Pages

Monday, April 30

ညီမလေးအတွက် မွေးနေ့ဆုတောင်း


 
ဒီနေ့ဟာ ကျွန်တော် ချစ်သော ညီမလေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ ညီမလေးနဲ့တွေ့ခဲ့တာ (၇) နှစ်ကျော်ခဲ့ပါပြီ။  အရင်သူ့မွေးနေ့တွေတုန်းက လက်ဆောင်ပေးယုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်အတွက် က ကံကို မကောင်းတာပါ။ ညီမလေးရဲ့မွေးနေ့မှာ ညီမလေးနဲ့အတူတူရှိနေချင်ပေ့မယ့်  တစ်နှစ်မှ မနေပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်သူ့ကိုအရမ်းချစ်လွန်းလို့ ဒီဘလော့လေးကိုတောင် သူနာမည်နဲ့ပဲ လုပ်ထားပါတယ်။ နာမည်အပြည့်အစုံကလွဲသွားမှာစိုးလို့ mhuthaw နဲ့ပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါပေ့မယ် mouse pointer နေရာလေးမှာတော့ နာမည်အပြည့်အစုံ အစားထိုးထားပါတယ်။ နောက်တစ်ခုက Google မှာရှာရင်တောင် သူ့နာမည်လေးနဲ့ ဖြစ်နေအောင် Title ကိုတောင် "အိမ့်မှူးသော်" လို့ပေးထားတာပါ။  ဒါလည်းသူသိသေးမှာမဟုတ်သေးပါဘူး။  ကျွန်တော်သူ့အတွက် လုပ်ပေးချင်တာတွေက အများကြီးပဲ။  သူ့အနားမှာနေပြီးတော့ သူဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးချင်တယ်။  ညီမလေးကိုလည်း သနားမိတယ်။  အိမ်မှာဆိုလည်း တစ်ယောက်တည်း ။ အခုဆိုပိုဆိုးတာပေါ့ ။ နေပြည်တော်မှာဆိုတော့ သူငယ်ချင်းကလည်းနည်း၊ သွားဖို့လာဖို့ကလည်းအဝေးကြီးပဲ။  သူ့ရဲ့ မွေးနေ့လေးမှ သူအထီးကျန်နေမှာကို အရမ်းစိုးမိတယ်။ ကျွန်တော် သူ့မွေးနေ့အထိမ်းအမှတ်အတွက် ဒီမှာပဲ သူငယ်ချင်းတွေကို မုန့်ကျွေးမယ် ၊ ဘုရားဆွမ်းတော် ကပ်မယ်၊ သူ့အတွက် ဆုတွေတောင်းပေးမယ်။ ပြီးတော့ သူ့ဆီကို ဖုန်းဆက်ရအုံးမယ်။  အခုစာရေးချိန်မှာ birthday wish ကို အရင်ဦးဆုံးပြောပြချင်တာပါ။ ဒါပေ့မယ့် အခြေအနေမပေးပါဘူး။ တစ်ချိန်ချိန်မှာတော့သူသိနိုင်မယ်ထင်ပါတယ်။  ကျွန်တော်ရဲ့ ညီမလေးက ကလေးဆိုးလေးတစ်ယောက်လည်းဖြစ်တယ် ၊ အရမ်းလည်း လည်တယ်။ တခြားသူတွေအပေါ်တော့ မသိဘူး။ ကျွန်တော်အပေါ်တော့ အရမ်းဆိုးတယ်။  ညီမလေးနဲ့ပက်သက်ရင် ကျွန်တော် အရာရာကို အရှုံးပေးထားပါတယ်။ သူစိတ်ဆိုးမှာ ၊စိတ်ကောက်မှာကို သေမလောက်ကြောက်တယ်။ ဒါတွေကို တစ်ချိန်ချိန်မှာသူနားလည်လိမ့်မယ်လို့မျှော်လင့်တာပဲ။  ကျွန်တော် သူ့အကြောင်းတွေးနေယုံနဲ့တင် ကျွန်တော်ပျော်ရွှင်နေပါတယ်။ သူမကြားနိုင်ပေ့မယ် ကျွန်တော်ပြောနေမိတယ် ။


 
ညီမလေးရေ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဦးစွာ ပထမ ဆုတောင်းလိုက်ပါရစေ............

ညီမလေးတစ်ယောက် လောကကြီးကိုကောင်းကျိုးပြုသော လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါစေ..........

ညီမလေးဘ၀မှာ တွေ့ကြုံရမယ့်အခက်အခဲတွေကို   အောင်မြင်စွာကျော်လွှားနိုင်ပါစေ.......

ညီမလေးရဲ့ ရည်မှန်းချက် ၊အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာပါစေ.......

မိဘကျေးဇူးကို သိတတ်သော သမီးကောင်း ရတနာ တပါး ဖြစ်ပါစေ.................

လို့ အဝေး တစ်နေရာကနေ  ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် .....ညီမလေးရယ်..................

