Pages

Saturday, September 1

ကွန်ပျူတာတစ်လုံး၏ အခြေခံအချက်များ



ကွန်ပျူတာတစ်လုံး၏အခြေခံအချက်အလက်များ ကွန်ပျူတာတစ်လုံးလက်ဝယ်ရှိမည်ဆိုပါက ထိုကွန်ပျူတာရဲ့အခြေခံအချက်အလက်များကို သိရှိထား ရန်လိုအပ်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုထားသည့် Processor၊ Run၊ Grapic စသည့်အခြေခံအချက်အလက်များကိုသိရှိထားရန်လိုအပ်သည့်အပြင် မည်သည့်အပိုင်းက အားနည်း၍ ထပ်မံတပ်ဆင်ရန်လိုအပ်သည် စသည်တို့ကိုသိရှိထားရမည်ဖြစ်ပါသည်။ ကွန်ပျူတာရဲ့အခြေခံအချက်အလက်များကို သိရှိရန်အတွက် ပထမဦးစွာ ကွန်ပျူတာကို Right Click မှတစ်ဆင့် Properties သို့ဝင်ရောက်ရပါမည်။ထို့နောက်  အောက်ဖော်ပြပါပုံအတိုင်း View Basic information about your computer တွင် ကွန်ပျူတာ၏ အချက်အလက်များကိုတွေ့မြင်နိုင်ပါသည်။ ပထမဦးစွာ Window edition တွင် ကွန်ပျူတာတွင် Install ပြုလုပ် ထားသည့် Window အမျိုးအစားကိုတွေ့မြင်နိုင်ပါသည်။ ဖော်ပြပါပုံတွင် Window 7 Ultimate အမျိုးအစားကို Install ပြုလုပ်ထားခြင်းဖြစ်ပါသည်။

1


System တွင် ကွန်ပျူတာတွင်အသုံးပြုထားသည့် Hardware များကိုဖော်ပြထားပါသည်။ Manufacture သည်ထုတ်လုပ်သည့် ကုမ္ပဏီအမျိုးအစားဖြစ်ပြီး ဖော်ပြပါပုံတွင် Asus မှထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ပါသည်။ Rating ပြုလုပ်သည့်အကြောင်းကို နောက်ဆုံးတွင်အသေးစိတ်ဖော်ပြသွားပါမည်။ Processor တွင် Processor အမျိုးအစားမှာ Intel® Core(TM) i7 CPU 870 အမျိုးအစားဖြစ်ပြီး Processor Speed မှာ 2.93 GHz ဖြစ်ပါသည်။ Processor Speed  2.93 GHz ဆိုသည်မှာ ကွန်ပျူတာတွင်အသုံးပြုနေသည့် Processor မှာ 2.93 GHz အတွင်းသာ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ထိုထက်ပို၍လုပ်ဆောင်မည်ဆိုပါက အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်စေပြီး Processor ကိုပျက်ဆီးစေနိုင်ပါသည်။Installed memory (RAM) ဆိုသည်မှာ ကွန်ပျူတာတွင် အသုံးပြုနိုင်သည့် Memory ပမာဏကို ဖော်ပြ ခြင်းဖြစ်ပါသည်။ System type သည် ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Window Operation အမျိုးအစားကိုဖော်ပြခြင်းဖြစ်ပါသည်။ 32-bit Operation System၊ 64-bit Operation System စသည်ဖြင့်ခွဲခြားနိုင်ပါသည်။ ထိုသို့ခွဲခြားမှုသည် ကွန်ပျူတာတွင် Install ပြုလုပ် အသုံးပြုထားသည့် Window ၏ အမျိုးအစားဖြစ်ပြီး၊ မိမိကွန်ပျူတာ System သည် 32-bit Operation System သို့မဟုတ် 64-bit Operation System ကိုအသုံးပြုရန်ကိုတ်ညီမှုရှိ၊မရှိကို Windows Experience Index တွင်ကြည့်ရှုနိုင်ပါသည်။

3


Asus Support Asusသို့အကူအညီအထောက်အပံ့များ သည်  တောင်းခံရန်လိုအပ်ပါကဆက်သွယ်နိုင်ရန်ဖြစ်ပြီး
Computer name, domain   and workgroup settings တွင် ကွန်ပျူတာအမည်၊ ကွန်ပျူတာကွန်ယက်စသည်တို့ကို ကြည့်ရှုနိုင်ပါသည်။ Windows activated သည် Install ပြုလုပ်ထားသည့် Window သည် License Version သို့မဟုတ် Serial Keys များထည့်သွင်း၍ Install ပြုလုပ်ထားမည်ဆိုပါက Window is activated ဟုတွေ့မြင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ရက် ၃၀ ခန့်သာအသုံးပြုနိုင်မည်ဖြစ်ကြောင်းကို တွေ့မြင်ရ မည်ဖြစ်ပါသည်။
4


