Pages

Saturday, March 31

ယောကျာ်းလေးတွေသတိထားမိတတ်တဲ့ ပထမဆုံး အချက် ၁၀ ချက်



ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီး ယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊ သဘောကျတာတို့ ဖြစ်သွားစေနိုင်တယ်လေ။ မြင်မြင်ချင်းချစ်မိတာတို့၊ စတွေ့ကတည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကို ဖန်တီးပေးတာကလည်း ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကို သတိပြုပြင်ဆင်သွားမယ်ဆိုရင် ကိုယ်လည်းအမှတ်တက်တာပေါ့။ ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သတိထားကြည့်မိတဲ့ အချက်လေးတွေကို ကြည့်ရအောင်။

1. Luscious Looks

များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော??? တချို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်။

2. Perfect Posture

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးက မတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့ မိန်းကလေးတစ်ယောက် လို့ပြောနေသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။ သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလိုပုံစံမျိုးနဲ့ လူတစ်ယောက်ကိုသဘောကျပါ့မလား။ ဒါကြောင့် ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကို သတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။ ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။

3. Your Friends

သင်နဲ့ ခုမှစတွေ့တဲ့ ယောက်ျားလေးဟာ သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။ တကယ်လို့ သင့်သူငယ်ချင်းတွေဟာ အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာ အဲ့လိုသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ကြိုညှိထားဖို့လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကိုခေါ်သွားလိုက်ပါ။

4. Your Pout

ယောကျာ်းလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။ သင့်ရဲ့ နှုတ်ခမ်းလေးက နှုးညံ့ ရွှန်းစိုနေပြီး ပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်။

5. Your Ever Smile

ပုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့ သင့်သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့။

6. What You Carry Around

မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့ သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကို ပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။ သင့်လက်ထဲကစာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာအေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကိုစိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။ ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့အချက်ပါပဲ။

7. High Heels

ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့မလိုပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေကပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှုရှိစေပါတယ်၊ ပိုထင်ရှားစေတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့်ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ် တော့စီးပေးပါ။

8. How You Strut

မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း ယောက်ျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့အလှကိုပြည့်စုံအောင် ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေဆိုရင် လမ်းလျှောက်နည်းကိုတောင်သင်ရပါတယ်။ လမ်းလျှောက်ဟန်က အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ??
လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယား ကားယားမဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ။

9. Your Clothes

ယောကျာ်းလေးတွေ သတိထားကြည့်မိတတ်တဲ့ထဲမှာ အ၀တ်အစားလည်း ပါတယ်နော်။ လူရဲ့ပုံစံက အ၀တ်အစားပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ သူငယ်ချင်းတို့လည်း သိမှာပါ။ မျက်နှာလေးက အရမ်းမလှရင်တောင် ၀တ်တတ်စားတတ်ရင် ကြည့်လို့လှတယ်လေ။ အ၀တ်အစားကို ကောင်းကောင်းမွန်မွန်ဝတ်ဖို့လိုပေမယ့် ဈေးကြီးဖို့ မလိုပါဘူး။ ခေတ်မီမီလေးဝတ်ဖို့လိုပေမယ့် ခေတ်ဆန်လွန်းတာလည်း မကောင်းပါဘူး။ ဆွဲဆောင်မှုရှိဖို့လိုပေမယ့် လျှပ်ပေါ်လော်လီတာမျိုးဆိုရင်တော့ လူကို ပေါ့ပျက်ပျက်နဲ့လို့တောင် အထင်ခံရနိုင်တယ်နော်။ ပြီးတော့ ဘယ်လောက်လှတဲ့ အ၀တ်အစားပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ချင်မှ လိုက်တာလေ။ အဲဒီတော့ ကိုယ်နဲ့လည်းလိုက်ဖက် ကြည့်ရလည်းအဆင်ပြေပြီး ခေတ်လည်းမီတဲ့ အ၀တ်အစားလေးတွေကို ၀တ်ပါ။ စမတ်ကျကျဝတ်စားတတ်တဲ့သူဆိုရင် အလိုလိုတောင်မှ လူရှိန်တယ်ဆိုတော့ ဒီအချက်ကိုလည်း ဂရုစိုက်သင့်တယ်နော်။

10. Your Attitude

ယောက်ျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့ အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။ မိန်းကလေးတစ်ယောက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို ဆွဲဆောင်မှုရှိပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင်ပြီးသွားမှာပါပဲ.. ဘယ်ယောက်ျားလေးမှ စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့ သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။ အားလုံးကိုအကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက် ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။

မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာနဲ့ မောက်မာတာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲ သင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။ 

ရည်စားမရှိသေးတဲ့ ကောင်မလေးများအတွက်ဆိုရင် ပိုမှန်မယ်ထင်တယ်အဟိ..နောက်တာနော်..

