Pages

Friday, November 30

ဒါနပြုလျက် ဆင်းရဲရခြင်းအကြောင်း





မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျက် ဒါနပြုပါလျက် ဆင်းရဲရခြင်းအကြောင်း (၁၁)ချက် -

(၁) လိုအပ်သော နေရာတွင် မလှူဘဲ ၊ မလိုအပ်သော နေရာတွင် စုပြုံ၍ လှူကြခြင်း။

(၂) သမ္ပဒါလေးပါး ချို့ယွင်းခြင်း။

(၃) စီးပွားရှာရာ မေတ္တာ စေတနာကို အဓိက မထားဘဲ၊ငွေကြေးကိုသာ အဓိကထားခြင်း။

(၄) ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။

(၅) မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း။
နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း လောင်းကစားလုပ်ခြင်း သေရည်သေရက် သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထို့ကြောင့် ခောတ်သစ်စကားပုံတစ်ခု ပေါ်နေ၏။ (မြန်မာ ကောင်းစား တစ်မွန်းတည့်)

(၆) အချိန်တန်ဖိုး မသိခြင်း။
လူဘ၀နေရသမျှ အချိန်တိုင်းမှာ ဥစ္စာ ၊ ကုသိုလ် ၊ ပညာ ဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရနေရမည်။

(၇) ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
ကိုယ့်ထက်သာသူ အပေါ် ၀မ်းသာလျှင် မုဒိတာကုသိုလ်ဖြစ်သည်။မနာလိုလျှင်ဣဿာအကုသိုလ် ဖြစ်သည်။ကုသိုလ် ယူလို့ရပါလျက် အကုသိုလ်ယူခြင်းသည် စိတ်ဓါတ် လူစဉ်မမီခြင်းပင် ဖြစ်သည်။

(၈) စာပေ ဗဟုသုတ မရှိသောကြောင့်

(၉) ဒေသန္တရ ဗဟုသုတ မရှိသောကြောင့်

(၁၀) ခေါင်းဆောင်စိတ် မရှိသောကြောင့်

(၁၁) ကိုယ့်အားကိုယ်ကိုး လိုစိတ် မရှိသောကြောင့်

မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲ နှင့် ဆင်းရဲနေကြရခြင်း ဖြစ်သည်။


*** ဆရာတော် ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)၏ စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ပါစေ ~~~

Wednesday, November 28

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ




သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်

ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ

ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီပြီးလျှင်နွေရာသီရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။

လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်ေ သွးကြောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)


(ပါမောက္ခ ဒေါ်ခင်ဖြူ)

Tuesday, November 27

ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင် ဖိုင်နယ်



ကလေးငယ်များ ပြိုင်ပွဲတစ်ခုဖြစ်တဲ့  ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင် သီချင်းလေး ခြောက်ပုဒ်  တင်ပေးလိုက်ပါတယ်။ 





Sunday, November 25

အိန္ဒိယကမ်းခြေမှ သေဆုံးနေသော ရေသူမ



Facebook မှာတွေ့လို့ ရေသူမ တဲ့။  မမြင်ဖူးသောသူများ ကြည့် ကြည့်နော်။ တကယ်ဟုတ်မဟုတ်တော့ မသိဘူး။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ကလို့ ပြောတာပဲ။ 



အားလုံးကိုလေးစားလျက်...

Saturday, November 24

ရွှေတိဂုံ ဘုရားပေါ်မှာ အင်တာနက် သုံးလို့ရပြီ


Facebook မှာတွေ့မိတာလေးန်လည်ဖော်ပြလိုက်ပါသည်။ 

 
ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ။ ပထမဆုံးကိုယ့်ဖုန်းက Wi fi ကိုအရင်ဆုံးဖွင့်ပြီး ဘုရားက Hotspot ကို ချိတ်ပါ။ ပြီးရင် 188133 ကို mmspot ဆိုပြီး Message ပို့လိုက်ပါ။ Password ပြန်လာပါလိမ့်မယ်။ ပြီးရင် Browser ဖွင့်လိုက်တဲ့အခါ Password Code ထည်ရမဲ့ Page auto တက်လာပါလိမ့်မယ်။ ပြန်လာတဲ့ code ထည့်ပြီးသုံးနိုင်ပါပြီ။ ၄၅ မိနစ် ရမယ်ပြောပါတယ်။ ဒီဟာကိုအဲဒီ Connection သုံပြီးရေးပါသည်။
  
အဘဥက္ကာကိုကို via Ko Char
 
 

Video Pad Editor Pro 2.40


ကျွန်တော် ဒီတစ်ခါတော့ video editing လုပ်တဲ့ ဆော့ဝဲအသေးလေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်းအခုမှသုံးဖူးတယ် တော်တော်ကောင်းတယ်ဗျာ။ ဖိုင်ဆိုက်လေးကသေးသေးဆိုပြီး အသုံးမဝင်ဘူးလို့ထင်ထားတာ ။ အသုံးဝင်တယ်ဗျာ။ သီချင်းလေးတွေဖန်တီးတာ၊ မိမိစိတ်ကြိုက် ဗွီဒီယိုလေးတွေနဲ့ ပေါင်းစပ်တာ လုပ်လို့ရတယ် ။  စိတ်ဝင်စားရင် အောက်မှာဒေါင်းလိုက်ပါ။



To download >> Mediafire

password >> mhuthaw

အားလုံးကိုလေးစားလျက်........

မြန်မာမလေး (သီချင်း)


ဒီနေ့ သီချင်းအသစ်တစ်ပုဒ် အရမ်းကြိုက်လို့ ဝတ်မှုန်ရွှေရည် ပုံလေးတွေနဲ့ Editing လုပ်ပြီး တင်လိုက်ပါသည်။ သီချင်းကြိုက်သူများ နားထောင်ကြည့်နော်...မိုက်တယ်......။



အားလုံးကိုလေးစားလျက်.......

Wednesday, November 21

Facebook game request ကြောင့်စိတ်ညစ်နေသလား


ကဲဒီတစ်ခါလည်းမသိသေးသူများအတွက်ပြောပြပါ့မယ်။ ကျွန်တော် သူငယ်ချင်းတွေကလည်း ဂိမ်း request တွေအားကြီးပို့တယ်။ တစ်နေ့တစ်နေ့ အဲဒါတွေနဲ့ပဲ Notification တွေပုံနေတယ် ။ ဘယ်လိုလုပ်ရမှန်းမသိခင်တုန်းကတော့  Message တွေလှမ်းပို့ပြီး ပြောတာ  မပို့ဖို့အတွက်ကိုပေါ့။ မရပါဘူး ။ နေ့တိုင်းချည်းပဲ ပို့နေတယ်။ သူငယ်ချင်းတွေဆိုတော့ ဘလော့လုပ်ရမှာလည်းခက်။ ဒါနဲ့ Google ကို ဝင်မွေလိုက်တာ နည်းတစ်ခုတွေ့လာတာပေါ့ဗျာ။  နောက်ဘယ်တော့မှ  Game request တွေ ရောက်မလာတော့ဘူး။

ဘာမှမခက်ဘူး။ သူပို့လိုက်တဲ့ Notification လေးကိုကလစ်ပေးလိုက်ပါ။ အဲမှာ ဘေးနားမှာ x အမှားခြစ်လေးကို ကလစ်ပေး ။ ပြီးရင် Turn Off လို့သာပေးလိုက်တော့ နောက်ဘယ်တော့မှာ Game request တွေလာမှာမဟုတ်တော့ဘူး။ 

အဆင့်(၁)

အဆင့်(၂)



အဆင့်(၃)


သဘောကျတယ်ဟုတ်။ မသိသေးသောသူငယ်ချင်းတွေကိုလည်း ပြောပြလိုက်အုံးနော်....။

ဒါက အများဆုံးအဖြစ်များတဲ့ Game request ကိုပြောလိုက်တာပါ။ နောက်ထပ်လည်း မလာချင်သော Notification တွေကိုလည်းအဲဒီနည်းအတိုင်းလုပ်လိုက်ရင် နောက်တစ်ခါမပေါ်လာတော့ပါဘူး ခင်ဗျာ။ 

