Pages

Tuesday, January 31

နှလုံးရောဂါအကြောင်း


နှလုံးသွေးကြောကျဉ်း ရောဂါဆိုတာ ဘာလဲ။

Coronary Artery Disease လို့ခေါ်တယ်။ နှလုံးကြွက်သား ပျက်စီးတတ်တဲ့ အတွက် Coronary Heart Disease လို့လည်း ခေါ်တယ်။

ဒီရောဂါက အဖြစ်များသလား။

အနောက်နိုင်ငံမှာ အလွန် အဖြစ်များတဲ့ ရောဂါဖြစ်တယ်။ သေနှုန်းလည်း များတယ်။


ဘာကြောင့် ဖြစ်တာလဲ။


အများစုမှာ နှလုံးသွေးကြောတွေ အဆီအခဲ ပိတ်တာကြောင့် ဖြစ်တယ်။ တစ်ခါတလေ နှလုံးသွေးကြောတွေ အလွန် ညှစ်တာကြောင့် ပိတ်သွားတာမျိုး ရှိတယ်။ Coronary Spasm လို့ ခေါ်တယ်။


ဘယ်လို လူမျိုးတွေမှာ ပိုဖြစ်တတ်သလဲ။


ဆီးချိုရှိတဲ့သူ၊ သွေးတိုးရှိတဲ့သူ၊ သွေးထဲမှာ အဆီဓာတ် များတဲ့သူ၊ ဆေးလိပ် သောက်တဲ့သူ၊ အဝ လွန်တဲ့သူ၊ စိတ်ဖိစီးမှု များတဲ့သူ၊ လေ့ကျင့်ခန်း နည်းသူ။ အလုပ်ဖိစီးမှု များသူ၊ ကိုကိန်း (Cocaine) စွဲသူ၊ နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူတွေမှာ အဖြစ်များတယ်။


Coronary လို့ ဘာလို့ ခေါ်တာလဲ။


သွေးကြောတွေဟာ လက်သီးဆုပ်နဲ့တူတဲ့ နှလုံးသားကို ပတ်ပတ်လည်ဝိုင်းပြီး နှလုံးကို အာဟာရနဲ့ အောက်ဆီဂျင် ပေးတယ်။ နှလုံးသားညှစ်တဲ့ အချိန်မှာ သွေးစီးမဝင်နိုင်ဘူး။ ဒါဟာ တခြားအင်္ဂါတွေနဲ့ စာရင် ထူးတယ်။ သွေးကြောပိတ်တော့ အောက်ဆီဂျင် မရဘူး။ နှလုံးက စဉ်ဆက်မပြတ် ၂၄ နာရီပတ်လုံး မွေးသည်မှ သေသည်အထိ ခုန်နေရတဲ့အတွက် အောက်ဆီဂျင် အလွန် လိုအပ်တယ်။ အောက်ဆီဂျင် မရရင် မရတဲ့ နှလုံးအစိတ်အပိုင်းဟာ ပျက်စီးတယ်။ နှလုံးကို ပတ်လည် ဝိုင်းထားတဲ့အတွက် သရဖူနဲ့ တူတယ်။ ဒါကြောင့် Coronary လို့ ခေါ်တယ်။


နှလုံးခုန်တာက ဘာကြောင့်လဲ။


နှလုံးက ခန္ဓာကိုယ် အရပ်ရပ်ကို သွေးတွေညှစ်ပြီး သွေးကြောကြီးတွေက တစ်ဆင့် ပို့ပေးတယ်။ နှလုံးထဲကို ခန္ဓာကိုယ် အရပ်ရပ်က သွေးတွေဟာ သွေးပြန်ကြောမကြီးတွေနဲ့ ပြန်ဝင်လာတယ်။ ဒါကို ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ခြင်းလို့ ခေါ်တယ်။ သွေးပို့လွှတ်အောင် နှလုံးအခန်းတွေထဲမှာရှိတဲ့ သွေးတွေကို ညှစ်ထုတ်ရတယ်။ သွေးတွေ နှလုံးရဲ့ အခန်းတွေထဲမှာ လက်ခံနိုင်အောင် နှလုံးကြွက်သားကို ဖြေလျှော့ရတယ်။ နှလုံးဟာ ညှစ်ပြီး တစ်ခါဖြေလျှော့တာကို နှလုံးတစ်ခါ ခုန်တယ်လို့  ခေါ်တယ်။


ဘယ်လောက် မြန်မြန် ခုန်သလဲ။


တစ်မိနစ်မှာ အကြိမ် ၇၀-၈၀ ခန့် ခုန်တယ်။


နှလုံးထဲက သွေးက သန့်တယ်လို့ ပြောတယ်။


မှန်လည်း မှန်တယ်။ မှားလည်း မှားတယ်။ နှလုံးရဲ့ ဘယ်ဘက်အပိုင်းမှာရှိတဲ့ သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းထဲမှာရှိတဲ့ သွေးတွေဟာ အဆုတ်က လာတဲ့အတွက် အောက်ဆီဂျင် ပါဝင်မှု အလွန်များတယ်။ ညာဘက်အခြမ်းက သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းဟာ ခန္ဓာကိုယ် အရပ်ရပ်ကလာတဲ့ သွေးတွေဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုများတယ်။ အောက်ဆီဂျင် နည်းတယ်။ ဒီသွေးဟာ နီပုပ်ပုပ် အရောင်ရှိပြီး နှလုံးက အဆုတ်ကို ပို့ရတယ်။ အဆုတ်မှာ သွေးက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်ပြီး အောက်ဆီဂျင်ကို သယ်ယူတယ်။ အောက်ဆီဂျင်များတဲ့ သွေးဟာ ရဲရဲနီနေတယ်။  ဘယ်ဘက်အခြမ်းကို ဝင်တယ်။


Angina ဆိုတာ ဘာလဲ။


ရင်ဘတ် ညှစ်ထားသလို အောင့်တာ။ Squeezing Chest Pain လို့ ခေါ်တယ်။ လူနာက ရင်ဘတ်အလယ်လောက်မှာ လက်သီးလေးဆုပ်ပြီး ပြတတ်တယ်။ ရင်ဘတ်အလယ်မှာ ခဲဆွဲထားသလို လေးနေတာလည်း ရှိတယ်။ လည်ပင်း၊ မေးရိုး၊ ပခုံး၊ လက်မောင်းတွေအထိ အောင့်တာ ရောက်သွားနိုင်တယ်။ လူက အားကုန်တယ်။ ချွေးပြန်တယ်။ ပျို့ချင်သလို၊ အန်ချင်သလို ဖြစ်တယ်။ ကြွက်တက်ချင်သလို ဖြစ်တယ်။ မောတယ်။


Stable Angina ဆိုတာ ဘာလဲ။


အလုပ်ပြင်းပြင်း လုပ်လိုက်တဲ့အခါ Angina ရလာတာကို ခေါ်တာ။ ဥပမာ လှေကားမြင့်မြင့် တက်လိုက်ရင် ရင်ဘတ် အောင့်လာတယ်။ မောသလိုဖြစ်ပြီး ငါးမိနစ်လောက် နားလိုက်ရင် ပျောက်သွားတယ်။ နှလုံးသွေးကြောကျယ်တဲ့ ဆေးငုံလိုက်ရင် ပျောက်သွားတယ်။ သွေးကြော နည်းနည်းကျဉ်းလို့ ဖြစ်တာ။


Unstable Angina က ဘာလဲ။


လှုပ်ရှားမှု မဟုတ်ဘူး။ အနားယူစဉ် ကာလမှာ နာတယ်။ အချိန်ကြာတယ်။ တော်တော်နဲ့ မပျောက်ဘူး။ ကြာလေဆိုးလေ ဖြစ်တယ်။


Heart Attack ဆိုတာ ဘာလဲ။


နှလုံးသွေးကြော လုံးလုံးပိတ်လို့ Chest Pain ရတာ။ ရင်ဘတ်အောင့်တာ ညှစ်ထားသလို နာတယ်။ မူးတယ်၊ မောတယ်။ ချွေးပြန်တယ်။ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်တယ်။ ပျို့တယ်၊ အန်တယ်။ ခြေဖျား၊ လက်ဖျား အေးတယ်။ သေတော့မလောက် ကြောက်ရွံ့ ခံစားရတယ်။ ဘယ်လိုမှ မသက်သာဘူး။ Myocardial Infarct လို့ ခေါ်တယ်။


ဘယ်လို သိနိုင်သလဲ။


ECG ဆွဲကြည့်ရတယ်။ နှလုံးတိုင်းစက်မှာ သွေးကြောပိတ်ရင် သိသာထင်ရှားစွာ ပေါ်တယ်။ Cardiac Enzyme ခေါ်တဲ့ Troponin, CK-MB, AST, LDH လို့ခေါ်တဲ့ enzyme တွေ မြင့်တက်လာတယ်။ အရေးကြီး အခြေအနေ ဖြစ်တယ်လို့ မှတ်ထားရပါမယ်။


ဘယ်လို ကုရမလဲ။


ဆေးရုံကို အမြန်ဆုံး ရောက်အောင်လာပါ။ နှလုံးရောဂါဌာနရှိတဲ့ ဆေးရုံဆိုရင် ပိုကောင်းပါတယ်။ ဆေးလိပ်ဖြတ်ရပါမယ်။ အဆီ လျှော့စားရပါမယ်။ သွေးပေါင် ထိန်းရပါမယ်။ ကိုယ်အလေးချိန် ချရပါမယ်။ ဆီးချို ထိန်းရပါမယ်။ နှလုံးသွေးကြောပွင့်ဆေး Thrombolytic Therapy ပေးရပါမယ်။ ကျဉ်းနေတဲ့ သွေးကြောကို ပေါင်သွေးကြောမှတဆင့် Catheter နဲ့ ချဲ့ပေးရပါတယ်။ Percutaneous Transluminal angioplasty (PTCA) လုပ်ရပါတယ်။ တချို့လူတွေမှာ ကျဉ်းနေတဲ့ သွေးကြောကို ဖြတ်ပြီး ခြေသလုံးမှ သွေးပြန်ကြောနဲ့ အစားထိုး ခွဲစိတ်ရတယ်။ Coronory arterybypass graft (CABG) လို့ ခေါ်ပါတယ်။


ပါမောက္ခ ဦးသံစစ် (အသည်းအထူးကု)

အားလုံးကိုလေးစားလျက်.... 

