Pages

Saturday, December 31

နှစ်သစ်ကို ကြိုဆိုပါတယ်


 သူငယ်ချင်း မိတ်ဆွေ ညီအစ်ကို မောင်နှမ အားလုံး နှစ်သစ်မှာ  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့  ဆုတောင်းမေတ္တာ  ပို့သလိုက်ပါသည်ခင်ဗျာ.....

Click photos



သံပုရာသီး အသုံးဝင်ပုံ


*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။


*နှုတ်ခမ်းကွဲခြင်း*


မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။


*ဆံပင်ကျွတ်ခြင်း*


အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။


*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*


ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။

တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*


ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။

ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။


*တံတောင်ဆစ်မည်းခြင်းအတွက်*


သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ

တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*


သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*


သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*


ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကို
လည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။ 

၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။
၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။
၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။
၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။
၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။
၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။
၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။
( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )
စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ၀စေသည်

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ။

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...


ဖေါ်စပ်နည်း


သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း


ညအိပ်ယာဝင်ခါနီးတိုင်း...
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်။

သရက်သီး အစွမ်း


အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့်သရက်သီး၏ အင်္ဂလိပ်အမည်မှာ Mangoဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Mangifera L ဟုခေါ်တွင်ပြီး မျိုးရင့် Anacardiaceae ထဲတွင်ပါဝင်ပါတယ်။သရက်သီးသည် အပူပိုင်းဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့်အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။ သရက်သီးသည် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့တွင်လည်း စိုက်ပျိုးကြပါတယ်။သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊အဆီ ၀ ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊  ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့အနည်းလို အာဟာဓာတ်များ ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။ သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမည် ဆိုပါက ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနိုင်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင့် သွေးအတွင်းရှိ ကိုလက်စထရော ကိုလည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။သရက်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ဗီတာမင်၊ သတ္တုဓါတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင် အင်ဇိုင်းများ ပါဝင်တဲ့အတွက် အစာအိမ်မှာ အစာချေဖျက်ခြင်းကို တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဆောင်ရွက်ပေးနေသည့်အတွက် အစာစားသုံး နေစဉ်နဲ့ အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။ သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန် တိုးလိုသူများ အတွက် အကောင်းဆုံးဖြစ်သလို သရက်သီးမှာ ဖိနိုလစ်ကွန် ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။သရက်သီးဟာ သံဓာတ်မြင့်မားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သွေးအားနည်းရောဂါ ဝေဒနာရှင်များအတွက် ကောင်းသလို အရေပြားဆဲလ်များမှာ ချေးများပိတ်ဆို့နေခြင်းကို သရက်သီးက အကောင်းမွန်ဆုံး ဖယ်ရှားပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာ ဗီတာမင်အီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါ အနံ့အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီးကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့တိုက်တွန်းလိုပါတယ်။ သရက်သီးဟာ အရသာ ကောင်းမွန်ရုံတင် မဟုတ်ပါဘူး ကျန်းမာရေးကို ကောင်းကျိုး ပြုနိုင်တဲ့ ဓါတ်တွေလည်း များစွာ ပါဝင် နေပါတယ်။ ဆဲလ်များကို ပျက်စီးစေပြီး ကင်ဆာ၊ အရွယ် မတိုင်မီ အိုမင်း ရင့်ရော်ခြင်းနဲ့ နှလုံး ရောဂါ စတဲ့ ကျန်းမာရေး ပြဿနာ တွေကို ဖြစ်ပွား လာစေနိုင်တဲ့ ဖရီး ရာဒီကယ် များကို ထိန်းထားပေး နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင် ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင် ပါတယ်။ မျက်နှာမှာ ချွေးပေါက် ပိတ်လို့ ဝက်ခြံတွေ ဖြစ်ပြီး စိတ်ပျက် မနေပါနဲ့။ သရက်သီးကို ခပ်ပါးပါး လေးလှီးပြီး မျက်နှာပေါ် ကပ်ထားပေးပါ။ ဆယ်မိနစ်လောက် ထားပြီး ရေဆေးလိုက်ပါ။ အစာမကြေ ဖြစ်နေရင်လည်း သရက်သီးလောက် ဘယ်အရာကမှ မထိရောက်ပါဘူး။ သရက်သီးမှာ ပရိုတင်းတွေကို ဖြိုခွင်းပြီး အစာခြေ ဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင် တာကြောင့် ဖြစ်ပါတယ်။ပိုတက်ဆီယမ်ဓါတ် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုး ရောဂါကိုလည်း သက်သာ စေပါတယ်။ သရက်သီးတွင် ပါဝင်သော အစာချေ လွယ်သော အမျှင်ဓါတ်ဟာ သွေးတွင်း ကိုလက်စထရော ကိုလည်း ကျဆင်း စေပါတယ်။ ကိုယ်အလေးချိန် တက်ချင် နေပါသလား။ နေ့စဉ် သရက်သီးစားပေးပါ။ သရက်သီးမှာ ကစီဓါတ်လို ကယ်လိုရီများစွာ ပါဝင်တာကြောင့် စားသင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သရက်သီး စားပေးခြင်းဟာ ကျောက်ကပ် ကျောက်တည်မှု အန္တရာယ်ကို လျှော့ကျ စေနိုင်တယ်လို့ လေ့လာမှု တချို့မှာ ဖော်ပြ ထားပါတယ်။ တရုတ်ဆေး ပညာ အရဆိုရင် သရက်သီးဟာ အချိုဓါတ်၊ အချဉ်ဓါတ်ကို ပေးစွမ်းနိုင်တဲ့ အအေးဓါတ် ရှိတဲ့ သစ်သီးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်း ရောဂါ၊ သွားဖုန်း သွေးယိုရောဂါ၊ ခေါင်းဆိုး၊ အဖျား တက်ခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ ပင်လယ် လှိုင်းမူးခြင်း စတဲ့ ဝေဒနာ တွေကို ပျောက်ကင်း စေနိုင်တယ် လို့ ဆိုပါတယ်။


Friday, December 30

ကွန်ပျူတာ connector အကြောင်း




အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..
PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..

PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..

USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..

Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..

Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..

LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..

VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်

Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..


                                                          Motherboard ပေါ်ရှိ Switch panel



Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..

H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..

POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..

POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိစ္စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်။
ကိုစံငြိမ်း

အိန္ဒိယမှခြေ ခြောက်ချောင်းနဲ့ ကလေးငယ်


ဦးနှောက်သွေးကြောပြတ်ရခြင်း အကြောင်းအရင်း


၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ်” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချစ်တဲ့ သူ့အဖိုး..သူ့ရှေ့မှာဦးနှောက်သွေးကြောပြတ်သွားတာကို
ကြုံခဲ့ရတယ်..။ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံ ကို မျက်စိထဲက မထွက်ခဲ့ဘူး..။ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။ မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။
တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။ မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးသူအများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်..လို့တွေ့ရမှာပါ.။ ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ”သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။ သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ..ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုးစေတယ်..။လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.။ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့...သူတင်ပြတယ်..။
ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့သြစရာကောင်းပါတယ်..။၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်..။
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ အများကြီးပါပဲ..။
မသိခင်ကတော့ ထားပါတော့....သိပြီးမှတော့ ကျမတို့တွေ ထိုင်ကမုတ်ခွက် ကိုပြောင်း မသုံးသင့်ဘူးလား..................။ 

ရေးသားသူ-မေ 

Thursday, December 29

Display driver stopped responding and has recovered error ဖြေရှင်းနည်း


ကျွန်တော်တို့ ကွန်ပျူတာတွေကို ဒီလို(Display driver stopped responding and has recovered  ) error လေးတက်တဲ့သူတွေအတွက်ပါ။ သူကညာဘက်ထောင့်နားလေးကနေ ခဏခဏပေါ်လာတာ။ ကျွန်တော်လည်းစတွေ့တုန်းက ဘာလုပ်ရမှန်းမသိတာနဲ့ Google မှာရှာလိုက်တာ ။ ဒီနည်းလေးတွေ့လို့ပါ။ အဆင်ပြေသွားတယ် ။ မသိသေးသောသူများအတွက်ပါ။ အဲဒီ error ကိုဖြေရှင်းဖို့ အရင်ဆုံး run ကနေ gpedit.msc  ဆိုတာကိုရိုက်ထည့်ပါ။ ပေါ်လာတဲ့ box မှာ Administrative Templates ကိုကလစ်ပေးပါ။  အဲဒီအောက်မှာ System ဆိုတာကိုကလစ်ပေးပါ။ System အောက်မှာ Power Management ကိုကလစ်ပေးပါ။ Power Management အောက်က Video and Display settings ကို ကလစ်ပေးပါ။ ပြီးရင် ညာဘက် box ထဲမှာ
Turn Off Display (Plugged on)ကို   double click ပေးပါ။  အဲဒီ box မှာ Enabled ကိုရွေးပါ။ အဲဒီမှာ ဆိုတာကို ပြောင်းပါ။ Apply and Ok ကို နှိပ်ပါ။ ပြီးရင် Turn Off Display(On Battery )  ကို double click ပေးပါ။ ပြီးရင် ခုနကလိုပဲ Enabled ရွေးပါ။  1 ကို  0 ပြောင်းပါ။  Apply and  Ok နှိပ်ပါ။ ပြီးပါပြီ။ restart  ချရင်ပိုကောင်းပါတယ်။ အဆင်ပြေပါစေ။

အားလုံးကိုလေးစားလျက်.....

