေါ်က Chat မယ်


Chatting သမားများအတွက်ပါတဲ့။  Facebook က ဝန်ဆောင်မှုအသစ်ပေါ့။ သိတာတော့ ကြာပြီ အခုမှတင်ဖြစ်တယ်။ မသိသေးသောသူများအတွက်ပါ။ အောက်မှာပေးထားတဲ့လင့် ကနေ ဆော့ဝဲလ်လေးကို install လုပ်လိုက်ပါ။ ဒါဆိုရင် chat box က Desktop ပေါ်မှာပေါ်နေပါပြီ။ Facebook ပေါ်တက်ပြီး chat စရာမလိုတော့ဘူးပေါ့။  ဒါပေ့မယ့် သူက မြန်မာ ဖောင့် ကောင်းကောင်း မပေါ်ပါဘူး။  အင်္ဂလိပ်တို့ မြန်းဂလိ တို့ပဲ အဆင်ပြေပါလိမ့်မယ်။ 



အသုံးလိုမည့်သူများ ဒီမှာ သွားလိုက်ပါ။ 

အားလုံးကိုလေးစားလျက်.....

Sunday, August 19

ဦးခေါင်းတွင်စိုက်သော ၆ ပေရှည်သံချောင်း ဖယ်ရှား



(ရီယိုဒီဂျနေးရိုး သြဂုတ် ၁၈)
ဘရာဇီး နိုင်ငံ အတွင်းရှိ  ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ အသက် ၂၄ နှစ် အရွယ် အီဒူရာဒို လီတေး ဆိုသူ ဆောက်လုပ်ရေး လုပ်သားတစ်ဦးသည် ၄င်း၏  ဦးခေါင်းသို့ ခြောက်ပေ ရှည်သော  သံချောင်း တစ်ချောင်း စိုက်ဝင် ခဲ့သည့် အတွက် ရီယိုဒီဂျနေး ရိုးမြို့ရှိ မီးဂယ်ကူတို ဆေးရုံသို့ အသက်ရှင် လျက် ရောက်ရှိ လာခဲ့ရာ အဆိုပါ ဆေးရုံမှ ဆရာဝန်များက ၄င်း၏ ဦးခေါင်းတွင် စိုက်ဝင်နေသောမှ  သံချောင်းကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရသိရသည်။

အဆိုပါ သံချောင်းသည် အဆောက် အအုံ၏ ငါးလွှာမှ ပြုတ်ကျလာ ခြင်းဖြစ်ပြီး ၄င်း၏ ဦးခေါင်း တွင် ဆောင်းထားသော ဦးထုပ်ကို ထိုးဖောက်၍ ဦးခေါင်းသို့ စိုက်ဝင်ခဲ့ပြီး မျက်စိနှစ်ခု ကြားမှ ဖြတ်၍ ထိုးဖောက် ထွက်လာ ခဲ့ကြောင်း၊ ၄င်းသည်  အသက်ရှင်လျက်  ဆေးရုံသို့ ရောက်ရှိလာ ခဲ့ကြောင်း ၊ ဆေးရုံမှ အကြီး အကဲဖြစ်သူ လူဝစ်ဇ် အလက်ဇန်းဒါး အက်ဆင်ဂျာက သြဂုတ် ၁၇ ရက်တွင် ပြောကြား ခဲ့သည်။

ထို့နောက် ၄င်း၏ ဦးခေါင်းကို စစ်ဆေး မှုများပြုလုပ်ခဲ့ရာ ဆရာဝန်များက ငါးနာ ရီကြာခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ ကြောင်း၊ ဦးခေါင်းမှ သံချောင်းကြီးကို ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြောင်း အက်ဆင်ဂျာက ဆက်လက် ပြောကြားခဲ့သည်။  အဆိုပါ  သံချောင်းကို ဖယ်ရှား နိုင်ခဲ့သော်လည်း ၄င်းသည် ဆေးရုံတွင်   အနည်းဆုံး နှစ်ပတ်ကြာ ကုသမှုခံယူရ ဦးမည်ဖြစ် ကြောင်း သိရသည်။            

source: မြဝတီ

ချစ်တယ်လို့ မိန်းကလေးများ စ မပြောမိပါစေနဲ့




ဒီပိုစ့်လေးကို မရေးချင်ပေ့မယ့် ရေးလိုက်ပြီဗျာ။  ကျွန်တော်ကောင်းစေချင်လို့ပါ။ မိန်းကလေးတွေကို ပုတ်ခတ်တာလဲ မဟုတ်ပါဘူး။ မိန်းကလေးတွေက စိတ်အရမ်းနုနယ်ကြတယ် ။ အဲဒါ ပြောရမယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ။ ရည်စားစကားဆိုတာ ယောင်္ကျားလေးက စပြောရမှာပါ။ မိန်းကလေးဘက်က စပြီး ဘယ်လောက်ပဲ ချစ်နေပါစေ လုံးဝကိုဖွင့်မပြောသင့်ပါဘူး ။ ပြီးတော့ အွန်လိုင်းက ယောင်္ကျားလေးတွေကို လည်းမယုံပါနဲ့။ ကျွန်တော်ကိုယ်တွေတစ်ခုပြောပြမယ် ။ ကျွန်တော်မှားချင်လည်း မှားမယ်ဗျာ။ မိန်းကလေးတစ်ယောက် နဲ့ အွန်လိုင်းမှာ ခင်တယ်။ သူက အွန်လိုင်းလည်းသိပ်မသုံးတက်သေးဘူး။ သူမသိတာလေးတွေ ပြောပြတာပေါ့။ သူက ရန်ကုန်ကမဟုတ်ဘူး တခြားကနေ ရန်ကုန်ကိုလာတာ။ အဲဒါ ရန်ကုန်မှာဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး ပြောမိပါတယ်။ နေမကောင်းဘူး ဆိုလည်း အွန်လိုင်းမှာ ကျွန်တော့်ကိုလာပြောတယ်။ သူဖြစ်သမျှ အခက်ခဲတွေကိုလည်း ပြောပြတယ်။ ကျွန်တော်ကလည်း သာမန်သူငယ်ချင်းတစ်ယောက်အနေနဲ့ နားထောင်ပေးဖြစ်ပါတယ်။ အကြံလည်း ပေးဖြစ်ပါတယ်။ ဒါကသူငယ်ချင်းတစ်ယောက်အနေနဲ့  ရင်ဖွင့်တာကို နားထောင်တာလေ။ ဘာလို့ တလွဲသွားတွေးကြတာလဲ။ သူကပြောတယ် ကျွန်တော်နဲ့ စကားပြောရတာ ပျော်တယ်တဲ့။  ကျွန်တော်ကို ရင်ဖွင့်လိုက်ရင် သူရင်ထဲမှာရှိတာတွေ ပေါ့သွားတယ်တဲ့။ ကျွန်တော် အဲလိုပြောတာတွေကို သာမန်လို့ထင်ထားခဲ့တာ။ သူနဲ့ အွန်လိုင်းမှာခင်လာတာ ဆယ်လလောက်ရှိမယ်ထင်တယ်။