Sunday, April 29

အချိန်ပညာ


ကျွန်တော်ဒီတစ်ခါ ကျွန်တော်ဖတ်ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို ပြန်ပြီးပြောပြချင်ပါတယ်။ 

ရှေးအခါက ဘုရားအလောင်းတော်ဟာ ဗာရာဏသီပြည်မှာ လုလင်ငါးရာကို ပညာသင်ပေးနေတဲ့ ဒိသာပါမောက္ခကြီး တစ်ဦးဖြစ်ခဲ့တယ်။ လုလင်တွေမှာ အချိန်မှန်မှန်တွန်တဲ့ ကြက်တစ်ကောင်ရှိတယ်။ လုလင်တွေဟာ အဲဒီကြက်တွန်သံကိုနားထောင်ပြီး  အိပ်ရာထ ပညာသင်ယူကြပါတယ်။ တစ်နေ့တော့ အဲဒီကြက် သေသွားခဲ့ပါတယ်။ ဒါနဲ့ လုလင်တွေလည်း ကြက်တစ်ကောင်ထပ်ရှာကြပါတယ်။ လုလင်တစ်ယောက်က သုဿန်မှာ ထင်းခွေရင်းနဲ့ ကြက်တစ်ကောင်ကို ဖမ်းလာခဲ့ပါတယ်။ အဲဒီကြက်က သုဿန်မှာ ကြီးပြင်းလာတာမို့ ဘယ်ချိန် တွန်ရမယ်ဆိုတာကိုမသိပါဘူး။  ဒါကြောင့် တစ်ခါတစ်ရံမှာ ညဉ့်နက် သန်းခေါင်တွန်ပါတယ်။ တစ်ခါတစ်ရံမှာ မိုးလင်းမှ တွန်ပါတယ်။ ညသန်းခေါင်မှတွန်တော့ အတတ်ပညာသင်နေတဲ့ လုလင်တွေဟာ ညသန်းခေါင်ကနေ မနက်အာရုဏ်တက်အထိတောင် မသင်ယူနိုင်ကြတော့ပါဘူး။  အိပ်ငိုက်နေတုန်းသင်တာဖြစ်တဲ့အတွက် ဘယ်ရာမှလည်းကောင်းကောင်း မမှတ်မိကြတော့ဘူး။ မနက်မိုးလင်းအားကြီးမှ တွန်တော့လည်း စာသင်ဖို့အချိန်တွေ နှောင်းကုန်ပါသတဲ့။ အဲဒီတော့သူတို့စဉ်းစားကြတယ်။ " ဒီကြက်ဟာ မိုးလင်းမှ တွန်ချင် တွန်တယ်၊ ညသန်းခေါင်မှတွန်ချင်တွန်တယ် ၊ ငါတို့ဒီကြက်ကို အားကိုးလို့ကတော့ အတတ်ပညာပြီးဆုံးမှာ မဟုတ်ဘူးတော့ဘူးလို့ " စဉ်းစားမိကြတယ်။ ဒါနဲ့ သူတို့လည်း အဲဒီ အချိန်မဟုတ် အခါမဟုတ်တွန်တဲ့ကြက်ကို လည်လိမ်ပြီး ရိုက်သတ်လိုက်ကြတယ်။  အဲဒီကြောင်းအရာကို ဘုရားအလောင်းတော် ဒိသာပါမောက္ခကြီးကို ပြောကြားကြပါတယ်။  အဲဒီတော့ ဆရာကြီးက " အဆုံးအမကို မခံယူရဘဲ ကြီးပြင်းခဲ့တာမို့ ဒီကြက်ဟာ သေပွဲဝင်ရတယ် " လို့ မိန့်ခဲ့ပါတယ်။
ဒီကြက်ဟာ အချိန်အခါကိုမသိလို့အသတ်ခံရတယ်။ အချိန်အခါကို ဒီကြက်လို တိရစ္ဆာန်မှ မသိကြတာ မဟုတ်ပါဘူး။ တစ်ချို့လူများလည်း အချိန်အခါကို မသိကြပါဘူး။ အချိန်အခါကိုသိတဲ့ အသိဥာဏ်ရှိဖို့ လူတိုင်းမှာ လိုအပ်ပါတယ်။ အချိန်အခါကို တိရစ္ဆာန်မသိရင် တိရစ္ဆာန်မှာ ဒုက္ခတွေ့တယ်၊ လူကမသိဘူးဆိုရင် လူမှာ ဒုက္ခတွေ့ရတတ်ပါတယ်။  အချိန်အခါဆိုတာ ဘယ်လိုမျိုးလဲဆိုရင် စကားကိုပြောသင့်တဲ့အချိန်မှ ပြောတာ၊ မပြောသင့်တဲ့အချိန်ကိုမပြောတာ ။ အကျိုးရှိတဲ့ စကားဖြစ်အုံးတော့  မပြောသင့်တဲ့အချိန်မှာသွားပြောရင်  အကျိုးမရှိတော့ဘူးပေါ့။ အချိန်မှာ ကျွမ်းကျင်တဲ့ ပညာဟာ နေရာတကာမှာ လိုအပ်ပါတယ်။ မင်္ဂလာဆောင်နေပါတယ်ဆို အသုဘ အကြောင်းပြောတာတို့၊ စာသင်ခန်းထဲမှာဆိုရင်လည်း Bio သင်နေပါတယ်ဆို physics အကြောင်းထပြောတာ အဲလိုမျိုးပေါ့။ ကျွန်တော်တို့ ပိတ်ဝန်းကျင်မှာလည်း အများကြီးပါ ။ အခြေအနေနဲ့ အချိန်အခါကို သိဖို့ အများကြီး လိုအပ်ပါတယ်။ ဥပမာပေါ့နော်... သူငယ်ချင်းတစ်ယောက် စိတ်မကောင်းဖြစ်နေတာကို...နင်က ဘာဖြစ်တယ်..ညာဖြစ်တယ်ဆိုပြီး အပြစ်ပြောနေမယ်ဆိုရင်တော့...ရလဒ်က ကောင်းမှာမဟုတ်ပါဘူး။ ဒီချိန်မှာသူဘာသာ  ဘာပဲ မကောင်းလုပ်ခဲ့လုပ်ခဲ့ သူစိတ်မကောင်းချိန်မှာ နှစ်သိမ့်ဖေးမပေးရမှာပေါ့။ တစ်ချို့ဆိုရှိသေးတယ်  နှစ်ယောက်တည်းပြောရမယ့် စကားကို လူကြားထဲရောက်မှ ပြောတာ။ အဲဒီပြောတဲ့စကားက တစ်ဖက်လူရဲ့ အားနည်းချက်ဖြစ်နေတယ်ဆိုပါစို့။ သူဘယ်လိုခံစားရမလဲ။ ပြောလိုက်တဲ့သူအပေါ်ကိုရော ဒေါသမထွက်နိုင်ဘူးလား ။ အဲဒီတော့ မခေါ်မပြောကြဖြစ်ကုန်ရော။ သူတပါးရဲ့အားနည်းချက်ကို  လူကြားသူကြားထဲမှာ ဘယ်တော့မှ..ထုတ်ဖော်မပြောသင့်ပါဘူး။ပြောချင်အုံးတော့ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ မင်းဒါလေးတော့ပြင်သင့်တယ်ကွာ၊ မင်းမှာဒီအားနည်းချက်လေး ရှိနေတယ်။ ပြီးတော့ ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ စကားပြောနေပါစေ နားထောင်တဲ့သူက မဖြစ်မနေမို့ နားထောင်နေရတယ်ဆိုရင်လည်း ဘာအကျိုးရှိမှာလဲ။ ဆရာက စာမေးပွဲနီးလို့  စာကျက်ကြ ငါ့တပည့်တို့လို့ပြောပြီး.တပည့်တွေက စာမကျက်ဘူးဆိုရင် စာမေးပွဲကျ ကြမှာပေါ့။ ဆရာပြောလိုက်တာ စာကျက်ကြဆိုတဲ့ တန်ဖိုးရှိတဲ့စကားပဲ။ တပည့်တွေက မလိုက်နာတော့ အချည်းအနီးပဲ ဖြစ်သွားတယ်။  သူငယ်ချင်းတို့လည်း အချိန်ပညာကို ကျွမ်းကျင်စွာ တတ်ကျွမ်းကြပါစေ...။ စကားကိုပြောသင့်တဲ့အချိန်ပြော၊ မပြောသင့်တဲ့အချိန်မပြောဘူးတော့ ဟုတ်ပါပြီ။ တန်ဖိုးရှိတဲ့ စကား ၊ ထောင်တန်တဲ့ စကားတွေပြောလာသူရှိရင်လည်း အမိအရ ဖမ်းယူနိုင်ကြပါစေ....။ ကျွန်တော်စာမရေးတတ်ပါ။ သည်းခံပြီးတော့ ဖတ်ပေးတာကို အထူးပင်ကျေးဇူးတင်ပါတယ်။