Wednesday, March 28

ကျွန်တော်စက်မှာ ဖြစ်သော ကွန်ပျူတာ error လေး နှစ်ခု


ဒီတခါတော့ ကွန်ပျူတာနဲ့ ရင်းနှီးသူများအတွက် ကျွန်တော့်စက်မှာ ဖြစ်သွားတဲ့ error လေး နှစ်ခုအကြောင်း ပြောပြချင်ပါတယ်။ သိတော့လည်း လွယ်လိုက်တာ။ မသိခင်တုန်းက လိုက်မေးလိုက်ရတာ လူကိုစုံသွားတာပဲ မရဘူးချည်းပဲ ပြောနေကြတယ်။ မင်းဟာ windows ပြန်တင်မှ ရမယ်တဲ့။ တစ်လလောက်ရှိပြီဖြစ်နေတာ။  ကျွန်တော် ကလိလွန်သွားတာ လည်း ပါတာပေါ့။ ပထမတစ်ခုက ဒီလိုဗျာ။ ကျွန်တော် တို့ ကွန်ပျူတာ တက်တက်လာချင်းမှာ Administrator နဲ့ User ဆိုပြီး ပေါ်လာတယ်။ အဲလိုပေါ်အောင် ကျွန်တော်လည်း လုပ်မထားမိဘူး။ ကိုယ်မသိတော့ လိုက်မေးတာပေါ့။ အားရစရာကောင်းပါတယ်။ မင်းစက် ဗိုင်းရပ်စ်ကိုက်တာ san ဖတ်လိုက်တဲ့ ။ အဲဒါနဲ့ scan ဖတ်ကြည့်ပါတယ်။ ဒါလည်းမရဘူး။ ပြင်ရမယ်ဆိုတာတော့ သိတယ် ၊ နေရာကို ဘယ်လိုရှာရမှန်းမသိဘူးဖြစ်နေတာ။ ဆိုဒ်ပေါင်းလည်း စုံသွားတာပဲ အဲလိုerror လေးများ ရှိမလားလို့။ မတွေ့ဘူး။ အဲလိုကြီးနှစ်ခု ထားတယ်ဆိုတာ များသောအားဖြင့် အင်တာနက်ဆိုင်တို့ ၊ ကွန်ပျူတာသင်တန်းတွေမှာသာ ထားလေ့ရှိကြပါတယ် ။ ကိုယ်ပိုင်ကျတော့ အဲလိုလိုက်ပြောင်းနေရတာအလုပ်ရှုပ်တယ်လေ။ အဲဒီတော့ ဒီနေ့မှ တွေ့သွားတယ်။ တခန်းတည်းနေတဲ့သူငယ်ချင်းတစ်ယောက်ရဲ့စက်လည်း အဲလိုဖြစ်တာ ။ သူလည်းမသိလို့ ဒီတိုင်းပဲ ထားထားတယ်။ ဒီနေ့တော့ google မှာ လျှောက်မွေနှောက်ရင်း နည်းလေး တွေ့လိုက်ပါပြီ။
Error က ဒီလိုပုံလေးပါ။  Administrator and user  အဲလိုလေးပေါ်နေတာ။