ကောသလမင်း အိပ်မက် (၁၆) ချက်


၁။ နွားနောက်တို့သည် မင်းယင်ပြင်သို့ လာရောက်၍ ဝှေ့ကြမည်ဟုမာန်ဝင်ပြီး မဝှေ့ဘဲရှောင်ရှားသွားကြသည်။
" နောင်အခါ တရားမစောင့်သော သူတို့လက်ထက်၌ မိုးသည်ရွာမလိုလိုနှင့် လွင့်ပျောက်သွားလိမ့်မည်။ "

၂။ သစ်ပင်တို့သည် ငယ်စဉ်မှာပင် ဖူးကြ၊ သီးကြ ၊ပွင့်ကြသည်။
" သက်တန်းတိုသောကာလ၌ လူတို့သည် ရာဂလွန်ကဲခြင်းကြောင့် ငယ်စဉ်ကပင် အိမ်ထောင်သားမွေးပြု၍ နေထိုင်ကြလိမ့်မည်။ "

၃။ နွားမကြီးက နွားငယ်နို့ကိုစို့သည်။
" နောင်အခါ ကြီးသောသူတို့ကို အရိုအသေနည်းလာကြမည်ဖြစ်၍ အမိ၊အဖတို့သည် သားသမီးတို့ထံ စားသောက်ရန်အတွက် ခယတောင်းခံယူုရမည်။ "

၎။ ထမင်းအိုးတစ်လုံးထဲတွင် ထမင်းပျော့ခြင်း၊ မနပ်ခြင်း၊ ကောင်းစွာကျက်ခြင်းသုံးမျိုးဖြစ်လာသည်။
" နောင်အခါ လူတို့သည် တရားမစောင့်၍ မိုးများလွန်း၊ မိုးနည်းလွန်း၊ မိုးသင့်ရုံဟူ၍သုံးမျိုးရွာလိမ့်မည်။ "

၅။ ဗူးတောင်းတို့သည် ရေ၌နစ်သည်။
" တရားမစောင့်သော သူတို့လက်ထက်၌ သူတော်ကောင်းတို့၏ စကားကိုပယ်၍ သူယုတ်မာတို့၏ စကားကိုလက်ခံကြလိမ်မည်။ "

၆။ ခွန်အားကြီးသောနွားကြီးတို့ကိုမခိုင်းဘဲ နွားငယ်တို့ကို လှည်း၌ဝန်များစွာတင်၍ခိုင်းသည်။
" နောင်အခါ အရွယ်ကြီးသော ပညာရှိတို့ကို ဘေးဖယ်ထားပြီး ငယ်သောသူတို့ကို တရားဆုံးဖြတ်စေခြင်းဖြင့် လူတို့ဆုတ်ယုတ်လာလိမ့်မည်။ "

၇။ သူယုတ်မာတို့နေထိုင်သောရွာမှ ကျက်စားသောကျီးကို ရွှေဟသာင်္တို့ကခြံရံနေကြသည်။
" နောင်အခါ အမျိုးမြတ်သောသူတို့သည် ဆင်းရဲကုန်ကြသည်ဖြစ်၍ အသက်မွေးခြင်းငှာ အမျိုးယုတ်သော သူတို့ထံမှာ အောက်ကျို့ခယမှီခိုကြရလိမ့်မည်။ "

၈။ ဦးခေါင်းနှစ်လုံးပါရှိသော မြင်းသည် နှစ်ဖက်သောအစာကိုစားသည်။
" နောင်မခါ တရားမစောင့်ကာလတွင် လူတို့သည်တရားစီရင်ခြင်းကို နှစ်ဖက်သောသူတို့ထံမှ လာဘ်စား၍ဆုံးဖြတ်လိမ်မည်။ "

၉။ အနားကြည်၍ အလယ်နောက်သော ရေကန်ကြီး၏ကမ်းခြေမှာ ကျေးငှက်သတ္တဝါများနေထိုင်ကြသည်။
" နောင်အခါ လူတို့မှာ ခန္တီ၊ မေတ္တာ၊ ကရုဏာတရားများမရှိကြ၍ အခွန်အကောက်နှိပ်စက်လွန်းသောကြောင့်မြို့နေလူတို့သည် မြို့စွန်ရွာနားသို့ပြောင်းရွှေ့နေထိုင်ကြရမည်။ "

၁ဝ။ ကျောက်ဖျာကြီးသည် လှေကဲ့သို့ရေ၌ပေါ်သည်။
" နောင်အခါ ဆုတ်ယုတ်ကုန်သောကာလ၌ လူတို့သည် သီလနှင့်ပြည့်စုံသောရဟန်းသံဃာ သူတော်ကောင်းတို့၏ စကားကို နားမထောင်ဘဲရှောင်ခွါသွားကြလိမ့်မည်။ "

၁၁။ ဖားမငယ်သည် မြွေကြီးအားကိုက်ဖြတ်စားသောက်ဝါးမြိုသည်။
" နောင်အခါ ဆုတ်ယုတ်သောကာလဝယ် ရာဂလွန်ကဲ ကိလေသာအလိုလိုက်မိ၍ လင်ယောင်္ကျားတို့သည် ငယ်ရွယ်သောဇနီးမယားတို့ကို အလိုလိုက်ကြမည်။ ကျေးကျွန်ကဲ့သို့ သူတို့၏ ဆဲရေးပြောဆိုခြင်း ရန်ထောင်ခြင်းကိုလည်း ခံကြရမည်။ "

၁၂။ အရပ်လေးမျက်နှာမှ ရေသယ်လာသည့် လူအပေါင်းတို့သည် ရေမရှိသော အိုးငယ်တို့ကိုမဖြည့်ဘဲ ရေအပြည့်ရှိသောအိုးကြီးကိုသာ ရေများလောင်းထည့်ကြသည်။
" နောင်အခါ ဆုတ်ယုတ်သောကာလတွင် ဇနပုဒ်မှလူတို့သည် မိမိတို့၏ အကျိုးစီးပွါးကိုစွန့်၍ မင်း၏အကျိုးစီးပွါးကိုသာရွက်ဆောင်ကြရမည်ဟု ဘုရားရှင်ဟောကြားတော်မူလေသည်။ "

၁၃။ ဆာလောင်မွတ်သိပ်သော မြေခွေးမသည် ကြိုးကျစ်သော ယောင်္ကျား၏ ကြိုးကိုခိုးစားသည်။
" နောင်အခါ မိန်းမတို့သည် အသောက်အစား အပျော်အပါးများလာမည်။ လင်ယောင်္ကျားရှာဖွေအပ်သောဥစ္စာတို့ကို တခြားသောယောင်္ကျားနှင့်သုံးဖြုန်းကာ ကာမဂုဏ်အာရုံအလိုလိုက်မှားကြ၍ ဆင်းရဲစွာနေကြရမည်။ "

၁၄။ မြေခွေးထီးသည် လူအပေါင်းတို့က ကျင်ငယ်စွန့်ရန်ပေးထားသော အဖိုးတသိန်းထိုက်သည့် ရွှေခွက်မှာ ကျင်ငယ်စွန့်နေသည်။
" နောင်အခါ အမျိုးမြတ်သောသူတို့သည် ဆင်းရဲကြမည်။ အသက်မွေးမြူလွယ်ကူရန်အလို့ငှါ အမျိုးယုတ်သောသူတို့အား သမီးရတနာကိုလက်ထပ်ထိမ်းမြှားပေးအပ်ပြီး မှီခိုနေထိုင်ကြလိမ်မည်။ "

၁၅။ ဆိတ်တို့သည် သစ်တို့ကိုဖမ်းယူကိုက်ဖြတ်စားသောက်ကြသည်။
"  နောင်အခါ တရားမစောင့်သောကာလမှာ သူယုတ်မာတို့သည် သူတော်ကောင်းတို့ကို ဖမ်းဆီးချုပ်နှောင်နှိပ်စက်ပြီး လယ်၊ယာ၊မြေ၊ ပစ္စည်းဥစ္စာတို့ကို လယူသိမ်းပိုက်ကြလိမ့်မည်။ "

၁၆။ အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနှစ်ကို ရက်တက်ပုတ်ရည်ဖြင့်လဲ၍ ရောင်းစားသည်။
" နောင်အခါ သာသနာတော် ဆုတ်ယုတ်သောကာလမှာ အရှက်ကင်းမဲ့ သီလပျက်သူတို့သည် ဘုရားရှင်၏ နိမ္ဗာန်ရောက်ကြောင်း တရားတော်မြတ်ကို အသပြာရလိုမှုရှေ့ရူ၍ လူတို့အကြိုက်လိုက်ပြီးဟောကြားအလှူခံကြလိမ်မည့်။ "

မှတ်သားသင့်သောစကားများ


၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ။

၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ။

၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ

၎။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်။
 
၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှညည်တည်တဲ့မည် မဟုတ်။

၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့ မှောက်လဲကမသွားပါစေနဲ့။

၇။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးတွေထက် ပိုပြီး ကောင်းမွန်တယ်။

၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်နော်။

၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ်။ သူ့ရဲ့ ဂုဏ်သတ္တတွေကြောင့် တန်ဖိုးရှိတာပါ။

၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမဲ့ အချိန်ပေးရတယ်။

၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ။ ကိုယ်မတတ်နိုင်သေးရင်တော့ မနှောင့်ယှက်ပါနှင့်။

၁၂။ သူတစ်ပါးအပြစ်ကို များများရှာလေ ကိုယ့်ဘ၀မတိုးတက်လေပါပဲ။ ကိုယ့်အပြစ်ကိုရှာပါ။

၁၃။ ဘ၀တိုးတက်စေဖို့ အမြဲတက်ကြွနေပါ။ မင်းရဲက အောင်မြင်တိုးတက်မူအပေါ် ကြွတက်တာတော့ မဖြစ်စေနဲ့ပေါ့။
၁၄။ စကားသည် တကယ်တော့ မြားမဟုတ်ပေ…သို့သော် မြားထက်ပို၍ စူးပါသည်။