Samsung Galxy Series အတွက်မြန်မာဖောင့်


Samsung Galxy Seriesဖုန်းတွေတိုင်း အတွက် မြန်မာဖောင့်သွင်း လို့ အဆင်ပြေပါတယ် ။အောက်မှာ Download Link ရှိပါတယ်

Myanmar Font for All Samsung Glaxy Series --->
ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။ ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ် ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

From: ကွန်ပျူတာနည်းပညာ

Saturday, August 18

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး


ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။  မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။


တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။

ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။

ဘယ်လိုပြင်ဆင်ကြမလဲ

ကျွန်မ ပထမ တစ်ပုဒ်မှာရေးခဲ့သလို.. အမျိုးသမီးလေးတွေ ဘက်က.. ဦးစွာပထမ အကြံပေးချင်ပါတယ်.. အရင့်အရင် ကျွန်မထက်နားလည်တတ်ကျွမ်းသူတွေ .. ရေးသားထားခဲ့တာကို ဖတ်ဖူးမှတ်ဖူးသမျှ ရောကိုယ်တွေ့ကိုပါ ကျွန်မ ပြန်လည်မျှဝေ လိုပါတယ်၇ှင်..။ သတိရမိသလောက် အချက်အလက်များစုစည်းပေးလိုက်ပါတယ်..ပထမ တစ်ပုဒ်လို အတွေးတွေ ပြန့်ကျဲမနေတောာ့အောင်ပါ..။အခု တစ်ပိုင်းကတော့ .......လင်နှင့်မယား....ကတောက်ကဆ မများရလေအောင်.. များခဲ့သော်...

၁ ။ မိမိခင်ပွန်း ဖြစ်လာသူကို ချစ်သူဘဝကလိုမျိုး... ကိုယ်လိုချင်ကိုယ်ဖြစ်ချင်ရာ ကို တစ်ချက်လွှတ်အမိန့်များနှင့် မချုပ်ချယ် မတားမြစ်သင့်တော့ပါဘူး .. ( ကိုယ်က ဘယ်လိုပင်ချုပ်ချယ်ပါစေ.. ယောင်္ကျားအများစုဟာ.. ၄င်းတို့ကိုယ်တိုင် စိတ်ပါလက်ပါ ရပ်ပစ်မှ ရပ်တန့်သွားပါတယ်..မိမိကို ချစ်လို့ရပ်တန့်ရင်တောင် ခဏတစ်ဖြုတ်သာ ဖြစ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့်ပြန်လည် သွားတတ်ကြတယ်.. ဒါကြောင့် မိမိတို့မိန်းမသားများအနေဖြင့် အတွေး မြင့်မြင့်အသိကြွယ်ကြွယ် စကားလည်လည်ဖြင့် ဖြေရှင်းရင်း ကိုယ်လိုရာကိုပုံသွင်း တတ်ကြစေလိုပါတယ် ) ။

၂ ။ မိမိခင်ပွန်းကို လူတကာရှေ့..အများအားဖြင့်ရွယ်တူမိန်းမသားများရှေ့တွင် ကိုယ်ပိုင်ကြောင်း ကိုယ်နိုင်ကြောင်း အမူအရာအပြောအဆို များရှောင်ရှားသင့်ပါတယ်. ( ယောင်္ကျားတွေ က သိပ်ရှက်တတ်ကြပါတယ်.. အထူးသဖြင့်မိန်းမကိုကြောက်ရသူများအဖြစ် အခြားမိန်းမသားများရှေ့မှာပါ..။ ကိုယ့်မိန်းမ က ကိုယ့်ကို ဂရုစိုက်ကြောင်းသဝန်တိုကြောင်း ပြသ တာမျိုးကိုတော့အ ထူး ခုံမင် နှစ်သက်တတ်ကြပြန်ပါတယ်...ဒါကြောင့်မို့ မိမိလင်သားကို ပိုင်နီုင်ဖို့ရာ.. အဓိက လိုအပ်ချက်ကတော့.. လင်ယောင်္ကျားကို လူအများရှေ့ ရိုသေလေးစားနေရာပေးတတ် ဖို့ပါပဲ..။)

၃ ။ မိမိခင်ပွန်း ကို ဘယ်တော့မှ.. ကိုယ်ထိလက်ရောက် မိမိကစပြီးမတုန့်ပြန် မိပါစေ နှင့် ..။ ( အင်မတန် ကြမ်းတမ်းသောမိသားစုအသိုင်းအဝိုင်းက မဟုတ်ပဲ..မည်သို့သောနူးညံ့သိမ်မွေ့သော အသိုင်းဝိုင်းကပင်ဖြစ်စေ...မိန်းမသားတွေရဲ့ နှုတ်ထွက်ကြမ်းတမ်းမှု..ကိုယ်လက်အမူအရာကြမ်း တမ်းမှုတွေဟာ.. ယောက်ျင်္ားသားတွေရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ကြမ်းတမ်းမှု ကိုလှုပ်နိုးလိုက်သလိုမို့.. မိမိ ကတစ်ချက်ကုတ်ဆွဲ ရုံနဲ့ အစပိုင်းသည်းခံတတ်ပေမယ့်..သူလဲလေ လူသားပေမို့ နား ကလည်းမခံသာ... ကိုယ်ထိလက်ရောက်ကလဲ ပြုခံရ ပါများရင် ..သူတို့ရဲ့ တုန့်ပြန်မှုတွေက မိမိထက်ပိုပြီးကြမ်းတမ်းရက်စက်လာ အောင် မိမိကိုယ်တိုင် ဖန်တီးမိသလိုဖြစ်လာတတ်ပါတယ်။။ လင်ယောင်္ကျားရဲ့အရိုက်အနှက်ခံရတဲ့ အမျိုးသမီးအများစုဟာ.... မိမိတို့ကိုယ်တိုင်ကစပြီး နှုတ်ကြမ်း လူကြမ်း မိတာကို မေ့လျော့ နေတတ်ပါတယ်.. ။ )