အော်ကြုံတုန်း တစ်ခုပြောလိုက်အုံးမယ်။ အခု Facebook မှာ Notification လေးတွေတက်လာရင် sound သံလေးပါတယ်။  ပြီးတော့ comment မှာကိုပဲ like buttom နဲ့ကပ်လျက်မှာ  reply တွေပါနေပြီ။ user အာလုံးတော့မရသေးဘူး။ သူက စမ်းသပ်ကာလပဲရှိသေးတာမို့လို့ပါတဲ့ ။ အနော်ပြောတာမဟုတ်ဘူးနော်။ Facebook သတင်းတွေကပြောတာ။ ကျွန်တော်ဆီမှာတော့ sound သံလေး မြည်ပြီ။ ဒါပေ့မယ့် reply buttom တော့မရသေးဘူး။  

နမူနာပုံလေးပြမယ်  reply buttom အတွက်


မိမိ Facebook မှာ Notification sound သံရမရသိချင်ရင်  Facebook Accound setting ကိုသွားပါ။ ပြီးရင် Notifications ဆိုတာကို ရွေးပါ ။ On Facebook ဆိုတာလေးမှာ ဒီလိုလေးပေါ်လားကြည့်ပါ။ ပေါ်နေတယ်ဆိုရင် sound ရပါပြီ။ မပေါ်သေးပါက မရသေးပါ။ 

view ကိုကြည့်လိုက်ဆိုရင် sound သံကို off လုပ်လို့ရပါတယ်။ 



ကဲမရတဲ့ Facebook user များက ဒီလိုလေးပါ။




အားလုံးကိုလေးစားလျက်.....

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး




အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။ ‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊

၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။
 
မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသောကောင်းမှု ကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်ပါသည်။
 
 
ဖတ်မိသောဂျာနယ် မမှတ်မိပါသဖြင့် တောင်းပန်အပ်ပါသည်

အားလုံကိုလေးစားလျက်....

Sunday, November 18

မြန်မာနိုင်ငံအကြောင်း ဘယ်လောက်သိလဲ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
မြန်မာနိုင်ငံအကြာင်းကို တခြားအရာတွေမသိချင်နေပါ။ ဒါလေးတော့ မြန်မာနိုင်ငံသားတိုင်း သိသင့်ပါတယ်။ ဖတ်မိတာလေး ပြန်ရှယ်လိုက်ပါသည်။ 

တည်နေရာ

မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင် ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်)တို့နှင့် နယ်နမိတ် ထိစပ်နေသည်။

အကျယ်အ၀န်း

မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့ တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃ ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့် ရုမ်းတောင်တန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည် ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ဖြစ်သည်။

အမြင့်ဆုံးတောင်

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။

အရှည်ဆုံးမြစ်

ဧရာဝတီမြစ်သည် မိုင်းပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။

လွတ်လပ်ရေးနေ့

ဇန္န၀ါရီလ ၄ ရက်၊ေ၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။

ရာသီဥတု

နွေ၊ မိုး၊ ဆောင် ဟူ၍ သုံးမျိုးရှိပါသည်။
နွေရာသီ - ဖေဖေါ်ဝါရီ မှ မေလကုန်အထိဖြစ်သည်။
မိုးရာသီ - ဇွန်လမှ စက်တင်ဘာလကုန်အထိ ဖြစ်သည်။
ဆောင်းရာသီ - အောက်တိုဘာလမှ ဇန္န၀ါရီလကုန်အထိဖြစ်သည်။

ကိုးကွယ်မှု

ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။ ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင် ၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)

နိုင်ငံတော်အလံ


နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်း ဖြစ်သည်။

အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

နိုင်ငံတော်သီချင်း

ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။

ရုံးသုံးစာ

အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက့် အင်္ဂလိပ်စာကို အသုံးပြုသည်။

ငွေကြေး

ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး ငွေစက္ကူမှာ ကျပ် ၁၀,၀၀၀ တန် ဖြစ်သည်။

စံတော်ချိန်

ကမ္ဘာ့စံတော်ချိန်နှင့် (+ ၆.၃၀) နာရီကွားသည်။

နိုင်ငံတကာ Code

နိုင်ငံတကာ Code မှာ ၉၅ (95) ဖြစ်သည်။

ကမ္ဘာ့အသင်းဝင်

၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။


Source: News of myanmar

ကွန်ပျူတာမှာ မိုက်ခဲမယ် (karaoke)


ဟိုနေ့ ကျွန်တော်ပြောသလိုပေါ့။ ကွန်ပျူတာ မှာ သီချင်းဟစ်ချင်သူများအတွက် နည်းလမ်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။  ကျွန်တော်ကတော့  စိတ်ပါတဲ့ အခါတိုင် ဟစ်ပစ်လိုက်တယ် အသံတောင်နာတယ်။ ကဲကဲ လုပ်နည်းလေးက ဘာမှမခက်ဘူး ။ တစ်ခုတော့ ရှိတယ် ။ Realtek ကိုတော့ install လုပ်ထားဖို့လိုတယ်နော်။ ကဲစလိုက်ရအောင်။ 

အဆင့်(၁) အရင်ဆုံး ကွန်ပျူတာရဲ့ ဘယ်ဘက်ထောင့်နားက speaker ပုံလေးကို right click ထောက် Recording devices  ကို ကလစ်ပေးလိုက်ပါ။


အဆင့်(၂) ပေါ်လာတဲ့ Box မှာ Microphone ပေါ်ကို right click ထောက်ပြီး properties ကိုရွေးပါ။


အဆင့်(၃) ပေါ်လာတဲ့ Box တစ်ခုမှာ Listen to this device ဆိုတာမှာ အမှန်ခြစ်ထည့်ပါ။ Playback through this device မှာ ကိုယ့်အသံပြန်ကြားချင်တဲ့ device ကိုရွေးပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဆိုရင် sound card သုံးတဲ့အတွက် Speaker PCI ကိုနမူနာ ရွေးပြထားပါတယ်။ ပြီးရင် Apply and ok ပေးလိုက်ပါ။ ဒါဆိုရင် သီချင်းဆိုလို့အဆင်ပြေပါပြီ။



နားမထောင်ချင်တော့ရင် အပေါ်ကအတိုင်းအဆင့်ဆင့်ဝင်ပြီးတော့ အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။
အားလုံးကိုလေးစားလျက်.....

Saturday, November 17

PDF ဖိုင် ဖတ်ရန် softwares များ


ကျွန်တော် ဆော့ဝဲလ်မတင်ဖြစ်တာကြာပြီဗျာ။ အခု တစ်ခါတော့  PDF ဖိုင်ဖတ်လို့ရတဲ့ ဆော့ဝဲလ်လေးတွေ တင်ပေးလိုက်ပါတယ်။ လူသုံးမျးဆုံးကိတော့ Adobe reader ပေါ့ဗျာ ။ ဒါပေ့မယ့် ကျန်တာတွေလည်း အသုံးပြုလို့ကောင်းပါတယ်။ ကျွန်တော်ဘာလို့တင်လည်းဆိုရင် ကျွန်တော် windows 8 တင်ထားတာ Adobe reader  ကို install လုပ်လို့မရလို့ ရှာလိုက်တာ ။အများကြီထွက်လာတယ်။ အဲဒါနဲ့ တခြားသူတွေလည်း သိရတာပေါ့ဆိုပြီးတင်လိုက်ပါတယ်။ 


1.Evince
 To download >> Adrive 

 To download >> Mediafire

2.Nitro

 To download >> Adrive

 To download >> Mediafire

3.Sumatra


To download >> Adrive  

To download >> Mediafire

အချစ်ဦး (ချမ်းချမ်း)


ဒီနေ့မှ တွေ့လို့ သီချင်းအသစ်လေး တင်လိုက်တယ်ဗျာ။ ယွန်းဝတီလွင်မိုး သရုပ်ဆောင်ထားတာလေး  သဘောကျလို့ပါ။ နားဆင်ကြည့်နော်။ ကျွန်တော်တော့ ဒီနေ့ repeat ပေးထားတာ တစ်နေကုန်ပဲဗျာ.. :D ။



အားလုံးကိုလေးစားလျက်.....