အဲဒါမျိုးလေးကို တစ်ခုပဲ ပေါ်အောင် အရင်ဆုံး run ကို ခေါ်ပါ။ run box ထဲမှာ lusrmgr.msc လို့ ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်ပါ။အဲဒီမှာ Box တစ်ခုပေါ်လာပါလိမ့်မယ်။ ဒီလိုလေးပေါ့။
 အဲဒီသုံးကွက်ရှိတာကိုမှ အလယ်အကွက်က users ဆိုတာကို Double  ကလစ်ပေးပါ။ ဒီလိုပုံလေးပေါ်လာပါ့မယ်။ 
အဲဒီလိုပေါ်လာရင် Administrator ဆိုတဲ့အပေါ်ကို right click ထောက်ပါ။ ပြီးရင် Properties ဆိုတာကိုသွားပါ။ ဒီလိုပုံလေး ပေါ်လာပါ့မယ်။ 
အဲလိုလေးပေါ်လာပြီဆိုရင်  Account is disabled ဆိုတာလေးကို အမှန်ခြစ်လေး ပေးလိုက်ပါ။  ပြီးရင် Apply and ok ကိုနှိပ်ပါ။ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။ windows ပြန်လာတဲ့အချိန်မှာ ခုနကလို့ နှစ်ခုပုံစံမဖြစ်တော့ဘဲ မိမိအသုံးပြုနေသော windows ပဲ ပေါ်လာမှာဖြစ်ပါတယ်။ 

နောက်တစ်ခုက start manager မှာ error လာတက်တယ်။ ဘယ်လိုတက်လဲဆိုရင် ကျွန်တော်တို့ Task Manager ကိုခေါ်လိုက်ရင်   Applications , Processes , Services , Performance အစရှိသဖြင့်ပေါ့ အဲဒါလေးတွေပါတယ်။ ကျွန်တော်မှာ Applications တစ်ခုပဲ ပေါ်တော့မယ်။ Program ပိတ်ဖို့ပဲ လုပ်လို့ရတော့တာပေါ့။ တခြား  CPU rate, Memory rate  ကြည့်ချင်တာတို့ မရတော့ဘူးပေါ့။ ပူလားမပူလားဘယ်သိတော့မလဲနော်။ ဒီလိုကြီးပေါ်လာတာ။ 

ကဲသိပြီဆိုတော့ မခက်တော့ပါဘူး ။ လွယ်လွယ်လေးပါ။ အဲဒီမှာ Task ဆိုတဲ့ အပေါ်နားက နေရာကွပ်လပ်ဖြူလေးကို  Double click နှိပ်ရပါတယ်။  အဲဒါဆိုရင်တော့ ဒီလိုအပြည့်အစုံလေး ပြန်ပေါ်လာပြီပေါ့ဗျာ။
မသိသေးသောသူများအတွက်ပါဗျာ။  

အားလုံးကိုလေးစားလျက်.....

Tuesday, March 27

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား



ဆရာဖေမြင့်ရေးတဲ့ ဆောင်းပါးလေးပါ။ အရမ်းကိုကောင်းပါတယ်။ အတုယူစရာတွေ ၊ လိုက်နာ မှတ်သားသင့်တာတွေ အများကြီးပါ။ စိတ်ဓာတ်ခွန်အားလည်း ဖြစ်စေပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည် ဖော်ခြင်းဖြစ်ပါသည်။

လက်(စ)ပေါလ်(Les Paul)အမေရိကန် ဂစ်တာသမား။ ၁၉၁၆တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ ဖွားသည်။ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင်နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ်သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီးဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍လူသိများလာသည်။ ၁၉၄၂တွင် ဟောလိဝုဒ်သို့ရောက်သည်။ ၁၉၅၀ ကျော်နှစ်များအတွင်း သူအထူးကျော်ကြား အောင်မြင်လာသည်။ အဓိက,က ဇွဲနပဲကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏ စမ်းသပ်တီထွင်မှုများကြောင့်ဖြစ်သည်။ ဂစ်တာဖြင့် မာလတီပယ် ရီကော့ဒင်းများ သူ စတင်ပြုလုပ်သည်။ ဆောလစ် ‘လော့ဂ်’ ဂစ်တာကို တီထွင်သည်။ လျှပ်စစ်ဂစ်တာ ရေပန်းစားအောင် သူကြိုးပမ်းခဲ့သည်။ ဇနီးမေရီဖို့ဒ်နှင့်တွဲဖက်၍ ထင်ရှားသော ဓာတ်ပြား အချပ်ပေါင်းများစွာ သွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်းအတော်ကြာအောင် ပူးတွဲတင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ပီပြင်ထက်မြက်သောတူရိယာပစ္စည်း ဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင်နှစ်မြှပ်လုပ်ကိုင်ခဲ့သည်။


‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူး လို့ဘယ်တော့မှမပြောနဲ့’
ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။


‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’
အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။ သည်အခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့်ဆီ ရုတ်တရက်ထိုးပေးသည်။ ‘လုပ်ကွာချာတိတ်မှုတ်ကြည့်စမ်း’ ‘ကျွန်တော်မမှုတ်တတ်ဘူးခင်ဗျ’ကျွန်တော်ကငြင်းသည်။ လူကြီးက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ ‘ဘယ်ဟုတ်မလဲ ကလေးရ ၊ မှုတ်သာကြည့်စမ်းပါ ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ’ ဟုဆိုသည်။ အဲသည်နောက် သူက ကျွန်တော့်တစ်သက်တာအတွက် တန်ဖိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။ ‘ကိုယ် တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ကွ’ ဟူ၍။ တစ်နေ့မှာ စန္ဒရားဆရာက အမေ့ထံ စာတစ်စောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့်ပတ်သက်၍မညှာမတာရေးထားသည့်စာ။ ‘ခင်ဗျားရဲ့သား လက်စတာဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာမဟုတ်ဘူး ၊ ကျွန်တော်သူ့ကိုနောက်ထပ်မသင်နိုင်တော့ပါ’တဲ့။ သည်စာ ဖတ်ပြီးနောက် အလုပ်သမားကြီး ပြောခဲ့သောစကားကို ကျွန်တော်ပြေးသတိရသည်။ စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍ မရနိုင်ဆိုတာ သေချာအောင်မှ စမ်းသပ်မကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါ ကြိုးစားမယ်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။ အဲသည်နှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့်အိမ်နားမှာ ဂစ်တာသမားတစ်ယောက်ရှိရာ အဲသည်လူ တီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းလေးတွေ ဘယ်အနေအထား ထား၍တီးလျှင် ဘယ်အသံထွက်သည်ဆိုတာ မှတ်သားကာ ၄င်းအတိုင်း ထပ်တူလိုက်တီး ကြည့်ခြင်း ဖြစ်သည်။ သင်ယူရသည့်ချိန်တာကရှည်ကြာလှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့တော့ ကိုယ် ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်မည့်တူရိယာပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။


အသက်နှစ်ဆယ် အရွယ်မှာ ကျွန်တော်က ကျွန်တော့်ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်းတစ်ခု ဖွဲ့စည်းသည်။ ပြီး အောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူးယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက်ရောက်တော့ နာမည်ကြီးတီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွက်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းပင် မဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင်အချိန်မပေးနိုင်လောက်အောင်သူတို့အလုပ်များနေကြသည်။


တစ်နေ့ ဘရော့ဒ်ဝေး သဘင်ဂီတ လမ်းမ အဆောက်အဦးကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယင်းအဖွဲ့၏ ခေါင်းဆောင် ဖရက်(ဒ) ၀ါရင်း ဓါတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် သည်လူ့ကို သည်နေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော့်အဖွဲ့သားတစ်ယောက်က လန့်သွားသည်။ ‘ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ’ဟု ဆိုသည်။


‘တကယ်ဖြစ်မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ’ ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင်လိုက်သည်။ ကံအားလျော်စွာ ဓါတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့လက်သံကို ကြားရသောအခါ ဖရက်(ဒ) အံ့အားသင့်သွားသည်။ ဓါတ်လှေကား ရောက်လာ၍ လှေကားထဲ သူမ၀င်မီမှာပင် ကျွန်တော်တို့ ‘လက်(စ) ပေါလ် သုံးယောက်ဝိုင်း’ ကို သူငှားရမ်းပြီးဖြစ်သွားလေသည်။ ထို့နောက် နှစ်ပေါင်း အတော်ကြာအောင် ကျွန်တော် ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုးအဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ သည်တူရိယာပစ္စည်း တကယ်ထူးခြားပေါ်လွင်လာအောင် မြှင့်တင်ပေးနိုင်မည့် နည်းနာများ ကျွန်တော် မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာတစ်လက်တည်းနှင့်ပင် ဂစ်တာများစွာပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှ ထွက်လာသည့်အသံမျိုး ရအောင် ဖန်တီးရန် နည်းလမ်းကို ကျွန်တော် တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ် ၊ မယ်လဒီ ၊ ဟာမိုနီ ၊ ဘက်ဂရောင်း စသည်တို့ကို တစ်ခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၄င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတစ်ချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ မာလတီပယ်(Multiples)ဟုလူသိများနေပြီဖြစ်သည့်နည်းဖြစ်ပါသည်။


