Pages

Sunday, August 19

ချစ်တယ်လို့ မိန်းကလေးများ စ မပြောမိပါစေနဲ့




ဒီပိုစ့်လေးကို မရေးချင်ပေ့မယ့် ရေးလိုက်ပြီဗျာ။  ကျွန်တော်ကောင်းစေချင်လို့ပါ။ မိန်းကလေးတွေကို ပုတ်ခတ်တာလဲ မဟုတ်ပါဘူး။ မိန်းကလေးတွေက စိတ်အရမ်းနုနယ်ကြတယ် ။ အဲဒါ ပြောရမယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ။ ရည်စားစကားဆိုတာ ယောင်္ကျားလေးက စပြောရမှာပါ။ မိန်းကလေးဘက်က စပြီး ဘယ်လောက်ပဲ ချစ်နေပါစေ လုံးဝကိုဖွင့်မပြောသင့်ပါဘူး ။ ပြီးတော့ အွန်လိုင်းက ယောင်္ကျားလေးတွေကို လည်းမယုံပါနဲ့။ ကျွန်တော်ကိုယ်တွေတစ်ခုပြောပြမယ် ။ ကျွန်တော်မှားချင်လည်း မှားမယ်ဗျာ။ မိန်းကလေးတစ်ယောက် နဲ့ အွန်လိုင်းမှာ ခင်တယ်။ သူက အွန်လိုင်းလည်းသိပ်မသုံးတက်သေးဘူး။ သူမသိတာလေးတွေ ပြောပြတာပေါ့။ သူက ရန်ကုန်ကမဟုတ်ဘူး တခြားကနေ ရန်ကုန်ကိုလာတာ။ အဲဒါ ရန်ကုန်မှာဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး ပြောမိပါတယ်။ နေမကောင်းဘူး ဆိုလည်း အွန်လိုင်းမှာ ကျွန်တော့်ကိုလာပြောတယ်။ သူဖြစ်သမျှ အခက်ခဲတွေကိုလည်း ပြောပြတယ်။ ကျွန်တော်ကလည်း သာမန်သူငယ်ချင်းတစ်ယောက်အနေနဲ့ နားထောင်ပေးဖြစ်ပါတယ်။ အကြံလည်း ပေးဖြစ်ပါတယ်။ ဒါကသူငယ်ချင်းတစ်ယောက်အနေနဲ့  ရင်ဖွင့်တာကို နားထောင်တာလေ။ ဘာလို့ တလွဲသွားတွေးကြတာလဲ။ သူကပြောတယ် ကျွန်တော်နဲ့ စကားပြောရတာ ပျော်တယ်တဲ့။  ကျွန်တော်ကို ရင်ဖွင့်လိုက်ရင် သူရင်ထဲမှာရှိတာတွေ ပေါ့သွားတယ်တဲ့။ ကျွန်တော် အဲလိုပြောတာတွေကို သာမန်လို့ထင်ထားခဲ့တာ။ သူနဲ့ အွန်လိုင်းမှာခင်လာတာ ဆယ်လလောက်ရှိမယ်ထင်တယ်။
အဲဒီဆယ်လအတွင်း ဘယ်နေ့လာခဲ့မယ်နော်။ ရက်ချိန်းတွေ ပေးပါတယ်။ ကိုယ့်ဘက်ကတော့ လာလာ မလာလာပေါ့ ။ သူငယ်ချင်းတစ်ယောက်အဖြစ်တော့ လာခဲ့တော့ပြောဖြစ်ပါတယ်။ သူ့ကို တအားကြီးလည်း ဂရုစိုက်ပြတာတော့မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်ကို ဂရုစိုက်သလို သာမန် ဂရုစိုက်မှုလေးပါပဲ။ သူကိုမှ မဟုတ်ပါဘူး တခြား သူငယ်ချင်းတွေကိုလည်း အဲလိုပဲပြောဆိုတာပါ။ ဒါပေ့မယ့် အဲဒီသာမန်ဂရုစိုက်မှုတွေက သူ့အတွက် သာယာမှု တစ်ခုဖြစ်သွားခဲ့တယ်ထင်ပါတယ်။ တစ်ရက်မှာ အချစ်အကြောင်းမပြောဖူးဘဲ သူကပြောလာတယ်။ ကျွန်တော်ထက်တစ်နှစ်ငယ်တယ်။ အစ်ကိုတဲ့ သူမှာ ချစ်ရမယ့်သူတစ်ယောက်ရှိနေပြီတဲ့ ။ ဟုတ်လားပေါ့။ သူက မင်းကို ဖွင့်ပြောပြီးပြီလားလို့မေးတယ်။ သူဘက်က ဒီအတိုင်းပဲတဲ့။ ညီမဘက်က ဖြစ်နေတာပါတဲ့။  ဖွင့်ပြောလိုက်ရင် ကောင်းမလားတဲ့။ ကျွန်တော် အဲဒီမှာ သူ့ကို သတိပေးတယ်။ မင်းက မိန်းကလေးဖြစ်တယ် ။ လုံးဝဖွင့်မပြောသင့်ဘူးလို့။ တကယ်လို့ ဖွင့်ပြောလိုက်ရင်လည်း မင်းအတွက် က ရလဒ်မကောင်းဘူးလို့ပြောခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်ကို အရင် က သုံးနှစ်သုံးမိုးတောင် ရည်းစားစကားပြောရတာပဲတို့၊ အစဉ်အလာမရှိတဲ့အကြောင်းတို့ သူနားလည်အောင် သူ့ကို ပြောခဲ့ပါတယ်။ သူကပြောတယ်။ ဒီတိုင်းကြီး တဖက်သတ်ကြီး နေ နေရမှာလားတဲ့။ အင်းပေါ့ လို့ပြောခဲ့တယ်။ မရတော့ဘူး အစ်ကိုတဲ့။ ညီမရင်ထဲမှာ ဘယ်လိုမှ မျိုသပ်မထားနိုင်တော့ဘူးတဲ့။ ပြောမှကိုဖြစ်မယ်တဲ့။  ကျွန်တော်ဘယ်လို နားဝင်အောင်ပြော ပြော မရခဲ့ပါဘူး။ သူကပြောတယ်။ ညီမပြောလိုက်တော့မယ်တဲ့။ သူအဲဒီစကားပြောပြီးရင် တပတ်လောက် အွန်လိုင်းမလာတော့ဘူးတဲ့။ အဲဒီထိကို မသိသေးပါဘူး။ နောက်တော့ အဲဒီတစ်ယောက်က အစ်ကိုပဲတဲ့။ တိန် သေရောပဲလေ။ ကျွန်တော် ဆက်ပြောခဲ့ပါတယ်။ အစ်ကို့ဘက်ကတော့မင်းကို သာမန် ညီမ ၊ သူငယ်ချင်းတစ်ယောက်ထက်မပိုနိုင်ပါဘူ့း။ ပြီးတော့ မင်း အစ်ကို့ကို ပြောတဲ့အတွက် တော်သေးတာပေါ့။ တခြားတစ်ယောက်ဆိုရင် မင်းဘယ်နှယ့်လုပ်မလဲ ။ မင်းကိုအထပ်ထပ်မှာထားတာပဲ အွန်လိုင်းကသူတွေကို မယုံပါနဲ့လို့။ ယုတ်စွအဆုံး အစ်ကို့ကိုပါ မယုံနဲ့လို့ပြောထားတာလေ လို့ပြောခဲ့ပါတယ်။ သူက အစ်ကို့ကိုမို့လို့ ပြောတာတဲ့။ အဲလိုတွေဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်သူ့ကိုပြောခဲ့ပါတယ်။ မင်းနဲ့မတွေ့တော့ဘူးလို့။  မင်းအစ်ကို့ကို အစ်ကိုတစ်ယောက်လို သဘောထားနိုင် တဲ့အချိန်အွန်လိုင်းလာခဲ့ပါလို့ ပြောခဲ့တယ်။ သူတစ်ပတ်လောက်နေတော့ ပြန်တက်လာပါတယ်။ အဲဒီနောက်ပိုင်းကနေ အခုချိန်ထိမတွေ့တော့ပါဘူး။  အဲလိုအဖြစ်မျိုး တိုက်တိုက်ဆိုင်ဆိုင်ပဲနောက်တစ်ယောက် ကြုံခဲ့ရပါတယ်။ အဲဒါကြောင့်လည်း ဒီပို့စ်လေးကိုရေးလိုက်တာပါ။ မိန်းကလေးတွေကိုပုတ်ခတ် ရည်ရွယ်ပြီး ရေးသားခြင်းမဟုတ်ပါ။