minus.com မှဒေါင်းမရသောလင့်များ ပြောပေးပါ


အခုနောက်ပိုင်း minus.com ဆိုက်က ကျွန်တော်တင်ထားသောလင့်များ အလုပ်မလုပ်တော့ပါဘူးခင်ဗျာ။အကုန်တော့မဟုတ်ဘူး တစ်ချို့တစ်ဝက်ပါ။ အဲဒါ လင့်သေများ ၊ ဒေါင်းလော့ချ၍ မရသော လင့်များကို ကွန့်မန့်ပေးခဲ့ပါခင်ဗျာ။  ကျွန်တော်ပြန် ပြီး တင်ပေးပါ့မယ်ခင်ဗျာ ။ အကုန်လုံးမသိနိုင်လို့ပါ။ minus.com က နောက်ထပ် ထပ်ပြီးတော့လည်း တင်လို့မရတော့ဘူး။ အဲဒါကြောင့် mediafire နဲ့ adrive မှာပဲ တင်ဖြစ်ပါတယ်။ အဲဒီနှစ်ခုမှာ error ရှိတာက mediafire ပါ။ သူကလည်း လအကန့်အသတ်နဲ့လို့ပြောပါတယ်။  ကွန်မန့်ပေးထားသော လင့်များလည်း ပြုပြင်ပြီးဖြစ်ပါတယ်။  အဆင်ပြေကြပါစေ.။




အားလုံးကိုလေးစားလျက်....

Windows 8 ကို password ပေးမယ်


ကျွန်တော်တို့ windows 8 ကို password ပေးချင်သူများအတွက် လုပ်နည်းအဆင့်ဆင့် ကိုပြောပြပါ့မယ်။  မသိသေးသူများအတွက်ပါ။   

အဆင့်(၁) အရင်ဆုံး Desktop ရဲ့ ဘယ်ဘက်ခြမ်းထိပ်ကို Mouse pointer ရွှေ့ပါ။ ပြီးရင် Start ကိုကလစ်ပေးပါ။ 


အဆင့်(၂)  Start screen ပေါ်လာတဲ့အခါမှာ  မိမိ နာမည်ရှိတဲ့နေရာ ဘယ်ဘက်ထိပ်က နာမည်ကို ကလစ်ပေးပါ။ 


Friday, November 16

Realtek For windows 8


Windows 8 အသုံးပြုသူများအတွက် windwos 7 က realtek ကိုပြန်သုံးလို့မရပါဘူး ။ အခုကျွန်တော်တင်ပေးထားတာလေးက win 7 မှာရော win 8 အတွက်ပါ အသုံးပြုလို့ရပါတယ်။ Realtek ဆိုတာက  ကျွန်တော်တို့ ကွန်ပျူတာ cup ပုံးမှာ အရှေ့ဘက်ခြမ်းမှာ နားကြပ် ထိုးတဲ့အပေါက်လေးတွေ သိတယ်ဟုတ်။ တစ်ချို့စက်တွေမှာက realtek ကို  install မလုပ်ဘဲနဲ့ အဲဒီရှေ့ နားကြပ်ထိုးတဲ့ အပေါက်က အလုပ်မလုပ်ပါဘူးခင်ဗျာ။ အဲဒါကြောင့် အသုံးပြုပါတယ်။ (sound manager) အသံကို လိုအပ်သလို ထိန်းညှိဖို့ပေါ့။ ပြီးတော့ ငယ်ငယ်တုန်းကလို မိုက်ခဲချင်တဲ့သူ များကလည်း realtek ကိုအသုံးပြုပါတယ်။ ကွန်ပျူတာမှာ သီချင်းဆိုဖို့ပေါ့ဗျာ။ မိမိဆိုတာကို sound box ကနေပြန်ကြားစေဖို့ပေါ့။ ကာရာအိုကေဆိုတာ ကိုပြောပါတယ်။  ကာရာအိုကေဆိုနည်းကို ပို့စ်တစ်ခုအနေနဲ့ တင်ပေးပါ့မယ်။ အခုလောလောဆယ်တော့ Realtek လိုချင်သူများအောက်မှာ ဒေါင်းလိုက်ပါ။ အော်မေ့တော့မလို့  realtek ကို install လုပ်ပြီးရင် ဘယ်ဘက်ထောင့် အောက်နားလေးမှာ speaker ပုံလေးနဲ့ တခါတည်းမပေါ်ပါဘူး။ C program ထဲမှာသွားပြီး click ပေးမှာ ပေါ်လာပါလိမ့်မယ်။  Windows 8 မှာပဲဖြစ်တာပါ။ 






To download >> Mediafire

အားလုံးကိုလေးစားလျက်.....

Windows 8 မှာ snipping tool အသုံးပြုခြင်း


ကျွန်တော်တို့  windows 7 မှာလို snipping tool  အသုံးပြုချင်သူများအတွက် ဘယ်နားမှာ ရှာရမှန်းမသိသေးသောသူများအတွက်ပြောပြပ့ါမယ်။ အရင်ဆုံး Desktop ရဲ့ဘယ်ဘက်ထိပ်ထောင့်ကို mouse pointer လေးရွှေ့ပါ။ အဲဒီမှာ search ဆိုတာလေးကိုကလစ်ပေးပါ။ Apps screen လေးပေါ်လာပါ့မယ်။ တွေ့ပြီဆိုရင် mouse က roller လေးကို လှိမ့်ပြီးတော့ လိုချင်တာကို ရှာလို့ရပါတယ်။ ဒါမှမဟုတ်လည်း အောက်နားလေးက buttom လေးကို left click လေးဖိပြီး ရှာလို့ရပါတယ်။ snipping tool ကို တွေ့ပြီဆိုရင် ကလစ်ပေးလိုက်ပါ။ မကြာခဏအသုံးပြုသူများအတွက်က Task bar မှာတစ်ခါတည်းတင်ထားလိုက်ပါ။ ခုနက snipping tool လေး ပေါ်လာပြီဆိုရင် Task bar ပေါ်က snipping tool လေးပေါ်ကို right click ထောက်ပါ။ pin this program to taskbar  ဆိုတာကို ကလစ်ပေးလိုက်ပါ။ အဲဒါဆိုရင် ခဏခဏယူစရာမလိုတော့ဘူးပေါ့။ snipping tool ဆိုတာက Desktop ပေါ်မှာ မိမိလိုချင်တဲ့ အပိုင်းလေးကို ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။






ဒါက ကျွန်တော် မကြာခဏသုံးနေကျမို့ snipping tool လေးကို ညွှန်းလိုက်ခြင်းဖြစ်ပါတယ်။ တခြား တခြားသော program လေးတွေကိုလည်းယူသုံးချင်ရင် အဲဒီထဲမှာရှိတဲ့အကြောင်း အဓိက ပြောချင်တာပါ။

အားလုံးကိုလေးစားလျက်....

Thursday, November 15

Windows 8 တွင် zawgyi font အသုံးပြုနည်း


ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ  setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 

ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။ 

အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။


အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။


အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် zawgyi  font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

To download  (For zawgyi-keyboard)  >> Mediafire

To download  (For IEZawGyiGtalkfont) >> Mediaifre

အားလုံးကိုလေးစားလျက်.....

Wednesday, November 14

မင်းသဘော( မူရင်း MTV)


Bobby Soxer ရဲ့ မင်းသဘော သီချင်း မူရင်း MTV လေး သဘောကျလို့ တင်လိုက်ပါသည်။




အားလုံးကိုလေးစားလျက်....

My computer show on desktop in windows 8


ကဲဒါက ဝင်းဒိုးတင်ပြီးပြီးချင်း ဘယ်နားလေးကနေ My computer ကို desktop ပေါ်မှာ တင်ရမှန်းမသိ သူများအတွက် ပြောပြပေးပါ့မယ်။ Desktop ပေါ်ကို right click ထောက် Personalize ဆိုတာကို ကလစ်ပေးပါ ။ ညာဘက်ထိပ်မှာ Change desktop icons ဆိုတာကို ကလစ်ပေးပါ ။အဲဒီမှာ box တစ်ခု ကျလာပါ့မယ်။  Desktop ပေါ်မှာ မိမိ ပေါ်ချင်သော icons များကို အမှန်ခြစ်ပေးပါ။ ပြီးရင် Apply and ok ပေးပါ ။ ဒါဆိုရင် ရပါပြီ ။အောက်မှာ ပုံးလေးနဲ့ ပြထားပါတယ်။



Windows 8 အသုံးပြုသူများ ကျွန်တော့် ဘလော့မှာ ရှာရလွယ်အောင်  Labels မှာ Windows 8  လို့ပေးထားပါတယ်ခင်ဗျာ။ 


အားလုံးကိုလေးစားလျက်.....

