ကျွန်တော် ဒီတစ်ခါလည်း ကျွန်တော် သိသော ကွန်ပျူတာနဲ့ပက်သက်တဲ့ အခြေခံအကြောင်းလေးတွေပြော ပြချင်ပါတယ်။ ကျွန်တော် ပြောတဲ့အကြောင်းအရာများသည် သိပြီးသားသူများအတွက် အရမ်းကိုရိုးရှင်းသော အကြောင်းအရာများဖြစ်ပါတယ်။ မသိသေးသောသူများအတွက် ရည်ရွယ်ပြီး တော့ရေးသားခြင်း ဖြစ်ပါတယ်။
ပထမတစ်ခုအနေနဲ့ Desktop ပေါ်က Icon လေးတွေကိုအသေးအကြီး ချုံ ၊ ချဲ့တာကိုပြောပ့ါမယ်။ ကျွန်တော် တို့ Desktop ပေါ်ကို Ctrl+mouse wheel လေးလှိမ့်လိုက်ရင် Desktop ပေါ်က Icon လေးတွေကို အသေးအကြီး လိုသလိုပြောင်းနိုင်ပါပြီ။
ကျွန်တော်တို့ windows တက်လာပြီဆိုရင် မလိုအပ်တာတွေပါ တခါတည်း ပွင့်လာတာ ကြုံရတက်ပါတယ်။ ဥပမာ- windows တက်တက်လာခြင်း Gtalk ကြီး တန်းပွင့်လာတို့ တခြားဖိုင်တွေ တန်းပွင့်လာတာတို့ တွေ့ရတက်ပါတယ်။ အဲဒီကောင်လေးကို ဖြေရှင်းဖို့အတွက် windows+r ကနေ run ကို ခေါ်ပါ။ Run box ထဲမှာ msconfig လို့ရိုက်ထည့်ပါ ။ ပြီးရင် Strat up ဆိုတာကိုသွားပါ။ အဲဒီမှာ မလိုအပ်တဲ့ ဖိုင်တွေကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ အဲဒီ Startup မှာ အမှန်ခြစ်တွေ အများကြီးလုပ်ထားမယ်ဆိုရင် Windows အတက်နှေးစေပါတယ်။ ဖြုတ်ပြီးရင်တော့ ok ပေးပါ။ ပုံလေးနဲ့ နမူနာပြထားပါတယ်။ ကျွန်တော်ကတော့ သုံးခုလောက်ပဲထားပါတယ်။ Antivirus ၊ Internetdownload mananger ၊ Babylon အသုံးဝင်တာလေးတွေပေါ့ဗျာ။ ဒီလိုလေးပါ။ အမှန်ခြစ်တွေဖြုတ်ပြီး ပြီဆိုရင် Restat နဲ့ Exit without restart ဆိုတာရှိပါတယ် ။ များသောအားဖြင့်တော့ Exit without restart နဲ့ထွက်ကြတာများတယ်။ Restart ထွက်တာပိုကောင်းပါတယ်။
နောက်တစ်ခုက တစ်ခါတစ်လေမှာ မိမိဖွင့်ထားတဲ့ ပရိုဂရမ် တစ်ခု ၊ဒါမှမဟုတ် ဖိုင်တစ်ခုခုက ဘယ်ဘက်ထောင့်မှာရှိတဲ့ အမှားခြစ်လေးနှိပ်လိုက်တာနဲ့ ပိတ်မသွားတာတွေ ရှိပါတယ်။ အဲဒီအခါမှာ Task Manager ကနေသွားပိတ်ရင် ပိတ်သွားပါတယ်။ Taskmangger ကိုခေါ်ဖို့အတွက် Start bar ပေါ်မှာ right click ထောက်ပါ။ ပြီးရင် Start Task Manager ကိုသွားပါ။ ပေါ်လာတဲ့ Box မှာ မိမိပိတ်ချင်သော Program ကိုရွေးပြီးတော့ End task ကိုကလစ်ပေးလိုက်ပါ။
အဲပြီးရင် Task Manager ကိုပိတ် ဖို့ အမှားခြစ်လေးရှာနေလိမ့်မယ်။ မရှိဘူးနော်။ Start bar က Task Manager ပေါ်ကို right click ထောက်ပြီးတော့ close windows ဆိုတာကိုပေးရတယ် ။ ဒီလိုလေးပါ။
ဒီလောက်ပဲ ဗျာ ။ နောက်နေ့မှ ကျွန်တော်သိတဲ့ မတောက်တခေါက်လေးတွေ ဆက်ပြောပြပါ့မယ်။
အားလုံးကိုလေးစားလျက်.....
No comments:
Post a Comment