၁၅။ အရူံးထဲက ရလာတဲ့ အတွေ့အကြုံဆိုတာ အောင်ပွဲရှိရာ လမ်းညွှန်နေတဲ့ လမ်းပြကြယ်လေးပါ။
 
၁၆။ မျက်လုံးကန်းတာထက် အသိကန်းတာက ပိုဆိုးတယ်။

၁၇။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ သူတစ်ပါးကို အပြစ်မတင်လိုက်ပါနဲ့။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူလေ။
၁၈။ အတွေ့အကြံချင်းတူချင်တူမယ်၊ ဒါပေမဲ့ ခံယူချက် အမြင်ချင်းတော့ ကွဲပြားတတ်တယ်။

၁၉။ လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိဘဲ ဝေဖန်ပြောဆိုခြင်းဟာ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပါပဲ။

၂၀။ ထူးချွန်ပြီး ရိုးသားသူအတွက် နေရာတစ်နေရာ အမြဲရှိနေပါတယ်။

၂၁။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရရင်တောင် သူများဖြစ်ချင်တာကို ဖြည့်ဆည်းပေးနိုင်ရင် ကျေနပ်ဖို့ ကောင်းပါတယ်။
 
၂၂။ အပြစ်မြင်တတ်တဲ့စိတ်၊ သံသယစိတ်ရှိနေသရွေ့ ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး။

၂၃။ ထက်မြက်သွက်လက်တာနဲ့ လျှပ်ပေါ်လောလည်တာ တခြားစီပါနော်။

၂၄။ အမြင်မှားရင်တော့ အမှားမြင်တော့မှာပဲ။

၂၅။ သင့်ရဲ့စွမ်းအား အစွမ်းကုန် ထုတ်မသုံးသမျှ အကောင်းဆုံးကို သင်မရနိုင်။

၂၆။ အခြေအနေကို စောင့်ကြည့်တတ်ခြင်းဟာလည်း အောင်မြင်ဖို့အတွက် နည်းလမ်းတစ်လမ်းပါပဲ။

၂၇။ အတိတ်ကို မေ့ချင်မေ့ပါ။ ဘ၀ကိုတော့ မမေ့ပါနဲ့။

၂၈။ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်းဟာလည်း လူတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။

၂၉။ ဘယ်လောက်ပဲ အမှားကို ကျူးလွန်မိတဲ့သူဖြစ်ပါစေ၊ အမှားကို မှားမှန်းသိလို့ ပြန်တောင်းပန်ရင် ထိုသူကို ခွင့်လွှတ်ပေးနိုင်ရပါမယ်။

၃၀။ လောဘကို အတော်သတ်နိုင်မှ သောကဇာတ်သိမ်းမှာပေါ့။

၃၁။ လူတော်မဖြစ်ချင်နေ လူရှော်မဖြစ်ပါစေနဲ့။

၃၂။ အသေချာဆုံး ရင်းနှီးမြုပ်နှံမူဟာ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

၃၃။ ဤအလုပ်ကို သင်လုပ်ရမည်ဟု သိတာနှင့်တစ်ပြိုင်နက် ထလုပ်လိုက်ပါ။

၃၄။ စာဘူးတောင်ငှက်တွေတောင် ကိုယ်လိုချင်တဲ့ အသိုက်ကိုရအောင်ဆောက်နိုင်တယ်ဆိုရင် မိမိကကော ကိုယ်လိုချင်တဲ့ဘ၀ကို ဘာကြောင့် အတည်ဆောက်နိုင်ရမှာလဲ။

၃၅။ ဘယ်အတတ်ပညာမဆို တတ်သယောင်နဲ့ ဟန်တွေသုံးနေသမျှ ဉာဏ်တွေတုံးနေရမှာ သေချာတယ်။

၃၆။ သူများခိုင်းမှ လုပ်တာကျွန်၊ သခင်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ခိုင်း။

၃၇။ သည်းခံရခြင်းသည် ခါးသက်၏။ သို့သော် ၎င်း၏အသီးအပွင့်များက ချိုမြိန်လှ၏။

၃၈။ စိတ်လှရင် ရုပ်လှတာထက် တန်ဖိုးရှိပါတယ်။

Forward mail မှ 
အားလုံးကိုလေးစားလျက်.....

Wednesday, December 28

Firewall အကြောင်း


သင်ဟာ အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုသော ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်တာကြာပြီဆို လျှင် firewall ဆိုသော အသုံးအနှုန်းကို ကြားဖူးပြီးဖြစ်ပါလိမ့်မယ်။ ဥပမာဆိုရလျှင် သင့်ကုမ္ပဏီ ကလူတွေက “ငါဒီ site ကို သုံးချင်တာ firewall ကိုဖြတ်ခွင့်မပြုဘူးဖြစ်နေတယ်” ဆိုသော ပြောသံများကို သင်မကြာခဏ ကြားဖူးမယ်လို့ ထင်ပါတယ်။ သင့်အိမ်တွင် ချိတ်ဆက် ထားသော အင်တာနက်ဆက်သွယ်မှုဟာ မြန်ဆန်မယ်ဆိုရင် firewall အကြောင်းကို သင်ကိုယ် တိုင် ရှာဖွေလေ့လာလို့ရပါတယ်။ သေးငယ်တဲ့ အိမ်သုံးကွန်ယက်လုံခြုံရေးဟာ ကြီးမားတဲ့ ကွန်ယက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအယူအဆတွေနဲ့အတူ တူပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ သင့်အိမ်သုံးကွန်ယက်ကိုလည်း hackerတွေ ရဲ့ရန်၊ ဒါမှမဟုတ် websiteတွေရဲ့တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် firewall ကိုသုံးသင့်ပါတယ်။
တကယ်တော့ firewall ဆိုတာ software ပရိုဂရမ် တစ်ခု (သို့) hardware အစိတ်အပိုင်း တစ်ခုပါ။ သူဟာ အင်တာနက်မှတဆင့် သင့်ကွန်ပျူတာသို့ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ hackerတွေ၊ virus တွေနှင့် wormတွေကိုမ၀င်ရောက်နိုင်အောင် တားဆီးပေးပါတယ်။
၁။ သင့်အိမ်မှာ ကွန်ပျူတာ၁လုံးရှိမယ်ဆိုရင် ပထမအရေးကြီးဆုံးအချက်အနေနဲ့ သင့်ကွန်ပျူတာ မှာ firewall ကို “on” ထားသင့်ပါတယ်။
၂။ Windows 7, Windows Vista, Windows XP SP2 နှင့် နောက်ပိုင်းပိုမြင့်တဲ့ Operating System တွေမှာတော့ firewall ကို “on” ပေးပြီးသားဖြစ်ပါတယ်။
၃။ သင့်အိမ်မှာ ကွန်ပျူတာ၁လုံးထက်ပိုပြီး ချိတ်ဆက်ထားမယ်ဆိုရင်တော့ ကွန်ပျူတာ၁လုံး ချင်းစီကို လုံခြုံအောင်ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ သင်ဟာသင်၏ ကွန်ယက်ကိုကာကွယ်ဖို့ router ကဲ့သို့သော hardware firewall နှင့် ကွန်ယက်အတွင်း virus ပျံ့နှင့်မှုမှကာကွယ်ရန် software firewall တို့ကို သုံးသင့်ပါတယ်။ ဒါမှ သင့်ကွန်ယက်အတွင်းရှိ ကွန်ပျူတာ၁လုံးစီရဲ့ လုံခြုံမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Firewall ၏ မူလ အဓိပ္ပာယ်ကို ပြောရမယ်ဆိုရင် ပျံ့နှံ့နေတဲ့ မီးတောက်၁ခုကို တားဆီးခြင်းပဲ ဖြစ်ပါတယ်။ အခု IT ခေတ်ကြီးမှာဆိုရင်တော့ firewall ကို network device ၁ခုအနေနဲ့ ခေါ်ဝေါ်ကြပြီး network ၁ခုသို့ဝင်ရောက်သည့် အတားအဆီး အနှောင့်အယှက်မှန် သမျှကို ပိတ်ဆို့တားဆီးပေးသောအရာ ဟုခေါ်ဆိုကြပါတယ်။ ယေဘုယျအားဖြင့်ဆိုရလျှင် firewall security ဆိုတာ ကွန်ပျူတာသို့ ၀င်ရောက်လာနိုင်သည့် attack တွေကို ကြိုးစားပိတ်ဆို့ပေးခြင်းဖြစ်ပါတယ်။
Firewall တွေမှာ Packet filtering firewall, Stateful firewall, Deep packet inspection firewall, Application-aware firewall, Application proxy firewall ဆိုပြီးရှိကြတယ်။ Packet filtering firewall ဆိုတာကတော့ပြောရမယ်ဆိုရင် သူက IP protocol, IP address နှင့် port number တွေကို အခြေခံပြီးတားဆီးပိတ်ဆို့ပေးတယ်။
Stateful firewall ဟာ Packet filtering firewall နဲ့လုပ်ဆောင်ပုံချင်း တူညီတယ်။ ဒါပင်မဲ့ သူရဲ့ပိုကောင်းတဲ့အချက်ကတော့ ကွန်ယက် အတွင်းမှာရှိတဲ့ ခွင့်ပြုထားတဲ့ packetတွေမှသာ ကွန်ယက်ရဲ့အပြင်သို့ထွက်ခွင့်ရမယ်။ Deep packet inspection firewall ကတော့ packet ထဲမှာရှိတဲ့ data တွေကို သေချာစစ်ဆေး ၍ application layer ကနေ attack တွေကိုကြည့်နိုင်တယ်။
Application-aware firewall ဟာ အမှန်တကယ် attack ဖြစ်ကြောင်းကို တိကျတဲ့ rule တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြပေးတယ်။ Application proxy firewall ကတော့ protocol တွေကိုသေချာစစ်ဆေးပြီး တရားမ၀င်တဲ့protocol တွေကို တားဆီးပိတ်ဆို့ပေး ပါတယ်။ ဒါကြောင့် သင်တို့ဟာ သင်တို့၏ လုပ်ငန်းတွေမှာ ကွန်ယက်နှင့် ချိတ်ဆက်နေသမျှ ကာလပတ်လုံး Firewall လုံခြုံရေးအကြောင်းကို အမြဲမပြတ် ရှာဖွေလေ့လာ နေသင့်ကြောင်း အကြံပေးချင်ပါတယ်။