Windows 8 activator


Windows 8  အသုံးပြုတဲ့သူငယ်ချင်းများ Activator လေးတင်ပေးလိုက်ပါတယ်။ Windows 7 တုန်းကလိုပဲ ဒီတိုင်းလေး  install လုပ်လိုက်ရင် active ဖြစ်သွားပါပြီ။ ထုံးစံအတိုင်း  install လုပ်ပြီးရင်တော့ restart ကျမှာပေါ့ဗျာ။ windows ပြန်တက်လာတဲ့အခါ တွေ့သမျှ ok သာပေးလိုက် အဆင်ပြေသွားလိမ့်မယ်။


To download >> Mediafire 

To download >> Adrive

အဆင်ပြေပါစေ 

အားလုံးကိုလေးစားလျက်....

ဂျာနယ်၊သတင်းစာများ တစ်နေရာတည်းမှာဒေါင်းရန်




ကျွန်တော် ဒီတစ်ခါတော့ သတင်းစာတွေ ၊ ဂျာတယ်တွေ၊ နည်းပညာဂျာနယ် တွေကို တစ်နေရာတည်းမှာ ဒေါင်းလော့ ချဖို့ စုစည်းထားတဲ့ website လေးတစ်ခုကို ညွှန်းချင်ပါတယ်။ တော်တော်လည်းစုံပါတယ်။ မြန်မာ ဂျာနယ်များ ၊ သတင်းများကို အပင်ပန်းခံပြီး လိုက်ရှာ ဒေါင်းစရာမလိုတော့ဘူးပေါ့ဗျာ။ ကျွန်တော် အဲဒီဆိုက်လေး တွေ့ပြီးကတည်းက ဘယ်မှမရှာတော့ဘူး အဲဒီဆိုက်ကနေပဲ ဒေါင်းလော့ချပြီးဖတ်တော့တယ်။ အပတ်စဉ် ဖတ်စရာတွေကလည်း အများကြီးပဲ ။ အကုန်မဖတ်နိုင်လို့ စိတ်ဝင်စားတဲ့ နည်းပညာဂျာနယ်လေးတွေပဲ ဒေါင်းပြီးဖတ်နေတယ်။ အွန်ုလိုင်းမှာဖတ်လို့မရဘူးနော်။ ဒေါင်းပြီးဖတ်ရမှာ။ တကယ်လို့ပေါ့နော် ....ဒေါင်းလော့ချလို့ အဆင်မပြေဘူး အွန်လိုင်းမှာဖတ်ချင်တယ်ဆိုရင် ကျွန်တော်ကိုပြောပေးပါ။ ကျွန်တော် အွန်လိုင်းမှာဖတ်လို့ရအောင် ပြန်တင်ပေးပါ့မယ် ။ အဆင်ပြေအောင်လို့ပါ။ ဖတ်ချင်တဲ့ ဂျာနယ်လေးသာ ကွန်မန့်ပေးခဲ့ပါတယ်။ မေးလ်ထဲကို အွန်လိုင်းကနေဖတ်လို့ရမယ့် လင့်လေး ပို့ပေးပါ့မယ်။ တော်တော်ကိုစုံတာနော်။

ကဲ ဒီဆိုက်လေးမှာသွားလိုက်ပါ။ 



အားလုံးကိုလေးစားလျက်.....

Tuesday, November 13

widows 8 အသုံးပြုရခြင်းအကြောင်း နှင့် ISO ဖိုင်ဒေါင်းရန်



ယခု Windows 8 တွင် Microsoft မှနေ၍ အသုံးပြုသူများလွယ် ကူစွာ အသုံးပြုနိုင်ရန် အတွက် User Interface ကို Modern UI (Metro UI) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Modern UI သည် Touch အတွက် လည်း ကောင်းကောင်း Support ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ သော် ကျနော်တို့  အနေနဲ့  ယခုအသုံးပြုနေသော OS များမှနေ၍ Windows 8 ကိုပြောင်းလဲ၍ အသုံးပြုသင့်ပါသလား? Windows 8 ကို အသုံးပြုသင့် မသင့်စဉ်စားနေသူများကို အထောက်အကူဖြစ်စေရန်အတွက် မကြာမီထွက်ရှိလာတော့မည့် Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Windows 8 သည်ဈေးသက်သာခြင်း

ယခုထွက်ရှိလာမည့် Windows 8 သည် ထွက်ရှိပြီးသမျှ Windows OS အားလုံးထဲတွင်တော့ ဈေးအသက်သာဆုံးဖြစ်လာမည် ဖြစ်သည်။ ကျနော် တို့  မြန်မာနိုင်ငံကလူများအဖို့ တော့ ၁၀၀၀၊၂၀၀၀ ဖြင့် Windows အတု ခွေ များကိုဝယ်ယူ၍ ရသောကြောင့် သိပ်မသိသာသော်လည်း အကယ်၍ Windows အစစ်ကို အသုံးပြုချင်သူများအတွက်တော့ Windows ဈေးနှုန်း သည် အတားအဆီးတစ်ခုပင်ဖြစ်သည်။ Windows 7 Home Premium ကိုပင် US$119.99 ဈေးရှိသောကြောင့် တော်ရုံတန်ရုံမှာ ၀ယ်ယူအသုံး မပြုလိုကြချေ။ ယခု Windows 8 တွင်တော့ ယခင် Windows ဗားရှင်းများမှ Upgrade လုပ်မယ်ဆိုလျှင် US$39.99 တည်းဖြင့်ပင် အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ Upgrade လုပ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ အရောင်းဆိုင်များမှ DVD ဖြင့်ဝယ်ယူမည်ဆိုလျှင်တော့ US$69.99 ကျသင့်မှာ ဖြစ်ပါတယ်။ ယခုဈေးနှုန်းများကို Microsoft မှလျှော့ဈေးဖြင့်ရောင်းချပေးနေတာဖြစ်ပြီး ဇန်န၀ါရီ ၃၁ အထိသာ ယခုဈေးဖြင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ယခုအချိန်မှစ၍ ဇန်န၀ါရီ ၃၁အတွင်း Windows 7 အသုံးပြု ထားသော PC ကိုဝယ်ယူမည်ဆိုလျှင်တော့ Windows 8 ကို US$14.99 တည်းဖြင့် Upgrade လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။

(၂) Windows 8 သည်ပိုမို၍ လျှင်မြန်လာခြင်း

Microsoft မှပြောကြားတာကတော့ ယခု Windows 8 တွင် Boot Up Time (ကွန်ပြူတာ စဖွင့်ချိန်မှစ၍ Desktop ပေါ်လာသည်အထိ) သည် ယခင် OS ဗားရှင်းများထက် ပိုမိုမြန်ဆန် လာကြောင်း ပြောကြားထာပါတယ်။ Boot Up Time သည်ပိုမိုလျှင်မြန်လာသလို ကွန်ပြူတာ Shut Down Time (ကွန်ပြူတာပိတ်ချိန်) သည်လည်း သိသိသာသာ လျှင်မြန်လာကြောင်း သိရပါတယ်။ SSD (Solid State Drve) အသုံးပြုထားသော ကွန်ပြူတာများ တွင် ပို၍ သိသာကြောင်း သိရပါတယ်။ စမ်းသပ်ချက်များအရ Windows 8 အသုံးပြုထားသော Toshiba Satellite U920t သည် Windows 7 Ultrabook များထဲတွင် အကောင်းဆုံးဟုဆိုသော Ultrabook ထက်ပင် ၂ဆပိုမို၍ လျှင်မြန်စွာ Windows တက်လာကြောင်း သိရပါတယ်။