၎ ။ မိမိခင်ပွန်း အမှားပြုသည်ရှိသော်.. သေးသော်ခွင့်လွှတ်..ကြီးသော်နားလည်... ပေးရင်း သူစိတ်အေးချမ်းအောင် အရင် ပြုမှုဆက်ဆံပေးသင့်ပါတယ်... ထို့နောက်တွင်မှ... မိမိ စိတ်မကောင်းဖြစ်နေတာကို သိအောင်ပြောရင်း နားလည်အောင် တစ်ဖြည်းဖြည်းချင်း အပြုံမပျက် ဆွေးနွေး ပေးပါ..။ (ယောင်္ကျားအများစုဟာ..သွေးဆူလွယ်တဲ့မိန်းမ တွေကို မလေးစားတတ်ကြပါဘူး... ပြဿနာတစ်ခုဖြစ်လာရင် သွေးအေးအေးနဲ့ဖြေရှင်းတတ်တဲ့မိန်းမမျိုးကိုတော့ လန့်လည်းလန့် လေးလည်းလေးစားတတ်ကြ ပြန်ပါတယ်။တစ်ချို့က ငိုယိုအော်ဟစ်ထုနှက် ပြီးယောင်္ကျားကိုအပြစ်တွေ အလျည်းသင့်ရင်သင့်သလိုတင်ရင်း အခုခေတ်စကားနဲ့ပြောရရင် လူရှေ့သူရှေ့ရောက်မှ ဖဲ့တယ် ပြောရမလား... အဲလို မယားမျိုးကတော့ရန်သူလိုမယားအဖြစ်သတ်မှတ်ခံရမှာပါ.) သတိထားကြစေလိုပါတယ်ရှင်..။

၅ ။ အိမ်မှုကိစ္စ အဝဝ ကို အိမ်ထောင်မကျခင်ကထဲက လေ့လာသင်ယူထားသင့်ပါတယ်.. ယခုခေတ်မိန်းမပျိုတွေအနေနဲ့..သင်ယူချိန်မရ.. အလေ့အကျင့်မရ ဖြစ်နေကြပါပြီ.. ကျောင်းပြီးရင်းကျောင်းအလုပ်ပြီးရင်းအလုပ်ဖြစ်နေကြတဲ့ခေတ်ကြီမှာ... လင့်လုပ်စာ ထိုင်မစား ရတော့တဲ့အိမ်ထောင်သည်အမျိုးသမီးဦးရေတိုးလို့လာနေပါပြီ..။ သို့ပါသော်ငြား.. မလုပ်ချင်လို့မလုပ်တာသာဖြစ်ရမယ်..မလုပ်တတ်တာမရှိဆိုတာမျိုးဖြစ်အောင်လေ့လာသင်ယူသင့်ပါတယ်..။ ဟင်းချက်ကောင်း ခြင်းကလဲ..မိမိခင်ပွန်းမည်သည့်နေရာရောက်နေပါစေ..အချိန်တန် အိမ်ပြန်ရောက်စေတဲ့..လက်နက်တစ်မျိုး ပါ..။ သန့်ရှင်းစွာနေထိုင်တတ်ခြင်းလဲပါဝင်ပါတယ်.. ။ ငွေလဲ ဒိုးတူဘောင်ဖက် ရှာရသေး သူ့ကိုလဲဟင်းချက်ကျွေးရသေး ဆိုတဲ့အတွေးဝင်လာမိရင်တောင်.... ဟင်းတစ်ခွက်အတူချက်ရအောင်နော်လို့ ချိုသာတဲ့စကားတစ်ခွန်း နဲ့ မီးဖိုခန်းကို တစ်ဝက်ခွဲပေးဖို့ မိမိတို့နှုတ်ရေးရာကြွယ်ဝမှုကလည်းအရေးပါနေပါသေးတယ်ဆိုတာ မေ့လျော့မသွား ကြပါနဲ့ရှင်..။ အိမ်မှုကိစ္စ အဝအဝကိုလဲ..တစ်ယောက်တစ်ဝက်ခွဲဝေယူတတ်အောင် လဲ မိမိတို့နှုတ်ခမ်းချိုချိုများပေါ်မှာသာမှုတည် ပါတယ်..။

၆ ။ ဇနီးမောင်နှံ့ ကြားမှာ အားနာတယ်ဆိုတဲ့အတွေးနဲ့စကား မရှိသင့်ပါ..။ အိမ်ထောင်ဦးအစထဲက အားနာလို့..ဆိုပြီး..ကိုယ်ပဲ အစစအရာအရာသိမ်းကြုံးလုပ်မိတတ်ကြတယ်... ချစ်စ ခင်စမို့အိမ်မှုကိစ္စ ကျွန်မ ကျွမ်းကျင်ပါတယ် ဆိုတာ ပြချင်တာလဲပါမယ်ထင်ပါတယ်..။ မယားဝတ္တရားငါးပါး ကို အားနာပါနားနဲ့အသကုန်ကြေစရာမလိုပါဘူး... ကိုယ်မလုပ်နိုင်တဲ့အရာ..မလုပ်ချင်တဲ့အရာ..မကြိုက်တဲ့အရာမှန်သမျှကို ငြင်းပယ်ရဲရပါမယ်..။ ရှင်းပြ ရဲရပါမယ်..။ အဲလိုမှမဟုတ်ရင် အိမ်ထောင်သက်ကြာလာတာနှင့်အမျှဝန်ထုတ်ဝန်ပိုး ဖြစ်လာပါလိမ့်မယ်... လုပ်ကိုင်နေရသမျှ ဟာလည်းမေတ္တာအရင်းခံနည်း ပြီးအားနာလို့ြ့ပုခဲ့တာမို့... စိတ်ပျက်စရာ... ဒေါသထွက်စရာတွေသာဖြစ်လာပြီး မခံရပ်နိုင်တော့တဲ့တစ်နေ့ မီးတောင်ပေါက်ကွဲသလို ပေါက်ကွဲရင်း.ဝမ်းနည်းစရာအဖြစ်တွေဖြစ်လို့လာတော့မှာပါ..။

