Pages

Monday, April 30

ညီမလေးအတွက် မွေးနေ့ဆုတောင်း


 
ဒီနေ့ဟာ ကျွန်တော် ချစ်သော ညီမလေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ ညီမလေးနဲ့တွေ့ခဲ့တာ (၇) နှစ်ကျော်ခဲ့ပါပြီ။  အရင်သူ့မွေးနေ့တွေတုန်းက လက်ဆောင်ပေးယုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်အတွက် က ကံကို မကောင်းတာပါ။ ညီမလေးရဲ့မွေးနေ့မှာ ညီမလေးနဲ့အတူတူရှိနေချင်ပေ့မယ့်  တစ်နှစ်မှ မနေပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်သူ့ကိုအရမ်းချစ်လွန်းလို့ ဒီဘလော့လေးကိုတောင် သူနာမည်နဲ့ပဲ လုပ်ထားပါတယ်။ နာမည်အပြည့်အစုံကလွဲသွားမှာစိုးလို့ mhuthaw နဲ့ပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါပေ့မယ် mouse pointer နေရာလေးမှာတော့ နာမည်အပြည့်အစုံ အစားထိုးထားပါတယ်။ နောက်တစ်ခုက Google မှာရှာရင်တောင် သူ့နာမည်လေးနဲ့ ဖြစ်နေအောင် Title ကိုတောင် "အိမ့်မှူးသော်" လို့ပေးထားတာပါ။  ဒါလည်းသူသိသေးမှာမဟုတ်သေးပါဘူး။  ကျွန်တော်သူ့အတွက် လုပ်ပေးချင်တာတွေက အများကြီးပဲ။  သူ့အနားမှာနေပြီးတော့ သူဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးချင်တယ်။  ညီမလေးကိုလည်း သနားမိတယ်။  အိမ်မှာဆိုလည်း တစ်ယောက်တည်း ။ အခုဆိုပိုဆိုးတာပေါ့ ။ နေပြည်တော်မှာဆိုတော့ သူငယ်ချင်းကလည်းနည်း၊ သွားဖို့လာဖို့ကလည်းအဝေးကြီးပဲ။  သူ့ရဲ့ မွေးနေ့လေးမှ သူအထီးကျန်နေမှာကို အရမ်းစိုးမိတယ်။ ကျွန်တော် သူ့မွေးနေ့အထိမ်းအမှတ်အတွက် ဒီမှာပဲ သူငယ်ချင်းတွေကို မုန့်ကျွေးမယ် ၊ ဘုရားဆွမ်းတော် ကပ်မယ်၊ သူ့အတွက် ဆုတွေတောင်းပေးမယ်။ ပြီးတော့ သူ့ဆီကို ဖုန်းဆက်ရအုံးမယ်။  အခုစာရေးချိန်မှာ birthday wish ကို အရင်ဦးဆုံးပြောပြချင်တာပါ။ ဒါပေ့မယ့် အခြေအနေမပေးပါဘူး။ တစ်ချိန်ချိန်မှာတော့သူသိနိုင်မယ်ထင်ပါတယ်။  ကျွန်တော်ရဲ့ ညီမလေးက ကလေးဆိုးလေးတစ်ယောက်လည်းဖြစ်တယ် ၊ အရမ်းလည်း လည်တယ်။ တခြားသူတွေအပေါ်တော့ မသိဘူး။ ကျွန်တော်အပေါ်တော့ အရမ်းဆိုးတယ်။  ညီမလေးနဲ့ပက်သက်ရင် ကျွန်တော် အရာရာကို အရှုံးပေးထားပါတယ်။ သူစိတ်ဆိုးမှာ ၊စိတ်ကောက်မှာကို သေမလောက်ကြောက်တယ်။ ဒါတွေကို တစ်ချိန်ချိန်မှာသူနားလည်လိမ့်မယ်လို့မျှော်လင့်တာပဲ။  ကျွန်တော် သူ့အကြောင်းတွေးနေယုံနဲ့တင် ကျွန်တော်ပျော်ရွှင်နေပါတယ်။ သူမကြားနိုင်ပေ့မယ် ကျွန်တော်ပြောနေမိတယ် ။


 
ညီမလေးရေ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဦးစွာ ပထမ ဆုတောင်းလိုက်ပါရစေ............

ညီမလေးတစ်ယောက် လောကကြီးကိုကောင်းကျိုးပြုသော လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါစေ..........

ညီမလေးဘ၀မှာ တွေ့ကြုံရမယ့်အခက်အခဲတွေကို   အောင်မြင်စွာကျော်လွှားနိုင်ပါစေ.......

ညီမလေးရဲ့ ရည်မှန်းချက် ၊အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာပါစေ.......

မိဘကျေးဇူးကို သိတတ်သော သမီးကောင်း ရတနာ တပါး ဖြစ်ပါစေ.................

လို့ အဝေး တစ်နေရာကနေ  ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် .....ညီမလေးရယ်..................

6 comments:

  1. ညီမလေးသိပါစေကွယ် အမြန်ဆုံးလည်းဆုံတွေ့ နိုင်ပါစေ
    မွေးနေ့မှာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကွယ်

    ReplyDelete
  2. ညီမလေးကိုတော်တော်ချစ်တာဘဲနော်.....အစ်ကိုရဲ့အချစ်တွေ ညီမလေး သိပြီး ပျော်ရွင်စရာဘ၀လေးကိုနှစ်ယောက်သားဖြတ်သန်းနိုင်ပါစေနော်....အစ်ကို့ရဲညီမလေးလည်း မွေးနေ့မှာ အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ပါစေဗျာ......

    ReplyDelete
  3. သူငယ်ချင်းရေ ပျော်ရွှင်သောဘ၀လေးကို ညီမလေးနဲ့ထပ်တူ တည်ဆောက်နိုင်ပါစေနော်
    အမှတ်မထင် ဒီပို့စ်လေးကိုဖတ်လိုက်ရတာ ရင်ထဲ နင့်ကနဲနေအောင်ဖြစ်သွားရပါတယ်
    ငိုချင်သလိုဖြစ်သွားတယ် ကျေးဇူးပါသူငယ်ချင်းရေ

    နေခြည်လေးမွေးနေ့တုန်းကအဖြစ်လေးကို သတိရသွားလို့ပါ
    သူငယ်ချင်းညီမလေးလည်း သိနိုင်လိမ့်မယ်လို့ ထင်ပါတယ်

    ပျော်ရွှင်ပါစေနော်။

    ReplyDelete
    Replies
    1. အခုလို ခံစားနားလည်ပေးလို့ အရမ်းကို ကျေးဇူးတင်မိပါတယ်ဗျာ.......

      Delete
  4. Anonymous11:09 AM

    Howdy! Someone in my Facebook group shared this site with us
    so I came to check it out. I'm definitely enjoying the information. I'm
    bookmarking and will be tweeting this to my followers!
    Excellent blog and great style and design.

    my weblog; ranger forum

    ReplyDelete
  5. Anonymous6:51 AM

    Hi! Do you use Twitter? I'd like to follow you if that would be okay. I'm definitely enjoying your blog
    and look forward to new updates.

    Look into my webpage: ford ranger

    ReplyDelete