အားလုံးကိုလေးစားလျက်......

Thursday, April 26

ပုံလေးတွေ အွန်လိုင်းမှာ အလှဆင်မယ်


ဒီတခါ ကျွန်တော် ဓာတ်ပုံလေးတွေကို အွန်လိုင်းမှာ အလှဆင်လို့ရမယ့် ဆိုဒ်လေးတစ်ခုကိုဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ လွယ်လည်းလွယ်ပါတယ်။ ဓာတ်ပုံနဲ့ နောက်ခံပဲလိုချင်လည်းရတယ်။ Animation  ပုံစံ ရွေ့လျားနေတဲ့ပုံစံလေးလည်းရပါတယ်။ Background တွေလည်းအများကြီးရှိတယ် ။ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ အရင်ဆုံး ဒီဆိုဒ် လေးကိုအရင်သွားပါ။ ကျွန်တော်ပုံလေးတွေနဲ့ပြောပြပ့ါမယ်။
 
အဆင့်(၁)
မိမိကြိုက်နှစ်သက်တဲ့ Frame  တစ်ခုကိုရွေးလိုက်ပါ။
အဆင့်(၂)
ရွေးပြီးပြီဆိုရင် အစိမ်းရောင်အပေါင်းလေးကိုနှိပ်ပါ။  ဒီနေရာမှ ဓာတ်ပုံ အပေါင်းလေးနဲ့ Abc  အပေါင်းလေးကို တွေ့ပါလိမ့်မယ်။ ဘာလဲဆိုတော့ စာသားထည့်ချင်တာလား ၊ ဓာတ်ပုံထည့်ချင်တာလား ပြောတာပါ။ အပေါ်ကကောင်လေးကိုနှိပ်ရင် ဓာတ်ပုံကို ထည့်တာဖြစ်ပါတယ်။

