စိုးသူ ဒီနေ့ Facebook ဝင်လိုက်တယ်။ စေတီတစ်ခုကို မြွေပတ်နေတဲ့ပုံပါ။ စာမှာရေးထားတာက " ညောင်ဦးမြို့ ၊ သမိုင်းဝင်စွယ်တော်ရှင် ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို လင်္ကျာပူဇော်နေသည့် နဂါးကြီးအား မြင်တွေ့ရစဉ် )၃.၃.၂၀၁၂) ရက် နံနက် (၅း၄၅) နာရီခန့် " အဲလိုရေးထားတယ်ဗျာ ။ ကျွန်တော်မရှင်းတာက ဓာတ်ပုံမှာပါ။ အပေါ်နားလေးမှာ သစ်သားဘောင်ပါတယ်။ ပြီးတော့ မြွေပုံက တုတ်ချောင်းသေးသေးကို ပတ်နေတာ။မြွေပတ်နေတဲ့ပုံနဲ့ စေတီနဲ့က တခြားစီပဲ။ တကယ်ဆိုရင် အဲဒီ တုတ်ချောင်း ပါစရာအကြောင်းမရှိဘူးလို့ထင်တယ်။ ဓာတ်ပုံရိုက်တာအစစ်ဆိုရင်လည်း အပေါ်က သစ်သားဘောင် ပါစရာအကြောင်းမရဘူးလို့ထင်တယ်။ ဓာတ်ပုံပေါ်ကို ဓာတ်ပုံထပ်ရိုက်ထားတာလို့ မြင်တယ် ။ ဘုရားနောက်ခံအရောင်ကလည်း မူရင်းမဟုတ်ဘူးဆိုတာ သိသာတယ်။ စိုးသူလည်း ဗုဒ္ဓဘာသာပါ။ ဘုရားကိုယုံကြည်ကိုးကွယ်ပါတယ်။ ဟုတ်မဟုတ် ၊ အမှန်မသိဘဲနဲ့ မကိုးကွယ်ချင်ပါဘူး။ ဒါလေးတော့ အမှန်လားအမှားလားဆိုတာ သိချင်ပါတယ်။ အဲဒါကြောင့် ဖတ်မိသူများ ကွန့်မန့်လေး ပေး ပေးပါ။ အမှန်တိုင်းပြောရင် စိုးသူ အဲဒီပုံကို အမှန်ဆိုတာ လက်မခံနိုင်လို့ပါ။
ကျေးဇူးတင်ပါတယ်........
အားလုံးကိုလေးစားလျက်.......
အန်တီညောင်ဦးခဏခဏရောက်ပါတယ်။ ဒိပုံက ဂေါပက၇ုံးရှေ့ထောင်ထားတဲ့ပုံကို ပြန်ရိုက်ထားတာဖြစ်ပါလိမ့်မည်။ ဘုရားဖူးကောင်လေးတဦးက ဓာတ်ပုံရိုက်သွားပြီး သူ့ဒေသရောက်မှ ပုံကူးလိုက်တဲ့အခါတွေ့ရတဲ့အတန်းကြီးပါ။ အတုလုပ်ထားတာမဟုတ်ဖူးဆိုတာ ပညာရှင်တွေနဲ့စစ်ဆေးပြီးသားလို့သိရပါတယ်။ ရွှေစည်းခုံရဲ့မြစ်ဘက်ဘေးမှာ နဂါးအမြီးကြီးတခုဟာလည်း ဗိုလ်ချုပ်တစ်ဦး(Retired)ကိုအိမ်မက်ပေးလို့ ချုံပုတ်တွေထဲက နေ ဖော်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအိမ်မက်မပေးခင်ကတကဲ့ခြုံအကြီးကြီး ဘယ်သူမှ အဲဒီအမြီးကြီးရှိမှန်းမသိပါဘူးတဲ့။ အန်တီက နှစ်စဉ်လိုလိုညောင်ဦးရောက်နေလို့သိတာပါ။ မြတ်စွာဘုရားကောင်းကင်ကနေ တန့်ပြီးကြည့်ခဲ့တဲ့နေရာလည်းဖြစ် နာမည်ကြီးမင်းနေပြည်တော်တခုလည်းဖြစ်တဲ့အတွက် ထူးဆန်းတာတွေဟာ ဖြစ်တည်နိုင်ရှိနိုင်ပါတယ်။ သိသလောက်မျှလိုက်တာပါနော်။ www.dhamatharlar.blogspot.com
ReplyDelete