၇ ။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို... ဇနီးမယားကိုယ်တိုင်က အသုံးအဖြူန်း ကြီး ခဲ့တာကို သမီးရည်းစားဘဝထဲကသိထားယောင်္ကျာ့း တွေအဖို့ကတော့ သူတို့ရှာသမျှ အကုန်အပ်မယ်လို့မထင်ပါဘူး... ငွေမအပ်ရကောင်းလားလို့အပြစ်မတင် စေချင်ဘူး... ကိုယ်ကိုတိုင် အသုံးနဲ့အဖြုန်းကိုအရင် သေချာ နားလည် ကိုင်တွယ်ပြ သင့်တယ်...မိမိကိုယ်တိုင်စီးပွားရှာနေရသူဆိုရင်လည်း ... စစ်စစ် စီစီ သုံးပြ ပြီးတဲ့နောက်မှာ..အလိုလို မိသားစုဘဏ္လာ စိုး အဖြစ် ရောက်ပါလိမ့်မယ့်...ဒါဆို..သမီးရည်းစားဘဝထဲက သူ့ယုံကြည်မှု ရယူဖို့လိုတယ်ဆိုတာ သဘောပေါက်မယ်ထင်ပါတယ်ရှင်..။

၈ ။ တစ်ဦးနှင့်တစ်ဦးလက်ထပ်ပြီဆိုကထဲက မိသားစု ၂ စု လုံးလက်ထပ်လိုက်တာပါပဲ.. ဒါကိုတစ်ချို့ကတော့..အို..တကယ်ပေါင်းရတာ နင်နဲ့ငါ ဆိုတဲ့အတွေး .. ဟုတ်ပါတယ် တကယ်ပေါင်းကြရတာက နင်နဲ့ငါ.. ပါ..ဒါပေမယ့် အဲဒီနင်ရယ် ငါရယ်တွေဖြစ်လာတာက ကိုယ်စီမိဘ တွေဆီကပါ..အနည်းနှင့်အများ ပက်သက်စပ်ဆိုင် ပါတယ်..။ လူ မှန်ရင်တစ်ယောက်ထဲရပ်တည်လို့မရပါဘူး. မိဘ ဆွေမျိုး.. မိတ်ဆွေသူငယ်ချင်း..လုပ်ဖော်ကိုင်ဖက် အစရှိသည်တို့၏ အမှီအခို အထောက်အပံ့ နှင့်ချီးမြှောက်မှုတွေ ရှိမှသာ လူ့လောကအလယ်ဝင့်ထည်နီုင်မှာပါ..။ သိပ်အရေးကြီးပါတယ်ရှင်..။ ၂ ဖက်ဆွေးမျိုးတွေအပေါ် လျော်အောင်ဖြန့်ချီ ဆိုတဲ့ မယားဝတ္တရား ကို ကျွန်မ နားလည်သလို ပြောရရင်..ပေးကမ်းထောက်ပံ့ တဲ့နေရာတွင်သာ မက .. စကား အရာကိုပါ..တစ်ဖက်နားမှ တစ်ဖက်နားသို့မပေါက်ရလေအောင် ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်းသင့်ပါတယ်..။ သူ့မိဘ ကိုယ့်မိဘ မခွဲခြားပဲ မျှတစွာနေထိုင်ပြောဆို တတ်မယ်ဆိုရင်... ၂ ဖက် မိသာစု ဆက်ဆံရေး ကို အလွယ်တကူ ခိုင်မာစွာတည်ဆောက်နိုင်လာတာနှင့်အမျှ ခင်ပွန်းလင်ရဲ့ လေးစားမှု ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ပါလိမ့်မယ်... မိမိခင်ပွန်းသည် ဖာသိဖာသာနေတတ်သူ ဖြစ်လျင်တောင်မှမိမိဖော်ရွေမျှတမှုကြောင့် .. သူ့မှုရင်း အကျင့်စရိုက်တွေပြောင်းလဲ လာကာ ၂ဖက်မိသာစု ဆက်ဆံရေး ပိုမို တိုးတက်လာပါလိမ့်မယ်..။

၉ ။ မိမိ ခင်ပွန်း ရဲ့စိတ်တွေ တစ်ခြားတစ်ယောက်ဆီ ရောက်နေလေမလား ??.. အမျိုးသမီးတိုင်းကြောက်တဲ့ ဆင်းရဲခြင်း တွေထဲမှာ.. ဒီလို စိတ်ဆင်းရဲခြင်းမျိုးကိုတော့ ကမ္ဘာတုန်အောင် ကြောက် ကြပါတယ်.. ကြားဖူးမှာပေါ့.. အမျိုးသားတွေဟာ ချမ်းသာခြင်းဒဏ်ကိုမခံနိုင်ကြသလို အမျိုးသမီးတွေကလဲ ဆင်းရဲခြင်းဒဏ်မခံနိုင်ကြပါဘူး..။ အဲဒီ ဆိုလိုရင်းအနေဆင်းရဲ အစားဆင်းရဲ အဝတ်ဆင်းရဲ ဒဏ်ကို ကျွန်မတို့မိန်းမသားတွေ တော်တော်များများ သိပ်ကြောက်ကြပေမယ့် ခင်ပွန်းလင် ဆီမှ ရသင့်တဲ့မေတ္တာ အကြင်နာ ဆင်းရဲဒဏ် ကိုတော့ သေမလောက်ကြောက်တတ်ကြသူချည်းပါပဲ..။ ကိုယ့်ခင်ပွန်းခြေလှမ်းစပျက်ပြီဆိုကထဲက..သွေးရူးသွေးတန်း ဘာဖြစ်နေလဲ ဆိုတာ သူ့ကို တစ်နေ့ဆယ်ခါလောက်မေးမိလာတယ်.. ယောင်္ကျားလုပ်သူကလဲ..စီးပွားရေးကြောင့် အလုပ်ကိစ္စကြောင့်.. မျက်နှာပျက်တာပဲဖြစ်ဖြစ်..မူမမှန်လို့မျက်နှာပျက်တာပဲဖြစ်ဖြစ် မိန်းမသားတွေ မှာတော့ သံသယ အတွေးနယ်ချဲ့ ပြီး ယောင်္ကျားဖြစ်သူကိုရန်ရှာလာမိတတ်တယ်...အရင်ကဆို ..ရှင်က ဘယ်လို ပါ... အခုတော့ပြောင်းလဲနေပြီ..ဟုတ်မှဟုတ်သေးရဲ့လား..ဘယ် မယားငယ်ဆီ စိတ်ေ၇ာက်နေပါလိမ့် ဆိုပြီးစကားနာစထိုးမိတတ်လာပါရော..။ အဲဒီကစ ပါပြီ... ကိုယ့်လင်သား မည်သို့သော အကြောင်းကြောင့်ပဲ မျက်နှာပျက်ပျက်... တစ်ချိန်ချိန်မှာတော့မျက်နှာကြည် ပါလိမ့်မယ်..အဲဒီတော့မှမေးကြည့်ပါ.. သို့မဟုတ် .. သည်းခံပြီး စောင့်ပါ..။ .. သူ့ဘက်က စဖွင့်ပြောလာသည်အထိပေါ့။။ ယုတ်ဆွဆုံး ....တကယ်လို့သူ့မှာနောက်တစ်ယောက်ရှိနေပါပြီ... သူ့ကိုနားလည်ပေးပါ လို့ ပြောလာ သည်အထိ ပေါ့။ မိမိဘာသာ အပြင်ကသိထားသည်များရှိသည့်တိုင်အောင် သူ့အပြော သူ့ဝန်ခံချက်ကို စိတ်ပူလောင်မှုတွေကြားက ပြင်ဆင်ရင်းစောင့်နေ စေလိုပါတယ်..။ အဲဒါမှ ..သူဖွင့်ပြောလာသည်ရှိသော်.. ကိုယ်ပြန်ပြောရမယ့်စကားများကို သွေးအေးအေးနှင့် သူ့ကိုမိတ်ဆွေကောင်းတစ်ယောက်လို အကြံပေး ဆွေးနွေး နှစ်သိမ့်ပေး နိုင်မှာပါ..။ ဒီလိုမိန်းမမျိုးကို ယောင်္ကျားတိုင်းလေးစားတယ်..တန်ဖိုးလဲထားတယ်.. ဘယ်လိုမှ မတတ်သာလို့လမ်းခွဲကြရရင်တောင် တစ်သက်လုံးမိတ်ဆွေကောင်းတွေအဖြစ်နဲ့ ပက်သက်သွားလို့ရတယ်.. ဒါပေမယ့် မိမိ ဖြေရှင်းမှုအပေါ် မူတည်ပြီးသူတို့ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားနိုင်တယ် ဆိုတာ မမေ့စေချင်ပါဘူး..။

