Pages
Thursday, May 31
Folder လေးတွေ ဖျောက်ထားမယ်
ဒီတစ်ခါ တော့ မိမိ ကွန်ပျူတာမှာ မိမိ မကြည့်စေချင်သော Folder လေးတွေကို  ဖျောက်ထားတဲ့ ဆော့ဝဲလ်လေး တစ်ခု တင်ပေးလိုက်ပါတယ်။  ဖိုင်ဆိုဒ်ကတော်တော်လေးကို သေးပါတယ် ။ ဒါပေ့မယ့်အထင်မသေးနဲ့နော် ။ တော်တော်မိုက်တယ်။ ဒီကောင်လေးကို run ပြီးပြီဆိုရင် short cut  လေးကို ကလစ်ပေးပါ။  ပြီးရင် မိမိထည့်လိုသော ပတ်ဝက်စ် ကို ရိုက်ထည့်ပါ။  ပြီးရင်  ဒီလိုလေးပေါ်လာပါလိမ့်မယ်။ 
အဲဒီမှာ သူက သုံးမျိုးပါတယ်။ ဖိုင် တစ်ခုချင်းစီလား၊ Folder တစ်ခုလုံးလား၊  usb drive ကိုလားလို့ ပေးထားပါတယ်။ ဥပမာ-Folder ကိုဖျောက်ချင်တယ်ဆိုရင် Folder ကိုရွေးပါ။ ပြီးရင် ဖျောက်ချင်သော Folder ကို ရွေးပါ။ ပြီးရင် ပိတ်လိုက်ပါ။ မိမိ တို့ ဖျောက်လိုက်သော folder ရှိတဲ့ Partition ထဲကို ၀င်ကြည့်လိုက်ပါ။ ဖျောက်ထားတဲ့ Folder လေးကို မြင်ရမှာမဟုတ်ပါဘူး။  ပြန်ရှိနေချင်တယ်ဆိုရင် Folder Hider shoutcut လေးကို ကလစ်ပေးပါ။ ပြီးရင် ပတ်ဝက်စ်တောင်းပါလိမ့်မယ်။ ပတ်ဝက်စ်ရိုက်ထည့်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Unhide ပေးလိုက်ပါ။ ရပါပြီ။ 
ဒါဆိုပြီးပြီနော်။ ဒါပေ့မယ့် နောက်တစ်ခုရှိတာက ဒီကောင်လေးက password ကို နှစ်ခါ ခံလို့ရတယ်။ အပေါ်ပုံလေးမှာ  Set Password ဆိုတာကို တွေ့တယ်မို့လား ။ အဲဒီကောင်လေးက နောက်ထပ် အဲဒီ Folder အတွက် Password ထပ်တောင်းလိမ့်မယ်။ password ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင် မိမိဖျောက်လိုက်တဲ့ Folder အတွက် Password  နှစ်ခါ ခံပြီးသွားဖြစ်သွားပါပြီ။ 
အသုံးလိုမည့်သူများ  ဒီမှာ ဒေါင်းသွားလိုက်ပါ။ 
အဆင်ပြေပါစေ ...
အားလုံးကိုလေးစားလျက်......
Tuesday, May 29
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး မျိုးစိတ်(၁၀) ခု
၁။ နှာခေါင်းလန်မျောက်(နှာချေမျောက်)(Rhinpithecus strykeri)
မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများပေါ်တွင် တွေ့ရသော ယင်း မျောက်မျိုးမှာ မျိုးသုန်း ပျောက်ကွယ် မည်ကို အလွန်အမင်းစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ နှာခေါင်းလန်နေသောကြောင့် မိုးရွာချိန်တွင် ခေါင်းဝှက်ပြီး နေကြသည်။ (ငါတို့ မြန်မာက ထိပ်ဆုံးကကွ.......:P)
၂။ဘာနဲရာသေတ္တာရေခူပြား (Tamoya ohboya)
သေစေသည့်အထိအဆိပ်ပြင်းသော ရောင်စုံလက်တံရှည်များ ပါသည့် စွန်သဖွယ်လွင့်မျော နေတတ်သည့် ပုံမှန်ထက်ပိုပြားသော ရေခူတစ်မျိုးမှာ  နယ်သာလန်ရှီ ဘာနဲရာကျွန်းတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ 
၃။မိစ္ဆာတိကောင်(Halicephalobus mephisto)
တောင်အာဖိကရှိ တစ်မိုင်နီးပါး နက်သည့် ရွှေတွင်းများတွေင် တွေ့ရတတ်သည့် တီအမျိုးအစားတစ်မျိုး မှာ တစ်လက်မ၏ အပုံ ၅၀ ပုံတစ်ပုံသာရှိပြီး အဏုကြည့်မှန်ပြောင်း ဖြင့် သာမြင်နိုင်သလိုကြောက်မက်ဖွယ် အဆင်းရှိသည် 
၎။ညပွင့်သစ်ခွ(Bulbophyllum nocturnum)
ပါပူအာနယူးဂီနီမှ ရှားပါး သစ်ခွမှာ ည ၁၀ နာရီဝန်းကျင်မှ ပွင့်လေ့ရှိပြီ  မနက် စောစောရောက်သည်နှင့် ပြန်ငုံသွားသည့် အပင်ဖြစ်ပြီး တွေ့ရှီသမျှထဲတွင် တစ်ခုတည်းသော ညပွင့်သည့် သစ်ခွဖြစ်သည်။
