Pages

Friday, January 20

iPhone, iPod, iPad များအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလေးများ


ယနေ့အသုံးများလာတဲ့ iPhone, iPod နဲ့ iPad တွေမှာ ဗီဒီယို၊ သီချင်းနဲ့ ဓာတ်ပုံတွေ ထည့်သွင်းဖို့အတွက် iTune ကို အသုံးပြုရ ပါတယ်။ iTune ကို မသုံးတတ်ရင် မလိုလားအပ်တဲ့ အမှားအယွင်းဖြစ်တတ်တာကြောင့် iPhone, iPad အသုံးပြုသူတွေ အခက်ကြုံ ရပါတယ်။ ဒါကြောင့် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလေးတွေကို ဒီတစ်ပတ် အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
(၁) iExplorer
iExplorer ဆောဖ့်ဝဲကို iPhone Explorer လို့ အသိများပါတယ်။ ဒီဆော့ဖ်ဝဲက iPhone, iPod နဲ့ iPad တွေကို USB ကြိုးနဲ့ ကွန်ပျူတာမှာ တပ်ဆင်ပြီး File Explorer လို အသုံးပြုနိုင်ပါတယ်။
ကွန်ပျူတာထဲကဖိုင်တွေကို iPhone, iPad ထဲ ထည့်ဖို့ပဲဖြစ်ဖြစ်၊ iPhone ထဲကဖိုင်တွေကို ကွန်ပျူတာထဲ Backup လုပ်ဖို့ပဲ ဖြစ်ဖြစ် Drag & Drop လုပ်ပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။
အင်တာနက် လိပ်စာ http://www.macroplant.com/iexplorer/ မှာ အခမဲ့ရယူနိုင်ပါတယ်။
iExplorer အသုံးပြုဖို့အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေက iTune Version 10 နဲ့ .Net Framework 4 တို့ လိုအပ်ပါတယ်။
Mac နဲ့ Windows OS အတွက် နှစ်မျိုးရှိပါတယ်။
(၂) Phone to PC
Phone to PC ဆော့ဖ်ဝဲက iPhone, iPod, iPad ထဲက ဗီဒီယိုတွေ၊ သီချင်းတွေ၊ ဓာတ်ပုံတွေကို ကွန်ပျူတာထဲ ဒါမှမဟုတ် iTune ထဲကို အလွယ်တကူ ပြောင်းယူနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။
ကိုယ့်ရဲ့ iPhone ထဲက ဓာတ်ပုံတွေကို ကွန်ပျူတာထဲ ပြောင်းထည့်ချင်ရင် ဒီဆော့ဖ်ဝဲက အလွယ်ကူဆုံးဖြစ်ပါတယ်။
အင်တာနက်လိပ်စာ http://www.macroplant.com/phonetopc/ မှာ ရယူနိုင်ပါတယ်။ iTune Version 10 နဲ့ .Net Framework 4 လိုအပ်ပါတယ်။

source: Myanmar Time 

1 comment:

  1. Anonymous8:47 AM

    Hello There. I found your blog using msn. This is an extremely well written article.
    I will be sure to bookmark it and come back to
    read more of your useful info. Thanks for the post. I'll certainly comeback.

    Here is my website - gold ira

    ReplyDelete