လူဆိုတာ ကိုယ့်ခန္ဒာ ကို ကိုယ်မပိုင်သလို ကိုယ့်စိတ်တောင်မှ ကိုယ်မနိုင်နိုင်အောင် ကြိုးစား နေရသူများပါ..။ တစ်ဖက်သားကို ပိုင်ဆိုင် ချင်တယ်ဆိုတာ တွေးကြည့်ရင်ရယ်စရာကြီးပါ..။ တစ်ဖက်သားရဲ့ စိတ်ကို ချုပ်ကိုင်လွှမ်းမိုးလိုသူတိုင်း ၄င်းတို့စိတ်တွေ သာ ပင်ပန်းဆင်းရဲ ကြစမြဲပါ..။

လက်ထပ်တယ်ဆိုတာ

တစ်ဦးနဲ့တစ်ဦးပိုင်ဆိုင်လိုစိတ်တွေကိုအဆုံးသတ်ပြီး .. လောက ရဲ့ဒုက္ခ..သုခ တွေကို မျှဝေခံစားဖို့ ထွက်တဲ့ခရီးအစ လို့တင်စားချင်တယ်..။ အဲဒီခရီးမှာ ..ဆောင်ရမည်ပစ္စည်းတွေက... ဖေးကူ မယ့်လက်တစ်စုံ..နားထောင်ပေးမယ့်နားတစ်စုံ... နှစ်သိမ့်ပေးမယ့်နှုတ်ခမ်းနှစ်လွာ..အစဉ်အမြဲနွေးထွေးစေ မယ့်မျက်ဝန်းတစ်စုံနဲ့ ကြင်နာတတ် တဲ့နှလုံးသား တစ်ခု အဓိကလိုအပ်တယ်..။ ချန်ထားခဲ့ရမယ့်ပစ္စည်းကတော့သိပ်မများပေမယ့် ချန်ဖို့အရမ်းမေ့လျော့တတ်ကြ တဲ့.... "ငါ " ဆိုတဲ့ အတ္တ ... ပါပဲ ..။ :)

ချစ်သော ညီမလေး များ အတ္တနည်းနည်း လေး ချန်ထားခဲ့ပြီးမှ လက်ထပ် ကြပါနော်... ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ကလိုချင်လေ... ကိုယ်ကပဲပေးဆပ်ရလေ ပါပဲ... အပူအပင်ကင်းသော အိမ်ကလေး တွင် စံရသော အိမ်ကြီးရှင်မ များ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးရင် နိဂုံးချုပ်လိုက်ပါတယ် ..။

လေးစားကျေးဇူးတင်လျက်

မနတ်သမီး

မှတ်သားဖွယ်ရာ စာစုလေးများ



၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ
လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

Animation Funny 1


ဒီတစ်ခါ တော့ ဟာသ ဗွီဒီယို Animation လေး တင်ပေးလိုက်ပါတယ်။ ဘယ်က ရှာထားမိမှန်းတော့ မသိတော့ဘူး။ လုပ်ထားတာ တော်တော်မိုက်တယ်။  ရီရတယ်။ အပျင်းပြေ အောက်မှာကြည့်သွားနော် ။ ကြိုက်ရင်တော့ ဒေါင်းလော့ချသွားလိုက်ပေါ့ဗျာ။ 


အားလုံးကိုလေးစားလျက်....

Friday, August 17

ခေတ်အဆက်ဆက်အသုံးပြုခဲ့သော computer windows များ



1985 Windows 1.0


The First Version of Microsoft Windows, Windows 1.0, with simple applications and the concept of multitasking on PC
1987 Windows 2.0
The Second Version of Windows, Windows 2.0 with some fixes and the Control Panel.

