Pages

Wednesday, August 24

သိထားသင့်သော


(၁)
အင်္ဂလိပ်လူမျိုးတွေ သြစတေးလျှကို ရောက်လာပြီးနောက် သြစတေးလျှမှာရှိတဲ့ မြင့်မြင့်နဲ့ဝေးဝေးခုန်နိုင်တဲ့ ထူးဆန်းတဲ့အကောင်ကို သတိထားမိခဲ့ကြတယ်။ အဲဒီအကောင်က ဘာအကောင်လဲလို့ အင်္ဂလိပ်တွေက ခြေဟန်လက်ဟန်နဲ့ မေးမြန်းတော့ “Kan Ghu Ru” လို့ နယ်ခံတွေက ဖြေခဲ့တယ်။ ဒါနဲ့ အဲဒီအကောင် (သားပိုက်ကောင်) ကို အင်္ဂလိပ်တွေက “kangaroo” လို့ ခေါ်ခဲ့ကြတယ်။ တကယ်တော့ နယ်ခံတွေဖြေခဲ့တဲ့ “Kan Ghu Ru” ဆိုတဲ့ အဓိပ္ပါယ်က “နင်တို့ပြောတာ ငါတို့နားမလည်ဘူး” ဆိုတာဖြစ်တယ်။

(၂)
ပန်းခြံမှာရှိတဲ့ စစ်သားမြင်းစီးရုပ်တုတွေမှာ တကယ်လို့ ရုပ်တုမြင်းရဲ့ရှေ့ခြေနှစ်ချောင်းဟာ လေထဲမြှောက်နေတယ်ဆိုရင် မြင်းစီးထားတဲ့စစ်သားဟာ စစ်မြေပြင်မှာ ကျဆုံးခဲ့သူဖြစ်ပြီး ခြေတစ်ချောင်းသာ မြှောက်နေတယ်ဆိုရင် စီးထားတဲ့စစ်သားဟာ တိုက်ပွဲမှာရခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားသူဖြစ်တယ်။ တကယ်လို့ မြင်းခြေလေးချောင်းစလုံး မြေပြင်ကို ထိနေတယ်ဆိုရင် အဲဒီစစ်သားဟာ သဘာဝကြောင့် (အို၊နာ) သေဆုံးသွားတာဖြစ်တယ်။

(၃)
ရှေးအင်္ဂလန်မှာ ဘုရင်ခွင့်ပြုချက်မရှိဘဲ လိင်ဆက်ဆံလို့ မရပါဘူး။ လူတွေက ကလေးလိုချင်လာတဲ့အခါ ဘုရင့်ဆီခွင့်ပြုချက် သွားတောင်းခံပြီးမှ လိင်ဆက်ဆံရပါတယ်။ ခွင့်ပြုမိန့်ရတဲ့လူတွေကို သတ္တုပြားတစ်ပြားပေးပြီး လိင်ဆက်ဆံတဲ့အခါ အဲဒီသတ္တုပြားကို တံခါးဝမှာ ချိတ်ဆွဲထားရတယ်။ သတ္တုပြားပေါ်မှာ “ဘုရင့်ခွင့်ပြုမိန့်ဖြင့် လိင်ဆက်ဆံသည်” လို့ ရေးထားတယ်။ (Fornication Under Consent of the King. F.U.C.K)

အင်္ဂလိပ်ရဲ့ ညစ်ညမ်းတဲ့စကား F.U.C.K က အဲဒီကနေ ဆင်းသက်လာတာဖြစ်တယ်။

No comments:

Post a Comment