Photoshop CS 5


ဒီတခါ ကျွန်တော် photoshop ပြုလုပ်ချင်သူများအတွက် CS 5 လေး တင်ပေးထားပါတယ်။ Key ပါ  ပါတယ်ဗျာ။ဆိုက်ကတော့ တော်တော်ကြီးတယ်ဗျာ။ ဖိုင်သုံးဖိုင်ခွဲပြီးတင်ပေးထားပါတယ်။ ထုံးစံအတိုင်းပဲဗျာ ဒေါင်းမယ့်သူများ အတွက်တော့ ဖိုင်သုံးဖိုင်ကို Folder တစ်ခုထဲမှာထည့်ပြီးတော့ ဖိုင်ကိုဖြေပါ။ အဆင်ပြေပါစေဗျာ။


To download 

အားလုံးကိုလေးစားလျက်....

ဆိုင်ကယ် မောင်းချင်သူများအတွက်


ဆိုင်ကယ် မောင်းချင်တဲ့သူများ အတွက်ပါ။ ဂိမ်းလေးက နည်းနည်းတော့ ဆိုက်ကြီးတယ်ဗျာ။ သူက pc ဂိမ်းလေးပါ။  သူက မိမိဆော့ပြီးသွားလို့ရင် မိမိဆော့ခဲ့ တဲ့အအပိုင်းလေးကိုပြန်ကြည့်လို့ ရတယ် ။ သုံးပတ်မောင်းတယ်ဆိုရင် ကိုယ်ဘယ်လိုမောင်းခဲ့တာ ဘယ်နေရာမှာ လဲတာက အစ ပြန်ကြည့်လို့ရတယ် ။ပြန်ကြည့်တဲ့အခါ  TV ပေါ်မှာ ကြည့်နေရသလိုပဲ ကိုယ်ဆော့ထားတာကို ပြန်မြင်နေရတယ်။  ဆော့ချင်တဲ့သူများအောက်မှာ ဒေါင်းသွားလိုက်ပါနော်။
ဒေါင်းမယ်ဆိုရင် တော့ ကျွန်တော်ပေးထားတဲ့  ဖိုင်(၄)ဖိုင်လုံးကို folder တစ်ခုထဲမှာ ထည့်ပြီးတော့ ဖိုင်ကို ဖြေရပါ့မယ်။ ကျွန်တော်ဖိုင်ဆိုက်ကြီးလို့ ခွဲပြီးတော့တင်ပေးထားပါတယ်။ အဆင်ပြေပါစေ။


ဒေါင်းရန်


အားလုံးကိုလေးစားလျက်.....

Gmail to facebook and facebook to Gmail မက်စေ့ပို့မယ်


ဒီနည်းလေးက ဘာမှတော့မဟုတ်ပါဘူး ။ မသိသေးသူများအတွက်ပါ။ ကျွန်တော်တို့ Gmail ကနေ Facebook ကိုဖြစ်ဖြစ်  Facebook ကနေ Gmail ကိုဖြစ်ဖြစ် မေးပို့တဲ့ နည်းလေးပါ။ အရင်ဆုံး  Facebook ကနေ Gmail ကိုပို့တဲ့နည်းလေးပြောပြပါ့မယ်။  ကျွန်တော် တို့ Facebook မှာ ရိုးရိုး  မက်စေ့ ပို့သလိုပါပဲ ။ Send  message ကိုခေါ်လိုက်ပါ။ To ဆိုတဲ့နေရာမှာ  မိမိပို့ချင်သော သူရဲ့  gmail ကို အပြည့်အစုံရိုက်ထည့်ပါ။ ဒါဆိုရင် gmail ထဲကို မေးလ် ရောက်သွားပါပြီ။ ဒီနေရာမှတစ်ခုသတိထားရမှာက ကျွန်တော်တို့ ဖေ့ဘွတ်ကိုလည်း name@facebook.com ဆိုတာကိုလုပ်ဖို့လိုပါတယ်။ မရှိရင်ပို့လို့မရပါဘူး။ မရှိသေးဘူးဆိုရင် ဒီလိုစာတန်းလေး ပေါ်လာပါတယ်။To send to an email address, first set up your own facebook.com email address . အဲဒီကောင်လေးကို ကလစ်ပေးလိုက်ပါ။ Facebook က အော်တို နာမည်လေး ပေးပါလိမ့်မယ်။ဥပမာ -bluegyi@facebook.com အဲလိုမျိုးလေးပေါ့။
နောက်တစ်ခုက Gamil ကနေ Facebook ကိုပို့တာ ။ ဒါလေးလည်းလွယ်လွယ်လေးပါ။ မိမိတို့  gmail ပို့နေကျအတိုင်းပဲ compose mail ကိုကလစ်ပေးပြီး To ဆိုတဲ့နေရာမှာ name@facebook.com ဆိုပြီး ရိုက်ထည့်ရုံပါပဲဗျာ။ ကျွန်တော်အောက်မှာပုံလေးနဲ့ ပြထားပါတယ်။

Facebook to gmail






Gmail to facebook 










အဆင်ပြေပါစေ....


အားလုံးကိုလေးစားလျက်.....

Monday, January 30

online မှာ ကိုယ်ပိုင် mp 3 လုပ်မယ်


ဒီတခါကျွန်တော်ပြောပြချင်တာကတော့  အွန်လိုင်းပေါ်မှာပဲ  video သီချင်းတွေကို  mp 3 ပြောင်းချင်သော သူများအတွက်ပါ။ ဘာဆော့ဝဲမှ မလိုပါဘူး ။ လုပ်နည်းကို ပုံလေးနဲ့အတူတူရှင်းပြပါ့မယ်။ အရင်ဆုံးအောက်ကပေးထားတဲ့ လင့်လေးကို သွားပြီးအကောင့်ဖောက်လိုက်ပါ။ 

အဆင့်(၁)  အကောင့်ဖောက်ရန်  ဒီလင့် မှာ သွားလိုက်ပါ။

အဆင့်(၂) အကောင့်ဖောက်ပြီးတဲ့အခါမှာ အနီရောင်လေးနဲ့ပြထားတဲ့အတိုင်း create playlist  ဆိုတာလေးကို ကလစ်ပေးပါ။


အဆင့်(၃) အဲဒီမှာ  Add music ဆိုတဲ့ buttom လေးတွေ့ပါလိမ့်မယ်။ အဲဒီအောက်က serach box မှာ မိမိ နှစ်သက်သော သီချင်း အမည်ကိုရိုက်ထည့်ပါ။ ဒါမှမဟုတ်  youtube က သီချင်းကိုမှ ပြောင်းချင်တယ်ဆိုရင်လည်း  အဲဒီ search box လေးထဲမှာ youtube က လင့်လေး ထည့်ပေးရင် ရပါတယ်။ 



 အဆင့်(၄) မိမိလိုချင်တဲ့ သီချင်းရပြီဆိုရင်  သီချင်း ရဲ့ ဘေးနားက  အပေါင်းလေးကို နှိပ်ပါ။ အောက်ပုံမှာဆိုရင် အပြာရောင်လေးနဲ့ ၀ိုင်းပြထားပါတယ်။ 


အဆင့်(၅)  ပြီးရင် Edit setting ကိုသွားပါ ။ လိုအပ်တာလေးတွေပြင်လို့ရအောင်ပါ။ အဲဒီမှာ ပုံမှာပြထားတဲ့အတိုင်း မိမိကြိုက်နှစ်သက်သလိုထားနိုင်ပါတယ်။ Autoplay / Shuffle /Loop / privacy / အဲဒါတွေကို တော့ မိမိစိတ်ကြိုက်ပြောင်းပြောင်းလဲနိုင်ပါတယ်။  


အဆင့်(၆)  အဲဒီ  2.Customize ဆိုတဲ့ အောက်မှာပဲ Skins  ဆိုတာကိုရွေးပြီး မိမိစိတ်ကြိုက် player လေးတွေ ပြောင်းပါ။ 

အဆင့်(၇)  ဒီတခါ 3.Save Playlist ဆိုတာကိုသွားပါ။ အောက်မှာ ကွက်လပ်သုံးခုရှိနေပါ့မယ် ။ မိမိထည့်ချင်တာတွေ ထည့်ပါ။ စာလုံးပါရင်ရတယ်။  Genres မှာတော့ မိမိ နားချင်သော ပုံစံကို အစက်လေးပေးပါ။ classical လား  Pop လား တစ်ခုခုပေါ့။ ပြီးရင် အောက်ဆုံးမှာရှိတဲ့ SAVE(get code ) ဆိုတာကို ကလစ်ပေးပါ။ 


အဆင့်(၈)  ဒါကတော့ နောက်ဆုံးအဆင့်ပါ။  save ပြီးတာနဲ့ အောက်ပုံအတိုင်းပေါ်လာပါလိမ့်မယ်ဗျာ။ ဘယ်ဘက်ထောင့်အနီနဲ့ ပြထားကတော့ တိုက်ရိုက်နားထောင်ဖို့လင့်လေးပါ။ မိမိပေးချင်တဲ့သူဆီကို အဲဒီလင့်လေး ပေးလိုက်ရင် အွန်လိုင်းပေါ်မှာ mp 3  သီချင်းလေး နားထောင်လို့ရပါပြီ။  နောက်တစ်ချက် အပြာရောင်နဲ့ ၀ိုင်းထားတာလေးကတော့ မိမိတို့ရဲ့ ဘလော့တွေမှာ  ထည့်ထားပြီး အသုံးပြုလို့ရပါတယ်။ code လေးပေးထားတာပါ။ 


တစ်ခုပြောချင်သေးတာက အပေါ်က ပုံလေးကိုကြည့်ပါ။  ညာဘက်ခြမ်းမှာ My space/ Facebook /iphone အဲဒီတွေမှာလည်း share ပြီးတော့ နားဆင်နိုင်ပါတယ်။ 


အားလုံးကိုလေးစားလျက်.....