အဲလိုမျိုး ကျွန်တော် ကြုံခဲ့ရတယ်။ အဲဒီတော့ အဲလိုမိန်းကလေးတွေကိုပြောချင်ပါတယ်။   မိမိသိက္ခာကို ငဲ့ကွက်ကြပါ။ မိန်းကလေးဆိုတဲ့ အိနြေ္ဒကို စောင့်ထိန်းကြပါ။ အရှက်ကို အသက်နဲ့ လဲရမယ်ဆိုတဲ့ မိန်းကလေးတွေအတွက် ဆောင်ပုဒ်တွေတောင်ရှိခဲ့တာပဲ။ ရှေးလူကြီးပြောခဲ့တာတွေကို ဖျောက်ဖျတ်မပစ်ကြ
ပါနဲ့။ ညီမတွေလို ကိုယ်ချင်းစာပြီး ရေးသားခြင်းဖြစ်ပါတယ်။ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ ရုပ်စွအဆုံးပြောလိုက်မယ် မတော်သူနဲ့တွေ့ရင် ဘဝပါ ပျက်သွားနိုင်ပါတယ်။ မိမိကိုယ့်ကိုယ် တန်ဖိုးထားကြပါ။ တအားကြီး မပျော့ညံ့ကြပါစေနဲ့။ ယောင်္ကျားလေးတစ်ယောက် ဂရုစိုက်တိုင်းလည်း သူ့ဘက်ကိုပါ မသွားပါစေနဲ့။ သေချာစဉ်းစားဆုံးဖြတ်ကြပါ။ ဘယ်လောက်ပဲ ကိုယ့်ဘက်က တစ်ဖက်သတ်ချစ်နေပါစေ နောက်ဆုံးအချိန်ထိ ကို ကိုယ့်ဘက် က စမပြောမိပါစေနဲ့ဗျာ။  အဲလိုမိန်းကလေးမျိုး သူငယ်ချင်းတို့ ပတ်ဝန်းကျင်မှာတွေ့ခဲ့ရင်လည်း ဝိုင်းဝန်းပြောဆိုဖြောင့်ဖျကြပါ။ မိန်းကလေး များသောအားဖြင့် သူငယ်ချင်းတွေကိုတော့ တိုင်ပင်မယ်လို့မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ အွန်လိုင်းမှာ သူငယ်ချင်းပဲရှာကြပါ။  ကြင်ယာ မရှာကြပါနဲ့။ အခုခေတ် ကာလသားတွေ တော်ကီတွေမှာလည်း မျော မသွားပါစေနဲ့။ အွန်လိုင်းကို စသုံးတက်ခါစ မိန်းကလေးတွေမှာ အများဆုံးဖြစ်တက်ပါတယ်။ မိမိသူငယ်ချင်းလေးတွေ အဲလိုစသုံးတဲ့သူရှိရင် ဖေးမကူညီကြပါလို့ စာဖတ်သူများကိုပြောချင်ပါတယ်။ အွန်လိုင်းက အသုံးချတက်ရင် ရွှေပါ။ တလွဲအတွေးတွေနဲ့ အွန်လိုင်းမသုံးကြပါနဲ့။ အကျိုးရှိမယ့်အရာလေး တွေနဲ့ပဲ အွန်လိုင်းမှာ အချိန်ကုန်ကြပါစေ။ အွန်လိုင်းပေါ်က ကောင်လေးတွေကို အတက်နိုင်ဆုံးမယုံတာအကောင်းဆုံးပါ။ အွန်လိုင်းမှာတွေ့တဲ့ ကောင်လေးတွေပေါ်မှာလည်း မသာယာကြပါစေနဲ့နော်။ ညီမချင်း ကိုယ်ချင်းစာမိလို့ ရေးတာပါ။  စော်ကားမှု ၊ ပုတ်ခတ်မှုများ ပါခဲ့ပါက  အနူးအညွှတ်တောင်းပန်အပ်ပါသည်။ 

အားလုံးကိုလေးစားလျက်....