အဆင့်(၃)
ကျွန်တော် ဓာတ်ပုံထည့်တာကို နမူနာပြပါ့မယ်။ ကျွန်တော်ရဲ့ ချစ်သဲလေး Tang Guo  ရဲ့ ပုံလေးနဲ့ပေါ့။ ကဲ ကွန်ပျူတာထဲကနေ ကျွန်တော်ဒီပုံလေးကို ရွေးလိုက်ပြီဗျာ။
 
အဆင့်(၄) 
အဲဒီမှာ မိမိက အဲဒီ  Frame လေးအတိုင်းပဲ ဓာတ်ပုံကို ကွန်ပျူတာထဲမှာ Save ချင်တယ်ဆိုရင် အောက်မှာ အ၀ိုင်းလေးနဲ့ပြထားတာလေးကိုနှိပ်ပါ။ ဒီလိုလေးပေါ့။
အဆင့်(၅)
အဲဒီ Frame လေးအတိုင်းပဲ အွန်လိုင်းမှာ url  လင့်အဖြစ် ထုတ်ချင်တယ်ဆိုရင်တော့ မြှားအစိမ်းလေးကို နှိပ်ပါ။ အဲဒါလေးကို နှိပ်ပြီးရင် ကွန်ပျူတာကနေ ကမ္ဘာလုံးပုံလေးကို မြှားထိုးထားတဲ့ ပုံလေးကို နှိပ်ပါ။ ဒီလိုလေးပေါ့။

ဒါဆိုရင်  ဒီမှာ နမူနာကြည့်လိုက်ပါ။ ဒါက ဓာတ်ပုံပါ။

အဆင့်(၆)
အခုက Animation လေးနဲ့ပေါ့။ အဆင့်(၄)က ပုံကိုတွေ့တယ်နော်။ အဲဒီပုံရဲ့ အောက်ဆုံးနားလေးမှာ videos တည်းဖြတ်တဲ့ ပုံလေးကို ကလစ်ပေးပါ။ ပြီးရင် ခဏစောင့်ပါ။ ပြီးပြီဆိုရင်ခုနကလိုပဲ   ကွန်ပျူတာကနေ ကမ္ဘာလုံးပုံလေးကို မြှားထိုးထားတဲ့ ပုံလေးကို နှိပ်ပါ။ ဒါဆိုရင် Animation ပုံလေးနဲ့ အွန်လိုင်းပေါ်မှာ လင့်တစ်ခု ရလာမှာဖြစ်ပါတယ်။ ဒီမှာ နမူနာ ကြည့် ကြည့်ပါ။  မိမိရရှိသော လင့်လေးများကို မိမိပို့ချင်သော သူငယ်ချင်းတွေဆီကို ပို့လို့ရတာပေါ့ဗျာ။

အဆင်ပြေပါစေ.....


အားလုံးကိုလေးစားလျက်......

Tuesday, April 24

မိန်းကလေးများ၏ ညို့ချက် (၈) ချက်


ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက်ပါတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ သေချာလက်တွေ့နှိုင်းယှဉ် ကြည့်ပေါ့နော်။

ညို့ချက် (၁)

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)

တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။

ညို့ချက် (၃)

တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။
ညို့ချက် (၄)

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ 

ညို့ချက် (၅)

တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)

မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။

ညို့ချက် (၈)

မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ 

အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

အားလုံးကိုလေးစားလျက်....

Sunday, April 22

ပျားရည်အကျိုးကျေးဇူးများ



ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့်ခန္ဓာကိုယ်ကသန်စွမ်းမှုရရှိပြီး  ကြွက်သားတောင့်တင်း ညောင်းညာမှု 
 လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ်အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။


ကိုစိုးကြည်

Saturday, April 21

Skin pack အလန်းလေးများ


ကျွန်တော် ဒီတစ်ခါတော့ windows 7 အသုံးပြုသူများအတွက်ပါ။  windows 7 ပုံစံကြီးပဲ သုံးရတာ အဆင် ရိုးနေတယ်ဆိုရင်ဒီကောင်လေးတွေ သုံးကြည့်နော်။ ဒီကောင်လေးတွေက   windows 7 ပေါ်ကို cover ဖုံးလိုက်တဲ့ သဘောပေါ့။ အမြင်ဆန်းသွားတာပေါ့ဗျာ။ မသိသေးသောသူများအတွက် တင်ပေးလိုက်တာပါ။  32-bit ရော 64-bit ပါ တင်ပေးထားပါတယ်။

ဒါလေးက Andriod skin pack လေးပါ။ 


32-bit အတွက် ဒီမှာ ဒေါင်းပါ။ 

64-bit အတွက် ဒီမှာ ဒေါင်းပါ။


ဒါလေးကတော့ Angry bird skin pack လေးပါ။


32-bit အတွက် ဒီမှာ ဒေါင်းပါ။ 

64-bit အတွက် ဒီမှာ ဒေါင်းပါ။

ဒါလေးကတော့ IOS skin pack လေးပါ။ 



32-bit အတွက် ဒီမှာ ဒေါင်းပါ။ 

64-bit အတွက် ဒီမှာ ဒေါင်းပါ။

ကြော်ငြာဝင်အုံးမယ်နော်... ကျွန်တော့်ဘလော့လေးကို Google မှာ  အိမ့်မှူးသော် လို့ ရိုက်ရှာရင်လည်းရပါတယ်။

အဆင်ပြေကြပါစေ....

အားလုံးကိုလေးစားလျက်... 