အကယ်၍ ပုံမှန် HDD (Hard Disk Drive) သာအသုံးပြုထားသော ကွန်ပြူတာဖြစ်လျှင်တောင် အနည်းငယ်မျှ ပိုမိုမြန်ဆန်လာတာကို သတိထားမိမည်ဖြစ်ကြောင်း သိရပါတယ်။ Windows 8 တွင် ကွန်ပြူတာ Boot Up Time နှင့် Shut Down Time တို့ မှာ ပိုမိုလျှင်မြန်လာရုံသာမက Windows 8 တွင် Microsoft Office သည်သုံးရတာပိုမို၍ ကောင်းမွန်လာ သလို Multimedia Test များသည်လည်း အချိန်အနည်းငယ်တွင်းတွင်ပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

Facebook မှာ သိပ် မလန်းနဲ့


စိုးသူ ဒီတစ်ခါ တစ်ခုပြောချင်တယ်ဗျာ။   Facebook နဲ့ပတ်သတ်တာလေးပါ။ အဓိက ကတော့ မိန်းကလေးတွေပေါ့ဗျာ။ စိုးသူရဲ့ သူငယ်ချင်းတစ်ယောက်ကို လာပြီး tag လုပ်ထားတာ။ Facebook fun page လေးတစ်ခုကပေါ့။  စိုးသူလည်း နည်းနည်းလောက် ဝင်ကြည့်လိုက်တယ်။ မော်ဒယ်တွေမဟုတ်ဘူးဗျ။ တင်ထားတာက အစုံပဲ ။ ကိုးရီးယား ၊ ဂျပန် အဲလိုပုံတွေရောပဲ။ အဲလိုထဲကမှ မြန်မာမိန်းကလေးတွေ တော်တော်များများ ပါတယ်ဗျာ။   သာမန် မိန်းကလေးတွေ  Facebook ကနေ ယူပြီးတင်ထားတဲ့ပုံတွေပါ။ အဲဒီ page မှာက သိတဲ့အတိုင်း အများစုက  ယောကျာ်းလေးတွေ ချည်းပဲလေ။ အဲဒီတော့ အောက်မှာ ကွန့်မန့်တွေကလည်း အကောင်းတိုင်းလာ မှာမဟုတ်ဘူး။ မော်ဒယ်ပုံတွေဆိုရင် စိုးသူ မပြောလိုပါဘူး။ အခုက ကိုယ့်ဖေ့ဘုတ်မှာ တင်ထားတဲ့ ပုံတွေကို အဲဒီ page က ဆွဲယူ သုံးနေတယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ ပိုင်ရှင်လည်း သိမှာမဟုတ်ဘူး ။ ကိုယ်ကမသိလိုက်ပဲ ဟို page မှာရောက်သွားပြီတဲ့။ ကိုယ်မသိပေ့မယ့် ဘယ်လောက်တောင် ပြောဆိုနေလိုက်ကြမလဲ စဉ်းစားသာကြည့်ပေါ့။ စိုးသူလည်း ယောက်ျားလေးပါ။ ကောင်မလေး လန်းလန်းပုံတွေ့ရင် ကြည့်မိပါတယ်။ သို့သော် ကြည့်ယုံတင်တော့ မပြောလိုပါဘူး ။ အောက်မှာ ကပ်ပါလာတဲ့ ကွန့်မန့်တွေကိုတော့ မကြိုက်ဘူးဗျာ။ ပုံတင်တာတော့ Facebook သုံတဲ့သူတိုင်း တင်ကြပါတယ်။ ဒါပေ့မယ့် မိန်းကလေးများ  အရမ်းကြီး လန်းနေတဲ့ပုံတွေ မတင်ကြဖို့ ပြောချင်တာပါ။ လှလို့တင်ကြတာ ဘာမှမဖြစ်ဘူး။ အလှလွန် အလန်းလွန် ပြီး တင်ကြရင် အဲလို မဟုတ်တဲ့ Facebook page တွေပေါ် ရောက်သွားမှာစိုးလို့ သတိပေးတာပါ။ ဒါက နည်းနည်းယဉ်ကျေးသေးတဲ့ Page လေး တစ်ခုကို ညွှန်းထားတာပါ။ တခြားတခြား မကောင်းသော Fan page များလည်း ရှိပါသည်။ မြင်နေရတာများတော့ စိုးသူ စိတ်ထဲမှာရှိတဲ့ အတိုင်း ရေးလိုက်တာပါ။  သူငယ်ချင်းတို့လည်း အရမ်းကြီး မလန်းကြပါနဲ့လို့ စိုးသူပြောချင်ပါတယ်။ တင်ထားရင်လည်း ဖြုတ်ထားကြနော်။ စိုးသူရေးတယ်ဆိုတာ ညီမ ၊ နှမချင်း ကိုယ်ချင်းစာမိလို့ပါ။  

တစ်ခါက စိုးသူ နယ်ဘက်က ညီမလေး တစ်ယောက် Facebook မှာ အဆိုတော်တစ်ယောက်ရဲ့ ပုံကို share ပြီးတော့  ကြည့်မရကြောင်းရေးထားပါတယ်။ အဲဒီဆိုတော်က မပေါ်တစ်ပေါ်ဝတ်ထားတယ်။ အဲဒါကိုသူက မကျေနပ်ဘူးလေ ။ စိုးသူလည်း ပြောလိုက်ပါတယ်။  ညီမလေးလို့ သူတို့ဘာသာ သူတို့ ဘယ်လို ဝတ်ဝတ် ၊ ဘယ်လိုပဲ နေနေ ညီမလေးနဲ့ မဆိုင်ဘူးလို့။ အခုလို share လုပ်လိုက်တာက ညီမလေးနဲ့ ဆိုင်သွားပြီ။ ဘာလို့လည်းဆိုတော့ အဲလို မသင့်တော်တဲ့ပုံတွေ ညီမလေး  wall မှာ ရှိနေရင် တခြားသူတွေ ညီမလေးကိုဘယ်လိုမြင်မလဲ။ အမြင်မတော်လို့ စိုးသူ ဖြုတ်ခိုင်းခဲ့ပါတယ်။  မိန်းကလေးဖြစ်တဲ့အတွက် ကိုယ်တိုင် မတင်ရင်တောင် သူများ မသင့်တော်ဝတ်စားမှုတွေကို share မလုပ်ပါနဲ့။ Facebook မှာ ဘယ်သူမှမသိဘူးဆိုပေ့မယ့် ။ ကိုယ်ရဲ့လုပ်ဆောင်ချက်တွေက ကိုယ်ရဲ့စိတ်နေ စိတ်ထားကိုဖော်ပြနေပါတယ်။ ခုနက စိုးသူပြောခဲ့သလိုပေါ့။ တခြားမိန်းကလေးတစ်ယောက် ကတွေ့သွားမယ်။ သူကအဲလိုပုံတွေတောင် သူ wall မှာ share လုပ်ထားတာ သူစိတ်ထဲမှာရော အဲလို ဖြစ်နေ နိုင်မလားဆိုပြီး မတွေးမိနိုင်ပေဘူးလား။ ဒါကနည်းနည်းလောက်လေးပြောပြတာပါ။ ကဲ ဒီလောက်ပဲ ဗျာ။ Facebook သုံးတဲ့သူငယ်ချင်းများ အထူးဂရုစိုက်ကြပါ။  လွန်တာရှိ ဝန်တာမိ တောင်းပန်ပါသည်။ 

အားလုံးကိုလေးစားလျက်.....

Sunday, November 11

မြန်မာတို့၏ ပထမဆုံးများ

 


၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် 
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် 
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး 
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ 
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း 
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု 
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် 
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး 
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး 
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး 
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး 
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ 
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု) 
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း 
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော် 
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင် 
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင် 
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင် 
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည် 
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန် 
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆) 
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်) 
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး) 
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း 
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင် 
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ် 
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇) 
၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု 
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ ၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး) 
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့်  
၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

အားလုံးကိုလေးစားလျက်...

အဖြူရောင်တိမ်တိုက်များ ဘလော့မှ  ကူးယူဖော်ပြသည်... 

