Pages

Showing posts with label Game. Show all posts
Showing posts with label Game. Show all posts

Tuesday, October 9

Zuma revenge game for pc


ဒီတစ်ခါတော့ ဂိမ်းလေးတစ်ခုတင်ပေးလိုက်ပါတယ် ။  ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ဂိမ်းလေးပါပဲ။  ဗားရှင်းကတော့ မြင့်လာတာပေါ့ဗျာ။ ဆော့ရတာလဲ မိုက်တယ်။  အဟောင်းနဲ့တော့ မတူဘူး။ level မြင့်လာလေ ဆော့ရခက်လေပဲ။ ကျွန်တော်တော့ သဘောကျတယ်။ သူက ရောက်တဲ့နေရာမှာ save လုပ်ထားလို့လည်းရတယ်။  ကိုအောင်လေး ဘလော့ကနေ မ လာခြင်းဖြစ်ပါသည်။ လိုချင်တဲ့သူများ အောက်မှာ ဒေါင်းလိုက်ပါ။ ဖိုင်ဆိုဒ်က  96.5 MB ရှိပါတယ်။

တစ်လက်စတည်း ပြောလိုက်အုံးမယ် အခု လင့်နှစ်ခု တင်ပေးထားပါတယ်။ Mediafire နဲ့ Adrive ပါ။ အဲဒီဆိုက်နှစ်ခုမှာ upload တင်တဲ့အခါ Adrive မှာ upload တင်တာပိုမြန်ပါတယ်။ Mediafire က နည်းနည်း ကြာပါတယ်။  Blogger တွေအတွက်ပါ။


To download >> mediafire 

To download >> Adrive

အားလုံးကိုလေးစားလျက်....

Friday, September 28

Tekken 3 game for PC




ဒီတစ်ခါတော့ Fighter ဂိမ်းလေးတစ်ခုတင်ပေးလိုက်တယ်။ ငယ်ငယ်တုန်းကဆော့ခဲ့ ဘူးတဲ့ဂိမ်းလေးပါ။ အခုကွန်ပျူတာ (PC )မှာဆော့ချင်သူများအတွက်တင်ပေးလိုက်ပါတယ်။  ဖိုင်ဆိုဒ်က 33 MB ပဲရှိပါတယ်။  အသုံးပြုပုံကဒီလိုလေးပါ။ ပထမဆုံး ပေးထားတဲ့ဖိုင်လေးကို ဖြေလိုက်ပါ။  Folder ထဲမှာ အောက်ပုံစံလေးကိုအရင်ဆုံးကလစ်ပေးပါ။

ပြီးရင်အောက် ပုံစံလေးကိုထပ်ကစ်ပေးပါ။ 

ဒါဆိုရင်ဆော့လို့ရပါပြီ။ 

အကောင်ရွေးတာဘာညာက keyboard က v ကိုရွေးပါ။ အကောင်ရွေးပြီးရင် z ကိုနှိပ်ပါ။သိုင်းကွက်ကတော့ လျှောက်သာနှိပ်လိုက် ထွက်လာလိမ့်မယ်။

To download >> Adrive@


အဆင်ပြေပါစေ.....

အားလုံးကိုလေးစားလျက်......

Sunday, August 26

မိန်းကလေးများအတွက် အွန်လိုင်းဂိမ်းတစ်ခု


ဒီတစ်ခါ မိန်းကလေးများအတွက် အပျင်းပြေ အွန်လိုင်းဂိမ်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ တစ်ခါပဲ သုံးလို့ ကောင်းပါတယ်။  မိန်းကလေးအရုပ်လေးတစ်ရုပ်ကို မိမိစိတ်ကြိုက် အဝတ်လေးတွေ ဆင်ပေးတာ၊  မျက်မှန်လေးတွေ တပ်ပေးတဲ့ ဂိမ်းလေးပါ ။ အွန်လိုင်းမှာပဲ ဆော့လို့ရတဲ့ ဂိမ်းလေးပါ။ 



စိတ်ဝင်စားရင်  ဒီမှာ  သွားလိုက်နော်...:)

အားလုံးကိုလေးစားလျက်.....

Wednesday, May 16

သရဲအိမ်



သရဲအိမ်ဆိုပြီး လန့်မသွားနဲ့နော်။ အွန်လိုင်းမှာဆော့လို့ရမယ့် ဂိမ်းလေးတစ်ခုပါ။ Happy world တွေမှာတော့ ၀င်ဖူးကြမယ်ထင်ပါတယ် ။ အဲလိုပဲ အွန်လိုင်းမှာပဲ ၀င်ကြည့်ချင်တယ်ဆိုရင်တော့ အောက်က ပြထားတဲ့ လင့်လေးကိုကလစ်လိုက်ပါ။ ဇာတ်လမ်းသွားလေးက တစ်မိသားစုလုံး အသေဆိုးနဲ့ သေသွားတဲ့ အိမ်တစ်အိမ်ပေါ့။ အဲဒီမှာ ပစ္စည်းလေးတွေရှိတယ် ။ အဲဒီပစ္စည်းလေးတွေကို ကလစ်ပေးပြီး ဆော့ရတဲ့ ဂိမ်းတစ်မျိုးပေါ့။ တစ်ခုရှိတာက တစ်ခုက ကလစ်ပေးပြီးရင် နောက်ထပ် ထပ်ပြီး ကလစ်ပေးရပါတယ်။ ပစ္စည်းတစ်ခုကို ကလစ်လိုက်လို့ ဘာမှထူးခြားမလာဘူးဆိုရင်တော့ တွေ့တဲ့ ပစ္စည်းသာ လျောက်ကလစ်ကြည့်လိုက်။ တွေ့လာလိမ့်မယ်။  ဒါလေးက တစ်ခါသုံးဂိမ်းလေးဆိုလည်း မမှားပါဘူး။ တစ်ခါပဲ ကစားချင်စိတ်ရှိပါလိမ့်မယ်။ အခန်း ငါးခန်းပဲ ပါ ပါတယ်။ သိပ်အကြာကြီးလည်း မဟုတ်ဘူး။ လန့်တက်သူများ မကစားပါနဲ့နော်။






ဆော့ချင်တဲ့သူများ ဒီမှာ သွားကစားလိုက်နော်.။

ဒါလေးက အခုမှ ရှာတွေ့လို့  သုံးခုရှိတယ်။ ဒီမှာ သွားလိုက်နော်။ 

အဆင်ပြေကြပါစေ...