Sunday, January 29

Transformer game




ကဲ ဒီတစ်ခါတော့ ဂိမ်းကစားချင်သူများအတွက်ပါ။ Transformer  game လေးပါ ။ စက်ရုပ်တွေသတ်ပုတ် တာ မိုက်တယ်ဗျာ။  ကျွန်တော်တော့ ဆော့ရင်းနဲ့ ဒုတိယခန်းကို အခုထိမအောင်သေးဘူး။ စိတ်ဝင်စားသူများ အောက်မှာဒေါင်းလိုက်ပါ။ ဖိုင်ဆိုက်ကတော့အကြီးကြီးပဲဗျာ ။ ကျွန်တော် upload တင်တာတောင် နှစ်နာရီလောက်ကြာမယ်။  ဒါပေ့မယ့်ဒေါင်းတာ အဲဒီလောက်မကြာပါဘူး။ ဒေါင်းရမှာက သုံးဖိုင်ပါ။ ဒေါင်းပြီးရင် ဖိုင်ဖြေတဲ့အခါမှာ ဒေါင်းပြီးသားသုံးဖိုင်လုံးကို တစ်ဖိုင်ထဲ စုထည့်ပါ။ပြီးမှ part 1 ကိုဖြေပေးရင်ရပါပြီ ။ ဒုတိယဒေါင်းလော့လင့်မှာ နှစ်ဖိုင်ပါ ပါတယ်ဗျာ။


အားလုံးကိုလေးစားလျက်....

သတိထားရမည့် virus (၉) မျိုးနှင့် အလုပ်လုပ်ပုံ


သင်ဟာ ကွန်ပျူတာ လုံခြုံရေး ခြိမ်းခြောက်မှုအကြောင်းကို အများအပြား မသိဘူး ဆိုရင်တောင်မှ ခြေခံ ဗဟုသုတက အသုံးကျနိုင်ပါသည်။ တခါတရံမှာ သူတို့ရဲ့ အကျိုးဆက်များကို မသိခင် ဘယ်လို အန္တရာယ် ရှိလဲဆိုတာကို သိဖို့ ခက်ခဲပါလိမ့်မယ်။ Computer virus နဲ့အတူ အကျိုးဆက်တွေက တခါတရံမှာ မည်သို့ သင့်ရဲ့ အချက်အလက်တွေ ဆုံးရှုံးပုံ မည်မျှ အထောက်အထားတွေ ခိုးယူမှု ဖြစ်ပုံတို့ ဖြစ်သည်။ ဒါကြောင့် နောက်ကျတာထက်ကို ပိုပြီး သင်ယူဖို့ ကောင်းပါတယ်။

၁။Boot Sector Virus

မူလ MS-DOS မှလာသော ယေဘုယျ အမည်ကို “boot sector” ဟု သတ်မှတ်သည်။ သို့ပေမယ့် ယခုအခါ ဘယ် operating system မှာ ဖြစ်ဖြစ် ယေဘုယျအားဖြင့် boot information ကို အသုံးပြုခဲ့သည်။ Modern computer များမှာ အထူးသဖြင့် “master boot record” ဟုခေါ်ပြီး ၎င်းသည် partitioned storage device တစ်ခုပေါ်က first sector ဖြစ်သည်။ Computer ကို boot တက်စေရန် floppy disks ကို အသုံးပြုခြင်းကြောင့် boot sector virus ဟာ ကျော်ကြားလာပါသည်။ Internet အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့် virus ကူးစက်ခြင်းခံရတဲ့ floppy တွေကြောင့် virus ပျံ့နှံ့မှုဟာ ပိုပြီး အကျိုး သက်ရောက်လာတယ်။

၂။ Browser Hijacker



ဒီ virus အမျိုးအစားမှာ ဆိုရင် အလကားရတဲ့ download တွေမှာ နည်းလမ်း အတော်များများနဲ့ သူကိုယ်တိုင် ပျံ့နှံ့နိုင်ခြင်း၊ အချို့ browser function တွေကို ထိထိရောက်ရောက် ပုန်းကွယ် တိုက်ခိုက်ခြင်း၊ အထူးသဖြင့် re-directing ပုံစံဖြင့် user တွေရဲ့ particular site တွေဆီသို့ အလိုအလျောက် ပျံ့နှံ့နိုင်သည်။ Web ကြော်ငြာများမှ ငွေကြေးတိုးပွားစေဖို့ သူတို့က နည်းဗျူဟာ designed ပြုလုပ်ခဲ့တယ်လို့ ယေဘုယျအားဖြင့် ယူဆရသည်။ သူတို့တွေက virus များစွာကဲ့သို့ အထူးသဖြင့် “search” ကဖော်ပြချက်ရဲ့ တနေရာရာမှာ ပါဝင်ပါသည်။ Cool web search သည် ကောင်းစွာသိနိုင်တဲ့ နမူနာ ဖြစ်ပါသည်။ ဒါပေမယ့် တခြားဟာက သာမန်လုနီးပါးပါ။

၃။ Direct Action Virus
ဒီ virus အမျိုးအစားဟာ မကြိုက်ဆုံးနှင့် ဖိုင်ထဲမှာပါဝင်တဲ့ virus ကိုစီမံတဲ့အခါ လုပ်ဆောင်မှုထဲမှာ သာလျင် ပါဝင်သည်။ ပျံ့နှံ့အားက ဖြန့်ဝေပြီးနောက် virus များဟာ အခြေခံအားဖြင့် ပုန်းကွယ်နေပြီး ၎င်းတို့က virus ကူးစက်ထားတဲ့ ဖိုင်က နောက်တစ်ကြိမ် စီမံခြင်းမရှိဘဲ နဲ့ အခြားလှုပ်ရှားမှုများ မရှိပါ။ Virus အများစုဟာ အလွယ်တကူ ပြန်လည် ထုတ်လုပ်ခြင်း၏ တိုက်ရိုက်လုပ်ဆောင်မှုနည်းလမ်းကို အသုံးမပြုပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းက လျင်မြန်စွာ မပေါက်ပွားပါဘူး။ ဒါပေမယ့် အဲဒီ အမျိုးအစား virus က အရင်ထဲက ပျက်စီးပြီးသားပါ။ ၁၉၈၈ မှာ computer များကို ခဏ ခြိမ်းခြောက်ခဲ့တဲ့ Vienna virus ဟာ တိုက်ရိုက်လုပ်ဆောင်မှု virus ရဲ့ နမူနာ ဖြစ်ပါသည်။

၎။ File Infector Virus


Virus ရဲ့ အကောင်းဆုံး အမျိုးအစား ဖြစ်ကောင်းဖြစ်နိုင်၊ အကိုက်ခံရတဲ့ ဖိုင်တွေဟာ host file မှာ root ပြုလုပ်ပြီး ဖိုင်ကိုစီမံတဲ့အခါ သူ့ operation စတင်ပါသည်။ virus ကူးစက်ခြင်းခံရသောကြောင့် ဖိုင်တွေကို လုံးဝ overwrite ဖြစ်နိုင်ပါတယ်။ သို့မဟုတ် ဖိုင်ရဲ့ အစိတ်အပိုင်း အစားထိုးရုံသာ ဖြစ်နိုင်၊ သို့မဟုတ် ဘယ်ဟာဖြစ်ဖြစ် အစားထိုးလို့ မရနိုင်၊ ဒါပေမယ့် ဖိုင်တွေကို re-write အစား user ရည်ရွယ်ခဲ့တဲ့ program ထက် virus ကစီမံခဲ့ရတယ်။ File virus လို့ အဓိပ္ပါယ် သတ်မှတ်သော်လဲ ယေဘုယျအားဖြင့် ဖိုင်အားလုံးထဲမှာ ရှိတဲ့ virus အားလုံးကို မသက်ရောက်နိုင်ပါ။ ဥပမာအားဖြင့် Macro virus က file virus ရဲ့ အောက်ကလို့ မရည်ရွယ်ပါဘူး။ Definition ကယေဘုယျအားဖြင့် virus သာ အဓိပ္ပါယ် ရည်ညွန်းခဲ့ပြီး အဲဒီ virus အစား သူတို့ host ကို (.exe) ကဲ့သို့ တရားဝင် သတ်မှတ်ထားတဲ့ file format ကို သုံးခဲ့တယ်။

၅။ Macro Virus
Program ရဲ့အမျိုးမျိုးသော ကျယ်ပြန့်မှုမှာ Microsoft excel ကဲ့သို့ application ထုက်လုပ်မှု ပါဝင်ပြီး တိကျတဲ့ macro programming language ကို သုံးတဲ့ document ထဲမှာ ပုန်းနေတဲ့ virus အတွက် ၎င်းက ပြုလုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။ Macro virus ရဲ့ ပျံ့နှံ့အားဟာ အရမ်းကျယ်ပြန့်ပါသည်။ Macro virus ကို ကောင်းကောင်းသိနိုင်တာက သေချာသလောက်တော့ Melissa ဖြစ်ပြီး ညစ်ညမ်း website တွေမှာ စကားလုံး စာရွက်စာတမ်းလို့ ထင်ရတဲ့ password တွေ ပါဝင်နေပါသည်။ Virus တွေက စကားလုံးနဲ့ link တွေ ကို အသုံးချပြီး Microsoft outlook ကနေ အလိုအလျောက် email တွေကို သူတို့ကိုယ်တိုင် ကူးနိုင်ပါသည်။

၆။ Multipartite Virus
အချို့ virus များဟာ နည်းလမ်းတစ်ခုမှ တဆင့် ပျံ့နှံ့ဖို့ သို့မဟုတ် payload တစ်ခုသို့ ပေးပို့စဉ်တွင် multipartite virus က အားလုံးကို လိုချင်သည်။ ဒီ အမျိုးအစား virus က နည်းလမ်းများစွာနဲ့ ပျံ့နှံ့နိုင်ပြီး ၎င်းက ပြောင်းလဲနိုင်သော ရောဂါပိုး ၀င်တဲ့ ကွန်ပျူတာဟာ operating system install လုပ်ခြင်း သို့မဟုတ် တိကျတဲ့ ဖိုင်ရဲ့ ရပ်တည်ရေး ကဲ့သို့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်မှု ကွဲပြားပါ လိမ့်မည်။