Thursday, April 19

ဟာသအတိုအထွာလေးများ



သက်သေပြမလို့

စုတ်ပြတ်နုံချာလှသော အ၀တ်အစားများ ၀တ်ဆင်ထားသူတစ်ဦးသည် လမ်းသွားလမ်းလာများထံမှ တောင်းရမ်းလျှက်ရှိသည်။ ထိုနေရာသို့ သားနားသပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာရာ..... "အကိုကြီးရယ်.. ကျွန်တော့်မှာစားစရာမရှိလို့ စေတနာရှိသလောက်လေး မစပါခင်ဗျာ" "မပေးးနိုင်ပါဘူး။ မင်းကို ငွေပေးလိုက်ရင် မင်းဖဲရိုက်လို့ ကုန်သွားမှာပေါ့" "ကျွန်တော်လောင်းကစား မလုပ်ပါဘူး" "အရက်သောက်ပစ်မှာပေါ့" "အရက်လည်းမသောက်တတ်ပါဘူး" "ဒါဆို မင်းမကောင်းတဲ့မိန်းမတွေဆီ သွားမှာပေါ့" "ကျွန်တော် အပျော်အပါးလည်း မလိုက်ပါဘူး" "ok ဒါဆို မင်းကို ငွေ(၅၀၀၀)ပေးမယ်။ မင်းငါ့အိမ်ခဏလိုက်ခဲ့။ အပျော်အပါး အသောက်အစားနဲ့ လောင်းကစား မလုပ်တဲ့ ယောင်္ကျားတွေ ဘယ်လိုဘ၀ရောက်နေတယ်ဆိုတာ ငါ့မိန်းမကိုပြရမယ်"
 
ငရဲဘုံရောက်လူသုံးယောက်

သေသွားတဲ့ လူသုံးယောက် ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။ ပထမတစ်ယောက် အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ ကပျာကယာ အိမ်ပေါ်ထပ်ကပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန် အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာကျွန်တော်သေသွားခဲ့တယ်။ ဒုတိယတစ်ယောက် အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။ ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့် တော့ အဝတ်အစား မသပ်မရပ်နဲ့ ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။ တတိယတစ်ယောက် ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့ ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း" ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။

(၁)- လူငယ်ကောင်လေးတစ်ဦးက သူ့ချစ်သူကောင်မလေးရဲ့အဖေဆီမှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းနေစဉ်...
လူငယ်။ ။ ဦးရဲ့သမီးနဲ့ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြပါပြီ ကျွန်တော်သူ့ကိုလက်ထပ်ချင်ပါတယ်...
ဖခင်။ ။ မင်းအရက်သောက်တတ်သလား?
လူငယ်။ ။ ဟာ...နေပါအုံးဦး အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး ပြီးမှသောက်ကြတာပေါ့...

(၂)- လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာသည်။ ကောင်မလေးကိုလူငယ်ရဲ့ဖခင်က မြင်သောအခါ တော်တော်လေးကို တုန်လှုပ်၊စိတ်ရှုပ်သွား၏။ထို့ကြောင့် သူရဲ့သားကို အခန်းထဲသို့တီးတိုးခေါ်၍ ပြော၏။

ဖခင်။ ။ဒီလောက်ရုပ်ဆိုးတဲ့ မိန်းကလေးကိုအဖေတစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာလဲ အမွှေးတွေနဲ့ မျက်စိကလဲ စွေနေသေးတယ် ဒီကြားထဲသွားကခေါခေါ လက်တစ်ဖက်ကလဲ သိမ်နေသလိုပဲ...
သား။ ။ဖေဖေကလဲ တိုးတိုးပြောစရာမလိုပါဘူး သူကနားလဲကန်းနေသေးတယ်အဖေရဲ့ သနားစရာလေးပါဗျာ...

(၃)- တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု (၃)ဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်း...ဆိုတဲ့ အသံကြီးနဲ့အတူ အဲဒီလူမဲဟာ......
အိမ်သာအိုးတစ်လုံး  ဖြစ်သွားသတဲ့...

(၄)-ဆေးခန်းတစ်ခုတွင်ဖြစ်သည်...ဆရာဝန်ကလူနာကို ဆေးထိုးရန်ပြင်နေသည်
လူနာ။ အား...နာတယ် နာတယ်...
ဆရာဝန်။ အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး...
လူနာ။ ဒါပေမဲ့ ဆရာကျွန်တော့်ခြေထောက်ကို တက်နင်းထားတယ်လေ...

(၅)-လူနာတစ်ယောက် ဆေးရုံတက်နေစဉ် တာဝန်ကျဆရာမက ဆေးတိုက်ရန်လာသည့် အချိန်ဖြစ်သည်...
ဆရာမ။ ကဲ..ဆေးသောက်ရမယ့် အချိန်ရောက်ပြီ...
လူနာ။ ဟာ...ဆရာမ ဆေးသောက်ပြီးပြီလေ
ဆရာမ။ ဘယ်တုန်းက ကျွန်မဆေးတိုက်လို့လဲ?
လူနာ။ ဒီစားပွဲပေါ်မှာ ဆရာမပဲတင်ထားခဲ့တာလေ အဲဒီ့ဆေးလုံးတွေ ကျွန်တော်အားလုံးသောက်လိုက်ပြီ...
ဆရာမ။ ဟာ..အဲဒါဆေးမဟုတ်ဘူး မနေ့ကမှရှင့်ရဲ့ ကျောက်ကပ်ထဲကခွဲထုတ်ထားတဲ့ ကျောက်ခဲတွေ ရှင်သတိရလာရင် ပြရအောင်ဆိုပြီးသိမ်းထားတာ။


အားလုံးကိုလေးစားလျက်....