အားလုံးကိုလေးစားလျက်.....

Thursday, March 22

Angry Bird Game


ဒီတစ်ခါတော့  Game ဆော့ချင်သူများအတွက် Angry Bird Game လေးတင်ပေးလိုက်ပါတယ်။ ဒီဂိမ်းလေးက ဥာဏ်နည်းနည်းကစားတယ်ဗျ။ Physic အယူအဆလေးပါတာပေါ့ဗျာ။ ဒီကောင်လေး ကောင်းကောင်းဆော့တက်လို့ကတော့ အမြှောက်ပစ်လို့ရပြီနော်။ ကျွန်တော်ဆော့ကြည့်တာ် Level 10 နဲ့တစ်နေတာ။ ဆော့လို့ရသေးဘူး။ ပစ်ကြည့်ရင်း လက်အယူအဆလေးကို ချိန်ကြည့်လို့ရတယ်။ အပျင်းပြေ ကစားလို့ရတာပေါ့ဗျာ။ အွန်လိုင်းမှာ ကစားလို့ရအောင်ရော၊ PC ဂိမ်းအဖြစ်ပါဆော့ချင်သူများအတွက် နှစ်မျိုးလုံးတင်ပေးထားပါတယ်။


အွန်လိုင်းမှာ ဆော့လိုသူများ  ဒီလင့် မှာသွားဆော့ပါ။

မိမိကွန်ပျူတာမှာပဲ ဆော့ချင်သူများ ဒီမှာ ဒေါင်းလော့ချပါ။

အားလုံးကိုလေးစားလျက်.....

Tuesday, January 31

ဆိုင်ကယ် မောင်းချင်သူများအတွက်


ဆိုင်ကယ် မောင်းချင်တဲ့သူများ အတွက်ပါ။ ဂိမ်းလေးက နည်းနည်းတော့ ဆိုက်ကြီးတယ်ဗျာ။ သူက pc ဂိမ်းလေးပါ။  သူက မိမိဆော့ပြီးသွားလို့ရင် မိမိဆော့ခဲ့ တဲ့အအပိုင်းလေးကိုပြန်ကြည့်လို့ ရတယ် ။ သုံးပတ်မောင်းတယ်ဆိုရင် ကိုယ်ဘယ်လိုမောင်းခဲ့တာ ဘယ်နေရာမှာ လဲတာက အစ ပြန်ကြည့်လို့ရတယ် ။ပြန်ကြည့်တဲ့အခါ  TV ပေါ်မှာ ကြည့်နေရသလိုပဲ ကိုယ်ဆော့ထားတာကို ပြန်မြင်နေရတယ်။  ဆော့ချင်တဲ့သူများအောက်မှာ ဒေါင်းသွားလိုက်ပါနော်။
ဒေါင်းမယ်ဆိုရင် တော့ ကျွန်တော်ပေးထားတဲ့  ဖိုင်(၄)ဖိုင်လုံးကို folder တစ်ခုထဲမှာ ထည့်ပြီးတော့ ဖိုင်ကို ဖြေရပါ့မယ်။ ကျွန်တော်ဖိုင်ဆိုက်ကြီးလို့ ခွဲပြီးတော့တင်ပေးထားပါတယ်။ အဆင်ပြေပါစေ။


ဒေါင်းရန်


အားလုံးကိုလေးစားလျက်.....

Sunday, January 29

Transformer game




ကဲ ဒီတစ်ခါတော့ ဂိမ်းကစားချင်သူများအတွက်ပါ။ Transformer  game လေးပါ ။ စက်ရုပ်တွေသတ်ပုတ် တာ မိုက်တယ်ဗျာ။  ကျွန်တော်တော့ ဆော့ရင်းနဲ့ ဒုတိယခန်းကို အခုထိမအောင်သေးဘူး။ စိတ်ဝင်စားသူများ အောက်မှာဒေါင်းလိုက်ပါ။ ဖိုင်ဆိုက်ကတော့အကြီးကြီးပဲဗျာ ။ ကျွန်တော် upload တင်တာတောင် နှစ်နာရီလောက်ကြာမယ်။  ဒါပေ့မယ့်ဒေါင်းတာ အဲဒီလောက်မကြာပါဘူး။ ဒေါင်းရမှာက သုံးဖိုင်ပါ။ ဒေါင်းပြီးရင် ဖိုင်ဖြေတဲ့အခါမှာ ဒေါင်းပြီးသားသုံးဖိုင်လုံးကို တစ်ဖိုင်ထဲ စုထည့်ပါ။ပြီးမှ part 1 ကိုဖြေပေးရင်ရပါပြီ ။ ဒုတိယဒေါင်းလော့လင့်မှာ နှစ်ဖိုင်ပါ ပါတယ်ဗျာ။


အားလုံးကိုလေးစားလျက်....