၅။ စပိန်မှ ကပ်ပါးကျယ်ကောင် (Kollasmosoma sentum)
စပိန်တွင်တွေ့ရှိခဲ့သည့် ကပ်ပါးနကျယ်ကောင်မှာ တစ်စက္ကန့်၏ အပုံ ၂၀ ပုံလျှင် တစ်ပုံမျှသာ ကြာမြင့်သောအချိန်အတွင်း ပုရွက်ကျင်း အတွင်း ဥချနိုင်သည့်အကောင်ဖြစ်သည်။
၆။ အလေးရှားရေမြှုပ်မှို(Spongiforma squarepantsii)
မှိုဆိုသော်လည်း မှိုထက်ရေမြှုပ်နှင့်ပိုတူသော ယင်းမှိုကို မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။  လက်ဖြင့်ညှစ်ပါက ပိန်သွားပြီး ပြန်ဖောင်းလာသည့်ထူးဆန်းသည့် မှိုဖြစ်သည်။
၇။ နီပေါ နွေဦးဘိန်းဝါ(Meconopsis autumnalis)
အမြင့်ပေ ၁၉၈၀၀ တွင် ပေါက်ရောက်သော ဘိန်းဝါများအကြောင်းကို ယခင် ကတည်းက သိခဲ့ကြသော်လည်း ပုံမှန်ဘိန်းများနှင့် မျိုးစိတ် မတူကြောင်း ကို ယမန်နှစ်ကမှ ခွဲခြား ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၈။ အကြီးဆုံးဆီသည်မကောင်(မီးရထားကောင်) (Cruifarcimen vagans)
၆ ဒသမ ၃ လက်မ မျှရှိသော ယင်း မီးရထားကောင် မှာ ခြေနှစ်ချောင်းစီပါသော အဆစ် ၅၆ ဆစ် ရှိပြီး တွေ့ရှိသမျှထဲတွင် အကြီးဆုံး အရှည်ဆုံး ဖြစ်သည်။( ငယ်ငယ်ကအဲဒီကောင်တွေ တွေ့ရင် ကျက်သီးထတယ်..:P)
၉။ လမ်းလျှောက်စောင်း ကြမ်းကောင်(Diania cactiformis)
လွန်ခဲ့သော နှစ်သန်းပေါင်း ၅၂၉ ခန့်ကရှိခဲ့သော မျိုးသုန်း ပျောက်ကွယ် သွားပြီဖြစ်သည့် မျိုးစိတ်ဝင် စောင်းကြမ်းပင်နှင့်တူသော အကောင်၏ ရုပ်ကြွင်းကို တရုတ်နိုင်ငံအနောက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၁၀။ ဆာဇီမာအမွေးထူပင့်ကူ(Pterinopelma sazimai)
ဘရားဇီးနိုင်ငံရှိ တောင်ပေါ်လွင်ပြင်များတွင်တွေ့ရသော မျိုးစိတ်သစ် ပင့်ကူဖြစ်သည်။
အားလုံးကိုလေးစားလျက်.....
Saturday, May 26
How to fix IDM with firefox
ကျွန်တော်တို့ Internet Download Manager အသုံးပြုသူများအတွက် အခုနောက်ပိုင်းမှာ ဒေါင်းလော့ချတာ Fix မဖြစ်တာ ကြုံရတက်ပါတယ်။ အရင်တုန်းကဆိုရင် IDM CC Add -on ကို သုံးလို့ရပါတယ်။ Add-on လေးကို run လိုက်တာနဲ့ youtube တို့  ၊ video site တွေမှာဆိုရင် အပေါ်ဘားတန်းလေးမှာ ဒေါင်းလော့ချဖို့ အဆင့်သင့် တွေ့ရပါတယ်။ အခုက Add-on ကို ဖိုင်လေးတစ်ခုအဖြစ်ဖန်တီးပြီး ဖြစ်လို့ Add-on လေး အရင်ဆုံးဒေါင်းလော့ ချရမှာဖြစ်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ ဥပမာဒီလိုလေးပေါ့။
ီIDM တော့ run ထားပါ့ရဲ့ ဒါပေ့မယ့် ဒေါင်းလော့ buttom လေး မတွေ့ရဘူး။ အဲဒါကို ဒီလိုလေးပေါ်အောင် လုပ်တာကို Fix လုပ်တယ်လို့ပြောတာပါ။
ကဲအရင်ဆုံးဘာလုပ်မလဲဆိုရင်...ဒီလင့်  လေးမှာ IDM CC ကို ဒေါင်းလော့ချပါ။
ပြီးပြီဆိုရင် Firefox >>Tools >>Add-ons  ကလစ်ပေးပါ။ အဲဒီမှာ  ဘယ်ဘက်ထိပ်က ခရေပွင့်ပုံလေးကို ကလစ်ပေးပါ။ 
အဲဒါပြီးရင် Install Add-on From File ဆိုတာကို ကလစ်ပေးပါ။  အဲဒီမှာ ခုနက ကျွန်တော်ဒေါင်းလော့ချခိုင်းထားတဲ့ ဖိုင်လေးကို ရွေးပေးပါ။ ပြီးရင် Install လုပ်ဖို့ box လေးတစ်ခုပေါ်လာပါ့မယ်။  Install ပေးလိုက်ပါ။ ပြီးပါပြီ။ 
အဆင်ပြေပါစေ....