Saturday, November 10

ဥာဏ်စမ်း ပဟေဠိ


ကဲဒီနေ့တော့ စိုးသူ ပဟေဠိလေး နည်းနည်းမေးမယ် နော်။ အပျော်ပေါ့။ အဖြေကတော့ နောက်နေ့မှ ပြောပြမယ်။ မများဘူး ။ ဆယ်ခုထဲပဲ  ။ Fan page တစ်ခုကနေ မလာတာ။ ရိုးရိုးလေးတွေပါ။ ခေါင်းသိပ်မစားပါဘူး။  အပျင်းပြေ ဖြေကြည့်နော်။ 


၁။ ရတနာတွေထဲမှာ သက်ရှိက ဖြစ်တည်တဲ့ ရတနာကဘာပါလဲ ။ (ပုလဲ မဟုတ်ပါ )

၂။လူတွေ ခရီးသွားကြတဲ့အခါ ဘာစီးသွားကြပါသလဲ။

၃။ဆန့် ဆန့် ကြီးနေတဲ့မြို့ ကဘာမြို့ လည်း။

၎။အဲဒီ ပစ္စည်းကို အသုံးပြုဖို့ လို အပ်တဲ့ အချိန်မှာ လွင့်ပစ်လိုက် ပြီးမလို အပ်တဲ့ အချိန်မှာတော့ ပြန်သိမ်းထားတယ် တဲ့  အဲတာဘာပစ္စည်းလဲ ဗျ။

၅။လူ၏ ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါအစိတ်အပိုင်းသည် မည်သည့်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသလဲ။

၆။သူရှိနေတာ နှစ်ပေါင်းသန်းနဲ့ချီ ကြာနေပြီ....ဒါပေမယ့်သူ့အသက်ကတော့ တစ်လမကျော်ဘူး...သူဘယ်သူလဲ။

၇။အိမ်တွေမှာ လူတွေလုံခြုံရေးအတွက် ပန်းတစ်မျိုး ထားတတ်ကြပါတယ်..ဘာပန်းဖြစ်ပါသလဲ ။

၈။လူရယ်လို. ဖြစ်လာတာနဲ. မသင်ပဲ တတ်တာ ဘာဖြစ်မလဲ။ (ငို ခြင်းကိုပြောတာ မဟုတ် )

၉။လူတစ်ယောက်က ရာဇ၀တ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားတယ်။ အဲဒါဆို ရင် သူကို ပြစ်ဒဏ်ပေးတယ်။ အဲ အဲဒီ ရာဇ၀တ်မှုက အောင်မြင်သွားတယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှ ပြစ်ဒဏ်မပေးတော့ဘူး ။ အဲဒီ ရာဇ၀တ်မှုက ဘာရာဇ၀တ်မှုလဲ။ 

၁၀။သူ့ကိုအစာကျွေးရင် အသက်ရှင်မယ်။ ရေတိုက်ရင်တော့ သူသေရလိမ့်မယ်။

ဖြေကြည့်နော်......အောက်မှာအဖြေရှိတယ်......။
အားလုံးကိုလေးစားလျက်..... 

Friday, November 9

အစစ်လား ၊ အတုလား ပြောပေးပါ


စိုးသူ ဒီနေ့  Facebook ဝင်လိုက်တယ်။ စေတီတစ်ခုကို မြွေပတ်နေတဲ့ပုံပါ။ စာမှာရေးထားတာက " ညောင်ဦးမြို့ ၊ သမိုင်းဝင်စွယ်တော်ရှင်  ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို လင်္ကျာပူဇော်နေသည့် နဂါးကြီးအား မြင်တွေ့ရစဉ် )၃.၃.၂၀၁၂) ရက် နံနက် (၅း၄၅) နာရီခန့် " အဲလိုရေးထားတယ်ဗျာ ။ ကျွန်တော်မရှင်းတာက ဓာတ်ပုံမှာပါ။  အပေါ်နားလေးမှာ သစ်သားဘောင်ပါတယ်။ ပြီးတော့ မြွေပုံက တုတ်ချောင်းသေးသေးကို ပတ်နေတာ။မြွေပတ်နေတဲ့ပုံနဲ့ စေတီနဲ့က တခြားစီပဲ။ တကယ်ဆိုရင် အဲဒီ တုတ်ချောင်း ပါစရာအကြောင်းမရှိဘူးလို့ထင်တယ်။ ဓာတ်ပုံရိုက်တာအစစ်ဆိုရင်လည်း အပေါ်က သစ်သားဘောင် ပါစရာအကြောင်းမရဘူးလို့ထင်တယ်။  ဓာတ်ပုံပေါ်ကို ဓာတ်ပုံထပ်ရိုက်ထားတာလို့  မြင်တယ် ။ ဘုရားနောက်ခံအရောင်ကလည်း မူရင်းမဟုတ်ဘူးဆိုတာ သိသာတယ်။ စိုးသူလည်း ဗုဒ္ဓဘာသာပါ။ ဘုရားကိုယုံကြည်ကိုးကွယ်ပါတယ်။ ဟုတ်မဟုတ် ၊ အမှန်မသိဘဲနဲ့  မကိုးကွယ်ချင်ပါဘူး။  ဒါလေးတော့ အမှန်လားအမှားလားဆိုတာ သိချင်ပါတယ်။ အဲဒါကြောင့် ဖတ်မိသူများ ကွန့်မန့်လေး ပေး ပေးပါ။ အမှန်တိုင်းပြောရင် စိုးသူ အဲဒီပုံကို အမှန်ဆိုတာ လက်မခံနိုင်လို့ပါ။ 


ကျေးဇူးတင်ပါတယ်........

အားလုံးကိုလေးစားလျက်.......

Wednesday, November 7

အမေရိကန် သားသမီး သွန်သင်ဆုံးမ နည်းစနစ်


ကျွန်တော် ဒီပို့စ်လေးကို ဖတ်ဖြစ်ခဲ့တာ တော်တော်ကြာပြီ။ ဘယ်ကနေဖတ်မိလဲဆိုတာ မသိတော့ဘူး။ ရှာကြည့်တော့လည်း မတွေ့တော့ဘူး။ အဲဒါ အခုမှ အဲဒီဆောင်းပါးလေး ပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီလိုကျင့်ကြံဖို့ဆိုရင် မြန်မာနိုင်ငံက မိဘများအတွက် ခဲယဉ်းမယ်လို့ထင်ပါတယ်။ ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ရေးထားတဲ့ဆောင်းပါးလေး ဖြစ်ပါတယ်။ တော်တော်လေးကောင်းပါတယ်။

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေး မတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေ ရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လ အတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေ ခဲ့ပါတယ်။

(၁) မစားရင် အ ဆာခံပါ

မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက် လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့ တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင် ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါ ဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မ က လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ
မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ သက်တောင့် သက်သာရှိတယ်ဆိုရင် ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။ အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။ တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။
သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။  အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့ မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။ ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့ အထိ ကျောင်းဆောင် ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။ တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။ စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။
"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား" ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။

အံ့ဖွယ် ပန်းချီလက်ရာ






ခဲတံ တစ်ချောင်းတည်းနှင့် ဆွဲထားသော အံ့မခန်း ပန်းချီကား



ခဲတံ တစ်ချောင်းတည်းနဲ့ ယခု မြင်နေရတဲ့ ကြောင်ပုံကို Paul Lung အမည်ရ ပန်းချီဆရာက ရေးဆွဲထားတာ ဖြစ်ပါတယ်။ သူဆွဲလိုက်တဲ့ ပန်းချီတိုင်းဟာ ဓာတ်ပုံနဲ့ ထင်ရောင်ထင် မှား ဖြစ်လောက်အောင် လက်စွမ်းထက်သူ ဖြစ်ပါတယ်။ ယခု ကြောင်ပုံကိုလည်း တစ်ထိုင်တည်း ဆွဲထားတာ မဟုတ်ပါဘူး။ တစ်ရက်ကို နာရီအနည်းငယ်စီ အချိန်ကုန်ခံပြီး စုစုပေါင်း နာရီပေါင်း ၆၀ ကြာအောင် ဆွဲရတဲ့ ကြောင်ပုံ ဖြစ်ပါတယ်။  ဒီမှာ ပိုထူးခြားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အချိန်ကြာကြာယူပြီး ဆွဲထားတဲ့ ယခု ကြောင်ပုံမှာ ခဲဖျက်လုံးဝ မသုံးထားဘူးလို့ သိရပါတယ်။ 