၇။ Polymorphic Virus


အခြား jack-of all trades မှာ polymorphic virus တွေဟာ အမှန်တကယ် ပိုပြီး အသွင်ပြောင်းခြင်း သို့မဟုတ် virus သတ်ပြီးတိုင်းနောက် သူတို့ဟာ payload ပေးပို့ဖို့ ပြောင်းလဲနေတဲ့ code ကို အသုံးပြုခဲ့သည်။ တနည်းအားဖြင့် ဒါမှမဟုတ် ဒါ့အပြင် စိတ်ချနိုင်တဲ့ အခြေအနေမှာ တွေဆုံတဲ့အခါ သူ့ဟာသူ အလိုအလျောက် ပြောင်းလဲနေသော polymorphic virus တွေဟာ encryption algorithm နှင့်အတူ သူ့ဟာသူ စောင့်ရှောက်နိုင်ပါသည်။ သူ့ လှည့်စားမှု ရဲ့ ၇ည်ရွယ်ချက်က ရှောင်လွဲဖို့ ဖြစ်ပါတယ်။ Antivirus program တွေဟာ တိကျတဲ့ code ကို သုံးခြင်းဖြင့် virus ကို မကြာခဏ ရှာနိုင်ပါသည်။ Virus ရဲ့ code ပြောင်းလဲခြင်းက virus ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားဖို့ ကူညီနိုင်သည်။

၈။ Resident Virus
ဒီ ကျယ်ပျံ့တဲ့ virus definition က အချို့ virus ကို system ရဲ့ memory ထဲမှာ သူကိုယ်တိုင် ထည့်ခြင်းဖြင့် သက်ရောက်နိုင်ပါသည်။ ထို့နောက် အချို့ လုပ်ဆောင်မှုရဲ့ အရေအတွက် တော်တော်များများကို ယူပြီး မူလ ကူးစက်ပြီးသား ဖိုင်ကို သီးခြား run နိုင်ပါသည်။ Resident virus ဟာ direct payload virus နဲ့ နှိုင်းယှဉ်ပြီး သူတို့ဟာ system ရဲ့ memory ထဲကို သူတို့ကိုယ်တိုင် မထည့်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ရောဂါ ကူးစက်ပြီးသား ဖိုင်ကို စီမံတဲ့အခါမှာ သာလျင် လုပ်ဆောင်ပါသည်။

၉။ Web Scripting Virus
များစွာသော website တွေမှာ စိတ်ဝင်စားစရာ ပါရှိတဲ့ စီစဉ်မှုအရ ရှုပ်ထွေးတဲ့ code တွေနဲ့ စီမံထားသည်။ သင့်ရဲ့ browser မှာ online video ပြနေသောအခါ ဥပမာအားဖြင့် video ကိုယ်တိုင်နှင့် player ကြားခံနှစ်ခုလုံး ထောက်ပံ့ဖို့ တိကျတဲ့ code language စီမံခြင်း လိုအပ်ပါတယ်။ ဟုတ်ပါတယ် code တွေဟာ တခါတရံမှာ စွန့်စားရနိုင်တယ်။ ၎င်းက computer ကို virus ၀င်ဖို့ သို့မဟုတ် website ကို ဖြတ်ပြီး computer ပေါ်မှာ လှုပ်ရှားနိုင်ဖို့အတွက် သူဟာ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ပါတယ်။ Malicious site တွေမှာတောင်မှ ရည်ရွယ်ထားတဲ့ ကူးစက်ပြီးသား code တွေနဲ့ တခါတရံ ဖန်တီးနိုင်သည်။ Virus တွေ့နိုင်တဲ့ အခြေအနေ အမျိုးမျိုးမှာ webmaster ရဲ့ သိရှိမှုမပါဘဲ site တစ်ခုထဲ code တွေ ထည့်သွင်း နိုင်ပါသည်။

နိဂုံးချုပ် အနေဖြင့် ဒီ article မှာ computer virus အမျိုးအစားတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် လူတွေသိတဲ့ virus အမျိုးအစားတိုင်းရဲ့ စာရင်းတွေ မပါဝင်ပါဘူး။ အချို့ worms ဒါမှမဟုတ် Trojans လည်းပဲ မပါဝင်ပါဘူး။ အဲဒါဟာ သာမန် ခြိမ်းခြောက်မှု နှစ်ခုဖြစ်ပြီး virus နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် နည်းစနစ်အရ မတူပါဘူး။ 


My name is Yuyun ဗိုင်းရပ်(စ်)


 

My name is Yuyun အမည်ဖြင့် ဗိုင်းရပ်(စ်) တစ်မျိုး အား မသိသေးသူများ သိရှိစေရန် ပြန်လည်တင်ပြလိုက်ပါသည်။
အဆိုပါဗိုင်းရပ်(စ်)မှာ ကွန်ပျူတာအား ချက်ချင်း ပျက်စီးစေရန် နှောင့်ယှက်ပြုလုပ်ခြင်း မဟုတ်ဘဲ ကွန်ပျူတာအတွင်းရှိ မူရင်းဖိုင်များအပြင် အတုဖိုင်များဖန်တီးခြင်း၊ ဖိုင်အပိုများ တည်ဆောက် ခြင်းဖြင့် ကွန်ပျူတာကို ပိုမို လေးလံလာစေမည် ဖြစ်ကြောင်းသိရပါတယ်။
ကွန်ပျူတာတွင် အဆိုပါ ဗိုင်းရပ်(စ်) စတင်ဝင်ရောက်နေပါက ပထမဦးဆုံး My Document တွင် My name is Yuyan.rtf နှင့် Baca AQ.rft ဖိုင်နှစ်ခု တည်ဆောက်မည် ဖြစ်ပြီး ကွန်ပျူတာအတွင်းရှိ Folder များ၏ အမည်ကိုရယူကာ အတုဖိုင်များကို ဖန်တီးမည် ဖြစ်သည်။ အဆိုပါ ဗိုင်းရပ်(စ်) အားရှင်းလိုပါက ပထမဦးဆုံး Window Task Manager မှ wscript.exe ကို end process ပြုလုပ်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် System Configuration သို့ဝင်ရောက်ပြီး Microsoft Office Update နှင့် database နှစ်ခုကို Disable ပြုလုပ်ရမည်ဖြစ်ပါတယ်။
ထိုသို့ ပြုလုပ်ပြီးပါက D: (သို့) E: အတွင်းမှ Diskeeper ဖိုင်ကို ဖျက်ရမည်ဖြစ်သည်။ ထိုသို့ဖျက်ပြီးပါက Windows Search အတွင်းမှ *.inf နှင့် *.rtf တို့ကိုတစ်ခုချင်း ရိုက်၍ ရှာဖွေဖျက်ပေး ရမည်ဖြစ်သည်။ *.inf ရိုက်သည့်အခါတွင် auto run ဖိုင်များကျလာမည်ဖြစ်ပြီး အဆိုပါ auto run ဖိုင်များကို ဖျက်ပြီးပါက ဖိုင်ထပ်မံကူးယူခြင်း လုပ်ငန်းရပ်တန့် သွားမည် ဖြစ်သည်။ *.rtf ဖြင့်ရှာဖွေသည့်အခါတွင် My name is Yuyun နှင့် Baca AQ ဖိုင်များကျလာမည် ဖြစ်ပြီး အဆိုပါဖိုင်များကို ဖျက်ပေးရမည်ဖြစ်ပါတယ်။
ထိုသို့ ဖျက်ပြီးပါက ဗိုင်းရပ်(စ်) မှ ထပ်မံပွားထားသည့် အတုဖိုင်များကို ရှာဖွေရာတွင် *.lnk ဖြင့် ရှာဖွေနိုင်ပြီး Microsoft အမည်ဖြင့် မလိုအပ်သည့်ဖိုင်များကို ဖျက်ပြီးမှသာ ဗိုင်းရပ်(စ်) ကင်းရှင်းမည် ဖြစ်ပါတယ်။ 

အားလုံးကိုလေးစားလျက်.....

ကိုယ်ပိုင်ကာတွန်းလေး လုပ်မယ်


အပျင်းပြေ ကာတွန်းဖန်တီးမှုလေး လုပ်ချင်သူများအတွက်ပါ။  ပျော်ဖို့ကောင်းပါတယ်။ အသုံးလိုမည့်သူများ အောက်မှာဒေါင်းယူလိုက်ပါ။ လုပ်ပုံကိုတော့  youtube ဗီဒီယိုလေးကို ကြည့်လိုက်ပါ။ 




အားလုံးကိုလေးစားလျက်.....

အသုံးဝင်သော browser များ



Browser  တွေ စုံနေအောင် သုံးကြည့်ချင်သော သူများအတွက် အောက်မှာ ဒေါင်းယူလိုက်ပါ။

(1)Firefox
download

(2)RockMelt 

download

(3)Opera 


(4)Maxthon





(5)Internet explorer

(6)Safari


(7)Chrome



download


အားလုံးကိုလေးစားလျက်....