စကားကြီး ဆယ်မျိုး

 
 
မြန်မာမှု နယ်ပယ်တွင် စကားအရာ၌ ကျွမ်းကျင်လိမ္မာ၍ ထိရောက်မှု ရှိစေရန် စကားပြောနည်း ဆယ်မျိုး သတ်မှတ်ထား၏။ ထိုဆယ်မျိုးမှာ -

"ရေကူးညာတင် ၊ ကောက်ပင်ရိတ်လှီး ၊ ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခတ် ၊ ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရှောင် ၊ တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ခရား ၊ ရေသွားသည့်သွင် ၊ ခတ်တင်မောင်းနင်း ၊ ဆိုခြင်းစကား ဤဆယ်ပါး" ဟု၍ ဖြစ်ပေသည်။

ရေကူးညာတင် ပြောနည်း

မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည့်အခါ မြစ်ညာဘက်မှ စ၍ ကူးမှသာ လိုရာသို့ ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောနည်းကို ဆိုလိုသည်။

ကောက်ပင်ရိတ်လှီး ပြောနည်း

စပါးရိတ်သည့်အခါ တစ်နိုင်စာ ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးမှ အခြားတစ်ဖက်က တံစဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသလို စကားပြောသည့်အခါလည်း တစ်ဖက်လူ၏စကား သိမ်းကြုံး ဖမ်းယူပြီးမှ အခြေအမြစ်ကို ကိုင်၍ ပြောနည်းသည် ကောက်ပင်ရိတ်လှီး ပြောနည်း ဖြစ်သည်။

ရေစီးဖောင်ဆန်ပြောနည်း

အညာဆန်ဖောင်ကြီးသည် လိုအပ်သမျှကို တင်ဆောင်၍ ဖြည်းညင်းစွာ ဆန်တက်သဖြင့် လိုရာခရီးကို ရောက်သလို စကားအရာတွင်လည်း ဥပမာ ၊ ဥပမေယျတို့ဖြင့် ဖြည်းညင်းစွာ လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။
အိုးတန်ဆန်ခတ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန် တန်ရုံ အနေတော်ထည့် ချက်မှ နူးနပ်စွာ စားသုံးရသလို စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။

ဆီပွတ်ကျည်ပွေ့ ပြောနည်း

ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ် ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား အောင်မြင်အောင် အထပ်ထပ်ပြောခြင်းမျိုးကို ခေါ်သည်။

ဆင်ဝှေ့ရန်ရှောင် ပြောနည်း

ဆင်အလိုက်ခံရသည့်အခါ လွတ်ရာရှောင်ပြေးလျှင် ဆင်ဝှေ့မည့် ရန်မှ လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်မည့် စကားကို ရှောင်လွှဲ ပြောဆိုခြင်း ဖြစ်သည်။

တောင်သူ ယာခုတ် ပြောနည်း

တောင်သူတို့သည် တောင်ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံကလေးများကို အရင်ရှင်းပြီးမှ သစ်ပင်ကြီးများကို ရှင်းသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာ ပြောပြီးမှ စကားကြီးများ ပြောခြင်းဖြင့် အနိုင်ယူသောနည်း ဖြစ်သည်။

ကြက်ဆုတ်ခွပ်ပစ် ပြောနည်း

ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ တကယ်ခွပ်သလို စကားအရာတွင်လည်း သူ့အလိုကို ဦးစွာလိုက်၍ ပြောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းဖြစ်သည်။

ရေစစ်ကရားပြောနည်း

ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့်ပိတ်၍ ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဘက်လူ၏ စကား ပိတ်မိအောင် ဖိ၍ ပြောခြင်းကို ခေါ်သည်။

ခက်တင်မောင်းနင်း ပြောည်း

သူ့စကားကို ဟုတ်၏လည်း မဆို ၊ မဟုတ်ဟုလည်း မငြင်းပဲ မတင်မကျ ပြောသော စကားကို ခေါ်သည်။

စကားအင်္ဂါ (၁၀)ပါး

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေးကျင့် ပေးသင့်ကြရပါမည်. . . .

အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
မှန်သောစကားကိုသာ ပြောဆိုခြင်း။
အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

ဒေါက်တာမတင်ဝင်း

ဂျော့ခ်ျ ၀ါရှင်တန်


ဂျော့ခ်ျ ၀ါရှင်တန်(George Washignton)(၁၇၃၂-၁၇၉၉) အားဗာဂျီးနီးယားပြည်နယ်၊၀ိတ်ခ်ဖီးလ် တွင် ချမ်းသာသည့်မြေပိုင်ရှင် မိသာစုမှ မွေးဖွားသည်။အသက် ၂၀တွင် အမွေအများအပြားရသဖြင့် ငယ်ငယ်နှင့် သူကြွယ်ဖြစ်လာသည်။
၁၇၅၃ မှ ၅၈ထိ ပြင်သစ်-အင်ဒီးယန်း စစ်ပွဲများတွင် လိုက်ပါ စစ်မှုထမ်းဖူးပြီး တိုက်ခိုက်ရေးဖက်တွင် နာမည်ရခဲ့သည်။ စစ်မှ နုတ်ထွက်ပြီး ဇာတိသို့ ပြန်လာကာ ကလေး ၂ ယောက်မိခင် ချမ်းသာသော မုဆိုးမနှင့် အိမ်ထောင်ပြုသည်။သို့သော် သားသမီးမထွန်းကာပေ။၁၅နှစ်တိုင်တိုင် မိမိပိုင်စိုက်ခင်းတွင် နေထိုင်လုပ်ကိုင်ခဲ့သည်။

၁၇၇၄ ဗာဂျီးနီးယားပြည်နယ်တွင် ပထမအကြိမ်ကွန်တီနယ်တယ်ကွန်ဂရတ် တွင်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်တက်ရောက်သည်။သို့သော် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် လှုံဆော်ကြိုးပမ်းသူများထဲတွင် မပါဝင်ပေ။သို့သော် ၁၇၇၅ ဇွန်လဒုတိယအကြိမ်ကွန်တီနယ်တယ်ကွန်ဂရတ်တွင် အမေရိကန်လွတ်မြှောက်ရေး အတွက် စစ်ဦးစီးချုပ်အဖြစ် အများသဘောတူ(ကန့်ကွက်သူမရှိ)ခန့်အပ်ကြသည်။ တည်ကြည်သောဥပဓိ၊အကျင်းစာရိတ္တ၊ထူးချွန်သည့် အုပ်ချုပ်ရေးနှင့် စစ်ရေး တို့ကြောင့် ၄င်းအားအများက ကိုးစားကြခြင်းဖြစ်သည်။ စစ်အတွင်းကာလများတွင် လစာမယူပဲ တာဝန်ထမ်းဆောင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုအတွက် ၀ါရှင်တန်၏ စွမ်းဆောင်ချက်များကိုကြည့်လျှင်

လွတ်လပ်ရေးစစ်ပွဲတွင် အောင်မြင်သည့် စစ်ခေါင်းဆောင်ဖြစ်သည်။အလွန်တော်သည်ဟု မဆိုနိုင်သော်လည်း သူနှင့်ရင်ဆိုင်တိုက်သည့် ရန်သူအင်္ဂလိပ်ဗိုလ်ချုပ်တို့ ညံ့ဖျင်းမှုများကို ကောင်းစွာအသုံးချနိုင်သည့်အတွက်ဖြစ်သည်။ မိမိဖက်မှ အထိမနာရအောင် ထိန်းသိမ်းစွမ်းဆောင်နိုင်သည်။ ထို့ပြင် မြင်းစီးကောင်းသည့် မြင်းသည်ကျော် တစ်ဦးလည်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အထွေအထူးအကြံဥာဏ်ထုတ်သည်မရှိပေ။သို့သော် ဖွဲ့စည်းပုံရေးဆွဲစဉ်အတွင်း အငြင်းပွားမှုများအကြား သူ၏ကြီးမားသည့် ဂုဏ်ရှိန်ကြောင့် သူထောက်ခံလျှင် ကန့်ကွက်သူနည်းရသည်ဟုဆိုနိုင်သည်။
အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတအဖြစ် သူကဲ့သို့ အကျင့်စာရိတ္တ၊အတွေးအခေါ်၊အုပ်ချုပ်ရေး ဘက်စုံကောင်းသူတင်မြှောက်နိုင်သည်မှာလည်း အလွန်အကျိုးများသည်ဟုဆိုနိုင်သည်။ နိုင်ငံအများစုတွင် ထိုကဲ့သို့ ရာထူးနေရာမျိုးတွင် အရွေးခံရသူအများစုမှာ အဖျားရှုးသွားလေ့ရှိသဖြင့် ၀ါရှင်တန်မှာ အလွန်သင့်တော်မြတ်သည့် ခေါင်းဆောင်ဖြစ်သည်ဟုဆိုရမည်။ မူလချမှတ်ထားသည့် အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း နှင့် ဖွဲ့စည်းပုံအခြေခံပါ အနှစ်သာရများမပျက် အုပ်ချုပ်နိုင်ခဲ့သည်။ လက်ရအာဏာကို တည်ငြိမ်စွာ လက်လွှဲသည့် အစဉ်အလာကို ဖော်ဆောင်ပေးခဲ့သည်။
ထို့ပြင် သမ္မတသက်တမ်း နှစ်ကြိမ်သာထမ်းဆောင်ခြင်းဖြင့် အစဉ်အလာကောင်းကို စတင်သူလည်းဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သမ္မတအဖြစ် အကြိမ်အရေအတွက် ကန့်သက်မဲ့ ထမ်းဆောင်နိုင်သော်လည်း၊ တစ်ဦးတစ်ယောက်မှ အာဏာထူထောင်ပြီး အာဏာရှင်ဆန်သည့် အုပ်ချုပ်ရေးဖြစ်မည်ကို တွေးဆကာ ရာထူးသက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