ရှောင်စေချင်သည် တညင်းသီး


အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်းပိုများတယ်လို.ဆိုပါတယ်။

ဗုဒ္ဓဘာသာဦးရေအများဆုံး ထိပ်တန်း (၁၀) နိုင်ငံ



၁ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ - ၂၇၇,၅၈၈,၈၉၆ သန်းရှိသည်။

၂ - ဂျပန်နိုင်ငံ - ၉၁,၀၀၀,၀၀၀ သန်းရှိသည်။

၃ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀ သန်းရှိသည်။

၎ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ သန်းရှိသည်။

၅ - ပြည်ထောင်စုသမ္မတမြန်မာနိုင်
ငံ - ၄၈,၀၁၉,၂၀၀ သန်းရှိသည်။
၆ - တိုင်ဝမ် - ၂၁,၅၃၀,၃၅၈ သန်းရှိသည် ။

၇- မြောက်ကိုးရီးယားနိုင်ငံ - ၁၇,၆၇၇,၆၄၆ သန်းရှိသည်။

၈- တောင်ကိုရီးယားနိုင်ငံ - ၁၈,၅၇၂,၅၀၀ (10,931,874 – 18,572,500 ) သန်းရှိသည်။

၉ - သီရီလင်္ကာနိုင်ငံ - ၁၆,၀၅၀,၄၈၄ သန်း ရှိသည်။

၁၀ - ကမ္ဘောဒီယားနိုင်ငံ - ၁၃,၉၃၈,၄၆၀သန်းရှိသည်။

( ဗုဒ္ဓသာသနာစတင်ခဲ့ရာ အိန္ဒိယနိုင်ငံသည်  ဗုဒ္ဓဘာသာဝင်ဦးရေ ၁၃,၂၇၄,၆၆၈ သန်း နိုင်ငံ လူဦးရေ၏ ၂% ရာခိုင်နှုန်းပြီး၊ ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေထိပ်ဆုံး နိုင်ငံများ တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နောက်အဆင့် ၁၁- တွင် သာရှိပါသည်။ )


ဗုဒ္ဓဘာသာလူငယ်များအသင်း

ကုလသမဂ္ဂ ပေါ်ပေါက်လာပုံအကြောင်း



ကမ္ဘာကုလသမဂ္ဂသည်  ဒုတိယကမ္ဘာစစ်အတွင်းတွင်ပေါ်ပေါက်ခဲ့သည်။  ဒုတိယကမ္ဘာစစ်ကြောင့် လူသန်းပေါင်း   များစွာသေဆုံး၊ဒါဏ်ရာရ၊ အိုးအိမ်များဆုံးရှုံးခဲ့ရသဖြင့် နောင်ဤသို့သော   စစ်ပွဲမျိုးထပ်မံ
မဖြစ်ပွားစေရန် လိုအပ်ကြောင်း စစ်အတွင်းလက်တွဲတိုက်ခိုက်ခဲ့ကြသော ကမ္ဘာ့ခေါင်းဆောင်များမှ ထင်မြင်ခံစားလာခဲ့ကြသည်။ထိုမှ စတင်၍ ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးပေါ်ပေါက်လာစေရန်အတွက် တဆင့်ပြီးတဆင့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

၁၉၄၁ ခုနှစ်သြဂုတ်လ (၁၄) ရက်နေ့တွင် အမေရိကန်သမ္မ တ ဖရင်ကလင်ရုစဗဲ့ နှင့် ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီတို့အတ္တလန္တိတ်သမုဒ္ဒရာ ပင်လယ်ပြင်တနေရာတွင် လျှို့ဝျက်တွေ့ဆုံခဲ့ကြပြီး ကမ္ဘာငြိမ်းချမ်းရေးစီမံချက်တရပ်ဖြစ်သော အတ္တလန္တိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြသည်။ ၄င်းနောက် ၁၉၄၂ ဇန်န၀ါရီ (၁) ရက်နေ့ဝါရှင်တန်မြို့တွင်(၂၆)နိုင်ငံမှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး ခဲ့ပြီးကုလသမဂ္ဂကြေငြာစာတမ်းကို လက်မှတ်ရေးထိုး၍ အတ္တလန္တိတ်စာချုပ်အားလက်ခံခဲ့ ကြသည်။

၁၉၄၃ ခုနှစ်အောက်တိုဘာလတွင် တရုတ်၊ဗြိတိန်၊ဆိုဗီယက်ပြည်ထောင်စု နှင့် အမေရိကန်ပြည်ထောင်စုတို့မှကိုယ်စားလှယ်များ မော်စကိုမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးစစ်ကြီးပြီးဆုံး
သည်နှင့် နိုင် ငံပေါင်းစုံပါဝင်သော အဖွဲ့ကြီးတရပ်ဖွဲ့ အစည်းကြီးတရပ်ဖွဲ့ စည်းရန်သဘော တူခဲ့ကြသည့် မော်စကို ကြေငြာချက်ကို  ထုတ်ပြန်ခဲ့ကြသည်။ ၁၉၄၄ နွေရာသီနှင့်ဆောင်ဦး ရာသီတွင် ၀ါရှင်တန်မြို့ ဒမ်ဘာတန်ခြံတွင် ကျင်းပခဲ့ သောမျက်နှာစုံညီ အစည်းအဝေးတရပ်တွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတခုအတွက် တိကျသော ပထမဆုံးစီမံချက် တရပ်ကိုရေးဆွဲခဲ့ကြပြီး ဒမ်ဘာတန်အုတ်ကွန်ဖရင့် ဟုခေါ်တွင်ခဲ့ကြသည်။

Thursday, August 16

A, B, AB , O သွေး ပိုင်ရှင်တို့အကြောင်း


သွေးအုပ်စု - O

၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။
၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။
၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။
၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။
၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။
အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။
ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။
အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။
အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။

လိုအပ်သော Driver ကို ရှာသော software


ဒီတခါတော့ မိမိ ကွန်ပျူတာမှာ လိုအပ်သော Driver များကို ရှာပြီး  auto ဒေါင်းလော့ချပေးသော ဆော့ဝဲလ် လေးတစ်ခုတင်ပေးလိုက်ပါတယ်။  Driver အစုံမရှိတဲ့သူများအတွက် အဆင်ပြေပါတယ်။ နက်ရှိဖို့တော့လိုတာပေါ့ဗျာ။ Crack ဖိုင်လေးပါ  ပါပါတယ်။ ဒီကောင်လေးကို  intall လုပ်ပြီးပြီဆိုရင် crack ဖိုင်လေးထဲက ကောင်လေးတွေကို copy ပေးပါ။ ပြီးတော့ C: partition ထဲက Driver Soft ဖိုင်ကိုရှာပြီးတော့ အဲဒီထဲမှာ copy and replace ပေးပါ ။ ဒါဆိုရင် key မတောင်းတော့ပါဘူး ။


 အသုံးလိုမည့်သူများ အောက်မှာ ဒေါင်းလိုက်ပါ။

To download >> Mediafire

အားလုံးကိုလေးစားလျက်...


