Pages

Saturday, August 27

love ၏ မှားယွင်းမှု


love ဆိုတဲ့ စကားလုံးရဲ့ အဓိပါယ်ကတော့ ချစ်တယ် တဲ့။ ဒါတော့ လူတိုင်းသိမှာပါ ။
အင်္ဂလိပ်စာ word/verb တစ်ခုကိုနောက်နေ -er,or ဆိုတဲံ နောက်လိုက်လေးတွေ ထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာကိုလည်း လူတိုင်းလိုလိုသိကြပါတယ်။ အဲ ဒီမှာ ပြဿနာစတာပဲ။ (ချစ်သူ) ဆိုတဲ့စကားလုံးကို (lover) လို့ထင်နေကြတယ် ။ မမှန်ဘူ့းမဟုတ်ပါဘူး။မှန်ပါတယ်။ ဒါပေ့မယ့် ဒီ lover ဆိုတဲ့နေရာမှာကျတော့မှားနေပြီဗျ။
ကျွန်တော်တို့ တွေက love (ချစ်တယ်)  ဆိုတာကို  အစွဲပြုပြီးနောက်မှာ -er  ထည့်လိုက်ရင်         lover (ချစ်သူ)
ဖြစ်ပြီထင်နေကြတယ်။ အမှန်တော့ lover ဆိုတာက ချစ်သူ မဟုတ်ပါဘူး။ အောက်မှာdefinition ရေးပေးလိုက်ပါတယ်။
lover (noun)- a partner in a sexual relationship outside marriage
သူရဲ့ မြန်မာလိုအဓိပါယ်က တော့ ...လက်မထပ်ဘဲ လိင်ဆက်ဆံ ပေါင်းသင်းတဲ့   အဖော်ဖြစ်ပါတယ်။ဒါဟာ Oxford Advanced Learner's Dictionary ထဲကအတို်င်း ဖော်ပြထားတာပါ။အဲ ချစ်သူ ဆိုတာကို အင်္ဂလိပ်လိုပြောချင်ရင်
ယောင်္ကျားလေးကို boyfreind
မိန်းကလေးကို girlfriend
ဆိုပြီးသုံးကြတယ်။ဒါကြောင့် ဒီလိုလွဲမှားမှုတွေ မဖြစ်ပါစေနဲ့ ပေါ့ဗျာ။lover နဲ့ boyfriend & girlfriend အဓိပါယ်က  အကွာကြီးကွာတယ်နော်။  မှားမသုံးမိစေနဲ့ပေါ့ဗျာ။   ကျွန်တော်ပြောဖို့တစ်ခုကျန်နေသေးတယ်။
ကိုယ်ချစ်တဲ့သူကိုလည်း   my love လို့ပြောနိုင်ပါတယ်။  He/She is my love    ဆိုရင်လည်း   ချစ်နှစ်သက်တယ်
ဆိုတာသိနိုင်ပါတယ်။ You are my love ဆိုလည်း မင်းဟာ ငါ့အချစ်းလေးလို့အဓိပါယ်ရပါတယ်။

No comments:

Post a Comment