Pages

Monday, April 2

သမ္မတကြီး ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် ကို Vote ပေးပါ


ကျွန်တော်ဒီတခါတော့ ဘာရယ်မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတစ်ယောက် ပီပီ မိမိတို့ခေါင်းဆောင်တွေ အပေါ်မှာ လေးစားသော ကြောင့် တိုက်တွန်းချက်လေး တစ်ခု အဖြစ်ရေးသားဖော်ပြပါသည်။ Time Specials နိုင်ငံခြားသတင်း ဌာန တစ်ခုက နှစ်စဉ်၊ နှစ်တိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ် (၁၀၀) ယောက်ကို ရွေးချယ် ဖော်ပြပေးပါတယ် ။ အခုလည်း အဲလို ရွေးချယ်ရာမှာ  ကျွန်တော် တို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂  ခုနှစ်မှာ ဖော်ပြဖို့ ပမာဏ ရွေးချယ်ပြီး ဖြစ်တယ်။ အဲဒါ ကို သင့်မသင့် ကျွန်တော်တို့ဘက်က Vote ပေးရမှာဖြစ်တယ်။ Vote ပေးတာများလေ ထည့်သွင်းဖော်ပြခြင်းခံရဖို့ နီးစပ်လေဖြစ်ပါတယ်။ ဘာပဲ ပြောပြော မြန်မာကို ကမ္ဘာက သိအောင် ဒီနည်းလေးနဲ့ပါ ပါဝင်ပြီး ကူညီကြပါလို့ သူငယ်ချင်း ၊မိတ်ဆွေများကို တိုက်တွန်းလိုက်ပါတယ်ဗျာ။ Vote ပေးတဲ့နေရာမှာ  ဆိုတဲ့နေရာမှာ အစက်လေး ပေးပြီးတော့ Submit ဆိုတာကိုနှိပ်ပါ။ နောက်ဆုံးရက် ဧပြီလ (၁၇) ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အမြန် Vote ပေးကြပါစို့။


သမ္မတကြီး ဦးသိန်းစိန် အတွက်  ဒီလင့် မှာ Vote ပေးပါ။ 



ဒေါ်အောင်ဆန်းစုကြည် အတွက် ဒီလင့် မှာ Vote ပေးပါ။

မည်သူကိုမျှပုတ်ခတ်ပြောဆိုရေးသားခြင်း မဟုတ်ပါသဖြင့် ဆဲဆိုခြင်းများ ၊ ပုတ်ခတ်ပြောဆိုခြင်းများ ၊ မိုက်ရိုင်းသောစကားလုံးများ လုံးဝ မပေးပါရန် မေတ္တာရပ်ခံပါသည်။

အားလုံးကိုလေးစားလျက်........

3 comments:

  1. Vote ပေးပြီသွားပြီ ကိုမှူးသော်ရေ.....လေးစားပါတယ်....ခေါင်းဆောင်တွေအပေါ်ထားတဲ့စိတ်ထားလေးကို......

    ReplyDelete
  2. Official voting ends on Friday, April 6...Today, so hurry and share to other as you can. Thanks .

    ReplyDelete
  3. Anonymous11:09 AM

    After checking out a handful of the blog articles on
    your blog, I honestly appreciate your way of blogging. I
    book marked it to my bookmark webpage list and will be checking back in the near future.
    Please visit my website as well and tell me what you think.


    my web-site :: ranger forum

    ReplyDelete