အခြားသော အမေရိကန်ခေါင်းဆောင်များဖြစ်ကြသည့် ဂျွန် အဒမ်၊ဂျိမ်း မဒီဆင်၊သောမက် ဂျက်ဖာဆင်၊ဘင်ဂျမင် ဖရမ်ကလင် တို့ကဲ့သို့ အတွေးအခေါ်၊ ထိုးထွင်းဥာဏ် ကောင်းလွန်းသူမဟုတ်သော်ငြား စစ်အတွင်း၊စစ်လွန် ကာလများတွင် စံပြအဖြစ်အများကို သြဇာလွှမ်းမိုးပြီး ထိန်းသိမ်းနိုင်သူဖြစ်သည်ကိုမူမငြင်းသာပေ။

သမ္မတရာထူးလက်ခံရန်အတွက် မောင့်ဗာနွန်မှ နယူးယောက်ခ်မြို့တော်သို့သွားခဲ့သည့် အချိန်က ခံစားချက်ကို “လူသတ်ကုန်းအပို့ခံနေရတဲ့ တရာခံနှင့်တူသည်။” ဟုနောင်တွင်ဖော်ပြခဲ့သည်။ (ထိုစဉ်က ၀ါရှင်တန် ဒီစီ မြို့တော်မတည်ရသေးပါ၊ နယူယောက်ခ်ကို မြို့တော်အဖြစ် သတ်မှတ်သည်။)သူ့လက်ထက်တွင် အမေရိကန်သည် သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံသစ်ဖြစ်လာသော်လည်း ပဒေသရာဇ်ဟန်ပန် မကုန်တတ်သေးပေ။ အင်္ဂလန်ပြည့်ရှင် ဂျော့ခ်ျထက် အမေရိကန်ပြည့်ရှင် ဂျော့ခ်ျက ရှေ့ဝင်းနောက်ဝင်းပိုမိုခင်းကျင်းသည်ဟုပင် ပြောစမှတ်ရှိခဲ့သည်။ ထို့ပြင် အာဏာရှင်ကြီး၊ ဘုရင်ကြီးဟုပင် သတင်းစာများ၊ စာပေများက ရေးသားခဲ့ကြသည်။ သို့သော် စာရိတ္တနှင့် စိတ်ဓါတ်ခိုင်မာသူ ဂျော့ခ်ျဝါရှင်တန်အတွက်မူ တိုင်းပြည်အာဏာသည် မက်မောဖွယ်မဟုတ်ခဲ့ပေ။


ရင်ဆိုင်ရသည့် အခက်အခဲများ

သမ္မတအဖြစ်သို့ရောက်သောအခါ ၀ါရှင်တန်အနေဖြင့် ပြဿနာကြီး နှစ်ရပ်ဖြင့် ရင်ဆိုင်ရပြီး နောက်ပိုင်းတွင် နောက်ထပ်ပြဿနာတစ်ရပ်ဖြင့် ထပ်မံကြုံတွေ့ခဲ့ရသည်။

ပထမအခက်အခဲမှာ သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပြဌာန်းနိုင်ရန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည့်အာဏာဆိုသည်မှာလည်း စီမံခန့်ခွဲရေးအာဏာဟုသာဆိုထားပြီး အုပ်ချုပ်ရေးနှင့် နိုင်ငံခြားရေးတာဝန်များကို လွှတ်တော်၏ထောက်ခံမှုဖြင့်ဆောင်ရွက်နိုင်သည် ဟုသာ အကြမ်းဖျဉ်းအားဖြင့် ဖော်ပြထားသည်။ ထို့ကြောင့် မည်သည့်အကြောင်းကိစ္စမဆို လွှတ်တော်၏ ထောက်ခံမှုရရှိရန် မဖြစ်မနေတင်ပြရမည့် သဘောဆောင်နေသည်။ အစပိုင်းတွင် အထက်ပါအတိုင်း ဆောင်ရွက်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သည်းမခံနိုင်တော့သဖြင့် (ရှားရှားပါးပါး) ဒေါသပေါက်ကွဲကာ လွှတ်တော်တွင်းမှ ထွက်ခွာခဲ့သည့်နောက်တွင် ထိုအစဉ်အလာချုပ်ငြိမ်းခဲ့သည်။
ဒုတိယပြဿနာမှာ ငွေကြေးနှင့် ဘဏ္ဍာရေးဖြစ်သည်။ တော်လှန်ရေးစစ်ပွဲကာလတွင်းက ငွေကြေးလိုအပ်ချက်များကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းကာ ငွေကြေးတန်ဖိုးလည်း အလွန်မှနှိမ့်ပါးနေခဲ့ရသည်။ အစိုးရငွေတိုက်စာချုပ်(ဘွန်း)များ၏ တန်ဖိုးမှာ ဥရောပတန်ဖိုး၏ အဆ၄၀မျှ တန်ဖိုးလျော့နည်းနေသည်။ စစ်ဗိုလ်ချုပ်သာဖြစ်၍ ဘဏ္ဍာရေးပိုင်းကို အားမသာသည့် ၀ါရှင်တန်သည် အသက်ငယ်ရွယ်ပြီး လုပ်ရဲကိုင်ရဲရှိသည့် ဗိုလ်မှုးအလက်ဇန္ဒားဟာလ်မီတန်အား ဗဟိုဘဏ် ဥက္ကဌအဖြစ် ခန့်အပ်ကာ စီမံဆောင်ရွက်စေသဖြင့် သမ္မတသက်တမ်းနှစ်ဆက်အပြီး ရာထူးမှ အနားယူချိန်တွင် အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များမှာများစွာတန်ဖိုးတက်လာပြီး၊ ငွေကြေးဖောင်းပွနှုန်းလည်း ကျဆင်းခဲ့သည်။ အစပိုင်းတွင် ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် အခွန်အတုပ်များတိုးမြင့်ခဲ့ရာ နေရာအတော်များများတွင် ဆူပူပုန်ကန်မှုများဖြစ်ခဲ့ရသည့်အတွက် စစ်တပ်ဖြင့်ပင်နှိမ်နှင်းခဲ့ရသည်။
သမ္မတသက်တမ်းနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံတွင် အပြောင်းအလဲကြီးမားစွာဖြစ်လာခဲ့သည်။ ၀ါရှင်တန်၏ မိတ်ဆွေကြီး လာဖာရက် ပြည်ပြေးဘ၀ရောက်ပြီး၊ စာတမ်းရှင် တွမ်ပိန်း (သောမက် ပိန်း) လည်းအချုပ်ကျသည်။ သို့ဖြင့် မိတ်ဖက် ပြင်သစ်အရေးတွင် အကူအညီပေးရေးအတွက် သောမက် ဂျက်ဖာဆင်ကတစ်ဖက်၊ အင်္ဂလန်နှင့် စီးပွားလမ်းသင့်နေသည်ကို မပျက်ဆီးစေလိုသည့် အလက်ဇန္ဒားဟာလ်မီတန် ကတစ်ဖက် အငြင်းပွားလာသည်။ (ပြင်သစ်တော်လှန်ရေးတွင် အင်္ဂလန်မှပါဝင်ပက်သက်ခဲ့သည်။) သို့သော် ၀ါရှင်တန်အနေဖြင့် မည်သည့်ဖက်မှ မယိမ်းယိုင်စေပဲ မျှတစွာဆက်ဆံနိုင်ခဲ့သည်။ မကျေနပ်သည့် အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်က ဆူပူနှောင့်ယှက်သဖြင့် သံအမတ်အဖြစ်မှ ရုတ်သိမ်းရန် တောင်းဆိုရသည်။ သို့ဖြင့် ရာထူးမှ အနားယူချိန်တွင် မိန့်ကြားခဲ့သည့် နောက်ဆုံ နှုတ်ဆက်စကားပါ “တစ်ချိန်မှာတော့ အမေရိကားဟာ စစ်နဲ့ ငြိမ်းချမ်းရေး ကိုကြိုက်ရာရွေးနိုင်တဲ့ ပြည်သူတွေ ဦးဆောင်တဲ့နိုင်ငံ ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာတော့ စိတ်ရှည်လက်ရှည် စောင့်ကြပါစို့။” ဆိုသည့်အတိုင်း သူဦးဆောင်ရသည့် နုနုနုယ်နုယ်တိုင်းပြည်သစ်လေးကို မဆုံးနိုင်သည့် စစ်ပွဲများဆီသို့သွားရာလမ်းမှ လွှဲဖယ်စေနိုင်ခဲ့သည်။