ပထမဆုံး မာလတီပယ်ဓာတ်ပြားများ သွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန်ခဲ့သည်။ အိမ်မှာ ကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေး ထိုးကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက် ကြာပြီးမှ ကျွန်တော့်ကို တွေ့ကြကာ လူနာတင်ယာဉ်နှင့်ဆေးရုံသို့ယူဆောင်ကြသည်။ ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့်ထိခိုက်ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ် တချို့ ကျိုးသွားသည်။ ပခုံးနှစ်ဖက်လုံး ကျိုးသွားသည်။ နှာခေါင်းရိုး ကျိုးသည်၊ ညာဘက်လက်မောင်းရိုးက သုံးနေရာတိတိ ကျိုးသွားသည်။ အဲသည်နောက် နံရိုး အတော်များများ၊ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။ တစ်နေ့နံနက်မှာ ဆရာဝန်တွေ ကျွန်တော့်ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေသဖြင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်းနေကြောင်း သုံးသပ်ကြသည်။ သည်လက်ကို ဖြတ်ပစ်လိုက်တာအကောင်းဆုံးဖြစ်လေမလားသူတို့ဆွေးနွေးကြသည်။
 သူတို့ ပြောဆိုကြသည့် စကားများ၏ အနက် အဓိပ္ပာယ် အပြည့်အ၀ကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော် နောက်ထပ် ဘာသံမျှ မကြား။ ကျွန်တော် စဉ်းစားနေမိသည်က လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့် ဂစ်တာသမားဘ၀ ဆုံးပြီ၊ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေကျပြီ ဆိုတာပဲ ဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းကပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူးအလုပ်သမားကြီးဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည်လည်း သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဆံဖြူကျိုးကျဲနှင့် သူ့ရုပ်သွင်ကိုကျွန်တော်ပြန်မြင်လာသည်။ သို့နှင့်၊ကျွန်တော့်ခုတင်နှင့်အနီးဆုံးမှာရှိသည့်ဆရာဝန်ကိုလှမ်းပြောသည်။ ‘ကျွန်တော် ပြောပါရစေဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါဦး၊ လုံးဝ မရတော့ဘူးဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျှော့ကြရအောင်လား ဆရာ’ သည်နောက်မှာတော့ ကျွန်တော့်လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက်က အရိုးကို လက်မောင်းဆီ ဆက်ပွားနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တံထောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တံထောင်ဆစ်နားတွင် အရိုးတွေ ကြေမွသွားသည်ဖြစ်ရာ အဲသည်နေရာတွင် သတ္တုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ သည်နေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် အကွေးအတိုင်း ၊ ဆန့်လျှင် အဆန့်အတိုင်း တစ်သမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်းထားပေးရန်မေတ္တာရပ်ခံလိုက်သည်။


တကယ် ဂစ်တာတီး၍ ရ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူး ဆိုတာ မသေချာမချင်း လက်မလျှော့ဘူးဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲသည်စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည် ၊ စီစဉ်သည် ၊ အမျိုးမျိုးအဖုံဖုံ စမ်းသပ်တီးခတ်ကြည့်နေသည်။ တဖြည်းဖြည်း ကျွန်တော့်ခေါင်းထဲမှာ ဧရာမ လောင်းပလေး ဓာတ်ပြားကြီး တစ်ချပ် တည်ဆောက်မိလာသည်။ ကျွန်တော်ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံးသည်ဓာတ်ပြားကြီးထဲမှာသိုမှီးထားသည်။ သည်လိုနှင့် နောက်ဆုံး ကျောက်ပတ်တီးဖြည်ရမည့်အချိန် ဆိုက်ရောက်လာပါသည်။ အဲသည်နောက်တွင် လုံးဝ အချိုးမကျဖြစ်နေသော ကျွန်တော့်ညာဘက်လက်ကို အရင်တုန်းက သူတတ်ခဲ့သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်းပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက်သုံးယောက်ဝိုင်းတစ်ခုထပ်မံထူထောင်ကာနယ်ပွဲစဉ်များစတင်သည်။