Facebook မှာ Like များများလိုချင်တယ်ဆိုရင်


ဒီတခါတော့ Facebook သုံးတဲ့ ကိုကို မမ များ စိတ်ဝင်စားမယ်ထင်တယ်။  မိမိတင်လိုက်တဲ့ပုံဖြစ်ြဖစ် ၊Status ဖြစ်ဖြစ် Like တွေ အများကြီးလိုချင်တယ်ဆိုရင် လင့်ပေးပါ့မယ်။ သူက မိမိသူငယ်ချင်းတွေ လာ ပြီး Like လုပ်တာ မဟုတ်ပါဘူး။ တခြား အဲဒီဆိုဒ်လေးကို သုံးတဲ့အဖွဲ့ဝင်တွေ အချင်းချင်း ကို Auto Like ပေးတဲ့ နည်းစနစ်လေး ဖန်တီးထားတာပါ။  မိမိ Facebook ကို Auto Like လုပ်သလို တခြား သူတွေ Facebook ကိုလည်း မိမိက Auto Like ပြီး ဖြစ်ပါလိမ့်မယ် ။

ကဲ နမူနာ ကြည့် ကြည့်နော်.......။


ကြိုက်တယ်ဆိုရင် ဒီလင့်(http://powerlike.org) လေး ကိုအရင်သွားပါ။ ဒီလိုလေးတွေ့ပါလိမ့်မယ်။

Windows 8 iso ဖိုင် နဲ့ Virtual Clone Driver သုံးနည်း


ဒီနေ့တော့ windows 8 သုံးချင်သူများအတွက် ထပ်တင်ပေးလိုက်ပါတယ်။  တင်ပေးတယ်ဆိုတာ လင့်လေးတင်ပေးတာပါ။ ဒေါင်းလော့ချလို့ရမယ့် ဆိုဒ်လေးပါ။ 32 bit ရော 64 bit ရော ပါတယ် ။ Function ကတော့မစုံသေးဘူးပေါ့ဗျာ။ လာမယ့်အောက်တိုဘာလထဲမှာ တရားဝင် ထွက်လာမှာဖြစ်ပါတယ်။ အဲဒီအခါရောက်မှာသာ Full version ဖြစ်မှာပေါ့ဗျာ။  

Windows 8 iso >> Download

ကဲ နောက်တစ်ခုက မသိသေးသောသူများအတွက်ပါ။ Virtual Clone Driver ဆိုတာက Iso ဖိုင်တွေကို ဖြေဖို့အတွက်  ဆော့ဝဲလ်တစ်ခုပေါ့။ Winrar နဲ့ပုံစံဆင်ပါတယ်။ winrar ကလည်းချုပ်ထားတဲ့ဖိုင်ကိုဖြေတာ ၊ virtual clone လည်း iso ဖိုင်ကိုဖြေတာပါပဲ။စကားရှည်နေမိပြီ။ iso ဖိုင် မည့်သည့်အမျိုးအစားမဆို ဖြေလို့ရပါတယ်။

ဘယ်လိုသုံးရတာလဲဆိုရင် အဲဒီ  virtual clone လေး ဒေါင်းလော့ချပြီး install လုပ်ပါ ။ Desktop ပေါ်မှာ shortcut လေးပေါ်လာပါ့မယ့်။ အဲဒီကောင်ေးလကိုကလစ်ပေးပါ။ ပြီးရင်  Desktop ရဲ့ ဘယ်ဘက်ထောင့်ကိုသွားပါ။ Show hiden icons ဆိုတာလေးကို ကလစ်ပေးပါ။ အဲဒီထဲမှာ  CD ခွေပုံစံလေး တွေ့ပါလိမ့်မယ်။ အဲဒီကောင်လေးပေါ်ကို right click ထောက်ပါ။ Drive L ဆိုတာပေါ်လာပါ့မယ်။ အဲဒီ Drive L ပေါ်ကို mouse pointer  ရွေ့ပါ။  ပြီးရင် Mount ဆိုတာတွေ့ပါလိမ့်မယ် ကလစ်ပေးပါ။ အဲဒါဆိုရင် မိမိ ဖြေချင်သော Iso ဖိုင်ရှိတဲ့နေရာကိုသွားရွေးပြီး open ပေးလိုက်ပါ။ အဲဒါဆိုရင် Iso ဖိုင်ကနေ Data တွေအဖြစ်ပြောင်းသွားပါပြီ။  

Wednesday, August 15

Viber ကို PC ကနေ ခေါ်မယ်


အခုနောက်ပိုင်း ခေတ်စားနေတယ်နော် ။ ခေတ်နောက်ကျမကျန်ခဲ့လေအောင် သုံးကြစို့။ အဆင်ပြေတယ်ဗျာတကယ်။ ကျွန်တော် ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာလည်း သုံးလို့ရတယ်လို့ သူငယ်ချင်းကပြောပါတယ်။ 

ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။

Code:

ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်


Code:

ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....

bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။

ကိုဇော်ကြီး

အားလုံးကိုလေးစားလျက်...

CPU Thermometer


ကျွန်တော် ဒီတခါ ဆော့ဝဲလ်သေးသေးလေးတစ်ခုတင်ပေးလိုက်ပါတယ်။ ဘာအတွက်လဲဆိုရင် မိမိ ကွန်ပျူတာ အပူချိန်ကိုတိုင်းတာတဲ့ ဆော့ဝဲလ်လေးပါ။ ကွန်ပျူတာအပူချိန်တအားများရင် စက်လေးပါတယ်။  အဲဒီအခါသိနိုင်အောင်ပါ။  Program တွေအများကြီးဖွင့်ထားမယ်ဆိုရင် အပူချိန်တက်ပါတယ်။ တကယ်လို Program အများကြီးလဲ သုံးမထားဘဲ အပူချိန်များနေပြီဆိုရင် ကွန်ပျူတာ တစ်ခုခုဖြစ်ပြီဆိုတာ သိလို့ရနိုင်ပါတယ်။ အဲဒီတော့ ကွန်ပျူတာ ပျက်မသွားအောင် လိုအပ်တဲ့ပြင်ဆင်မှုလေးတွေလုပ်နိုင်တာပေါ့ဗျာ။ 
အသုံးလိုမည့်သူများအောက်မှာဒေါင်းလိုက်ပါ ။ 


To download >> Mediafire

အားလုံးကိုလေးစားလျက်...