အကောင်းမြင်ခြင်းသည် လေဖြတ်ခြင်းကိုကာကွယ်နိုင်သည်


လေဖြတ်ြခင်း မဖြစ်လိုသူများ အတွက် သတင်းကောင်းပါ။ မစ်ချီဂန် တက္ကသိုလ်၏  လေ့လာမှု အသစ် တစ်ရပ် အရ အကောင်းမြင်သူများသည် လေဖြတ်ခြင်း ဖြစ်နိုင်သော အန္တရာယ် လျော့ကျမှု ရှိကြောင်း လေ့လာ သိရှိ ရသည်။ အကောင်းမြင်ခြင်း၏ လေဖြတ်ခြင်းအား ကာကွယ်နိုင်စွမ်းမှာ အကောင်းမြင်တတ်သူများသည် ကျန်းမာရေး နှင့် ညီညွတ်သော ဘဝ နေထိုင် စားသောက်မှု ပုံစံကို ရွေးချယ်လေ့ ရှိသောကြောင့် ဖြစ်ကြောင်း လေ့လာသူများက ကောက်ချက် ချခဲ့ ကြသည်။ လေ့ကျင့်ခန်း လုပ်ခြင်း၊ အာဟာရ ပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း စသည့် ကောင်းမွန်သော နေထိုင်မှု ပုံစံ အတိုင်း နေထိုင်သောကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ခြင်း ဖြစ်သည်။
'' ဘဝမှာ အကောင်းဆုံး အရာတွေကိုပဲ မျှော်လင့်တဲ့ သူတွေက ကျန်းမာရေး ကောင်းမွန်စေမယ့် လမ်းကြောင်းကိုပဲ တက်တက်ကြွကြွ လုပ်ဆောင်ကြ ပါတယ်။ အကောင်းမြင်တဲ့ သူတွေက ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးဗဟုသုတ ရှိတာရယ်၊ ရောဂါ လက္ခဏာတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ အခါမှာလည်း လျစ်လျူရှု မထားတတ်တာ ရယ်ကြောင့် ကျန်းမာ နေကြတာပါ'' ဟု သုတေသန ပြုလုပ်သူ အဲရစ်ကင်မ်က ဆိုပါသည်။
အကောင်းမြင်တတ်သူ များသည် နှလုံး ကျန်းမာရေး အကြောင်း ဗဟုသုတများ ရှိပြီး နှလုံး ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများ၊ လုပ်ဆောင်မှုများကို လိုက်နာ ခဲ့ကြသည့် အတွက် လေဖြတ်ခြင်းကို ကာကွယ်နိုင်ခြင်း ဖြစ်လိမ့်မည် ဟု သူက ထပ်မံ ဖြည့်စွက် ရှင်းပြ ခဲ့သည်။ အကောင်းမြင်သူ များသည် နှလုံးရောဂါ ဖြစ်နှုန်း လျော့နည်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်ခံအား စနစ် ရှိနေတတ်သည်။ အဆိုပါ လေ့လာမှုကို အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်း ဂျာနယ်တွင် ဖော်ပြခဲ့ပြီး လေ့လာမှုတွင် အသက် ၅ဝ နဲ့ အထက် လူဦးရေ ၆ဝ၄၄ ဦး ပါဝင်ကြောင်း နှင့် လေ့လာမှုကို အချိန် နှစ်နှစ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။     

စပျစ်သီးဖျော်ရည် အကျိုးသက်ရောက်မှု


စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ 
 
၁။ စပျစ်ဖျော်ရည်မှာ အင်တီအောက်ဆီးဒင့် ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရထရော တို့အများအပြား ပါဝင်နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့ အပြင်စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ အနီရောင်နဲ့ ခရမ်းရောင် စပျစ်သီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင် စပျစ်သီးမှာထက် ပိုများပါတယ်။ 

၂။ စပျစ်သီးဖျော်ရည်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။လေ့လာမှုအရ စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ 

၃။ တက်ဖ်တက္ကသိုလ်ရဲ့ လတ်တလောလေ့လာမှု တစ်ရပ်အရ စပျစ်ဖျော်ရည်ကို ပုံမှန်သောက်တာက ဦးနှောက်ရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေကြောင်း သိရပါတယ်။

၎။ တခြားလေ့လာမှုတွေအရ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားနေရတဲ့လူနာတွေဟာ စပျစ်သီးဖျော်ရည်ကို ပုံမှန်သောက်တာကြောင့် အကျိုးကျေးဇူးရနိုင်ကြောင်း သိရပါတယ်။ 

၅။ စပျစ်ဖျော်ရည်ဟာ စွမ်းအင်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း ပေးနိုင်တာကြောင့် လန်းဆန်းတက်ကြွမှုကို ရရှိစေပါတယ်။ သံဓာတ်ချို့တဲ့နေတဲ့ အမျိုးသမီးတွေဟာ စပျစ်ဖျော်ရည် သောက်တာကြောင့် စွမ်းအားကောင်းစေပါတယ်။ 

၆။ စိတ်ဖိစီးမှု များနေသလား။ စပျစ်ဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဖိစီးမှုလျော့ကျပြီး လန်းဆန်းသွားပါလိမ့်မယ်။

၇။ သွေးတွင်းကိုလက်စထရော အဆင့်မြင့်မားနေရင် စပျစ်ဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်ပါ။

၈။ စပျစ်ဖျော်ရည်ကို ပုံမှန်သောက်နေသူတွေက ဝမ်းမှန်မှန်သွားစေပြီး အသည်းနဲ့အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ 

၉။ စပျစ်သီးမှာပါတဲ့ ရက်စ်ဗာရထရောဟာ အယ်လ်ဇိုင်းမား ရောဂါရှိသူတွေမှာ amyloidal-beta peptides အဆင့်လျော့ကျစေတာကြောင့် ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေပါတယ်။ 

၁ဝ။ စပျစ်သီးမှာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

၁၁။ စပျစ်သီးမှာပါတဲ့ ဖလေဗိုးနွိုက်တွေ ကမျက်စိအတွင်းတိမ် ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ Tip! အဆင်သင့် စပျစ်သီးဖျော်ရည်မှာ သကြားပါဝင်မှု မြင့်မားတာကြောင့် စပျစ်ဖျော်ရည်ကို အများအပြားမသောက်သင့်ပါ။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ စပျစ်သီးကို မိမိဘာသာ ဖျော်ရည်လုပ်ပြီး သောက်သုံးသင့်ပါတယ်။

အားလုံးကိုလေးစားလျက်....

နားကြပ်တပ်ပြီး လမ်းလျောက်သီချင်းနားထောင် သူများသတိထားရန်


အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုအရ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း အလုပ်သို့မဟုတ် ကျောင်းသို့ လမ်းလျှောက် သွားသူများတွင် မတော်တဆ ဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများ၂ဝဝ၄ ခုနှစ်ကထက် သုံးဆပိုတိုးလာကြောင်း တွေ့ရှိရသည်။ မေရီလင်းတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ i Pod နှင့် MP3များ အသုံးပြုခြင်းသည် ကား၊ ရထားများ တိုးတိုက်မိခြင်း အပါအဝင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု လျော့နည်းစေကြောင်း တွေ့ရသည်။ ''လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြား MP3သုံးစွဲမှုဟာ များပြားလာပါတယ်။ နားကြပ်တပ်ထားတဲ့ သူတွေဟာ ယာဉ်တိုက်ခံရမှု ပိုများနိုင်ပြီး ဒဏ်ရာရ သေဆုံးမှု ပိုများတာကို တွေ့ခဲ့ရပါတယ်။ နားကြပ်တပ်ပြီး လမ်းလျှောက်တဲ့ သူတွေဟာကား၊ ရထား၊ ထရပ်ကား၊ ဘတ်စကား စတာတွေရဲ့ တိုက်မှုခံကြရပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ သေလောက်တဲ့ ဒဏ်ရာတွေရကြကာ ၅ဝရာခိုင်နှုန်းဟာ ရထားတိုက်ခံခဲ့ရတာကို တွေ့ရပါတယ်''ဟု တွဲဖက်ပါမောက္ခ ဒေါက်တာရစ်ချတ်လီချင်စတိန်း ကရှင်းပြခဲ့ပါသည်။
၎င်းတွေ့ရှိချက်အား Injury Prevention ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဤလေ့လာမှုအား လီချင်စတိန်းနှင့် အဖွဲ့သည် ၂ဝဝ၄ခုနှစ် ဇန်နဝါရီလမှ၂ဝ၁၁ ဇွန်လအတွင်း ရနိုင်သမျှသော အချက်အလက်များအား စုစည်းလေ့လာ ခဲ့ခြင်းဖြစ်သည်။ ဤကာလအတွင်း နားကြပ်တပ် လမ်းလျှောက်သူများအား ယာဉ်တိုက်မှု ၁၁၆ ခုရှိခဲ့ပြီး ၂ဝဝ၄-ဝ၅တွင် ၁၆ မှုသာရှိခဲ့ရာမှ ၂ဝ၁ဝ-၂ဝ၁၁တွင် ၄၇ မှုထိ သုံးဆနီးပါး တိုးတက်လာခဲ့ခြင်းဖြစ်သည်။ အတိုက်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ အသက် ၃ဝ အောက်များဖြစ်ပြီး ၅၅ ရာခိုင်နှုန်းမှာ ရထားတိုက်ခံရခြင်းဖြစ်သည်။
ဤကဲ့သို့ နားကြပ်တပ်သီချင်း နားထောင်ရင်း လမ်းလျှောက်နေစဉ် ဘေးပတ်ဝန်းကျင်မှ အသံများကို သီချင်းသံက ပိတ်ပင်ထားသဖြင့် မကြားရသောကြောင့် ထိခိုက်မှုများ ဖြစ်ပွားရခြင်းဖြစ်သဖြင့် ပတ်ဝန်းကျင်အား မျက်စိရှင်ရှင်ထားကာ ကြည့်ရှုရင်း သွားလာသင့်ကြောင်း လီချင်စတိန်းက အကြံပေးထားပါသည်။