အားလုံးကိုလေးစားလျက်.....
Thursday, May 24
Google Chrome ရဲ့ လျှို့ဝှက်ချက်(၃၀)
၁။ ‘chrome ’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီး နိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။
၂။ Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ်ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ်တစ်ခုကို ဖန်တီး ပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။
၃။ Alt နဲ့ home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။
၎၊၊ ‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ် ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။
၅။ “icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။
၆။ ‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့် လှစ်ပေး မှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ် လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ် အသုံးဝင် ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။
၇။ Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။
၈။ စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။ ‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။
၉။ (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့ တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။
၁၀။ Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။
၁၁။ သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့ အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည် ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အ၀ါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။
၁၂။ ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက် ပေးထား ပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။
၁၃။ Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ် လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်း ရရှိ ပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ ‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အ၀ ပြန်လည်ရရှိပါလိမ့်မယ်။
၁၄။ History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက် နှိပ် ရ ပါမယ်။
၁၅။ Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။
၁၆။’Ctrl နဲ့ J’ ကို တွဲဖက်နှိပ်တဲ့အခါမှာ ‘download’ လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။
၁၇။ ‘download’ page ကို ရှင်းလင်း ချင်တယ်ဆိုရင်တော့ link တစ်ခုချင် အလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက ‘Remove’ ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။
၁၈။ ‘Ctrl နဲ့ K’ ဒါမှမဟုတ် ‘Ctrl နဲ့ E’ ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ ဖြစ် ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် ‘google.com’ ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ် သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက် တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ် ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ “?” ပုံစံလေး ပေါ်လာပါလိမ့်မယ်။
၁၉။ Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager’ ကို ရွှေးချယ်လိုက်တဲ့ အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့ အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။
၂၀။ ‘Shift နဲ့ Escape’ ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။
၂၁။ add-ons ကိုတော့ chrome မှာ plug-ins လို့ပဲ လတ်တလော မှာ ခေါ်ဆိုပါသေးတယ်။ address bar မှာ ‘about: plugins’ ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။
၂၂။ Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။
about: stats
about: network
about: histograms
about: memory
about: cache
about: dms
၂၃။ ‘about: crash’ ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။
၂၄။ Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေး တစ်ခုကတော့ “about: internets” ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။
၂၅။ crome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာright click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် “inspect element” ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသား ဖို့ပါ။ Developer တွေ အတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
၂၆။ Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ ‘tools’ button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ ‘Basics’ tab ကို click နှိပ်ပြီး ‘Make Google chrome my default botton’ ကို click နှိပ်လိုက်ရုံပါပဲ။
၂၇။ အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools> options> under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး’security section’ ကိုရွေးပါ။ အဲဒီမှာ ’show cookies’ ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၂၈။ History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ် ချင်တယ် ဆိုရင် tools icon အောက်မှာရှိတဲ့ ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၂၉။ တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင် လည်း ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
၃၀။ Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည် ခေါ်ယူလို့ ရပါတယ်။
From : Internet Journal 
Proxy Server ဆိုတာ
    Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က
သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို
ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ
ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache
လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update
မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး
ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့
သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)
Anonymous Proxy Server ဆိုတာဘာလဲ
    Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး
ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို
လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
    Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန်
Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ
    Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များ များမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြ ပါဘူး။
Proxy Server အမျိုးအစားများ
HTTP Proxy
    Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။
HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။
အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို
Chat Program တွေပါ။
SOCKS Proxy
    သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို
လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး
အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား
SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
CGI Proxy
    CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy
    FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight
တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့
Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)
Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
    အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေကကိုယ်ဘယ် က လဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။
မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။  ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
    ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web
Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ
Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း
အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်
သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
    ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGIProxy တွေ ကို မဆိုလိုပါ)
    ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့.......