ရာထူးမှ အနားယူပြီးနောက် ဂျော့ခ်ျ ၀ါရှင်တန်သည် အောင်မြင်သည့် လူချမ်းသာလယ်ပိုင်ရှင်ကြီးအဖြစ် ဇာတိရပ်ရွာတွင် ငြိမ်းချမ်းစွာနေထိုင်ပြီး ၁၇၉၉ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။


မြန်မာ့လူငယ်

ချားလ်စ်ဒါဝင်


ချားလ်စ်ဒါဝင်(Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ(Evolution Theory)နှင့် ပတ်သက်ပြီး ကျော်ဇောထင်ရှားသူဖြစ်သည်။ ၁၈၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်၊ အင်္ဂလန်နိုင်ငံ ရှရူဘူရီ(shrewsbury) တွင်ဖွားမြင်သည်။
အသက်၁၆နှစ်တွင် အီဒင်ဘတ်တက္ကသိုလ် (Edinburg)တွင် ဆေးပညာကို စတင်သင်ယူသည်။ သို့သော် ဆေးပညာနှင့် ခန္ဒာဗေဒ(Anatomy)တွင် စိတ်ပါဝင်စားမှုသိပ်မရှိသဖြင့် ကိန်းဘရစ်ခ်ျတက္ကသိုလ် (Cambridge)သို့ ပြောင်းရွေ့ပြီး ကျမ်းစာသင်ယူသည်။ သို့သော် များစွာအားစိုက်သင်ယူသည် မရှိပဲ မြင်းစီး၊ အမဲလိုက် စသည့် အပျော်အပါးများဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်ဟု ဆိုသည်။ ထို့အတွက် ဖခင်ဖြစ်သူနှင့် မကြာခဏပင် အခြေတင်စကားများ ကြသည်။ နောက်မကြာမှီ ဆရာတစ်ဦးအား အပိုင်စည်းရုံးပြီး မိမိအား သဘာဝပညာရှင် (Nuturalist)အဖြစ် ထောက်ခံချက်ပေးစေသည်။ ထိုထောက်ခံချက်ကို အသုံးပြုကာ ဘီဂဲလ်သဘောင်္ (H.M.S Beagle)ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါသွားခဲ့သည်။ ထိုခရီးမှာ ဒါဝင့် အတွက်သာမက သူ၏ဘ၀နောက်ပိုင်း တွေ့ရှိချက်များကိုပါ အလွန်အကျိုးရှိစေသည်ကို တွေ့ရပါသည်။ ၁၈၃၁-ခုနှစ်တွင် စတင်သည့် ထိုခရီးစဉ်တွင်လိုက်ပါခဲ့စဉ်က ဒါဝင့်အသက်မှာ ၂၂-နှစ်သား သာရှိသေးသည်။

ထိုမှစတင်ပြီး ခရီးထွက်ရာ ၅နှစ်လုံးလုံး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာနှင့် တောင်ဖက် အတ္တလန်တစ် ဒေသများတွင် အေးအေးလူလူလေ့လာခွင့်ရသည်။ ထို့ပြင် လူသူမနီးသည့် ကျွန်းများ၊ လူရိုင်းဆန်ဆန် မျိုးနွယ်စုများ (တိုးတက်မှုများစွာ မရှိသေးသည့် ရှေးကျကျန်ရစ်သည့် လူမျိုးနွယ်စုများ) (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်း(Fossil)၊ အပင်များ၊ သတ္တ၀ါများကို အမျိုးစုံလင်အောင် တွေ့ရှိကာ လေ့လာခွင့်ရခဲ့သည်။ တွေ့ရှိချက်မှန်သမျှကို စာအုပ်များတွင် မှတ်တမ်းမှတ်ရာအစုံအလင် ရေးမှတ်ထား ခဲ့ပါသည်။ ထိုမှတ်စုများမှာ နောင်တစ်ချိန်တွင်ရေးသားမည့် ကျမ်းများအတွက် အရေးပါသည့် အရင်းအနှီးများ ဖြစ်ပေတော့သည်။

၁၈၃၆-ခုနှစ်၊ ဒါဝင်အိမ်ပြန်ရောက်ပြီးနောက်တွင် မိမိ၏တွေ့ရှိချက်များကို အခြေခံကာ သတ္တ၀ါနှင့် အပင်များသည် မည်သည့်နည်းနှင့်မျှ မပြောင်းမလဲပဲ တပုံစံတည်း တည်ရှိမနေနိုင်ကြောင်းနားလည်ခဲ့သည်။ သို့သော် ထိုအချက်အားမည်သူ့ကိုမှ ပြောပြခဲ့ခြင်း၊ ရှင်းပြခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ အများကကန့်ကွက်မည်မှာ သေချာလှသည်ဖြစ်သောကြောင့်ပင်။ သို့သော် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင့်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေများအရ ပြောင်းလဲမြဲဖြစ်သကဲ့သို့ သတ္တ၀ါများ အပင်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်ကို သက်သေပြနိုင်ရန် အကြီးအကျယ်ပင် လုံလထုတ်တော့သည်။ သို့ဖြင့် ပညာရှင်များ အသိုင်းအ၀န်းကြားတွင် ဒါဝင်၏အမည်မှာ ထင်ရှားလာခဲ့သည်။ ၁၈၃၈တွင် သောမက်စ်မားလ်သပ်စ်၏ လူဦးရေအခြေခံ သဘောတရားအကြောင်း အမည်ရှိစာအုပ်ကို ဖတ်ရှုမိပြီးနောက် မိမိစိတ်ကူးကို မည်သို့သက်သေပြရမည်ကို အတွေးရသွားခဲ့သည်။ သို့ဖြင့် သဘာဝအလိုက်ရွေးချယ်ခြင်း အခြေခံ သဘောတရား(Principle of natural selection) ကိုရေးသားခဲ့ပြီး ဖြန့်ဝေခြင်းမပြုပဲ သက်သေပြနိုင်ရန် အထောက်အထားများကို စုဆောင်းနေခဲ့သည်။ ပြီးမှ စနစ်တကျထုတ်ဝေတင်ပြနိုင်ရန် မူကြမ်း(Hypothesis)ကို စီစဉ်သည်။

သီအိုရီ အကျဉ်းချုပ်ကို ၁၈၄၂-ခုနှစ် စောစောကပင်ရေးသားပြီးစီးခဲ့ပြီးနောက် အကျယ်ကို ၁၈၄၄-ခုနှစ်တွင် ပြီးစီးသည်။ ထိုသို့ အကျယ်ရေးနေချိန်အတွင်း အရှေ့အင်ဒိစ်(ယနေ့ အင်ဒိုနီးရှား)သို့ရောက်ရှိနေသည့် အဲဖရက်ရပ်ဆဲလ်ဝေါလေ့စ်(Alfred Russel Wallace)ထံမှ ဆင့်ကဲဖြစ်စဉ်သီအိုရီ နှင့်ပတ်သက်သည့် စာမူကြမ်းတစ်ခုရောက်လာသဖြင့် တိုက်ဆိုင်စစ်ဆေးရာ နှစ်ဦးသား၏ တွေ့ရှိများမှာ အဓိကအကြောင်းအရာအားဖြင့် အတော်များများတူညီမှုရှိကြောင်းတွေ့ရသည်။ နှစ်ဦးသားအနေဖြင့် တူညီသည့် အကြောင်းအရာတစ်ခုအတွက် မည်သူကအလျင်တွေ့ရှိသည်ကို ငြင်းခုန်ရတော့မယ့်အခြေအနေသို့ ရောက်နေရပြီဖြစ်သည်။

သို့သော် ဒါဝင်ကထိုအခြေအနေသို့အရောက်မခံတော့ပဲ နှစ်ဦးလုံး၏ စာမူများကို သိပ္ပံအဖွဲ့ကြီးတစ်ခုသို့ ပို့ပြီးတင်ပြလိုက်သည်။ ထိုတင်ပြချက်များအား မည်သူမျှ အရေးတယူပြောဆိုဆွေးနွေးခြင်းမရှိခဲ့သော်လည်း ၁၈၅၉-ခုနှစ်တွင် ဒါဝင်၏ မျိုးရိုးဗီဇများ(The Origin of Species) အပင်နှင့် သတ္တ၀ါမျိုးစိတ်တွေရဲ့ မူလအစ ကိုပုံနှိပ်ထုတ်ဝေသောအခါတွင်မူ ပညာရှင် အသိုင်းအ၀န်းကြားတွင် သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံ သွားခဲ့သည်။ ထို့ပြင် ၁၈၇၁တွင် လူဆင်းသက်လာပုံနှင့် ဖိုမဆက်ဆံရေးတွင် ရွေးချယ်ပုံ"'(The Descent of Men and Selection to Sex) ကိုထပ်မံထုတ်ဝေသော အခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထိုနောက် လူသည် လူဝံ(Ape)ကဲ့သို့သော သတ္တ၀ါမျိုးမှဆင်းသက်လာသည် ဟူသော် အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့်မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ဒါဝင်သည် သူ၏သီအိုရီနှင့် ပတ်သက်ပြီး ငြင်းခုန်ကြသည့် ပွဲများတွင်ကိုယ်တိုင်ပါဝင်လေ့မရှိပေ။ အကြောင်းမှာ