Wednesday, January 25

အဆိပ်ပြင်းဆုံး သတ္တ၀ါ (၁၀) မျိုး


(၁) Box Jellyfish

ကမ္ဘာ.အဆိပ်အပြင်းဆုံး ဆုကိုရရှိထားပါတဲ. ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး ၊ရေတန်းငါး)ဖြစ်ပါတယ်။ ဂျယ်လီငါးရဲ.အဆိပ်ဟာလူရဲ.နှလုံး၊ အာရုံကြောစုစည်းမူ.စနစ်၊ အရေပြားဆဲလ်စတာတွေကို   ချက်ခြင်းစီး
ဝင်ပျံနှံနိုင်ပါတယ်။ ဂျယ်လီငါးရဲ.အညံဆုံးကို ခန္တာအစိတ်အပိုင်းတခုသည်ပင် လူတယောက်အား  မခံမရပ်အောင်အလွယ်တကူ နာကျင်စေပါတယ် ထိုသို.ထိတွေခံလိုက်ရသော သူ၏ဒုက္ခသည်ကား စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ  သေဆုံးရတတ်သည်။  မြန်မာနိုင်ငံရှိ    ကမ်းခြေများ    မိုးတွင်းကာလ တွင် ရေတန်းငါးတခါတရံ ကျရောက်တတ်ပြီး ထိုငါးနှင်.ထိမိပါက မီးလောင်ဒဏ်ရာကဲ.သို. ဖြစ်ပေါ်တတ်သည်။အဆိပ်ပြင်းလှတဲ. ဂျယ်လီငါးကတော. အာရှနဲ.သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါတယ်။

(၂) King Cobra



လူသိများလှတဲ မြွေဟောက်ဘုရင် ဟာ အဆိပ်ရှိမြွေသတ္တ၀ါတွေထဲမှာအရှည်ဆုံးဖြစ်ပါတယ်။၅.၆ မီတာ(၁၈ပေ၅လက်မခန်.)ထိကြီးထွားနိုင်ပါတယ်။ သူ.ရဲ.အခြားနာမည်တခုကတော. Ophiophagus hannah  ဖြစ်ပါတယ်။Ophiophagus ကို လုံးစေ.ပတ်စေ.   ပြောရမယ်ဆိုရင်   မြွေစားသူ လို.ပြောရမှာဖြစ်ပြီး သူဟာ မြွေအချင်းချင်းလဲပြန်စားပါတယ်။တချက်ကိုက်ရုံနဲ. လူမပြောနှင်. အရွယ်ရောက်ပြီးသော အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်းသေစေနိုင်သည်အထိ အဆိပ်ပြင်းလှသည်။အာရှတိုက်   တောင်ပိုင်းနှင်.အရှေ.တောင်အာရှတောနက် များတွင်တွေရတတ်သည်။

 (၃) Marbled Cone Snail


စကျင်ကျောက်ပုံစံနှင်ခရုဖြစ်ပါတယ်။ ကြည်.လှသလောက် အဆိပ်ပြင်းလှတဲ.အကောင်တွေထဲမှာ သူလဲပါပါတယ်။    သူ.အဆိပ်ရည်တစက်  နှင်.ပင်လူ၂၀ထက်မနည်းသေစေနိုင်ပါတယ်။   ဆားငံရည်ပျော်
ဝင်နေတဲ.ရေနွေး ရှိရာဒေသတွေ မှာတွေရတတ်ပါတယ်။ သူဆူးထိမိခဲရင်အနှေးနှင်      အမြန်ကြီးမားစွာ   
ဒုက္ခပေးတဲ. အကျိုးခံစားရမှာဖြစ်ပါတယ်။ ရောင်ရမ်ခြင်း၊မလူပ် ရှားနိုင်ဘဲတဆစ်ဆစ်ခံစားရပြီးဆိုးဝါးတဲ.ဖြစ်စဉ်အဖြစ် သွပ်ချာပါဒ လိုက်သလို တုံဆိုင်းသွားပြီး အသက်ရူရခက်လာပြီး စသည်.ရောဂါလက္ခဏာ  များပြတတ်ပါတယ်။  

(၄) Blue-Ringed Octopus


အပြာရောင်လပ်စွပ်ကွင်း               ပုံစံလေးနဲ.ရေဘ၀ဲပါ။  အရွယ်အစားကတော.ဂေါက်သီး တလုံးရဲ . အရွယ်ခန်.ရှိ.ပါတယ် ။ သူ.လဲလူတယောက်ကို လွယ်လွယ်သေစေနိုင်ပါတယ်။လူ၂၆ခန်.ကို မိနစ်ပိုင်းအတွင်းသေစေနိုင်တဲ.အဆိပ် ပမာဏကို သယ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူ.လက်တံနဲ.ထိမိ.တာနဲ.  အာရုံကြောများမှ     တဆင်အဆိပ်ပြန်.၀င်ပြီးကြွက်သားများ  ပျောညံအားနည်း
လာပြီးလေးလံထုံထိုင်းလာကာ အသက်ရူရပ် သေဆုံးတတ်ပါသည်။ဂျပန်နှင်သြစတေးလျှရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ ၀င်ရောက်တဲ.ရေကန်များ မှာတွေ.နိုင်ပါတယ်

(၅) Death Stalker Scorpion



 ဒီကင်းမြီးကောက်ကတော.    ကိုက်ခံရပြီဆို   အာရုံကြောများမှအဆိပ်ပြန်.ပြီး   လေငန်းစွဲသလို ဖြစ်
မေ.မြှောသေဆုံးနိုင်ပါတယ်။ သူ.ကိုတော.      အာဖရိကတောင်ပိုင်းနှင်.    အရှေ.အလယ်ပိုင်းတွေမှာတွေရ
တတ်ပါတယ်

(၆) Stonefish

ဒီကျောက်ငါးကတော အလှပြိုင်ပွဲမှာဝင်ပြိုင်ရင်ဆုမရနိုင်ဘူးလား။ သူလဲကမ္ဘာ.အဆိပ်ပြင်းငါးတမျိုးပါပဲ ထိတ်လန်.ပြိးတစ်ရူးတွေသေဆုံးကာနာရီးအနည်းငယ်အတွင်းမှာ ဆေးကူသမူမပြုလုပ်ရင် သေဆုံနိုင်ပါတယ် ပိစိဖိတ်နှင်အိန္ဒိယ   သမုဒ္ဒရာအပူပိုင်းရေတိမ်သောနေရာနှင်.     ပင်လယ်နီqueensland  သောင်ခုံကျောက်
တန်းများ တွင်    တွေ.ရှိနိုင်သည်။ 

(၇) The Brazilian wandering spider


ဘရာဇီးမှာလှည်. လည်သွားလာနေတဲ. ဒီငှက်ပျောသီးပင်.ကူဟာလူကို အန္တရာယ်ပေးနိုင်ဆုံးဖြစ်ပြီး   နေ.ပိုင်းတွေမှာ အိမ်ရဲ.အတွင်းပိုင်း အင်္ကျီင်္ ၊ဖိနပ်၊ကားစသည်ဆို.မှာ ပုန်းခိုတတ်ပါတယ်

 (၈) Inland Taipan
 
အပူပိုင်းမြွေဒေသမှ အဆိပ်ပြင်းလှတဲ. မြွေပါပဲ ၄၅ မိနစ်အတွင်းမှာ သေစေနိုင်ပါတယ်

(၉) Poison Dart Frog



အဆိပ်လက်နက်နဲ.ဖားလှလှလေးပါ။   မိုးမျာတဲ.တောနက်ထဲမှာပြေး   လွားနေတတ်ပြီးတခါတ  ရံတောင်  အမေရိကအလယ် ပိုင်းမှာတွေရပါတယ်။၂  လက်မခန်အရှည်ရှိပါတယ်။     လူနဲ.အခြားနို. တိုက်သတ္တ၀ါတွေကို  သေစေနိုင်ပါတယ်

(၁၀) Puffer Fish



pufferငါးအကိုက်ခံ ပြီဆိုရင် ရေစီကြမ်းတဲ.နှလုံးကိုအရိုက်ခံရသလိုပါပဲသူ.ရဲ.နုတ်ခမ်းထူထူနဲ.လျှာတွေက လဲအဆိပ်ရှိပါတယ်။ အကိုက်ခံရတဲ. လူဟာကြွက်သားတွေတုန်.ဆိုင်းသွားမယ်ရင်ဘက်ပိုင်းနှင်. ၀မ်းဗိုက်ပိုင်းကြား ထိခိုက်ခံစားရပြီး၂၄နာရီအတွင်း သေနိုင်ပါတယ်

အပြင်မှာ တကယ်တွေ့ခဲ့ရင်တော့ ဝေးဝေးကရှောင်နော်..........:)

အားလုံးကိုလေးစားလျက်.....