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါ တယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။
ကိုလင်း
ဟာသလေးများ
ဉာဏ်ပြေးတဲ့ ကျောင်းသား
ဖိုင်နယ်ကျောင်းသား ၀ီလျံတစ်ယောက် စာမေးပွဲမှာ "မှား" "မှန်" မေးခွန်းဖြေဖို့ အကျပ်ရိုက်နေရှာတယ်။ ငါးမိနစ်လောက် ခက်ခက်ခဲခဲ စဉ်းစားပြီးတဲ့နောက် သူ့ရဲ့ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် အကြွေစေ့တစ်စေ့ကို ယူလိုက်ပြီး စဖြေပါလေရော။ ခေါင်းဆိုရင် "မှန်"၊ ပန်းဆိုရင် "မှား" လို့ အဖြေစာရွက်ပေါ်မှာ သူက အရင်မှတ်လိုက်သေးတယ်။
တစ်ခန်းလုံး ချွေးပြန်နေတဲ့အချိန်မှာ သူကတော့ နာရီဝက်အတွင်း အားလုံး ဖြေပြီးသွားပါလေရော။ ဖြေဆိုချိန်ကုန်ခါနီးမှာ ချွေးတရွှဲရွှဲနဲ့ ဆုတောင်းလိုက်၊ အကြွေစေ့ လှည့်လိုက်လုပ်နေတဲ့ သူ့ကို အခန်းစောင့်ဆရာမက "ဟဲ့… ဘာတွေ လုပ်နေတာလဲ" လို့ တအံ့တသြနဲ့ မေးလိုက်တယ်။ အလုပ်ရှုပ်နေတဲ့ကြားက ၀ီလျံ ပြန်ဖြေလိုက်တာကတော့ "ကျွန်တော်က နာရီဝက်အတွင်း အကုန်ဖြေပြီးသားပါ ဆရာမရဲ့။ အခု အဖြေပြန်တိုက်နေတာပါ"
ကဲ…. ရှင်းပြီလား
မနက်စောစောမှာ မိခင်ဖြစ်သူက သားကို ကျောင်းသွားဖို့ နှိုးတယ်။
``ထတော့… သား။ ကျောင်းသွားဖို့ အချိန်ရောက်နေပြီ``
``ဘာဖြစ်လို့လဲ အမေရဲ့ ။ မသွားချင်ဘူးဗျာ``
``မင်းက ဘာကိစ္စ မသွားချင်ရတာတုံး။ အကြောင်းပြချက် နှစ်ခုလောက် ပေးစမ်းပါဦး``
``တစ်အချက် ကျောင်းသားတွေက ကျွန်တော့်ကို ကြည့်မရကြဘူး။ နှစ် အချက် ဆရာတွေကလည်း မကြိုက်ကြဘူး။ ကဲ….``
``မရဘူးဟေ့… မရဘူး။ ဘာအကြောင်းပဲ ရှိရှိ မင်းကျောင်းတော့ သွားကို သွားရမယ်``
``ကွိုင်ပဲ အမေရာ၊ ကျွန်တော့် ဘာဖြစ်လို့ ကျောင်းသွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေး နှစ်ခုလောက် ပေးပါဦး``
တွေ့ကြသေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ မိခင်ဖြစ်သူ ပြောလိုက်တာကတော့
``တစ်အချက်က မင်းအသက် ၅၃ နှစ်ရှိနေပြီ။ နှစ်အချက်က မင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်နေလို့ပဲ``
သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။ “သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ “ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။
 သိပြီးသား
အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။
အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။
နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -
ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
ဘယ်ရမလဲ
ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့ ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။
 From:forever
Tuesday, May 22
CD,DVD Bunner
ကျွန်တော် စီဒီ၊ ဒီဗွီဒီ ဘန်းတဲ့ ဆော့ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်။ သုံးရတာအရမ်းလွယ်ပါတယ်။ crack ဖိုင်လေးပါ  ပါတယ်။ crack ဖြေနည်းလေးကတော့ crack ဖိုင်ထဲမှာရှိတဲ့ ဖိုင်တွေအားလုံးကို copy ကူးပြီး Local disk (C:)>>Program file ထဲက Bunner Aware Professional  ဆိုတဲ့ ဖိုင်ထဲမှာ paste  လုပ်ပါ ။ ဒါဆိုရင်  Liense key မတောင်းတော့ပါဘူး။ ဖိုင်ဆိုက်ကလည်းဘယ်လောက်မှမရှိပါဘူး။ 8 MB ပဲရှိပါတယ် ။
အသုံးလိုမည့်သူများ အောက်မှာဒေါင်းသွားလိုက်ပါ။
အဆင်ပြေပါစေ....
အားလုံးကိုလေးစားလျက်.......
Sunday, May 20
နှစ်သက်မိသောပုံလေးများ
ကျွန်တော် ဒီပုံလေးတွေကိုကြည့်မိတိုင်း ခံစားချက်တစ်ခုစီ ဖြစ်ပေါ်မိတယ်။ ပုံလေးတွေ တစ်ပုံချင်းစီက ကျွန်တော်ကို အကြောင်းအရာတစ်ခု ကိုပြောပြနေတယ်။ 
အပေါ်က ပုံလေးကတော့ မင်းဒီကလေးလောက် ဘာသာရေးလိုက်စားရဲ့လားတဲ့.........
ဒါလေးကတော့ မျိုးမတူသူတွေအပေါ်မှာ မေတ္တာ ထားတက်ပါစေတဲ့.....