ရောဂါကိုယ်တိုင်ကုသူ (Leonid Rogozov)


Leonid Rogozov



Leonid Rogozov သည် ရုရှားနိုင်ငံသား ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ ၁၉၃၄ ခုနှစ်၊ မတ်လ ၁၄ -ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၆၀-၁၉၆၁ ရုရှနိုင်ငံမှ သိပ္ပံပညာရှင်များနှင့်အတူ အတ္တလန္တိတ်တိုက်ရှိ သုတေသနစခန်းသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။
  အတ္တလန္တိတ်တိုက်ရှိ ရုရှားသုတေသနစခန်း Novolazare- vskaya Station တွင် တာဝန်ထမ်းဆောင်နေသော ကာလ ၁၉၆၁ မတ်လတွင်၊ အတ္တလန္တိတ်တွင် ဆောင်းရာသီဆီနှင်းများ ထူထပ်စွာကျဆင်းပြီး၊ ရာသီဥတု ဆိုးဝါးသောကြောင့် နိုင်ငံနှင့် အဆက်သွယ်ပြတ်သွားခဲ့သည်။  စုစုပေါင်း သုတေသနပညာရှင် ၁၂ - ဦးသည် ခက်ခဲပင်ပန်းစွာ ရပ်တည် ခဲ့ရသည်။ ဧပြီ လတွင် Leonid Rogozov သည် အူအတက်ရောင်ရမ်းခြင်းကြောင့် ၊ ဝေဒနာပြင်းစွာ ခံစားခဲ့ရသည်။ ဆရာဝန် တစ်ဦးတည်းရှိသောနေရာတွင် ဆရာဝန် ကိုယ်တိုင် အူအတက်ရောင်ခြင်း ဝေဒနာ ခံစားနေရသည်။ အူအတက်ရောင်သည်ဖြစ်ကြောင်း ကိုယ်တိုင် ရောဂါသတ်မှတ်ပြီး၊ ဧပြီ ၃၀ ရက် ၁၉၆၁ ခုနှစ်တွင် မိမိရောဂါ ဝေဒနာကို ကိုယ်တိုင်ခွဲစိတ်ကုသခဲ့သည် ခွဲစိတ်မှုကို ည ၁၀ နာရီတွင် စတင်ခဲ့သည်။ ကားမောင်းသမားနှင့် မိုးလေ၀သပညာရှင်တစ်ဦးတို့မှ အကူညီပေးသော ခွဲစိတ်ကုသမှုသည် ကမ္ဘာဆေးပညာသမိုင်းတွင်ခဲ့သည်။သူတို့သည် Rogozov ၏ ခွဲစိတ်မှု လွယ်ကူစေရန်အတွက် မှန်ထောင်ပြခြင်း၊ ခွဲစိတ်ကိရိယာများ ကူညီကမ်းပေးခြင်းများဖြင့် ကူညီကြသည်။  ခန္ဓာကိုယ်ကို အပြည့်မလှဲဘဲ အနည်းငယ် ဘယ်ဘက်သို့ စောင်း၍ Rogozov သည် ထုံဆေး 0.5% Novocaine ကို ၀မ်းဗိုက် ခွဲစိတ်ရန်အတွက် ထိုးလိုက်သည်။ ထို့နောက် အူအတက် နေရာအပေါ်တွင် ၁၀-၁၂ စင်တီမီတာ ခွဲစိတ်လိုက်သည်။ ထို့ နောက် အူ အတက်ကို တွေ့ရသည်။ ခွဲစိတ်မှု စတင်ပြီး မိနစ် ၄၀ ကြာသော အခါ တစ်ကိုယ်လုံး နွမ်းလျခြင်း၊ ပျို့အန်လိုခြင်း ဝေဒနာများကို ခံစားရသဖြင့် ခေတ္တနားပြီး၊ ဆက်လက် ခွဲစိတ်ခဲ့သည်။  သူနည်းနည်း နောက်ကျသွားသည်။ အချိန် အနည်းငယ်လေး နောက်ကျ သွားသော်လည်း၊ အသက်အန္တရာယ် ဖြစ်လောက်အောင် နောက်မကျပါ။ အူအတက် ပေါက်နေပြီဖြစ်သည်။ အပေါက်သည် 2x2 စင်တီမီတာ ရှိသည်။  သို့အတွက် ၀မ်းဗိုက်အတွင်း Antibiotics များနှင့် လျင်မြန်စွာ ဆေးကြောရသည်။ ညသန်းခေါင်အချိန်တွင် ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးခဲ့သည်။  ခွဲစိတ်ပြီး အားနည်း နာကျင်မှုများ ခံစားရသော်လည်း အူအ တက်ရောင်ခြင်း ဝေဒနာနှင့် အသက်အန္တရာယ်မှာ ကင်းဝေးသွားခဲ့သည်။  ၅ -ရက်ကြာ သောအခါ သက်သာခဲ့ပြီး၊ ၇ -ရက် အကြာတွင် ချုပ်ရိုးဖြည်ခဲ့သည်။ ပုံမှန် လုပ်ငန်းတာဝန်ကို နှစ်ပတ်အကြာတွင် ပြန်လည် ထမ်းဆောင်ခဲ့သည်။  ၁၉၆၂ တွင် Rogozov သည် ပါရဂူဘွဲ့အတွက် Leningrad သို့ ပြန်ရောက်ခဲ့သည်။ ၁၉၆၆ တွင် အစာမျိုပြွန် ကင်ဆာရောဂါ ဆိုင်ရာ ပါရဂူ ကျမ်း ပြုစုပြီး၊ ဆေးပညာ ပါရဂူဘွဲ့ ဆွတ်ခူးခဲ့သည်။ ဆေးရုံများစွာတို့တွင် ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ မှ ၂၀၀၀ ထိ Saint Petersburg Research Institute for Tubercular Pulmonology တွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။

General Knowledge  

Sunday, August 12

နင်ပြန်လာမယ့်အချိန်( Bunny Phyo)


ဒီတခါ သီချင်းအသစ်လေး တင်ပေးလိုက်ပါတယ်။ ဘန်နီဖြိုး သီချင်း ကြိုက်သူများအတွက်ပါ။  City FM 10 ထဲကလို့ပြောပါတယ်။ အဲဒီ album တော့ အင်တာနက်ပေါ်ရောက်မလာသေးပါဘူး ။ ဒီသီချင်းလေး တစ်ပုဒ်ပဲ ရှိပါသေးတယ်။ 



အားလုံးကိုလေးစားလျက်......

ဟာသပုံလေးများ



အပျင်းပြေ တင်ပေးလိုက်ပါတယ်။