Wednesday, April 18

ဂင်းနစ်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မင်းကွန်းဆရာတော်ဘုရားကြီးအကြောင်း




ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့် နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင် ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)

Monday, April 16

ဗုဒ္ဓရဲ့ စကားကြီး (၁၀) ခွန်း


၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့အုံး။ 
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲပ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့အုံး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့အုံး။ 
၎။ စာနဲ့ရေးတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။
၅။ မိမိတွေးတောကြံဆလို့ပေါ်လာတဲ့ မိမိရဲ့အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။
၆။ မှီရာ နည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။ 
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်းအထောက်အထားပေပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့အုံး။
၈။ မိမိကြိုတင် စဉ်းစားတွေးတော လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက်ဟောပြောချက် ၊အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့အုံး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီးတွေ  ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့အုံး။ 
၁၀။ ငါတို့လေးစားတဲ့ ငါတို့ ဆရာ စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်နဲ့အုံး။

အရာရာကိုတွေးခေါ်စဉ်းစား ဆင်ခြင်တတ်သော လူတော်လူကောင်းများ ဖြစ်ကြပါစေ........

အားလုံးကိုလေးစားလျက်...

Saturday, April 14

Sky net myanmar online channel


ဒီတခါတော့ ပြည်ပရောက် မြန်မာများအတွက်ပါ။  အတာသင်္ကြန်မှာ ကိုယ်တိုင် ပါဝင်မဆင်နွှဲနိုင်ပေ့မယ့်  သူများတွေ ပျော်နေ၊ ရေပက်နေတာတွေကို  အွန်လိုင်းကနေတဆင့် ကြည့်ရှူနိုင်ဖို့ ဒီလင့်လေးကို ပြန်ရှယ်လိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  ဒီလိုင်းက တိုက်ရိုက်တော့ မဟုတ်ပါဘူး နာရီအနည်းငယ်နောက်ကျပါတယ်။ ကျွန်တော်ကြည့်ပြီးပါပြီ။ သင်္ကြန်အလွမ်းပြေ နေ့တိုင်း Skynet ကိုပဲ ကြည့်ဖြစ်တယ်။ ကျွန်တော်လိုပဲ အတာသင်္ကြန်ကို အလွမ်းပြေကြည့်ဖို့အတွက်ပါ။

မှတ်ချက် ။  Skynet က အရင်ကအတိုင်းမရတော့ပါဘူးခင်ဗျာ လိုင်းပြောင်းသွားပါပြီ။ ဒီလင့်မှာ သွား ကြည့်ကြပါခင်ဗျာ..။

http://www.ustream.tv/channel/up-to-date---sky-net/theater


အရင်ဆုံး  ဒီလင့် လေးကိုသွားပြီး ဒေါင်းလော့ချပါ။  ပြီးရင် run ပါ။ run ပြီးတဲ့အခါမှာ  Search channel ဆိုတဲ့နေရာလေးမှာ 99221 ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ကြည့်လို့ရပါပြီ။ နက်ကောင်းရင် ကောင်းသလောက် ကြည့်ရတာ အဆင်ပြေပါတယ်။ ကျွန်တော့်ဆီမှာတော့ တချက်တချက် ထစ်ထစ်သွားတယ် ။ အမြဲတမ်းတော့မဟုတ်ပါဘူး။  ဒီ Channel လေးက နေ့တိုင်းထုတ်လွင့်ပေးပါတယ်။ သတင်းတွေကိုလည်းကြေငြာပေးပါတယ်။ ကျွန်တော် က သင်္ကြန်အတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ သင်္ကြန်ပြီးသွားလည်း  မြန်မာနိုင်ငံက သတင်းတွေကြည့်ချင်တယ်ဆိုရင် ဆက်ပြီးကြည့်နိုင်ပါတယ်။  အဆင်မပြောခဲ့ဘူးဆိုရင် C box မှာ ပြောခဲ့ပေးပါ။ သင်္ကြန်ရက်တွေကို ဖြတ်သန်းရတာ ပြည်ပရောက် မြန်မာတွေအတွက် ပျော်စရာမကောင်းတာတော့ အမှန်ပဲ။ သူငယ်ချင်းအများကြီးရှိတယ်ပဲထားပေါ့နော်။ သူများနိုင်ငံမှာ မြန်မာနိုင်ငံမှ မဟုတ်တာ။ ခေါင်းစဉ်မှာ သင်္ကြန်လို့ ရေးထားတာက မကြည့်ဖြစ်မှာစိုးလို့ပါ။ တကယ်တော့ သင်္ကြန်အတွက်တင်မဟုတ်ပါဘူး။


အဆင်ပြေကြပါစေ........

အားလုံးကိုလေးစားလျက်.......