28 comments:

  1. ဘယ်လိုပြောရမလည်းတောင်မသိတော့ပါဘူး စိုးသူရာ
    အခုမြန်မာပြည်မှာက ကိုရီးယားကားတွေရောက်လာတဲ့နောက်ပိုင်
    အဲပြဿနာတွေ ဖြစ်လာတတ်တယ် အတုခိုးမှားကုန်တာပေါ့..
    ရဲတင်းလာတာလား ပွင့်လင်းလာတာလား. အရှက်အကြောင်းကင်းကုန်တာလား ပြောနေရင်နဲ့ ညီမနှစ်ယောက်ကိုတောင်စိ
ိတ်ပူလာတယ် ဟူးးးး ညည်းသံ..

    ReplyDelete
    Replies
    1. Anonymous10:19 PM

      ဟုတ်တယ်နော် ကိုယ်တောင်အခုစဉ်းစားနေတာ မြန်မာနိုင်ငံပညာေ၇းမတိုးတတ်တာ ကို၇ီးယားကားတွေကြောင့်လို့ထင်တယ် စာမေးပွဲတွေဖြေတော့မယ် ကို၇ီးယားကားတွေ
      ကြည့်ကောင်းတုန်း၇ိုသေးတယ် တချို့လူတွေ

      Delete
  2. ကိုယ်က စပြောဖို့တော့ တခါမှ မတွေးဖူးဘူး...
    တသက်လုံးရှုံးမှာ ဟိ :P

    ReplyDelete
  3. Anonymous10:53 AM

    အရမ်းကောင်းတဲ့ပို့စ်လေးပါ အခုခေတ်မိန်းကမလေးများအတုယူသင့်ပါတယ်....

    ReplyDelete
  4. Anonymous12:58 PM

    ကျေးဇူးပါ

    ReplyDelete
  5. ကျေးဇူးပါပဲ အစ်ကို။

    ReplyDelete
  6. Anonymous10:43 PM

    ုဖျစျု

    ReplyDelete
  7. Anonymous11:22 AM

    သူငယ်ချင်းဘဲရှာပါဆိုတဲ့စကားလေးကို အကြိုက်ဆုံးဘဲ

    ReplyDelete
  8. Anonymous11:37 PM

    အကို စာ သား လေး တွေ က တ ကယ် ကောင်း ပါ တယ် ဗျာ
    နှ မ ချင်း ကို ချင်း စာ တတ် ပါ တယ် ညီ လေး လဲ
    ညီ လေး စာ သား လေး တွေ ကြို က် လို့  facebook မှာ တင် လိုက် ပါ တယ် အကို...

    ReplyDelete
  9. ဟုတ်တယ်ထားနော်ဒါပေမဲ့
    သူတို့ကအဲ့လိုလုပ်တာကိုရှောင်တာလောက်ပါရှိတာလို့
    သူပြောတဲ့အတိုင်ဝင်ရောကြည့်ပါလားနောက်ပိုင်ပျက်သွားခဲံတဲ့အချိန်ကြရင်ယောင်္ကျားလေးကပဲနင့်နေအောင်ခံစားရတာတကယ်ဗျကျွန်တော်မှာလည်းရှိခဲ့တယ်အဲ့တာဘယ်လိုသင်ရတာလည်းပြောပြနိုင်မလားအကို

    ReplyDelete
  10. Anonymous11:38 AM

    ဟုတ်တယ်နော် ဟူးးးးးးးး စိတ်မောတယ် ခုလိုလေးတွေကြားရတော့ မိန်းကလေးကို အပြစ်တင်ရမလို သနားရမလိုဖြစ်သွားတယ်လေ မိန်းကလေးက သူခံစားချက်နဲ့ လေ ဒါပေမဲ့ မြန်မာပြည်မှာက ဒီလိုတွေ နေလို့ မရဘူးလေ
    အကိုပြောသလိုပဲ ခုခေတ်တစ်ချို့ ယောကျာင်္းလေးတွေကလဲ မယုံရတော့ဘူး အွန်လိုင်းကိုယုံရင် ဖွန်ကောင်တွေနဲ့ တွေ့ မယ် အွန်လိုင်းကို အသုံးချတက်ရင် ရွှေဆိုတာ မှန်ပါတယ် အသုံးမချတက်ရင်တော့ လူကို ခံစားမှုပေါင်းစုံးရသွားစေနိုင်တယ်လေ