Monday, January 23

ကမ္ဘာ့နံပါတ်တစ် ဖင်လန်နိုင်ငံပညာရေးစနစ်


ဖင်လန်မှာ ဥရောပတိုက် မြောက်ပိုင်း၊ ဘောလ်တစ်ပင်လယ်အနီးရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖင်းနစ်ရှ်နှင့် ဆွီးဒစ်ရှ်ဘာသာစကားများ ပြောဆိုကြည်သည်။ ငွေကြေးအားဖြင့် ယူရိုငွေကို သုံးစွဲကြသည်။ မြို့ တော်မှာ ဟယ်လ်ဆင်ကီ ဖြစ်သည်။ လူဦးရေ (၅) သန်းကျော်ရှိသည်။ တရားဝင်သုံးစွဲသည့်နိုင်ငံအမည်မှာ ဖင်လန်သမ္မတနိုင်ငံဖြစ်သည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၀၅ ဒဿမ ၅၉ မိုင် ကျယ်ဝန်းသည့် နိုင်ငံဖြစ်သည်။
ဖင်လန်နိုင်ငံဟာ ပညာရေးမှာ ထိပ်ဆုံးအဆင့် သတ်မှတ်ခြင်းခံရပြီး၊ သင်္ချာမှာတော့ တောင်ကိုရီးယားကို နည်းနည်းလေးကပ်ရှုံးပြီး ဒုတိယသင်္ချာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဒါကြောင့် နိုင်ငံတကာပညာရေးဆိုင်ရာ ကိုယ်စားလှယ် (၁၀၀) ကျော်လာပြီး ဖင်လန်နိုင်ငံစနစ်ကို လေ့လာကြရသည်အထိ နာမည်ကျော်ခဲ့တယ်။ ယခု ဒီဆောင်းပါးကလည်း အဲဒီလေ့လာသူတွေထဲက အမေရိကန်နိုင်ငံ ကျောင်းဆရာတစ်ယောက်ရဲ့  သူမြင်တဲ့ ဖင်လန်နိုင်ငံ ပညာရေး စနစ်ကို တင်ပြသွားတာ ဖြစ်ပါတယ်။
 ဖင်လန်နိုင်ငံပညာရေး ကောင်းခဲ့တာလည်း မပြောနဲ့လေ၊ ကမ္ဘာ့ပညာရေးအတွက် ငွေကြေးအများဆုံးသုံးတဲ့နိုင်ငံလေးနိုင်ငံထဲမှာ စာရင်းဝင်တယ်။ ၂၀၁၀ ခုနှစ်မှာဆိုရင် ဒေသဆိုင်ရာ မူလတန်းနဲ့ အထက်တန်းကျောင်းတွေ အတွက် ပညာရေးအသုံးစရိတ်အဖြစ် သတ်မှတ်တဲ့ငွေကြေးပမာဏက ဒေါ်လာသန်း ၃၇၀ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်ကရတဲ့ အခွန်ငွေတွေအပေါ်ကနေ ပညာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်မှုလို့လည်း ဆိုနိုင်ပါတယ်။
OECD နိုင်ငံတွေမှာ PSIA ဆိုတဲ့ စာမေးပွဲကို စံတစ်ခုအနေနဲ့ သတ်မှတ်ပြီး ကျင်းပပေးတယ်။ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းကျောင်းအဆင့် စာမေးပွဲလည်းဖြစ်ပါတယ်။ အမေရိကန်ပညာရေးဌာနကနေ စစ်ဆေးပေးတယ်။ ဒီစစ်ဆေးမှုမှာ ဖင်လန်နိုင်ငံက ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဖင်လန်နိုင်ငံမှာ မူကြိုအဆင့်အတန်းကို အသက် ၆နှစ်မှ စတတ်ရတယ်။ မူကြိုမှာ စာမသင်ဘူး။ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်ထားတယ်။ ပညာသင်ကြားနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတယ်။ မူကြိုပြီးတဲ့နှစ်ကနေ နောက် ၉ နှစ်တိတိ အခြေခံပညာကို သင်ကြားကြရတယ်။ ၉တန်း ၁၀ တန်း အဆင့်အောင်ပြီးရင် အဆင့်မြင့်တန်း (upper secondary school) ကိုဆက်တက်ချင်ရင်တက်၊ ဒါမှ မဟုတ် အသက်မွေးမှုကျောင်းတွေကို ၃ နှစ်သွားတတ်လို့ရတယ်။
 အသက်မွေးမှုကျောင်းတွေကလည်း ပေါ့ပျက်ပျက်တော့ မအောင်ဘူး။ လုပ်ငန်းခွင်အထိ ရည်ရွယ်ထားတာတွေဖြစ်လို့ ကျောင်းသင်ပြဋ္ဌာန်းစာရော၊ သတ်မှတ်ထားတဲ့ ဘာသာရပ်ဆိုင်ရာပြဋ္ဌာန်းချက်တွေရော လေ့လာကြရတယ်။ အထက်တန်းနဲ့ အဆင့်မြင့်တန်းတွေပြီးရင် တက္ကသိုလ်ကို မာစတာဘွဲ့အတွက်ဖြစ်စေ၊ PhD ဘွဲ့  အတွက်ဖြစ်စေ တက်ဖို့သွားကြသလို၊ အသက်မွေးမှုကျောင်းတွေကလည်း ပိုလီတက်ကနစ်ကောလိပ်တွေကို သွားတတ်ကြတာများတယ်။ အနည်းဆုံးတော့ ဘက်ချလာဘွဲ့  တစ်ခုခု သို့မဟုတ် မာစတာဘွဲ့ တွေအတွက် သွားတက်ကြတယ်။
ဖင်လန်နိုင်ငံမှာ အသက်၂၅ နှစ်လောက်ရောက်မှ ဘွဲ့ ရကြတာများတယ်။ တချို့ နိုင်ငံတွေမှာက ဘဝတစ်သက်တာပညာရေးတွေဆိုပြီး ပြောနေပေမယ့် ဖင်လန်နိုင်ငံသားတွေကတော့ ပညာသင်ကြားရေးဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့  အခွင့်အရေးတစ်ခုအနေနဲ့သတ်မှတ်ထားတာကြောင့် အရွယ်ရောက်လာရင်ပညာတတ်တွေ ဖြစ်သွားကြတယ်။ လုပ်ငန်းခွင်အတွက် အသင့်အနေအထားမှာ ရပ်တည်နိုင်သူတွေချည်းဖြစ်ပြီး ပညာတတ်ပေါများတဲ့နိုင်ငံဖြစ်နေတယ်။ သူတို့ ရထားတဲ့ဘွဲ့ တွေဟာ သူတို့ဘဝအတွက် သူတို့အသက်မွေးမှုလုပ်ငန်းတွေအတွက် အသင့်ဖြစ်နေကြတယ်။
 ဖင်လန်နိုင်ငံက ဆရာတွေဟာ စက်မှုဖွံ့ ဖြိုးတိုးတတ်တဲ့နိုင်ငံကြီးတွေက များတယ်။ ပညာပေးမယ့် ဆရာတွေဟာ ပညာရေးမှာ လေးစားစရာကောင်းလောက်အောင် ဘွဲ့ ထူး ဂုဏ်ထူးတွေနဲ့ ပြည့်စုံကြတယ်။ ဆရာတွေဟာ ဆရာအတတ်ပညာနဲ့ ပတ်သက်ပြီးတော့လည်း သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ရတယ်။ ကျောင်းဂုဏ်နဲ့လိုက်အောင် ဆရာတွေကလည်း ကိုယ့်ဂုဏ်သိက္ခာကို အရည်အချင်းအစွမ်းပြပြီး လိုက်ပြိုင်ပြရတယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတော်ကနေ ဂုဏ်ပြုသတ်မှတ်ခံရတဲ့ဆရာတွေဖြစ်အောင် ကြိုးစားပြကြရတယ်။
ဖင်လန်နိုင်ငံ ပညာရေးစနစ်မှာ ဘွဲ့ ရပြီး မာစတာ ဆက်တတ်ခွင့်ရတဲ့ကျောင်းသားတွေဟာ စေတနာ့ဝန်ထမ်းပြန်ပြီးဆရာလုပ်ခွင့်ရတယ်။ သူတို့ဘာသာရပ်နယ်ပယ်မှာ သင်ကြားရင်း လေ့လာပြန်ပြီး ပညာရှာကြရတယ်။ မာစတာတန်းဆက်တတ်ဖို့ မမီတဲ့သူတွေကတော့ အထက်တန်း၊ မူကြိုတန်းတွေမှာ ပြန်ပြီးဆရာလုပ်နိုင်တယ်။
 ဖင်လန်နိုင်ငံက မိဘတွေဟာ ပညာရေးသည်သာ သူတို့သားသမီးတွေအတွက် အရေးအပါဆုံးလို့လက်ခံထားကြတယ်။ ဒါကြောင့်လည်း ဆရာတွေကို အလေးထားကြတယ်။ မိဘနဲ့ဆရာတွေရဲ့ စိတ်ထဲမှာ ကိုယ့်သားမီးက ကျောင်းမှာ ညံ့လာရင် သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ခံထားကြတယ်။ ဒါကြောင့် ညံ့တဲ့ကလေးတွေအတွက် အပြစ်ကို ခံယူစရာရှိရင် မိဘနဲ့ဆရာတွေကသာ ခံယူကြမယ်လို့ သဘောတူထားကြတယ်။ ဒါကြောင့် ဆရာတွေက ကျောင်းမှာ ကိုယ့်ကိုအပ်နှံထားတဲ့ ကျောင်းသားတွေကို ကောင်းကောင်းသင်၊ လမ်းမှန်ညွှန်ပြ ဂရုစိုက်ကြရတယ်။
          မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီးက သင်္ချာရမှတ်ကောင်းကောင်းနဲ့ အိမ်ပြန်လာမှ ဆရာတွေကို အသိအမှတ်ပြုကြတယ်။ သူတို့နိုင်ငံမှာက သူတို့သားသမီးတွေရဲ့ အနာဂတ်ကို ဆရာတွေ အပေါ် လုံးဝပုံအပ်ထားကြသလို၊ ဆရာတွေကလည်း ယုံမှတ်ပြီး ပုံအပ်ချင်စရာ စိတ်ဓာတ် ပညာအခြေခံတွေ ကောင်းကြတယ်။ မိဘတွေအနေနဲ့ သူတို့သားသမီးတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို ဆရာတွေကသာ ဖြည့်ဆည်ပေးနိုင်လိမ့်မယ်လို့လည်း မှတ်ယူထားကြတယ်။
 ဖင်လန်နိုင်ငံမှာ ကျောင်းသားတွေကိုယ်တိုင်က ဆရာတွေအပေါ် အလွန်လေးစားရိုသေကြတယ်။ ဒါပေမယ့် ဆရာတွေကိုတော့ နာမည်ကိုပဲခေါ်ပြီး ဆက်ဆံကြတယ်။ ဆရာနဲ့ကျောင်းသား နေ့လည်စာအတူစားကြတယ်။ ကလေးတွေအတွက် နေ့လည်စာကို ကျောင်းတွေက အခမဲ့ကျွေးကြတယ်။
သူတို့နိုင်ငံမှာ ၅ တန်း မရောက်မချင်း ကလေးတွေကို အဆင့်ပေးပြီး သတ်မှတ်တာမရှိဘူး။ ၄တန်းအထိ ကလေးတွေရဲ့ ပညာရည်တိုးတက်မှုကို ဆရာတွေကပဲ ပိုင်းဖြတ်သွားရတယ်။ ကျောင်းစာသင်နှစ် နောက်ဆုံးမှာ စာမေးပွဲတစ်ခုစစ်ပေမယ့် အဲဒီ စာမေးပွဲကရလဒ်ကို ကျောင်းသားတွေ လည်းမသိရဘူး၊ မိဘတွေလည်း မသိရဘူး။ ဒီစနစ်က ကလေးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုပြီးရှိလာစေဖို့နဲ့ အထင်ကြီးလာစေနိုင်တယ်လို့ ယူဆထားကြတယ်။
တကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ပညာရေးမှာထူးချွန်လာရင် ပညာသင်ဆုတွေပေးတယ်။ ဆရာတွေက သားသမီးအပေါ် ဘယ်လိုပဲပိုင်းဖြတ်သည်ဖြစ်စေ အရည်အချင်း ပြည့်ဝသူတွေလို့ လက်ခံထားကြတဲ့အတွက် သူတို့မှာ မိဘတွေနဲ့ ပြဿနာဖြစ်စရာလည်း မလိုကြဘူး။ ဆရာတွေက တစ်ပတ်တစ်ခါ စုဝေးပြီး ကျောင်းသားတွေအရေး ဆွေးနွေးလေ့ရှိကြတယ်။ ကလေးတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဒီအစည်းအဝေးမှာ ပြောကြတယ်။ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ ဒီစနစ်ကို အစိုးရကျောင်းတွေထက်ပိုပြီး ဂရုစိုက်လုပ်လေ့ရှိကြတယ်။
ဖင်လန်နိုင်ငံရဲ့ ပညာရေးမူဝါဒမှာ နိုင်ငံတော်က တာဝန်ပေးရတဲ့ စာမေးပွဲစနစ်ရှိတယ်။ ကိုယ့်ကျင့်တရားနဲ့ ပြည်သူ့နီတိကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်ပေးထားတယ်။ ဆရာက ကိုယ့်အတန်းကို ဘယ်လိုပုံစံနဲ့ ဒီနှစ်မှာ သွားမယ်ဆိုတာ ကိုယ်ပိုင်းဆုံးဖြတ်ခွင့်ရှိတယ်။ ဘယ်လို သင်ထောက်ကူပစ္စည်းတွေထားမယ်၊ ဘယ်လိုစာအုပ်တွေထားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဖင်လန်မှာ ဖင်းနစ်ရှ်စကားနဲ့ ဆွီးဒစ်ရှ်စကားတွေကို ရုံးသုံးအဖြစ်သတ်မှတ်တယ်။ ပုံမှန်ကတော့ ဖင်းနစ်ရှ်စကားပဲ ပြောလေ့ရှိပေမယ့် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရှရှား စကားတွေလည်း ပြောကြတယ်။
သူတို့ကျောင်းတွေမှာ လှပအောင်ပြင်ဆင်မွန်းမံထားကြတယ်။ အေးတဲ့နိုင်ငံဖြစ်လို့ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေမှာ မီးဖိုကြီးတွေထားပေးထားတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် နေချင်စရာ ပျော်ရွှင်တဲ့ကမ္ဘာလေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားတယ်။ ကျောင်းပတ်ဝန်းကျင်မှာ ရိုင်းပြတဲ့ အပြုအမူအပြောအဆို ကျင့်ကြံနေထိုင်မှုတွေလည်း မရှိကြဘူး။ ကျောင်းမှာပြဿနာတစ်ခုခုဖြစ်တာ မိဘတွေကိုပါ ဂယက်ရိုက်သွားနိုင်တာကြောင့် အရမ်းကို ဂရုစိုက်လေ့ရှိတယ်။
အိမ်စာဆိုတာ မဆိုစလောက်တွေပဲ လုပ်ကြရတယ်။ ကျောင်းလာတယ်ဆိုတာ ပျော်ပျော်ပါးပါး၊ ရင်းရင်းနှီးနှီးနဲ့ ပညာလာရှာကြတာလို့ သဘောထားကြတယ်။ ကျောင်းမှ သင်ကြားချိန်ကလည်း နည်းတယ်။ အမေရိကန်လိုနိုင်ငံတွေထက် ဆရာတွေက ၄၀ ရာခိုင်နှုန်းလောက် အလုပ်သက်သာတယ်လို့ တောင်ပြောကြတယ်။
 ကျောင်းအုပ်ကြီးဆိုတာ ကိုလည်း ပညာအခြေခံကောင်း သူတွေကိုပဲ ခန့်လေ့ရှိတယ်။ ကျောင်းအုပ်ဆိုတာထက် general manager လို့ သဘောထားကြတယ်။ တစ်ကျောင်းလုံး ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သင်ကြားရေးအားလုံးကို လိုက်ပြီးတာဝန်ယူ ဆောင်ရွက်ရတယ်။ ကလေးတစ်ယောက်ညံ့ရင် ဆရာအားလုံးတာဝန်ယူရတယ်။ သူတို့တစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကလေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြတယ်။ ပိုပြီးတော်တဲ့ ကောင်းတဲ့ အတန်းကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ ပြောင်းပေးကြတယ်။ အဲဒီမှာသင်တဲ့ဆရာတွေကလည်း တကယ့်အတော်ဆုံးဆရာတွေ ဖြစ်နေတတ်တယ်။ ကျောင်းသား၊ ဆရာ၊ ကျောင်းအုပ်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ဘာမှအဟန့်အတား အဆီးအတားတွေမရှိဘူး။ ပွင့်လင်းစွာဆက်ဆံပြောဆိုကြတယ်။
ဖင်လန်မှာ ဆရာတွေလစာကောင်းတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာတစ်ယောက်ရဲ့ တစ်နာရီဝင်ငွေဟာ ဒေါ်လာ ၄၅ နဲ့ ၅၀ ရှိတယ်။ အထက်တန်းပြဆရာတွေဆိုရင် တစ်နာရီကို ဒေါ်လာ ၇၅ ကနေ ၈၀ အထိရကြတယ်။ စာသင်ခန်းတစ်ခန်းကို ကျောင်းသား ၁၈ ယောက်ကနေ ၂၀ အထိပဲ သင်ကြားရတယ်။
သူတို့နိုင်ငံက လူနေမှုအဆင့်အတန်းမြင့်မားတာကြောင့် ပညာသင်စရိတ်ဟာ သူတို့အတွက် အလွန်သက်သာတယ်လို့ပြောနိုင်တယ်။ ပုဂ္ဂလိကကျောင်းတွေဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းကြတယ်။ ကျောင်းတွေကို အကောင်းဆုံးမွမ်းမံပြင်ဆင် ထူထောင်ထားကြပြီး သင်ကြားတဲ့သင်ရိုးညွှန်းတမ်းတွေါ် ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်။ ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး ဟန်နာ ဗတ်ကူနန်ကတော့ သူတို့နိုင်ငံက လူတော်တွေထွက်တာကို ဘယ်လိုဂဏ်ယူပြီး ပြောသွားသလဲဆိုရင်….
          “ကျွန်မတို့ဖင်လန်နိုင်ငံပညာရေးစနစ်က တကယ်တော်တဲ့သူတွေကို တကယ်ချီးမြှောက်တယ်။ ခုဆိုရင် ဘာသာရပ်အလိုက် ထူးချွန်သူတွေကို ဘယ်လို အထောက်အကူပေးရမလဲဆိုတဲ့ ရှေ့ ပြေး စီမံချက်တွေကို စတင်အကောင်အထည်ဖော်နေပြီ” လို့ ပြောဝံ့တဲ့အနေအထားကို ရောက်နေပြီ " 