ဘောလ်ပင်နှင့် ဆွဲသော အံ့မခန်း ပန်းချီကား 





ဒီပန်းချီကားကို ဆွဲဖို့အတွက် ရောင်စုံ ဘောလ်ပင် ၆ ချောင်းပဲ အသုံးပြု သွားပါတယ်။ ၈ လက်မx ၉ လက်မ အရွယ် ပန်းချီကားဖြစ်ပြီး ရွှေရောင် သန်းတဲ့ ဆံပင်ကိုတောင် ဘောလ်ပင်နဲ့ပဲ ဆွဲတာ ဖြစ်ပါတယ်။  ပန်းချီဆရာကတော့ ပေါ်တူဂီနိုင်ငံမှ ရှေ့ နေ့ တစ်ဦးဖြစ်သူ Samuel Silva ဖြစ်ပါတယ်။ ပန်းချီဆွဲရာမှာ ဝါသနာ ပါပြီး Illusion အတတ်ပညာ ကို ကောင်းကောင်း ပိုင်နိုင်သူ ဖြစ်ပါတယ်။ အရောင်ေ
တာက်နေပြီး ဓာတ်ပုံလို့တောင် ထင်ရတဲ့ Silva ရဲ့  အသက်ဝင်နေသော ပန်းချီကားကို Master Piece အဖြစ် လက်ခံခဲ့ကြပါတယ်။  

Source : International news for myanmar 



Monday, November 5

Copy to/Move to ကို Right click menu မှာထည့်မယ်


ဒီတစ်ခါပြောပြချင်တာက ကျွန်တော်တို့ ဖိုင်တွေကို copy and paste လုပ်ကြပါတယ်။ အဲလိုလေးကိုမှ ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် ထပ်ဖွင့်ရပါတယ်။ အခု Copy to နဲ့ Move to လေးထည့်လိုက်ရင် copy ကူးမယ့်နေရာကို တခါတည်းရှာလို့ရပါတယ်။ နှစ်သက်တယ်ဆိုရင်လုပ်ကြည့်ပေါ့ဗျာ။ မသိသေးသေသူများအတွက်ပါ။  လုပ်နည်းက
 
ဆင့်(၁)Run box မှာ regedit လို့ရိုက်ပါ။ အောက်ကလိုလေး အဆင့်ဆင့်သွားပါ ။
HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers 
အော်မေ့လို့ HKEY_CLASSES ပြီးရင် AllFilesystemObjects ကို ဟိုးအောက်ဆုံးထဲတော်တော်ရှာရပါတယ်။

အဆင့်(၂) ContextMenuHandlers  အဲဒီရောက်ပြီဆိုရင် အဲဒီပေါ်ကို right click ထောက်ပါ။ New >> Key ကိုသွားပါ။ 

Saturday, November 3

ကွန်ပျူတာမှာ Folder တွေကို New Tab နဲ့ ဖွင့်ရအောင်


ကဲ ဒီတစ်ခါတော့ ကျွန်တော်တို့ Folder တွေကိုဖွင့်တဲ့အခါမှာ window explorer တစ်ခုအနေနဲ့ ပွင့်လာတာဖြစ်ပါတယ်။ အဲဒီလိုမျိုး မပွင့်ချင်ဘဲ  Firefox တွေမှာလိုမျိုး အပေါင်းလေး နှိပ်လိုက်ရင် New Tab လေးနဲ့ ပွင့်ချင်တယ်ဆိုရင် အခုပေးထားတဲ့ ဆော့ဝဲလေးကိုသုံးလိုက်နော်။ အလုပ်ရှုပ်သက်သာတယ်ဗျာ။ အသုံးပြုနည်းက ဘာမှမခက်ဘူး ။ ရိုးရိုးလေး Install လုပ်လိုက်ရင်ရပြီ။ My computer ကိုဖွင့်ပါ။ ပြီးရင် တစ်ခုခုထဲဝင်လိုက်ပါ။ Folder ပေါ်ကို right  click ထောက်ပါ။ Open in  new window ဆိုတာလေးကို click ပေးလိုက်ရင် ဘေးနားလေးမှာ new tab လေးနဲ့ ထွက်သွားပါလိမ့်မယ်။  အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်ပါ။




To download >> Mediafire

To download >> Adrive

အားလုံးကိုလေးစားလျက်.....

အပျင်းပြေ SimSimi လေးနဲ့စကားပြောရအောင်


ဒီတစ်ခါတော့ Facebook ပေါ်မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ SimSimi လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ အပျင်းလည်းပြေတယ်။မသိခင်တုန်းကတော့ ဘယ်လိုလုပ်တာလဲပေါ့။ ကိုယ်မေးတိုင်းသူက လူတစ်ယောက် တစ်ဖက်ကနေပြောတယ် လားအောင့်မေ့ရလောက်အောင် ကွက်တိတွေပြောပြတယ်။ သေချာ စမ်းစစ်ကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ ။ အဲဒီမှာ Teach ဆိုတာလေး ပါလာတာ သတိထားမိလိုက်တယ်။ အဲဒီ Teach မှာ မေးတာနဲ့ ဖြေတာကို မိမိစိတ်ကြိုက်ထည့်ပြီး ပြင်လို့ရတယ်။ Facebook အကောင့်နဲ့ sign in လုပ်ဖို့တော့လိုပါတယ်။ မိမိ ပြင်ဆင်ပြီး မိနစ်အနည်းငယ်အတွင်းမှာ ကြိုတင်ဇာတ်တိုက်ထားတဲ့ အတိုင်း အသုံးပြုလို့ရပါပြီ။ စိုးသူအောက်မှာ ပုံလေးနဲ့ နမူနာပြထားတယ် ။ စိတ်ဝင်စားဖို့တော့ကောင်းတယ်။  


ကဲ အလှိမ့်မခံရအောင် ဖော်ကောင်လုပ်ပေးလိုက်ပြီနော်..... ။ မသိသေးသူတွေကို ဆက်လှိမ့်ပေါ့။ 
အဲဒီလင့်မှာ သွားပြီး  ပြောပေတော့........http://www.simsimi.com/talk.htm
အော်မေ့လို့ ဖုန်းတွေထဲမှာလဲ အသုံးပြုလို့ရအောင် လင့်လေးတွေပေးထားပါတယ်။ 

အားလုံးကိုလေးစားလျက်...

Thursday, November 1

အဘယ်ကြောင့် windows ခေါ်သနည်း


ကျွန်တော်တို့သိပြီးသား ၀င်းဒိုး(Window)ဆိုတာ ပြတင်းပေါက်ပါ။ အိုင်တီနယ်ပယ်မှာ Window ဆိုတာကွန်ပျုတာ ပေါ်မှာ မြင်နေရတဲ့ လေးထောင့်ပုံရှိတဲ့ နေရာအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်.. သူ့ထဲမှာ ကွန်ပျုတာမှာရှိတဲ့ စနစ်တွေက ဖော်ပြ ပေးနေတဲ့ လုပ်ငန်းစဉ်တွေကို အသုံးပြုသူတွေ မြင်ရအောင် ဖော်ပြထားလေ့ ရှိပါတယ် ... သူ့အထဲကို ထည့်သွင်း လာမယ့် အချက်အလက် တွေကို လက်ခံနိုင်သလို အချက်အလက် တွေကိုလည်း ပြန်လည် ဖော်ပြ ပေးပါတယ်... လေးထောင့်ပုံရှိတဲ့ Window တွေကို ကိုင်တွယ် အသုံးပြုပြီး ကွန်ပျုတာ ကို မောင်းနှင် လည်ပတ် ပေးတဲ့ စနစ်တွေအားလုံးကို ခြုံပြီး "၀င်းဒိုးများဖြင့် အလုပ်လုပ်သော စနစ် (Windowing System)" ရယ်လို့ ခေါ်တာ ဖြစ်ပါတယ်...
ကွန်ပျုတာ အသုံး ပြုသူ တစ်ဦးအနေနဲ့ Window တွေကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ အတွက် ကြားက ဆက်သွယ် ပေးနေတဲ့ အဓိက အရာ ကတော့ မောက်စ် (Mouse) ဖြစ်ပါတယ် ...