    ReplyDelete
  11. Anonymous7:19 AM

    ဘာပြောရမှန်းတောင် မသိတော့ဘူး အဖြစ်အပျက်က တူလွန်းလို့ ပါ ။ :)
    ရှောင်နေလိုက်တော့ နောက်ထပ်တစ်ယောက်နဲ့  ချစ်သူဖြစ်သွားတယ် ။
    မိန်းကလေးတိုင်းတော့ အဲလို မဟုတ်ပေမယ့် အခုလို မိန်းကလေးတွေ အွန်လိုင်းမှာတော်တော်
    များတယ်ဗျ ။ ယောက်ကျားလေးတိုင်း မယုံရသလို မိန်းကလေးတိုင်းကိုလည်း မယုံသင့်ဘူးလို့ 
    ကျနော် မြင်ပါတယ် ။ :)

    ReplyDelete
    Replies
    1. Anonymous4:54 PM

      မိန်းမကောင်း မိန်းမမြတ်တွေ လည်းရှိပါတယ်

      Delete
  12. Anonymous8:43 AM

    ဟုတ်တယ် အကို့ရေးတာအရမ်းကောင်းတယ် အကြိုက်ဆုံးကတော့ စိတ်မပျော့နဲ့အွန်ပေါ်ကယောင်္ကျားတွေကို မယုံနဲ့ဆိုတဲ့အချက်တွေက သတိပေးထားရာရောက်တယ် ယောင်္ကျားအချင်းချင်းဆိုတော့ ပိုပြီးတော့လဲနားလည်မယ် ဒီလိုထိရောက်တဲ့သတိပေးစာတွေ များများရေးပေးပါ

    ReplyDelete
  13. ငါ့ညီရေးတဲ့postလေးကောင်းပါတယ်အချစ်မှာမျက်စိမပါဘူးလို့တာလူတွေပြောတာလူကြိုက်တော့များတယ်ကွ(မမြင်ရတဲ့လူတွေကိုအွန်လိုင်းပေါ်ကနေအချိန်ကုန်ခံပြီရင်ခုံနေတဲ့လူတွေကိုတော့အကိုရင်လေးပါသည်)ကို့ညီတွေညီမတွေInternet ဆိုတဲ့လှိုင်းပေါ်မှာအကျိုးရှိရှိအသုံးချနိုင်ပါစေ။

    ReplyDelete
  14. Anonymous7:57 PM

ိThanks.သူငယ်ချင်းများကိုလည်းသတိပေးလိုက်ပါ့မယ်။ကိုယ်တိုင် လည်းဘယ်တော့မှအဲ့လိုမလုပ်စေရပါဘူး။အစ်ကို့ ကိုမေးစရာလည်းရှိပါတယ်။If people in the world like you there will be good and peace.ကျေးဇူးအများကြီးတင် ပါတယ်။

    ReplyDelete
  15. Anonymous1:41 AM

    certainly like your web-site but you have to test the spelling on quite a few of your posts.
    A number of them are rife with spelling problems and I to find it very bothersome to inform the truth then again I will definitely
    come again again.
    Here is my web blog ; homeschool

    ReplyDelete
  16. Anonymous4:51 PM

    အစ်ကို ပြောတာတွေမှတ်ထားပါ့မယ် ကျေးဇူးလည်းတင်ပါတယ်

    ReplyDelete
  17. Anonymous4:44 AM

    ဒီပို့စ်လေးကိုတော့အရမ်းသ ဘောကျတယ်ဗျာ
    ဒီစိတ်မျိုးလေးထားတာချီးကျူးတယ်ဗျာ လူတိုင်းဒီလိုစိတ်ထားနိုင် ပါစေ