ဘီဂဲလ်သဘောင်္ဖြင့် ခရီးလိုက်ပါစဉ်က၊ လေ့လာစူးစမ်းစဉ်က အမေရိကတွင် အဆိပ်ရှိ ပိုးအကိုက်ခံရသဖြင့် ရှာဂါရောဂါ(Chaga' Diseaes) ဖြစ်ခဲ့ဖူးပြီး ခရီးပန်းသည့်ဒဏ်များကြောင့် အတော်ပင် ကျန်းမာရေးချို့တဲ့ရှာသောကြောင့် အပြင်ထွက်လေ့မရှိသည်က တစ်ကြောင်း၊
သူ၏သီအိုရီများနှင့် ပက်သတ်လျှင် အလွန်ရှေ့နေအလိုက်ကောင်းသည်ဟု ပြောကြသည့် သောမက်စ် အိတ်ခ်ျ ဟက်စ်လေ(Thomas H. Huxley) ရှိနေသောကြောင့် တစ်ကြောင်းဖြစ်သည်။

သို့နှင့် ချားလ်စ်ဒါဝင် ကွယ်လွန်သည့် ၁၈၈၂-ခုနှစ်တွင် သူ၏သီအိုရီများမှာ အမှန်ဖြစ်သည်ဟု အများကလက်ခံယုံကြည်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို စတင်ဖော်ထုတ်သူမှာ ဒါဝင်တစ်ဦးတည်း မဟုတ်ပေ။ ရှေ့တွင်လည်း လက်ဦးကပြောဆိုနေမှုများရှိနေပြီးဖြစ်သည်။ (ထိုသူများထဲတွင် ဒါဝင့်အဖိုး ကိုယ်တိုင်ပါဝင်သည်။) သို့သော် မည်သူကမှ လက်မခံခဲ့ပေ။ အကြောင်းမှာ ဒါဝင်ကဲ့သို့အချက်အလက် သက်သေခိုင်ခိုင်ဖြင့် မတင်ပြနိုင်သောကြောင့် ဖြစ်ပါသည်။

နောက်နှစ် ၂၀ အကြာတွင် ပေါ်ပေါက်လာသည့် ဂရီဂိုမန်ဒဲလ်(Gregor Mendel)၏ မျိုးရိုးဗီဇအမွေဆက်ခံဥပဒေ(Law of Genetic Ingeritance) က ဒါဝင်၏သီအိုရီကို ပိုမိုအားကောင်းခိုင်မာလာစေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝင်၏ သဘာဝရွေးချယ်ခြင်း သီအိုရီကို သိပ္ပံပညာရပ်တော်တော်များများတွင် သာမက နိုင်ငံရေး၊ ဘောဂဗေဒ အစရှိသည့် ဘာသာရပ်များတွင်လည်း အလျဉ်းသင့်သလို အသုံးချကြသေးသည်။ ဘာသာရေး အနေဖြင့်ကြည့်လျှင် ဘာသာမဲ့ဖြစ်သူ ဒါဝင်၏ သီအိုရီကို ဘာသာရေးသမားများ၊ လေးနက်ယုံကြည်သူများက အတော်ပင်စိုးရွံခဲ့ကြသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား အယူဝါဒအရ အရာရာကို ဘုရားသခင်က ဖန်ဆင်းသည် ဆိုသည့် ယုံကြည်မှုကို အကြီးအကျယ်ပင် ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။

သို့နှင့် ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်ဆဲနှင့် အတော်ဆုံးသာလျှင် ကျန်ရစ်မည်။'" ဆိုသည့်စကားမှာ လူသားတို့အတွက် သတိပေးစကားဖြစ်လာခဲ့ကာ သိပ္ပံ၊ မနုဿ နှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ်ဆိုသလိုပင် အသုံးပြုနေရသောကြောင့် ဒါဝင်ကျေးဇူးမှာ ခေတ်လူသားတို့အပေါ်တွင် များစွာတင်ရှိနေသည် ဟုဆိုရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူ့ကို Evolution လို့ခေါ်တဲ့ တစစ ပြောင်းလဲတိုးတက်လာတဲ့ ဆင့်ကဲဖြစ်စဉ်အယူအဆကို မွေးဖွားပေးလိုက်သူအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

စိတ်ငြိမ်းချမ်းမှုရဖို့ အခြေခံအချက်များ


(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။
ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆) သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။

(၈) ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

(၉) စိတ်မတွေဝေပါနဲ့။

တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။

(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။

စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။
http://thadarhline.blogspot.com မှ

ဆာအိုက်ဆက် နယူတန်



ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) (၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊

အဂဿဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားသည်။ နယူတန်သည် ၁၆၈၇ ခုနှစ်တွင် ကမ္ဘာမြေကြီး၏ဆွဲငင်အားနှင့် သက်ဆိုင်သည့် နိယာမများကို ထုတ်ပြန်ခဲ့သည်။ ယင်း လှုပ်ရှားမှုဆိုင်ရာ နယူတန် နိယာမ သုံးရပ်သည် နောက်နှစ်ပေါင်း သုံးရာကျော်အတွင်း ရူပဗေဒလောကအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

နယူတန်သည်လည်း ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့သူ ဖြစ်သည်။ အဖြူရောင် အလင်းတန်းများ သုံး​မြှောင့်ဖန်တုန်းအား ဖြတ်သန်းစဉ် ရောင်စဉ် ၇ မျိုးအဖြစ် ဖြာထွက်သွားခြင်းကို အခြေခံ၍ အရောင်သီအိုရီကိုလည်း ထုတ်ပြန်ခဲ့သည်။ သူသည် အေးခဲခြင်း နိယာမကို ရေးသားခဲ့သည့်အပြင် အသံ၏ အရှိန်နှုန်းကိုလဲ လေ့လာခဲ့သည်။

ယနေ့ခေတ် သိပံ္ပပညာမှာ အံ့မခမ်းပင် ဖြစ်သည်။ ၁၇ ရာစုက သင်္ချာ နှင့် သိပ္ပံပညာရှင် ဆာအိုင်းဇက်နယူတန် ၏ သီအိုရီများ ၊ လေ့လာတွေ့ရှိချက်များ ၊ နိယာမများသာ မရှိပါလျှင် သိပ္ပံပညာလည်း ရှိမည် မဟုတ်တော့ပါ။ နောင်လာ နောက်သားများအတွက် အလွန်ကျေးဇူးများသော သိပ္ပံပညာ၏ အခြေခံသဘောတရားများကို ဖော်ထုတ်ခဲ့သော ဆာအိုင်းဇက်နယူတန်၏ ကျေးဇူးကား ကြီးမှားလှပါပေသည်။

ဆာအိုင်းဇက်နယူတန်ကို ၁၆၄၂ တွင် England နိုင်ငံ Woolsthorpe ၌ မွေးဖွားသည်။ မြေပိုင်ရှင်မျိုးရိုးဖြစ်သည်။ သူသည်မွေးဖွားစဉ်က အချိန်မတိုင်မီ လမစေ့ဘဲ မွေးလာခဲ့သော premature baby ဖြစ်သဖြင့် အလွန်သေးကွေးသည်။ နယူတန်၏ ဖခင်ဖြစ်သူမှာ သူ့ကို မမွေးဖွားမီ ၃လအလိုက ကွယ်လွန်သွားခဲ့၍ နယူတန်မှာ ဖတဆိုးလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ သူ ၂နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုကာ နယူတန်ကို အဖွားထံတွင် ထားခဲ့လေသည်။ သူသည် ငယ်စဉ်ဘ၀တွင် ကျန်းမာရေး အလွန် ချူချာကာ အခြားသော ကလေးများကဲ့သို့ ခုန်ပေါက်ပြေးလွှား မကစားနိုင်ပေ။ နေနာရီ၊ သစ်သားတိုင်ကပ်နာရီများဖြင့်သာ ဆော့ကစား ၍ ပျော်ရွှင်ခဲ့လေသည်။ စာဖတ်ခြင်းနှင့် ဂျာနယ်များ စုဆောင်းခြင်းကို ၀ါသနာပါလေသည်။

သူနေထိုင်ရာ ရွာလေးက ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက်တွင် Grantham Grammar School သို့သွားရောက် ပညာသင်ကြားသည်။ ကျောင်းမှတ်တမ်းများအရ သူသည် ကျောင်းတွင် အညံ့ဆုံးနှင့် ကျောင်းစာတွင် အာရုံ စူးစိုက်မှု မရှိဆုံး ကျောင်းသားဖြစ်သည်။ ဂရမ်သမ်ကျောင်းသည် သူ့အိမ်မှ ၅မိုင်ခန့်သာ ကွာဝေးသော်လည်း ဘယဆေးဆရာတစ်ဦး၏ နေအိမ်တွင် နေထိုင်ကာ ကျောင်းတက်ခဲ့သည်။ဘယဆေးဆရာ၏ သမီးဖြစ်သူ Miss Storey နှင့်ရည်ငံကာ စေ့စပ်ေကြောင်းလမ်းခဲ့သည်။

နယူတန်၏ဦးလေး ဖြစ်သူက တိုက်တွန်းသဖြင့် အသက် ၁၉ နှစ်သားအရွယ်တွင် Cambridge University သို့ သွားရောက်ပညာသင်ကြားခဲ့သည်။ ၁၆၆၁ ဇွန်လ ၅ရက်နေ့တွင် သူသည် Trinity College ၊ Cambridge သို့ဝင်ရောက်ခဲ့သည်။ သူသည် အခြားကျောင်းသား များထက် အသက်ကြီးပြီး Trinity College ကောလိပ်တွင် ပညာသင်စရိတ်ကို အခြား ကျောင်းသားများ၏ အစေခံအလုပ်ကို လုပ်ကာ ရှာဖွေခဲ့လေသည်။