မတည့်သူအပေါ်ကိုလည်း မေတ္တာထားတတ်ပါစေတဲ့........
မင်းရော ကိုယ်ပိုင်ယဉ်ကျေးမှု ကိုဘယ်လောက်ထိန်းသိမ်း ထားပြီးပြီလဲတဲ့........
အဲဒီကျီးကန်းလေးလောက် စည်းကမ်းရှိရဲ့လားတဲ့.........
မင်းတက်နိုင်တဲ့ဘက်က ဘယ်သူတွေကို အကူအညီပေးပြီးပြီလဲတဲ့.....
မိဘကျေးဇူးကို ဘယ်တော့မှမမေ့ပါနဲ့တဲ့၊သား လိမ်မာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါတဲ့......
ကိုယ့်အမြင်နဲ့  မတူညီတိုင်း သူများကို အပြစ်မပြောပါနဲ့တဲ့.............
မင်း အကျိုးမရှိတဲ့ အရာတွေနဲ့ပဲ အချိန်ဖြုန်းမနေပါနဲ့တဲ့............
အားလုံးကိုလေးစားလျက်......
Saturday, May 19
မိန်းကလေး အစစ်လေလား
တကယ်တော့ သူက စက်ရုပ်မလေး Geminoid F ပါ ။ သူက စကားလည်း ပြောတတ်သလို သီချင်းလည်း ဆိုတတ်ပါ တယ်။ သူများအသံတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။
ပြုံးကာ၊ ရယ်ကာနဲ့လည်း မျက်နှာ အမူအရာပေါင်း ၆၅ မျိုးကိုလည်း လုပ်တတ်ပါတယ်။ တကယ့်လူသားလေး လို အရမ်းတူနေတာကြောင့် သူ့ကို သက်ရှိ အရုပ်လေးလို့လည်း တင်စားထားပါတယ်။
ဟောင်ကောင်မှာ ကျင်းပတဲ့ Hong Kong's "Robots in Motion 2012" Expo မှာ ပြသမိတ်ဆက်ထား တာလည်း ဖြစ်ပါတယ်။ ဂျပန်သီချင်းလည်း သူက ဆိုပြပြီး ပရိတ်သတ်ကိုလည်း ပြုံးရွှင်ဖော်ရွေစွာနဲ့ နှုတ်ဆက်ပါ တယ်တဲ့။
သူ့အသားအရေကတော့ အလွန်နူးညံ့တဲ့ ရော်ဘာနဲ့ လုပ်ထားတာဖြစ်ပြီး စက်ယန္တရားနဲ့ သူ့ကို တီထွင်ခံထားရပေ မယ့် သူ့ ရည်မှန်းချက်ကို သူက ပြောတာကတော့ သိပ်ထူးဆန်းပါတယ်။
သူဟာ တကယ့် လူအစစ်တွေလို့ ထင်အောင် အထိ စက်ရုပ်တွေကို ဖန်တီးဖို့ ရည်မှန်းထားပါတယ်တဲ့။
သူ့ကို Osaka University ဆိုတဲ့ တက္ကသိုလ်ကြီးက စက်ရုပ် ဖန်တီးသူ Hiroshi Ishiguro ထုပ်လုပ်ခဲ့တာပါ။သူ့ရဲ့ တန်ဘိုးကတော့ အမေရိကန် ဒေါ်လာ ၁ သိန်း ၁ သောင်း ပဲ ရှိတာကြောင့်
ဈေးလည်း ချိုပါတယ်တဲ့။
သူ့ကို ဖန်တီးခဲ့တဲ့ ပရော်ဖက်ဆာ Prof Ishiguro ကတော့ တနေ့နေ့ တချိန်ချိန်မှာ လူတွေက စက်ရုပ်တွေကို တကယ့် လူအစစ်တွေလို့ ယုံကြည်လာစေရမယ်လို့ ဆိုထားပါတယ်။
From:ဧရာဝတီ
ကာမေသုမိစ္ဆာစာရကံ
လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။
ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျို
းဟာ မျက်မှောက်တမလွန်နှစ်ဘ၀လုံး
အတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။
ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣနြေ္ဒသိက္ခာကိုမထိန်
းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာမလိုပါလို့ထင်ထားသော် လည်း နောက်ပိုင်းမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ သူတစ်ပါးအသက်ကို အလွယ်တကူသတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေ နှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေများလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘ၀တွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။
ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း
အင်္ဂါလေးပါးကို ရေးသားတင်ပြပေးပါမယ်။
၁။ မသွားလာအပ်တဲ့ အရာဌာနဖြစ်ခြင်း။
