Pages

Sunday, January 29

အကောင်းမြင်ခြင်းသည် လေဖြတ်ခြင်းကိုကာကွယ်နိုင်သည်


လေဖြတ်ြခင်း မဖြစ်လိုသူများ အတွက် သတင်းကောင်းပါ။ မစ်ချီဂန် တက္ကသိုလ်၏  လေ့လာမှု အသစ် တစ်ရပ် အရ အကောင်းမြင်သူများသည် လေဖြတ်ခြင်း ဖြစ်နိုင်သော အန္တရာယ် လျော့ကျမှု ရှိကြောင်း လေ့လာ သိရှိ ရသည်။ အကောင်းမြင်ခြင်း၏ လေဖြတ်ခြင်းအား ကာကွယ်နိုင်စွမ်းမှာ အကောင်းမြင်တတ်သူများသည် ကျန်းမာရေး နှင့် ညီညွတ်သော ဘဝ နေထိုင် စားသောက်မှု ပုံစံကို ရွေးချယ်လေ့ ရှိသောကြောင့် ဖြစ်ကြောင်း လေ့လာသူများက ကောက်ချက် ချခဲ့ ကြသည်။ လေ့ကျင့်ခန်း လုပ်ခြင်း၊ အာဟာရ ပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း စသည့် ကောင်းမွန်သော နေထိုင်မှု ပုံစံ အတိုင်း နေထိုင်သောကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ခြင်း ဖြစ်သည်။
'' ဘဝမှာ အကောင်းဆုံး အရာတွေကိုပဲ မျှော်လင့်တဲ့ သူတွေက ကျန်းမာရေး ကောင်းမွန်စေမယ့် လမ်းကြောင်းကိုပဲ တက်တက်ကြွကြွ လုပ်ဆောင်ကြ ပါတယ်။ အကောင်းမြင်တဲ့ သူတွေက ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးဗဟုသုတ ရှိတာရယ်၊ ရောဂါ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ အခါမှာလည်း လျစ်လျူရှု မထားတတ်တာ ရယ်ကြောင့် ကျန်းမာ နေကြတာပါ'' ဟု သုတေသန ပြုလုပ်သူ အဲရစ်ကင်မ်က ဆိုပါသည်။
အကောင်းမြင်တတ်သူ များသည် နှလုံး ကျန်းမာရေး အကြောင်း ဗဟုသုတများ ရှိပြီး နှလုံး ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများ၊ လုပ်ဆောင်မှုများကို လိုက်နာ ခဲ့ကြသည့် အတွက် လေဖြတ်ခြင်းကို ကာကွယ်နိုင်ခြင်း ဖြစ်လိမ့်မည် ဟု သူက ထပ်မံ ဖြည့်စွက် ရှင်းပြ ခဲ့သည်။ အကောင်းမြင်သူ များသည် နှလုံးရောဂါ ဖြစ်နှုန်း လျော့နည်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်ခံအား စနစ် ရှိနေတတ်သည်။ အဆိုပါ လေ့လာမှုကို အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်း ဂျာနယ်တွင် ဖော်ပြခဲ့ပြီး လေ့လာမှုတွင် အသက် ၅ဝ နဲ့ အထက် လူဦးရေ ၆ဝ၄၄ ဦး ပါဝင်ကြောင်း နှင့် လေ့လာမှုကို အချိန် နှစ်နှစ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။     

No comments:

Post a Comment