Pages

Thursday, November 17

အသားစားအပင်



ဗြိတိသျှ သိပ္ပံပညာရှင်များဟာ ကြွက်ကိုဖမ်းယူစားသောက်နေတဲ့ အပင်တစ်မျိုးကို တွေ့ ရှိခဲ့တဲ့အကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ် ။ထို အသားစားအပင်ဟာ ရေတကောင်းပုံစံရှိပြီး ကြွက်၊ယုန်၊ရှဥ့် စတဲ့ သတ္တ၀ါတွေကို သူ့ ရဲ့  ရေတကောင်းခွက်ထဲ မရောက်ရောက်အောင် ဆွဲဆောင်ခေါ်ယူပြီး ရေတကောင်းထဲ ပြုတ်ကျတဲ့အခါမှ အထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးနဲ့  အစာကို ကြေညက်သွားစေတယ်လို့  ဆိုပါတယ် ။
ဒီအပင်ကိုတွေ့ ရှိသူတွေကတော့ ကိန်းဘရစ် တက္ကသိုလ်က ဇီဝဗေဒ ပညာရှင်များဖြစ်တဲ့ Alastair Robinson, Steward McPherson, Volker Heinrich နဲ့  Andreas Fleischman တို့ ပဲဖြစ်ကြပါတယ်။တွေ့ ရှိတဲ့နေရာကတော့ ဖိလစ်ပိုင်နိုင်ငံ ၀ိတိုရိယတောင်တန်းတွေမှာ တွေ့ ရှိခဲ့တာဖြစ်ပြီး သူတို့ ဟာ ဒီအပင်တွေကို ၂၀၀၇ ခုနှစ်ကတည်းက လေ့လာခဲ့တာဖြစ်ပါတယ် ။ အသားစားအပင် မျိုးစိတ်ပေါင်း ၁၂၀ ထဲက တော်တော်များများကို ထုတ်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ် ။ခုတွေ့ ရှိရတဲ့ အသားစားအပင်ကို Nepenthes attenboroughii လို့ အမည်ပေးထားပြီး ဒါဟာ အသက် ၈၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဇီဝဗေဒ ပညာရှင် Sir David Attenborough ကို ဂုဏ်ပြုတဲ့အနေနဲ့  သူ့ ရဲ့ အမည်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ် ။ဒီလိုအသားစား အပင်နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ကားတစ်ကားကို Star Movies နှင့် 5 Movies တို့ မှာလည်း မကြာခဏ ပြသနေပါသေးတယ် ။ ဒီရုပ်ရှင်ဟာ ၁၉၈၆ က ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Little Shop of Horrors လို့ နာမည်ပေးထားပါတယ် ။

1 comment:

  1. Anonymous6:49 AM

    I drop a leave a response each time I like a article on a site or
    I have something to add to the discussion. It is a result of the sincerness displayed in the post I looked at.

    And after this article "အသားစားအပင်".

    I was excited enough to post a commenta response ;-)
    I actually do have 2 questions for you if you do not
    mind. Could it be just me or do some of these remarks appear like coming
    from brain dead individuals? :-P And, if you are posting at other sites, I would like to follow everything fresh you
    have to post. Would you make a list all of all your shared sites like your Facebook page, twitter feed, or linkedin profile?


    Look at my page: Http://Www.Freekh.Com

    ReplyDelete