နယူတန်သည် တွင် ဥပဒေ ပညာရပ်ကိုသင်ယူခဲ့သည်။ Aristotle ၊ Descartes ၊ Gassendi ၊ Hobbes ၊Boyle တို့၏ ဒဿနိကဗေဒ ကိုလေ့လာ သင်ယူခဲ့သည်။ ဂယ်လီလီယို၏ နက္ခတ္တဗေဒ က သူ့အား အထူး ဆွဲဆောင်ခဲ့ပြီး Kepler ၏ Optics ကိုလည်း လေ့လာ သင်ယူခဲ့သည်။ သု့အတွေးများ၏ မှတ်တမ်းသဖွယ်ဖြစ်သော Quaestiones Quaedam Philosophicae (Certain Philosophical Questions) စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပလေတိုသည် ကျွန်တော်၏ သူငယ်ချင်း ဖြစ်သည်။ အရစ္စတိုတယ်သည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သို့သော် ကျွန်တော်၏ အကောင်းဆုံး သူငယ်ချင်းမှာ အမှန်တရားဖြစ်သည်ဟု ရေးသားခဲ့သည်။

၁၆၆၃ နွေနှောင်းရာသီတွင် သူသည် သင်္ချာဘာသာရပ်ကို စတင်ကာ စိတ်ဝင်စားခဲ့သည်။ သင်္ချာဘာသာရပ်နှင့် ဆက်နွယ်ကာ နက္ခတ္တဗေဒ ဘာသာရပ်ကိုလည်း လေ့လာခဲ့သည်။ ၁၆၆၃ ပြီလ ၂၈ ရက်တွင် ကောလိပ်၏ ပညာသင်ဆုရ ကျောင်းသားအဖြစ် ရွေးချယ်ခြင်းကို ခံရသည်။ နယူတန်သည် ကျောင်းပညာရပ်များတွင်သာ စိတ်ဝင်စားနေရာ သူ၏ အချစ်ဇာတ်လမ်းမှာ အေးစက်သွားခဲ့ပြီး စေ့စပ်ထားသော ချစ်သူ Miss Storey က အခြားလူတစ်ယောက်နှင့် လက်ထပ်သွားလဲ့လေသည်။ နယူတန်သည် အချစ်ကို တန်ဖိုးထား မြတ်နိုးလေသူ ဖြစ်သဖြင့် နောက်ထပ် အချစ်မရှာ ၊ အိမ်ထောင်လည်း မပြုပေ။

၁၆၆၅ ဧပြီလတွင် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော ပလိပ်ရောဂါဆိုးကြီးက ဥရောပသို့ ကူးစက်လာရာ တက္ကသိုလ်များကို ၂နှစ်ခန့်ပိတ်လိုက်သဖြင့် သူ့ဇာတိဖြစ်သော Woolsthorpe သို့ပြန်လာရသည်။

နယူတန်သည် အိမ်မှာနေစဉ်အတွင်း သင်္ချာဘာသာရပ်ကို မပြတ်လေ့လာနေခဲ့သည်။ ကျောင်းပိတ်ထား ၍အိမ်မှာနေစဉ် ၂ နှစ်အတွင်းတွင် သချာင်္ နှင့် ရူပဗေဒ ဆိုင်ရာ ပြ နာများကို တွေ့ရှိ ဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာ မြေကြီးဆွဲအားနိယာမ (The Law of Universal Gravitation) ၊ အဖြူရောင်သည် သက်တန့်ရောင်စဉ်များဖြင့် ဖွဲ့စည်းထားကြောင်း (The Theory of Optics) ၊ သင်္ချာဘာသာရပ်ဖြစ်သော integral and differential calculus များကို ရှာဖွေတွေ့ရှိခဲ့သည်။

နေအိမ်ခြံဝင်းအတွင်းတွင်ထိုင်နေစဉ် ပန်းသီးပင်ပေါ်မှ ပန်းသီးကြွေကျသည်ကို တွေ့ရှိ၍ ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဂြိုလ်များ၏ ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ ဂျူပီတာဂြိုလ်၏ အရံဂြိုလ်များနှင့် ပတ်လမ်းများကို တွေ့ရှိခဲ့သည်။ နယူတန်သည် ၁၆၇၁ တွင် De Methodis Serierum Fluxionum (On the Methods of Series of Fluxions) စာအုပ်ကို လက်တင်ဘာသာဖြင့် ရေးသားခဲ့သော်လည်း မထုတ်ဝေဖြစ်ခဲ့ပေ။၁၇၃၆ တွင်မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

နယူတန်သည် သူ၏ ရှာဖွေတွေ့ရှိသည်များကို စာအုပ်ထုတ်ဝေရန် အမြဲစိတ်မပါ ဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါဆိုးကြီး ကင်းစင်ပပျောက်ပြီးနောက် ၁၆၆၇ တွင် Cambridge University ပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မဟာဝိဇာ ဘွဲ့ကို ရရှိခဲ့သည်။ ၁၆၆၉ တွင် အသက် ၂၇ နှစ်မပြည့်မီတွင် သင်္ချာပါမောက္ခ ရာထူးရရှိလဲ့သည်။ ၁၆၈၄တွင် De Motu စာအုပ်ကို ထုတ်ဝေခဲ့ပြီး အာကာသသိပံ္ပကို ရှင်းပြနိုင်ခဲ့သည်။

နောင် ၂နှစ်အကြာတွင် သိပံ္ပပညာရပ်ဆိုင်ရာ သမိုင်းကြောင်းတွင် အရေးပါဆုံး ၊ အရေးအကြီးဆုံးဖြစ်သော Philosophiae Naturalis Principia Mathematica (The Mathematical Principles of Natural Philosophy) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ၁၆၉၃ တွင် အာရုံကြော ချွတ်ယွင်းအားနည်းမှု ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး နာမကျန်းဖြစ်ခဲ့သည်။ ၁၆၉၆ တွင် Warden and the Master of Mint ရာထူးကို ရခဲ့သော်လည်း လန်ဒန်သို့ ထွက်ခွာလာခဲ့သည်။

၁၇၀၃ တွင် Royal Society ၏ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့ပြီး နှစ်စဉ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းကို ခံရလေသည်။ ၁၇၀၅တွင် အန်းဘုရင်မ (Queen Ann) က နယူတန်အား ပထမဦးဆုံးသော သိပ္ပံပညာရှင် အဖြစ် သူကောင်းပြုခဲ့ငည်။ ၁၇၁၇တွင် လက်တင်ဘာသာဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်။ ၁၇၂၇ ၊မတ်လ ၂၀ ရက်နေ့တွင် လန်ဒန်၌ ကွယ်လွန်ခဲ့သည်။

မြန်မာယူ့အင်ဖို မှ

Iphone, Ipad, Ipod တွေမှာ မြန်မာလိုပေါ်အောင်လုပ်နည်း


လိုအပ်ချက်များ

> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word
> iPhone Explorer (သို့ ) iFun Box

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အေနနှင့် "iPhone Explorer" ကို အသုံးၿပဳသြားမှာဖြစ်ပါတယ်။ "iFun Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရှိပါ။

အဆင့် (၁)

ပထမဦးစြာ iPhone ကို USB အသုံးၿပဳ၍ PC နှင့် ခ်ိတ္ဆက္ပါ။

အဆင့် (၂)

iPhone Explorer (သို့ ) iFun Box ကို Run ပါ။

အဆင့် (၃)

iPhone Explorer ၏ ဘယ်ဘက် ကကော်လံရှိ "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System" folder ကို ဖွင့်ပါ။


အဆင့် (၄)

"System" folder ထဲတွင် "Library" folder ကို တွေ့ ပါမယ်။ "Library" folder ကို ဖွင့်ပါ။


အဆင့် (၅)



"Library" folder တွင်းရှိ "CoreServices" folder ကို ထပ်ဖွင့်ပါ။


အဆင့် (၆)

"CoreServices" folder တွင်းမှ "SpringBoard.app" folder ကို ဖွင့်ပါ။


အဆင့် (၇)

"SpringBoard.app" folder ထဲမှ "English.lproj" folder ကို ထပ္မံဖြင္ပါ။

အဆင့် (၈)

"English.lproj" folder ထဲရှိ "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြင် အသေးခင် သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။


အဆင့် (၉)

Desktop တြင္ရှိသော "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းခိုင်းပါက "Ok" သာနှိပျပါ။

အဆင့် (၁၀)

အောက်ပါပုံတွင် တွေ ့ရသော စာသားများ အတိုင်း တွေ ့ရပေလိမ့်မည်။
- ပထမဦးစွား Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။


အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမှ စာသားများကိုသာ ပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတှကျ "AWAY_LOCK_LABEL" = "မိုးသိကြား"; ဟုသာ ပြောင်းလဲပါ။


အဆင့် (၁၂)

အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနှိပျပါ။

အဆင့် (၁၃)

Desktop တြင္ရှိသော ပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။
ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများနှငျ့ တွေ့ ရပါလိမ့်မယ်။

Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက္ရှာပြီး Install လုပ္ပါ။ Reboot လုပ္ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသောApp icon ကို long press ဖိထားပါ။
icon လေးတွေ လှုပ်တုပ် လှုပ်တုပ် ၿဖစ္လာပါက နောက်တစ်ချက် ထပ်နှိပျလိုကျပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box တက်လာပါလိမ့်မယ်။






computer technical မှ