    ReplyDelete
  18. ခုလိုမျိုးသူကိုနားလည်ပေးလိုက်တော့ တော်သေးပါတယ် မိန်းမလေးဘက်ကကြည့်မယ်ဆိုရင် သူအားငယ်နေတဲ့အချိန်တိုင်းမှာ အားပေးဖော်ဆိုလို့ရှင်တစ်ယောက်ဘဲရှိလာခဲ့တာထင်တယ် အရာရာအားလုံးတိုင်ပင်ရလောက်အောင်ရှင်နဲ့တအားကိုရင်းနှိးသွားပြီး ရှင်တစ်ယောက်တည်းနဲ့ဘဲ စကားတွေပြောဖြစ်လို့ဘဲ ရှင်ဘက်က သူ့ကိုအစ်ကိုတစ်ယောက်လိုဘဲ သဘောထားခဲ့ပါတယ်ဆိုတာ လည်းရှင်ပြောတာဘဲနော ကျွှန်မတို့ကအကြားနဲ့ဘဲ ပြောရတာ...ခုကတစ်ဘက်စကားကိုဘဲ ကြည့်ရတာလေ..ဘာဘဲဖြစ်ဖြစ်နေပါစေ ကိုယ့်ကိုဂရုစိုက်တတ်တဲ့ယောကျားတွေဟူသမျှ အကုန်လုံးနီးကပါးက ကိုယ့်ကိုသဘောကျတယ်လို့ဘဲထင်မှာဘဲ....ဟုတ်တယ်ဟုတ်..ကိုယ့်ကိုတစ်ခါထက်နှစ်ခါ အကြည့်ခံလိုက်ရပြီဆိုတာနဲ့တောင် ဒီကောင်လေးငါ့ကိုသဘောကျနေတာ...ဒီကောင်မလေးငါ့ကိုချိုးနေတာ လို့ထင်ကြမယ့်သူတွေချည်းပါဘဲ...သူ့အကြည့်တွေကိုကိုယ်ရဲ့အထင်တွေနဲ့တော့ အတွေးပေါင်းမြောက်မြားစွာနဲ့တွေးနေမှာဘဲ လေ...မဟုတ်ဘူးလား...စကားရဲ့အသွားအလားကြည့်ပြီးပြန်ရှောင်လို့ရပါတယ်...ကိုကိုယ်တိုင်က သူ့ကိုအလေးပေးထားမှတော့ ဘယ်လိုဘဲဖြစ်နေပါစေ၊ဒီကောင်မလေးငါ့ကိုဘဲလာလာ ပြောနေမှတော့ တွေးတတ်တဲ့သူတွေဆို အဲလိုမျိုးပြောလာတော့မယ်ဆိုတဲ့စကားကို အင်လှိုင်းထိုင်တတ်တဲ့သူတွေသိမှာဘဲ....ဟုတ်ကဲ့ ခုလိုတစ်ဖက်ကျစေတဲ့စကားတွေဖော်ပြမယ့်အစား ဘယ်လိုပြန်တုန်ပြန်ရမယ်ဆိုတဲ့သဘောလေးတွေ တင်ပေးရင်ကောင်းမယ်ထင်ပါတယ်........ကျေးဇူးတင်ပါတယ်ရှင်.

    ReplyDelete
  19. ........................................................................................သူငယ်ချင်းဘဲရှာပါဆိုတဲ့စကားလေးကို အကြိုက်ဆုံးဘဲ ..........................................................................................................................................................................................................................................................................

    ReplyDelete
  20. စပြောဖို့ များ တွေးတောင်မတွေးမိပါဘူး

    ReplyDelete
  21. Anonymous8:02 PM

    ကျွန်တော်လဲ ယောကျားလေးတစ်ယောက်ပါ။ ဒါပေမဲ့ ဒီပို့စ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ယောကျားလေးတစ်ယောက်ကို တကယ်ချစ်ယင် ချစ်တယ်ဆိုတဲ့အကြောင်း ပြောသင့်ယင် ပြောရမယ်။ ပြောနိုင်တယ်။ ပြောခွင့်ရှိတယ်။ ပြောသာ ပြောလိုက်ပါ။ ဒါပေမဲ့ အရေးကြီးဆုံးက ချစ်ပြီးတဲ့နောက် မေတ္တာနဲ့သစ္စာထားပေးဖို့ပါပဲ။
    လူ့ဘ၀မှာ ရင်အခုန်ရဆုံးလုပ်ရပ်တစ်ခုအတွက် လူတိုင်းမှာ ပိုင်ဆိုင်ခွင့်ရှိတယ်။ minnkk9gmail ကို လာရော ဝေဖန်နိုင်ပါတယ်။