Friday, April 13

ကမ္ဘာ့အကောင်းဆုံး Antivirus


ကျွန်တော်ဒီတခါ ကမ္ဘာ့အကောင်းဆုံး Antivirus လေး တင်ပေးလိုက်ပါတယ်။  လူသုံးလည်းများပါတယ်။ Key ပါ ပါတယ်။ ကျွန်တော်ကတော့ AVG ပဲ သုံးတာများပါတယ်။  Bitdefender လေး သုံးချင်သူများအတွက် တင်ပေးလိုက်တာပါ။ နောက်ဆုံး ဗားရှင်းလေးပါ။  ကျန်တဲ့ Antivirus တချို့ကို ဘလော့ရဲ့ညာဘက်ခြမ်းမှာ လင့်လေးတွေ ချိတ်ပေးထားပါတယ်။ 32-bit ရော 64-bit အတွက်ပါ တင်ပေးထားပါတယ်။ ဖိုင်ဆိုက်တော့ နည်းနည်းလေး ကြီးတယ်ဗျာ။

32-bit အတွက် ဒီမှာ ဒေါင်းပါ။

64-bit အတွက် ဒီမှာ ဒေါင်းပါ။ 

key အတွက်  ဒီမှာ  ဒေါင်းပါ။

အဆင်ပြေကြပါစေ......

အားလုံးကိုလေးစားလျက်.....

Thursday, April 12

Windows 8 အကြောင်း


ကျွန်တော် ဒီတခါ windows 8 အကြောင်း အနည်းငယ်ရေးထားတဲ့ စာအုပ်လေးတင်ပေးလိုက်ပါတယ်။ အခုနောက်ပိုင်း windows 8 ကိုစမ်းသုံးကြည့်သူ တော်တော်တွေ့ရပါတယ် ။ သူငယ်ချင်းတွေကလည်း မေးကြပါတယ် ။ စာအုပ်လမ်းညွှန်လေးရှိရင်တင်ပေးပါဆိုလို့ပါ။ ဒီကောင်လေးကအစုံမပါ ပါဘူး။ အနည်းငယ်မျှသာဖြစ်ပါတယ် ။ နောက်ထပ်ရှာတွေ့ရင်တော့ ထပ်တင်ပေးပါ့မယ်ဗျာ။  ကျွန်တော်လည်း မအားလို့ တင်ကိုမကြည့်ဖြစ်တာ ။ ဒါပေ့မယ့် အကြောင်းအရာလေးတွေတော့ ဖတ်ဖြစ်တယ်။ ကျွန်တော်လိုဖတ်ချင်သောသူငယ်ချင်းများအတွက်ပါ။ 
အွန်လိုင်းမှာရော၊ ဒေါင်းလော့ချပြီး ဖတ်လို့ရအောင် လုပ်ပေးထားပါတယ်ဗျာ။


အွန်လိုင်းမှာ ဖတ်လိုသူများ ဒီမှာ သွားပါ။

ဒေါင်းလော့လိုသူများ  ဒီမှာ သွားပါ။

အဆင်ပြေကြပါစေ.....

အားလုံးကိုလေးစားလျက်.....

Tuesday, April 10

ဘာဘီရုပ်နှင့်တူသော ကောင်မလေး (၂)


အရင်တစ်ခါက ဘာဘီရုပ်နဲ့တူတဲ့ကောင်မလေး  အကြောင်းတင်ပေးထားပါတယ်။ အဲဒီမှာ အစ်ကိုတစ်ယောက်က အဲလိုကောင်မလေးတစ်ယောက်နောက်ထပ် ရှိသေးတယ်တဲ့ တင်ပေးပါအုံးဆိုလို့ အခု တင်ပေးလိုက်ပါတယ် ။ ဒီတခါကောင်မလေးက လည်း အရုပ်လေးတစ်ရုပ်လိုပါပဲ။ တကယ်လည်း ချစ်စရာကောင်းတယ်။ ဘိုမ ရုပ်လေးတွေကြားထဲမှာ ထည့်ထားရင်တောင်ရွေးယူရမယ်ထင်တယ်။  သူနာမည်က kotakoti လို့ခေါ်ပါတယ် ။ အသက် ကတော့ ၁၆ နှစ်ပါတဲ့။ အမေရိကန် နိုင်ငံသူလေး ဖြစ်ပါတယ်။ အရင်ဘာဘီလေးနဲ့ဘယ်သူပိုချောလဲသိချင်ရင်တော့ ကိုယ်ဘာသာကို ယှဉ်ကြည့်နော်......။ ကျွန်တော့်ကိုမေးရင်တော့ အရင်ကောင်မလေးကို ပိုသဘောကျတယ်။  ဒီတစ်ခါတော့ လျောက်ပြီးရှာဖွေကြည့်တာ ဗွီဒီယိုဖိုင်လေးတွေပါတွေ့လို့ ပုံရော၊ ဗွီဒီယိုရော တင်ပေးလိုက်တယ်ဗျာ။ အလှအပ အဖြစ်သာ ရိုးရိုးလေး ခံစားကြည့်ရူစေလိုပါတယ်။






ပုံအနေနဲ့ကတော့ ဒီလောက်ပဲ တင်ပြလိုက်ပါတယ်။ အောက်မှာက ဗွီဒီယိုလေးပါ။ 

ဗွီဒီယိုဖိုင်တွေက တော့အများကြီးပဲ ဒီလောက်ပဲဖော်ပြလိုက်ပါတယ်ဗျာ။  

အားလုံးကိုလေးစားလျက်.....

