ပထမဦးစွာ ကျွန်တော်တို့ gmail.com မှာ အကောင့်တစ်ခုနဲ့ အရင်ဝင်ရပါ့မယ်။ မေးလ်ထဲကို ၀င်ပြီးပြီဆိုရင်
မေးလ်ရဲ့ ညာဘက်ထောင့်ကနေ account setting ဆိုတာကို သွားရပါတယ်။ account setting ကိုရောက်ပြီ ဆို
ရင် Multiple sign-in ဆိုတာကို ရှာလိုက်ပါ ။ အဲဒီမှာ off ဆိုတာကိုတွေ့ပါလိမ့်မယ်။ Edit ဆိုတာကို ကလစ်ပေး
လိုက်ပါ။ ပြီးရင် On - Use multiple Google Accounts in the same web browser ဆိုတာကို အစက်ကလေးခြစ် လိုက်ပါ။ အဲဒီအောက်မှာရှိတဲ့လေးထောက်ကွက် သေးသေးလေးတွေကိုလည်း အမှန်ခြစ်အားလုံး
ခြစ်ပေးလိုက် ပါ။ ပြီးရင် save ကိုကလစ်ပေးပါ ။ ပြီးရင် အပေါ်ဘက်မှာ Back ဆိုတဲ့ကောင်လေးကို
ပြန်သွားလိုက်ပါ ။ ခုနက Account setting သွားတဲ့အတိုင်းပဲ ညာဘက်ထောင့်အပေါ်က မိမိနာမည်လေးကို
ကလစ်ပေးလိုက်ပါ။ switch account ဆိုတာလေးကို ကလစ်ပေးလိုက်ပါ။ ပြီးရင် sign in to another account
ဆိုတာကို ကလစ်ပေးလိုက်ပါ ။ နောက်ထပ်ကိုယ်ဖွင့်ချင်တဲ့ မေးလ် Email နဲ့ password ရိုက်ထည့်ပါ။
ဒါဆိုမေးလ်တွေကို browser တစ်ခုထဲမှာ အများကြီးဖွင့်လို့ရပါပြီး။ သတိပြုစရာတစ်ချက် က မေးလ်တစ်ခုကို sign out လုပ်လိုက်တယ်ဆိုရင် ဖွင့်ထားတဲ့မေးလ်အားလုံး sign out ဖြစ်သွားပါတယ်။
No comments:
Post a Comment