    ReplyDelete
  22. အစ်ကို့ ကိုလေးစားမိပါတယ်။

    ReplyDelete
  23. Anonymous12:35 PM

    zinmyohtet ပြောသလိုလည်း အများကြီးဖြစ်နိုင်ပါတယ်.တဖက်တည်းရဲ့အမြင် မဟုတ်ပဲ နှစ်ဦးနှစ်ဖက် အမြင်လေးးလည်းစဉ်းစားးရင်ပိုမှန်နိုင်မယ် လို့ထင်မိပါတယ်...

    ReplyDelete
    Replies
    1. Anonymous10:30 AM

      ဟုတ်တယ် အကိုပြောသလို....ယောကျာင်္းလေး ဘဲ မဟုတ်ဘူး မိန်းခလေးတွေလဲ မယုံကြည်ရဘူး။ ညီမ တွေ့ဖူးတဲ့ သူငယ်ချင်းကောင်လေးပေါ့။ သူကတော့ ph ထဲကနေ ခင်တာပါ။ ကျောင်းတုံးကတည်းက ညီမကို သိတာ။ သူ့ ကိုတော့သိပ် မသိဘူး။ ဖြစ်ချင်တော့ သူက စကားပြော အရမ်းကောင်းတယ်။ ညီမ ကိုတွေ့ ဖို့ အတင်း ချိန်းတယ်။ နောက်တော့ အရမ်းရင်းနှီး တွားတော့ သူ့ကိုတွေ့ ဖို့လက်ခံ လိုက်တယ်။ အရမ်းရင်းနှီးတွားတော့ အဆင့် တတ်ပြီး ညီမ ဆီက အဖြေတောင်းတယ်။ ညီမ ကတော့ သူငယ်ချင်းလိုဘဲနေ မယ်လို့ပြောတယ်။ သူကဘာမှ မပြောဘူး။ ပြီးတော့ သူက ညီမကိုမေးတယ်. face book account ရှိလားပေါ့။ ဖြစ်ချင်တော့ ညီမ ဖုန်းက bill ကုန်နေတယ်။ အဲ့တော့ သူက ညီမ ဖုန်းကို ငွေဖြည့်ပေးမယ် ဆိုပီးပြောတယ်။ ညီမ ကအားနာတော့ အကြွေးနဲ့ ဖြည့်ပေးပါ ပေါ့။ နောက်မှ နင့်ကိုပြန်ပေးမယ် ဆိုပြီး သူ့ ကို ဖုန်းပေးလိုက်တယ်။ သူကလဲ ရတယ်ဆိုပီး ပြောပြီး Moon Barry အောက်ထပ်ကို ဆင်းတွားတယ်။ သူ့ရဲ့ ထီးတစ်လက် ကို ညီမ ယုံကြည်အောင်ထားခဲ့တယ်။ သူပြန်တက်လာမယ်ဆို ပီး ထိုင်စောင့်နေတာပေါ့။ အချိန် ကြာလို့ အောက်ကို ပြေးဆင်း ကြည့်တော့ မတွေ့တော့ဘူး။ ညီမ ကသူ့ရဲ့ ဖုန်း ကိုလဲ အလွတ်မရ၊ နေရပ်လိပ်စာကို မသိတော့ ညီမ ခံလိုက်ရတာပေါ့။ ညီမတော့ On-line ကလူတွေ မဟုတ်ဘူး ကိုယ့်သူငယ်ချင်းတောင် ယုံဖို့ ခက်တာကို သိစေချင်လို့ပါ....လက်ခုပ် က နှစ်ဖက်တည်းမှ မြည်တာဆိုတော့ ဘယ်သူကိုမှ အပြစ်မပြောပါဘူး။ ကိုယ့်ကိုယ်ကိုသာ ထိန်းသိမ်းပြီး ဆင်ခြေနိုင်တာ အကောင်းဆုံးပါဘဲ။

      Delete