၂။ မှီဝဲလိုသော စိတ်ရှိခြင်း။
၃။ မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။
၎။ သာဒိယနံ - သာယာခြင်း။ ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်
။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းရင်တော့ ကံမထိုက်ပါ။ ဒါပေမဲ့ တစ်ပါးပါးကျုးလွန်မိရင် အကုသိုလ်အပြစ်လေးတော့ ဖြစ်ပါတယ်။ အထက်ဖော်ပြထားတဲ့ အင်္ဂါလေးချက်မှာ နံပါတ်တစ်အရ
‘‘မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ’’ဆိုတဲ့အတိုင်း အမိစောင့် ရှောက်ရှောက်တဲ့မိန်းမ အဖစောင့်ရှောက်တဲ့မိန်းမစတဲ
့ မိန်းမအမျိုအစား(၂၀)နဲ့ကိုပင် ယောက်ျားများဟာ မကျုးလွန်မိအောင် စောင့်ထိန်းရပါမယ်တဲ့။ အဲဒီမိန်းမအမျိုးအစား(၂၀)ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် ကာမပိုင်မရှိသေးတဲ့အပျိုနှင့် စေ့စပ်ကြောင်းလမ်းထားသူ အပါအ၀င် ကာမပိုင် လင်ယောက်ျားရှိပြီးဖြစ်တဲ့ မိန်းမဟု နှစ်မျိုးရပါတယ်။
နံပါတ်တစ်ဖြစ်တဲ့ ကာမပိုင်မရှိသေးတဲ့ မိန်းကလေးများနဲ့ကျူးလွန်ရင
် ယောက်ျားမှာသာ ကံထိုက်ပြီး မိန်းကလေးမှာ ကံမထိုက်ပါဘူးတဲ့။ မိန်းကလေးများ ဘာ့ကြောင့်ကံမထိုက်သလဲဆိုတော့ သူတို့ကာမကို သူတို့ပိုင်ဆိုင်နေတဲ့အချိန် ဖြစ်လို့ပါ။ ယောက်ျားများအား သွေးဆောင်မာယာများလို့ ယောက်ျားလေးများက ကျုးလွန်မိရင်တော့ မိန်းကလေးများမှာ အကုသိုလ်အပြစ် ဖြစ်ပါတယ်။ ကာမေသုမိစ္ဆာစာရကံကျုးလွန်တဲ့အခါ အလိုတူမဟုတ်ဘဲ အနိုင်အထက်ပြုကျင့်ရင် အပြစ်ကြီးပြီး နှစ်ဦးသဘောတူလို့ ကျူးလွန်ရင်တော့ အပြစ်ငယ်ပါတယ်။ နှစ်ဦးသဘောတူ ကျုးလွန်တဲ့အခါမှာလည်း ကိလေသာအားကြီး,မကြီး၊ လုံ့လအနည်းအများလိုက်ပြီး အပြစ်အကြီး အသေး ကွာခြားပါတယ်။
အမျိုးသားဘက်ကလည်း လွတ်လပ်သူမှန်ကန်မယ် အမျိုးသမီးဘက်ကလည်း စေ့စပ်ထားသူ, ငွေပေးထားသူ စတဲ့ ပိုင်ဆိုင်သူမရှိသေးဘူး။ ဒါပေမဲ့ မိဘသဘောမတူလို့ ခိုးထွက်ပြေးပြီး နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကာ လွတ်လပ်စွာမယားအမှတ်နဲ့ ပေါင်းသင်းဆက်ဆံရင် ဆန္ဒ၀ါသီနီ-အလိုတူနေလို့ မယားအရာမြောက်တဲ့အတွက် ကံမထိုက်ပါ။ ဒီနေရာမှာ လက်မှတ်ထိုးတဲ့ရုံးဌာနဟာ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အုပ်ချုပ်သူများ
 ဆိုတာ ပြည်သူများရဲ့အုပ်ထိန်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးတက်လက်မှတ်ထိုးတာဟာ တရားဝင်ဖြစ်သွားလို့ ကံမထိုက်တာပါ။ တကယ်လို့ မိမိတို့က တရားဝင်လက်ထက်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပြီး နှစ်ဦးသဘောတူ လွတ်လပ်တဲ့ရည်းစားများ ကျုးလွန်မိကြရင် လက်ထက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်သေးပါတယ်။ ဒါပေမဲ့ လက်မထက်ဖြစ်ခဲ့ဘူးဆိုရင်တော့ ကံထိုက်တဲ့အတွက် အပြစ်ကြီးပါလိမ့်မယ်။
ယောက်ျားလေးများပြည့်တန်ဆာမ