စာရေးသူ= Ashin Sutacara

Sunday, January 22

ဆော့ဝဲသုံးပြီး မိမိကိုဘလော့တဲ့သူ ရှာမယ်


ဒီတခါ ကျွန်တော်ပြောပြချင်တာက  gtalk မှာ မိမိကိုဘလော့တဲ့ သူကိုရှာတဲ့နည်းလေးဖြစ်ပါတယ်။ အစ်မတစ် ယောက်မေးလာလို့ပါ။ အရင်ကဆိုရင် voice call လေးနဲ့ စမ်းသပ်လို့ရပါတယ်။ အခုတော့ မရတော့ဘူး ။ အဲဒါကြောင့် မသိသေးသောသူများအတွက် ရှာဖွေတင်ပြလိုက်ပါတယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးကို ဒေါင်းလိုက်ပါ။  အဲဒီကောင်လေးဒေါင်းပြီးရင်  Add account မှာ လိုအပ်တာလေးတွေ ဖြည့်ပေးရပ့ါမယ်။ Basic ကိုသွားပါ ။ အဲဒီအောက်မှာ  Protocol ဆိုတာကိုတွေ့ပါလိမ့်မယ်။ ဘေးနားက အစက်လေးကို ကလစ်ပေးပါ။ ပြီးရင် Google Talk ဆိုတာလေးကိုရွေး ပါ။ Username မှာ မိမိရဲ့ gtalk နာမည်ဖြည့်ပါ။ Resource ဆိုတဲ့နေရာမှာ ဘာမှဖြည့်စရာမလိုပါဘူး။ ပတ်စ်ဝက် ဖြည့်ပါ။ local ailias မှာ ကြိုက်တာတစ်ခုခုထည့်ပါ။ ပြီးရင် add ကိုနှိပ်ပါ။ အားလုံးဖြည့်ပြီးရင် နာမည် list တွေပေါ်လာပါလိမ့်မယ်။ မိမိ သိချင်တဲ့သူရဲ့အကောင့်ကို  right click ထောက်ပါ။ ပြီးရင် Get info ကိုသွားလိုက်ပါ။ မိမိကိုဘလော့ထားသူဆိုရင်  ဘာမှမပေါ်ပါဘူး။ ဘလော့မထားတဲ့သူဆိုရင်တော့ သူတင်ထားတဲ့ပုံလေးရယ် Full Name ဆိုတဲ့ နာမည်လေးပေါ်နေပါ့မယ်။ အောက်မှာ ပုံလေးနဲ့နမူနာပြထားပါတယ်။ 

အဆင့်(၁)
အဆင့်(၂)
အဆင့်(၃)
အဆင့်(၄)
အဆင့်(၅) မိမိအားဘလော့ထားသည့်ပုံ
အဆင့်(၆) မိမိအား မ ဘလော့ထားသည့်ပုံ




ကဲဆော့ဝဲလေးကတော့  ဒီမှာ ဒေါင်းလိုက်ဗျာ။

အားလုံးကိုလေးစားလျက်....