Sunday, April 8

Registry and Disk Cleaner


ကျွန်တော် ဒီတစ်ခါ ကွန်ပျူတာ ကိုယ်ပိုင်ရှိတဲ့သူတိုင်း သုံးသင့်တဲ့ ဆော့ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးက ကွန်ပျူတာထဲမှာ အမှိုက်လေးတွေ ရှင်းထုတ်ပစ်တာ အရမ်းမြန်တယ်။ သိလည်းသိသာတယ်။ ဒီကောင်လေး နှစ်ခုကို သုံးပြီးတာနဲ့ ကွန်ပျူတာရဲ့လုပ်ဆောင်ချက်က သိသိသာသာတက်လာတယ်။ C drive ထဲမှာ မလိုအပ်တဲ့ ဖိုင်တွေပြည့်နေတာ ဒီကောင်လေးသုံးလိုက်တော့ Free space တွေ ပိုထွက်လာတယ်။ တစ်ခုက Hard Disk (သို့) Partitons တွေကို  ရှင်းလင်းတာပါ။ နောက်တစ်ခုက Registry ထဲက အမှိုက်သရိုက်လေးတွေကို ရှင်းထုတ်ပစ်တာပါ။ တော်တော်လေးကောင်းပါတယ်။ ဒီကောင်လေးတွေကို မိမိရှင်းချင်အချိန်ကိုလည်း အော်တို ပေးထားလို့ရပါတယ်။ မိမိက နေ့စဉ် ၁၂ နာရီမှာ ရှင်းချင်တယ်ဆိုရင်လည်း Timer ပေးထားလို့ရပါတယ်။ အဲလိုပေးထားရင် နေ့တိုင်း ၁၂ နာရီရောက်ရင် Auto ရှင်းနေမှာ ဖြစ်ပါတယ်။ အသုံးလိုမည့်သူများ အောက်မှာဒေါင်းယူလိုက်ပါ။  ဘာကီးမှ မလိုပါဘူး။ 

Disk Cleaner အတွက်  ဒီမှာ  ဒေါင်းပါ။


Registry Cleaner အတွက်  ဒီမှာ ဒေါင်းပါ။

အဆင်ပြေကြပါစေ....

အားလုံးကိုလေးစားလျက်......

Friday, April 6

PDF ဖိုင်တွေကို တစ်ရွက်ချင်း လှန်ဖတ်မယ်


ကျွန်တော်ဒီတစ်ခါ ဆော့ဝဲလ် လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်တဲ့ ဆော့ဝဲလ်လေးပါ။ Miscrosoft တို့ PDF တို့လိုမျိုးလေးပါ။ ဒီကောင်လေးက ဘာ အားသာလဲဆိုရင် တစ်ရွက်ချင်း လှန်ပြီးဖတ်လို့ရတယ်။ တချို့ က စာရွက်လှန်ပြီး ဖတ်ရတာကို ပိုပြီးတော့ သဘောကျ ကြတယ်လေ။  အဲလိုလှန်ဖို့ကျတော့ အပြင်မှာ စာအုပ်ရှိမှ လှန်ဖတ်လို့ရတာပေါ့ ။ ဒါပေ့မယ့် အခုတော့ မိမိ ကွန်ပျူတာမှာပဲ Ebook တွေကို တစ်ရွက်ချင်းလှန်ဖတ်လို့ရအောင် ဒီကောင်လေးက လုပ်ဆောင်ပေးပါလိမ့်မယ်။ အရမ်းကောင်းပါတယ်။ တစ်ခုသတိထားရမှာက Ebook က PDF ပဲ ဖြစ်ရပါ့မယ်။ Mircrosoft office ဆိုရင် တော့ ဖတ်လို့ မရပါဘူး ။ သုံးနည်းက လွယ်လွယ်လေးပါ။ အရင် ဆုံး ကျွန်တော်ပေးထားတဲ့ ဆော့ဝဲလေးကို ဒေါင်းလော့ချလိုက်ပါ။  ပြီးရင် အဲဒီကောင်လေးကို run လိုက်ပါ။ဘာကီးမှ မလိုပါဘူး။ ပြီးပြီဆိုရင် မိမိဖတ်ချင်သော PDF ဖိုင် ပေါ်မှာ right click ထောက်ပါ။ Open with ကိုသွားပါ ။ အဲဒီမှာ Martview  ဆိုတာကို ရွေးပြီးဖွင့်ပါ။ ဒါဆိုရင်တော့ စာအုပ်တွေကို မိမိကွန်ပျူတာမှာပဲ တစ်ရွက်ချင်းလှန်ဖတ်လို့ရပါပြီ ။ စာရွက်လှန်တဲ့နေရာမှာ left click လေးဖိပြီးတော့ လှန်ရပါတယ်။  right click ကိုဖိတယ်ဆိုရင်တော့ Move လုပ်ခြင်းဖြစ်ပါတယ်။ ကဲပုံလေးနဲ့ နမူနာပြမယ်ဗျာ။ 






မိုက်တယ်ဟုတ်။ ကြိုက်တယ်ဆိုရင်တော့  အောက်မှာ ဒေါင်းလိုက်တော့ဗျာ။   တစ်ခုခု အဆင်မပြေခဲ့ဘူးဆိုရင်   C box မှာ ပြောခဲ့ပေးပါနော်။  အဆင်ပြေကြပါစေ....

To download >> Mediafire

အားလုံးကိုလေးစားလျက်.....