နှင့် ဆက်ဆံတဲ့အခါ ကိုယ့်ထက်အရင် ငွေပေးထားသူ ရှိပါက နောက်ယောက်ျား ကံထိုက်ပါတယ်။ ပြည့်တန်းဆာမလည်း ငွေလက်ခံထားသူနဲ့ မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံမယ်ပါက ကံထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့သူဟာ လူဇာတ်မဟုတ်တဲ့ တိရိစ္ဆာန်တို့နဲ့ကျူးလွန်ရာရင်လည်း ကာမေသုမိစ္ဆာစာရဖြစ်ပါတယ်။ ဘူရိဒတ်နဂါးမင်းကြီးဟာ သီလဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက်တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိတဲ့အတွက် တိရစ္ဆာန်များမှာလည်း ငါးပါးရှစ်ပါးစတဲ့ သီလများရှိကြပါတယ်။ ဒါကြောင့် တိရိစ္ဆာန်နဲ့ကျုးလွန်ရင်လည်း ကံထိုက်ပါတယ်။ ကောသလဘုရင်ရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ခွေထီးနဲ့ဖောက်ပြန်မှုကို သာယာမိခဲ့လို့ ကာမေသုမိစ္ဆာစာရကံ အပြစ်ဖြစ်ခဲ့ရတာပါ။ အရူးမကို မိဘစသည်တို့ကလည်းကောင်း၊ တစ်ယောက်ယောက်ကလည်းကောင်း အုပ်ထိန်းသူရှိရင် ကျုးလွန်သူမှာ ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။
ယောက်ျားချင်းချင်းသော်လည်း
စွယ်စုံကျော်ထင်ကျမ်းတွင် `မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း´ဆိုတဲ့ ကြည့်ကန်ရှင်ကြီးရဲ့အမေးကို
 ကျီးသဲလေးထပ်ဆရာတော်က အောက်ပါအတိုင်း ဖြေတော်မူခဲ့ပါတယ်။
၁။ ကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်တဲ့အခါ။
၂။ မိဘဆရာ သူတကာတို့ မြင်လောက်တဲ့နေရာမှာ ကျင့်တဲ့အခါ။
၃။ ကျင့်ရိုးကျင့်စဉ်မဟုတ်တဲ့ နည်းများဖြင့်ကျင့်တဲ့အခါ။
၎။ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်ပြီးကျင့်တဲ့အခါ မိမိမယားပင်ဖြစ်သော်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။ ဒီလေးချက်ဟာ အဓိကကတော့ ကံထိုက်ကြောင်း အင်္ဂါလေးပါးထဲက နံပါတ်အတွက် သီးသန့်ဖွင့်ဆိုပြတာပါ။ ကာမေသုမိစ္ဆာစာရကံထိုက်ကြောင
်း အင်္ဂါလေးချက်ရှိရာမှာ နံပါတ်တစ်အချက်ကလွဲရင် ကျန်တဲ့အချက်သုံးချက်ဟာ ရှင်းလင်းပါတယ်။ ဒါကြောင့် ဆရာတော်ကြီးများ၊ အဋ္ဌကထာ၊ ဋီကာဆရာတော်များက နံပါတ်တစ်ကိုပဲ အဓိကနားလည်အောင် ဖွင့်ပြကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးသားသမီးဇနီးလင်များ
ကို ကျုးလွန်ချင်တဲ့စိတ်ပေါ်လာရင် ငါကျုးလွန်မဲ့မိန်းကလေးနေရာမှာ ငါ့ရဲ့ မိခင်၊ အမ၊ နှမကို သူများကကျုးလွန်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ။ ငါကျုးလွန်မဲ့ ယောက်ျားလေးဟာ သူများလင် သူများချစ်သူဖြစ်နေရင်ရော အဲဒီလူဘယ်လိုခံစားရမလဲ။ အဲဒီလူနေရာမှာ ငါဆိုရင်ရော ဘယ်လိုခံစားရမလဲစတာတွေ တွေးတောကြည့်ရပါမယ်။ အဲဒီလိုတွေးတော တဲ့အခါမှာ မိမိရဲ့မောင်နှမဆွေမျိုးသားချင်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် မိမိစိတ်ရဲ့ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ်ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒီလိုသာ ရှေးနောက်စဉ်းစားတွေးခေါ်မယ်၊ မိမိစိတ်ကို သတိဖြင့်ထိန်းချုပ်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရအမှုများမှ ရှောင်ကြဉ်နိုင်မှာပါ။
မိမိတို့ လူသားများဟာ ဒီကာမကိစ္စကို ရှောင်ကြဉ်ဖို့ခဲယဉ်းတယ်လို