အောက်ဖော်ပြပါပုံအတိုင်း System ရှိ Rating သည် ကွန်ပျူတာ System အတွင်းရှိ Hardware နှင့် Software တို့၏ အနည်းဆုံးစွမ်းဆောင်နိုင်သည့်ပမာဏကို ဖော်ပြခြင်းဖြစ်ပါသည်။ Window အသစ်တင်ပြီး သည့်အခါတိုင်း Windows Experience Index ကို Rating ပြုလုပ်ပေးရန်လိုအပ်ပါသည်။ ထို့နောက် Windows Experience Index ကို Click ၍ ကွန်ပျူတာ၏ အခြေခံအချက်အလက်များကိုဆက်လက် လေ့လာ ကြည့်ရှုနိုင်ပါသည်။

5


Windows Experience Index ကို လေ့လာရာတွင် ပထမဦးစွာ Base score ကိုတွေ့မြင်ရမည်ဖြစ်ပါ သည်။ ကွန်ပျူတာတစ်လုံးတွင် Base Score သည် အနည်းဆုံး 3 ထက်မြင့်နေရမည်ဖြစ်ပြီး၊ Base Score များသည်နှင့်အမျှ ကွန်ပျူတာ၏စွမ်းဆောင်နိုင်မှုမှာမြင့်နေမည်ဖြစ်ပြီး၊ Base Score နည်းမည်ဆိုပါက ကွန်ပျူ တာ၏ စွမ်းဆောင်ရည်နိမ့်ကျနေမည်ဖြစ်ပါသည်။ Base Score နည်းနေပါက နည်းနေသည့် Hardware ကို ကြည့်၍ မြှင့်ပေးရန်လိုအပ်ပါသည်။ ဥပမာအားဖြင့် အောက်ဖော်ပြပါပုံတွင် Processor၊ Memory တို့၏ Subscore မှာ 7.5 စီရှိပြီး Gaming graphics မှာ 5.8 နှင့် Primary hard disk  မှာ 5.9 ရှိ၍ မြှင့်တင်ပေးရန်မ လိုအပ်ပဲ Graphics မှာ 3.8 သာရှိ၍ ကွန်ပျူတာ၏ စွမ်းဆောင်ရည်ကိုမြှင့်တက်စေရန်အတွက် Grapic ကို အဆင့်မြှင့်တင်ပေးရန်လိုအပ်ပါသည်။ ထို့အတူပင် Window ၏ Base Score သည်အသင့်အတင့်ရှိသော်လည်း မိမိကွန်ပျူတာကို စွမ်းဆောင်ရည်ပိုမိုမြှင့်တင်လိုပါက Windows Experience Index ကိုကြည့်၍ Processor နည်းလျင် Processor၊ RAM နည်းလျင် RAM၊ Graphic နည်းလျင် Graphic စသည်ဖြင့် Update ပြုလုပ်ပေးရ မည်ဖြစ်ပါသည်။ Window 7 ကိုအသုံးပြုမည်ဆိုပါက အဆိုပါကွန်ပျူတာတွင် Base Score 4 အနည်းဆုံးရှိမှ သာလျင် Window 7 ၏ Featured များကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

6

 System ရှိ System type သည် 32-bit operation system ဆိုပါက Window Install ပြုလုပ်ရာတွင် 32-bit operation system ကိုသာအသုံးပြုသင့်ပါသည်။ System type ကိုကြည့်ခြင်းဖြင့် မိမိကွန်ပျူတာနှင့် ကိုက်ညီသည့် Window Operation System ကို ရွေးချယ်နိုင်ပါသည်။ Storage တွင် ကွန်ပျူတာ Hard Disk တွင်သိမ်းဆည်းနိုင်သည့် ပမာဏကို ခွဲခြားထားသည့် Partition များအလိုက်တွေ့မြင်ရမည်ဖြစ်ပါသည်။

7

Graphics အပိုင်းတွင် Display adapter type သည် Graphic ၏ အမျိုးအစားဖြစ်ပါသည်။ Total available graphics memory သည် ကွန်ပျူတာတွင် အများဆုံး Update ပြုလုပ်ပေးနိုင်သည့် graphic memory ပမာဏဖြစ်ပါသည်။ အောက်ဖော်ပြပါပုံတွင် အများဆုံးစိုက်နိုင်သည့်ပမာဏ 2027 MB (2 G နီးပါး)(1 G = 1024 MB) ရှိသည်ကိုတွေ့ရပါသည်။ Dedicated graphics memory သည်ကွန်ပျူတာတွင်ယခုလက်ရှိ အသုံးပြုနေသည် Graphic memory ကိုဖော်ပြထားခြင်းဖြစ်ပါသည်။ ပုံတွင် 512 MB သာရှိသည်ကိုတွေ့မြင်ရ မည်ဖြစ်ပြီး အများဆုံးအသုံးပြုနိုင်သည့်ပမာဏမာ 2027 MB ဖြစ်သဖြင့် 1515 MB ထပ်မံ Update ပြုလုပ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။


ကိုချယ်ရီ

No comments:

Post a Comment