Pages

Friday, November 9

အစစ်လား ၊ အတုလား ပြောပေးပါ


စိုးသူ ဒီနေ့  Facebook ဝင်လိုက်တယ်။ စေတီတစ်ခုကို မြွေပတ်နေတဲ့ပုံပါ။ စာမှာရေးထားတာက " ညောင်ဦးမြို့ ၊ သမိုင်းဝင်စွယ်တော်ရှင်  ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို လင်္ကျာပူဇော်နေသည့် နဂါးကြီးအား မြင်တွေ့ရစဉ် )၃.၃.၂၀၁၂) ရက် နံနက် (၅း၄၅) နာရီခန့် " အဲလိုရေးထားတယ်ဗျာ ။ ကျွန်တော်မရှင်းတာက ဓာတ်ပုံမှာပါ။  အပေါ်နားလေးမှာ သစ်သားဘောင်ပါတယ်။ ပြီးတော့ မြွေပုံက တုတ်ချောင်းသေးသေးကို ပတ်နေတာ။မြွေပတ်နေတဲ့ပုံနဲ့ စေတီနဲ့က တခြားစီပဲ။ တကယ်ဆိုရင် အဲဒီ တုတ်ချောင်း ပါစရာအကြောင်းမရှိဘူးလို့ထင်တယ်။ ဓာတ်ပုံရိုက်တာအစစ်ဆိုရင်လည်း အပေါ်က သစ်သားဘောင် ပါစရာအကြောင်းမရဘူးလို့ထင်တယ်။  ဓာတ်ပုံပေါ်ကို ဓာတ်ပုံထပ်ရိုက်ထားတာလို့  မြင်တယ် ။ ဘုရားနောက်ခံအရောင်ကလည်း မူရင်းမဟုတ်ဘူးဆိုတာ သိသာတယ်။ စိုးသူလည်း ဗုဒ္ဓဘာသာပါ။ ဘုရားကိုယုံကြည်ကိုးကွယ်ပါတယ်။ ဟုတ်မဟုတ် ၊ အမှန်မသိဘဲနဲ့  မကိုးကွယ်ချင်ပါဘူး။  ဒါလေးတော့ အမှန်လားအမှားလားဆိုတာ သိချင်ပါတယ်။ အဲဒါကြောင့် ဖတ်မိသူများ ကွန့်မန့်လေး ပေး ပေးပါ။ အမှန်တိုင်းပြောရင် စိုးသူ အဲဒီပုံကို အမှန်ဆိုတာ လက်မခံနိုင်လို့ပါ။ 


ကျေးဇူးတင်ပါတယ်........

အားလုံးကိုလေးစားလျက်.......

1 comment:

  1. အန်တီညောင်ဦးခဏခဏရောက်ပါတယ်။ ဒိပုံက ဂေါပက၇ုံးရှေ့ထောင်ထားတဲ့ပုံကို ပြန်ရိုက်ထားတာဖြစ်ပါလိမ့်မည်။ ဘုရားဖူးကောင်လေးတဦးက ဓာတ်ပုံရိုက်သွားပြီး သူ့ဒေသရောက်မှ ပုံကူးလိုက်တဲ့အခါတွေ့ရတဲ့အတန်းကြီးပါ။ အတုလုပ်ထားတာမဟုတ်ဖူးဆိုတာ ပညာရှင်တွေနဲ့စစ်ဆေးပြီးသားလို့သိရပါတယ်။ ရွှေစည်းခုံရဲ့မြစ်ဘက်ဘေးမှာ နဂါးအမြီးကြီးတခုဟာလည်း ဗိုလ်ချုပ်တစ်ဦး(Retired)ကိုအိမ်မက်ပေးလို့ ချုံပုတ်တွေထဲက နေ ဖော်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီအိမ်မက်မပေးခင်ကတကဲ့ခြုံအကြီးကြီး ဘယ်သူမှ အဲဒီအမြီးကြီးရှိမှန်းမသိပါဘူးတဲ့။ အန်တီက နှစ်စဉ်လိုလိုညောင်ဦးရောက်နေလို့သိတာပါ။ မြတ်စွာဘုရားကောင်းကင်ကနေ တန့်ပြီးကြည့်ခဲ့တဲ့နေရာလည်းဖြစ် နာမည်ကြီးမင်းနေပြည်တော်တခုလည်းဖြစ်တဲ့အတွက် ထူးဆန်းတာတွေဟာ ဖြစ်တည်နိုင်ရှိနိုင်ပါတယ်။ သိသလောက်မျှလိုက်တာပါနော်။ www.dhamatharlar.blogspot.com

    ReplyDelete