့ ထင်နေကြပါတယ်။ တကယ်တော့ မိမိစိတ်သာ အဓိကကျပါတယ်။ မိမိစိတ်ကို မိမိထိန်းနိုင်မယ်ဆိုရင် ဒါတွေမဖြစ်အောင် ထိန်းသိမ်းလို့ ရပါတယ်။ ရှေးဆရာတော်ကြီးများက ကာမရောဂါ ကိုယ်တွင်းနာ ကို ဟီရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါတယ်လို့ မိန့်ဆိုထားတာ ရှိပါတယ်။ အဲဒီလို မိမိတို့က ကာမကိစ္စဟာ ဟီရိသြတ္တပ္ပကင်းမဲ့တဲ့အလုပ်ဖြစ်တဲ့အတွက် မိမိတရားဝင်ယူထားသူမှလွဲ၍ တခြားသူများကို မပြစ်မှားမိအောင် ပညာဉာဏ်ကို သတိဖြင့် ထိန်းချုပ်ထားရပါမယ်။ လူသားများ မှာ မိမိတရားဝင်ယူထားတဲ့ ဇနီးမယားလင်တို့နဲ့ ကျုးလွန်လို့ ရပါတယ်။ ရဟန်းသံဃာများမှာ ဘယ်သူနဲ့မှ ကျုးလွန်လို့မရပါဘူး။ ကိလေသာမကင်းသေးတဲ့ လူအတူတူရဟန်းသံဃာများတောင် ကာမကိစ္စကို ထိန်းနိုင်သေးရင် လူသားများလည်း မိမိတရားဝင်ကျုးလွန်လို့ရတဲ့ဟာမှတစ်ပါး တခြားဟာကို မကျုးလွန်မိအောင် စောင့်ထိန်းနိုင်ရမှာပါ။
ငါတို့လူတွေက ဒါတွေမစောင့်ထိန်းနိုင်လို့
 ဒီလိုနေတာကွဆိုရင်လည်း တရားဝင်ယူပြီး ကျုးလွန်လို့ရတာနဲ့ မလုံလောက်သေးဘဲ စိတ်တိုင်းကျ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်နေမယ် ဆိုရင်တော့ နောက်နောင်ဘ၀တွေမှာ ကိုယ့်အလှည့်ကျမှာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပါ လိမ့်မယ်။ မိမိက ကံကောင်းလို့မြင့်မြတ်တဲ့ ယောက်ျားဘ၀လေးရလာတာကို နောက်ဘ၀တွေမှာ ထပ်ကံကောင်းအောင်မလုပ်ဘဲ မြင့်တဲ့ဖိုဓာတ်ဘ၀ကနေ ယုတ်နိမ့်တဲ့ မဓာတ်ဘ၀ကိုရောက်အောင် လုပ်နေမယ်ဆိုရင် ကိုယ်အလှည့်လည်း ခံရဦးမယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကိုယ်ယောက်ျားဘ၀ ရတုန်းကတော့ ထင်တိုင်းကျဲလာခဲ့ပြီး ကိုယ့်အလှည့်ကျမှ ကြောက်ပါပြီမဖြစ်ကြပါစေနဲ့။ အဲဒီလို မဖြစ်အောင် ယခုရရှိနေတဲ့ လူ့ဘ၀လေးမှာ မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ဖို့ လိုပါတယ်။
မိန်းကလေးများကလည်း မိမိတို့ အရင်ဘ၀တွေက မကောင်းတာလုပ်ခဲ့လို့ ယခုမျက် မှောက်မှာ ယုတ်နိမ့်တဲ့ဘ၀ရနေတာကို ကျေနပ်မနေဘဲ နောက်နောင်ဘ၀တွေမှာ မြင့်မြတ်တဲ့ ယောက်ျားဘ၀ရအောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုပဲ ယောက်ျားနှင့်မိန်းမတန်းတူ ယှဉ်နိုင်ပါ တယ်ပြောပါစေ ယုတ်နိမ့်တဲ့ဘ၀၊ အနိမ်ခံရတဲ့ဘ၀၊ အနိမ့်ကျင့်ခံရတဲ့ဘ၀ကတော့ မလွတ်တာ အမှန်ပါ။ အဲဒါကြောင့်မို့ မိန်းမဘ၀ကနေ ယောက်ျားဘ၀ရဖို့အတွက် ယခုဘ၀မှာ မိန်းကလေး ဣနြေ္ဒနှင့်နေပြီး မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ရပါမယ်။
ဒါကြောင့် လူသားအားလုံး ရရှိလာတဲ့လူ့ဘ၀လေးမှာ မမှားသင့်တဲ့အမှားများ မပြုလုပ်မိ အောင် သတိထားဆင်ခြင်ကာ နောက်အနာဂတ်ဘ၀များ ကောင်းစားရေးကိုသာ အဓိကထား လုပ်ဖို့လိုပါတယ်။ ယခု မိမိတို့ဟာ လူ့ဘ၀ကိုရနေပြီမို့ ဒီဘ၀မှာ ကြုံရမဲ့ဆင်းရဲဒုက္ခဟာ အသေး အဖွဲ့လေးပဲ ဖြစ်ပါ တယ်။ နောက်ဘ၀များစွာဟာ မိမိဘယ်လိုဘ၀တွေရောက်ပြီး ဘယ်လို ဆင်းရဲတွေကြုံရဦးမလဲဆိုတာ မသိနိုင်ပါ။ ဒါကြောင့် မသိနိုင်သေးတဲ့ဘ၀ကို ချမ်းသာမှုတွေနဲ့ ရင်ဆိုင်ရအောင် ယခုကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။ တကယ်လို့ မိမိတို့က အမှားတွေပဲ လုပ်ပြီး လူ့ဘ၀ကြီးကိုဖြတ်သန်းသွားမယ
်ဆိုရင် ဒုသနသော လေးယောက်ကဲ့သို့ နောက်မှနောင်တ တွေရနေပါလိမ့်မယ်။ အဲဒီလိုနောင်တတွေမရဖို့ရန် ယခုကတည်းက မမှားသင့်တာမမှားရအောင် သတိထားကြပါကုန်။
အရှင်ကောမလ(ခ)ဆန်နီနေမင်း