MoreDetails:

နောက်တစ်ခုကတော့ Window လို့ပြောလိုက်တာနဲ့ မိုက္ကရိုဆော့ဖ်က ထုတ်တဲ့ Windows OS လို့ပဲ အသိများကြပါတယ် ... တကယ်တော့ ဒီလိုစိတ်ကူးကို စတင် အကောင်အထည် ဖော်ခဲ့သူတွေကတော့ စတန်းဖို့ သုတေသနသိပ္ပံ (SRI International) က Douglas Engelbart ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ ဖြစ်ပါတယ်.. သူတို့ရဲ့ စနစ်မှာ တစ်ခုနဲ့ တစ်ခု ထပ်မနေတဲ့ အုတ်စီသလို စီထား (Tile) တဲ့ ၀င်းဒိုးတွေကို အသုံးပြု ခဲ့ပါတယ်.. အဲဒီစနစ်ကို ဆက်လက်ပြီး တိုးချဲ့ တီထွင်ခဲ့ သူတွေကတော့ PARC (Xerox ကော်ပိုရေးရှင်းရဲ့ Palo Alto သုတေသန ဌာန) မှ Alan Kay ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်.. ဒီအဖွဲ့ကတော့ တစ်ခုနဲ့ တစ်ခုထပ်နေတဲ့ ၀င်းဒိုးစနစ်ကို အသုံးပြုခဲ့ပြီး၊ ဒီလို ထပ်နေတဲ့စနစ်ဟာ နောက်ပိုင်းမှာ ပိုမို တွင်ကျယ်စွာ အသုံးများလာတဲ့ စနစ်လည်း ဖြစ်ပါတယ်..

Advanced & Reference:

*.Windows တွေကို ကွန်ပျုတာရဲ့ Desktop ပေါ်မှာမြင်တွေ့ရတဲ့ အခါ အပြင်မှာ မြင်တွေ့ နေကြရတဲ့ စာရွက်တွေ၊ စာအုပ် တွေလို အလျားနှစ်ဘက်ရှိတဲ့အရာ များအတိုင်း မြင်တွေ့ကြရတာ ဖြစ်ပါတယ်... ကျွန်တော်တို့ရဲ့ အလုပ်စားပွဲပေါ်က စာအုပ် တွေကို မြင်နေရ သလိုပဲ ဖြစ်ပါတယ်...
*.၀င်းဒိုးကို တိုက်ရိုက် အဓိပ္ပါယ် ပြန်လိုက်တဲ့ အခါ "ပြတင်းပေါက်" ပါ...
*.ကျွန်တော်တို့ရင်းနှီးနေပြီးသား ဒီပြတင်းပေါက် အကြောင်းကို အခုထက်ပိုပြီး ထဲထဲ ၀င်ဝင် လေ့လာ ကြည့်လိုက်မယ် ဆိုရင်-
၁) အများစုသည် လေးထောင့်ပုံ ရှိသည်။
၂) လိုအပ်သလို ဖွင့်/ပိတ် ပြုလုပ်နိုင်သည်။
၃) ဖွင့်ထားသော အချိန်တွင် တပ်ဆင်ထားသော နေရာ၏ အခြားတစ်ဖက်တွင် ရှိနေသော အဖြစ်အပျက်များ၊ လှုပ်ရှားမှုများ၊ မြင်ကွင်းများ၊ တနည်းအားဖြင့် သတင်း အချက် အလက်များကို ကျန်အခြား တစ်ဖက်ရှိ ကြည့်ရှုနေသူများ မြင်ရစေသည်။
၎) အလုံပိတ်ထားသော (ပြတင်းပေါက် မရှိသော) အခန်းထဲတွင် အထက် ဖော်ပြပါ အကျိုးကျေးဇူး မရရှိနိုင်။
*.ကွန်ပျုတာထဲက ၀င်းဒိုးတွေဟာလည်း အပြင်က ပြတင်းပေါက်တွေနဲ့ အထက်မှာ ဖော်ပြထားတဲ့ အချက်တွေအားလုံး အတူတူပါပဲ။
*.ဆောဖ့်ဝဲ ဖြစ်နေတဲ့ အတွက်ထပ်တိုးလာတဲ့ အချက်တွေ ကတော့-
၅) သက်ဆိုင်ရာ ဆော့ဖ်ဝဲများ၊ အင်တာနက်နေရာများကို ကိုယ်စားပြုထားသော ၀င်းဒိုးများ အလိုက် သတင်း အချက်အလက်များကို တစ်ခုချင်းစီတွင် သီးခြား ဖော်ပြ ပေးနိုင်ခြင်း
၆) အရွယ်အစား အကြီးအသေး စိတ်ကြိုက် ပြောင်းနိုင်ခြင်း (Size)
၇) နေရာ ရွှေ့ပြောင်းနိုင်ခြင်း (Move)
ဂ) ကွယ်ဖျောက်ထားနိုင်ခြင်း (Hidden)
၉) အကြီးဆုံးအရွယ်အစား ၊ အသးဆုံးအရွယ်အစား ၊ မူလအရွယ်အစား များသို့ စိတ်ကြိုက် ပြင်ဆင် ပြောင်းလဲ ထားရှိနိုင်ခြင်း။
၁၀) တစ်ခုနှင့်တစ်ခု ထပ်လျက် ရှိနေသည့် အခါတွင် အပေါ်ဘက် အကျဆုံး ၀င်းဒိုးတွင်သာ သတင်း အချက်အလက်များ အားလုံးကို တွေ့မြင်ရခြင်း
၁၁) သက်ဆိုင်ရာ ၀င်းဒိုးများဖြင့် အလုပ်လုပ်သောစနစ် (Windowing System) အလိုက် ထည့်သွင်း ထားသော အခြားအချက်များ
*.ကွန်ပျုတာတွေရဲ့ မောင်းနှင်စနစ် (OS) အမျိုးအစားတွေဟာ Mac OS X, Windows, Linux စသည်ဖြင့် အမျိုးမျိုး ခြားနားနေတာနဲ့ အမျှ သုံးထားတဲ့ ၀င်းဒိုးစနစ်တွေဟာ အမြင်ပိုင်းဆိုင်ရာမှာ အနည်းငယ်စီ ခြားနား ကွဲပြားသွားကြမှာ ဖြစ်ပေမယ့် အထက်မှာ ဖော်ပြထားခဲ့တဲ့ အခြေခံ အချက်အလက် များကတော့ အတူတူ ဖြစ်နေမှာပါပဲ
*.၀င်းဒိုးအုပ်စုထဲမှာ ပါရှိတဲ့ အခြားအရာတွေကတော့ ...
၁) Application windows - ဆော့ဖ်ဝဲများနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြ ပေးသည်။
၂) Document windows - အလုပ်လုပ်နေ၊ အသုံးပြုနေသည့် စာရွက်စာတမ်း (Document) များနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြသည်။
၃) Palette windows - ပွင့်လာသောအခါ အခြားသော ဆော့ဖ်ဝဲများ၏ အပေါ်တွင် နေရာအမြဲယူလေ့ရှိပြီး (Float) သက်ဆိုင်ရာ ဆော့ဖ်ဝဲ အတွက် အချက်အလက်များကို လက်ခံဖြည့်သွင်းပေးခြင်း၊ အထောက်အကူ ကိရိယာ (Tools) များ ဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
၎) Dialog boxes - အသုံးပြုနေသူအတွက် လိုအပ်သော အချက်အလက်များ ဖော်ပြပေးခြင်းနှင့် အချက် အလက်များ တောင်းခံခြင်းများ လုပ်ဆောင် ပေးသည်။
၅) Inspectors - အရာတစ်ခုခု အတွက် သီးခြား ဖန်တီးထားသော Properties ၀င်းဒိုးကဲ့သို့သော ၀င်းဒိုးများ။
၆) Dashboard windows - အထူးကိစ္စများ အတွက် သီးသန့် ဖန်တီးအသုံးပြုထားသော ၀င်းဒိုးများ။

References:
-define:mouse, OS in Google Search
-Wiki:SRI International, Douglas Engelbart, Alan Kay