သည်လိုလုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီး သတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါသည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော်ပြန်လုပ်နိုင် မလုပ်နိုင် ဆိုသည်ကစင်ပေါ်တကယ်တက်ကြည့်မှသေချာပေါက်သိနိုင်မည်မဟုတ်လား။ တစ်မြို့ပြီးတစ်မြို့၊ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲသည်ပြင်းထန်ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလဒ်ကြီးမားခဲ့သည်။ ထိခိုက်ဒဏ်ရာ မရမီက လက်ကို မီအောင် ကျွန်တော် ပြန်လည်တီးခတ်လာနိုင်ခဲ့သည်။ ကျွန်တော် ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ သည်အခါမှာတော့ ကျွန်တော့်ဂစ်တာသံမှာ ဇနီးသည် မေရီဖို့ဒ်၏ အဆိုပါ တွဲဖက်ပါဝင်လာပြီ။ ကျွန်တော့်တို့ ဇနီးမောင်နှံ၏ ဓာတ်ပြားတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတ ဆင်ကြသည်။ ဓာတ်ပြား ချပ်ပေါင်း ၁၇ သန်းကျော်မျှ ၀ယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်များလောကတွင်လည်း ဂစ်တာ ဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။
***
များမကြာမီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့်နည်းတူ ဆိုးဆိုးဝါးဝါးထိခိုက်အနာတရဖြစ်သည့်အကြောင်းကြားသိရသည်။ သူက စန္ဒရားသမား ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝမတီးနိုင်တော့ပြီ၊ ဂီတပညာရှင်ဘ၀ကို စွန့်လွှတ်ရတော့မည်ဟု ကြားရသည့်အခါ ကျွန်တော် သူ့ကို စာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့ ၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။ ‘ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ’ သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။


‘မတတ်နိုင်တော့ဘူးဆိုတာ သေချာလား ၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား’ ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။ နောက်ဆုံးတော့ ကျွန်တော့်တိုက်တွန်းမှု အောင်မြင်သွားသည်။ သူစန္ဒရားပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့သော အနေအထားမှ နေ၍ တောက်ပသော အနာဂတ် တစ်ခု သူပြန်လည် တည်ဆောက်နိုင်ခဲ့သည်။
***
သည်လိုပဲ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကျွန်တော်တို့ဘ၀တွေမှာ အုတ်နံရံကြီး ကာဆီးထားသလို ခက်ခဲသော အနေအထားမျိုးကြုံရတတ်ပါသည်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့်ပြသာနာမျိုး။ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။ သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်။ ငါ မတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာ တကယ်သေချာပါပြီဆိုတော့မှသာ လက်လျှော့ပါ။ ကျွန်တော်ကိုယ်တိုင် အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူအလုပ်သမားကြီး၏ ကျေးဇူးကြီးမားလှသော သြ၀ါဒစကားကို လိုက်နာခဲ့သည့် အကျိုးကြောင့် ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာ ဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်ဆိုတာ တွေ့မြင်သိမြင်ခဲ့ပြီဖြစ်ပါသည်။


  'ဖေမြင့်'

Sunday, March 25

ဖျတ်မိသွားသော Data တွေ ပြန်ယူမယ်


ဒီတခါတော့ ကျွန်တော် တို့  မိမိကွန်ပျူတာမှာ Format ချလိုက်တာဖြစ်ဖြစ် ၊ Delete လုပ်မိလိုက်လို့ပဲ ဖြစ်ဖြစ် ပျက်သွားတဲ့ ဖိုင်တွေကိုပြန်ပြီးယူတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်။ အရမ်းကောင်းလို့တင်ပေးလိုက်တာပါ။ သူ့အတွက် Crack ဖိုင်လေးပါ ပါတယ်။ အရင်ဆုံးဆော့ဝဲလေးကို ဒေါင်းလော့ချပါ။ ဖိုင်ဖြေပြီးတဲ့အခါမှာ icaredrp ဆိုတဲ့ကောင်လေးကို run လိုက်ပါ။ ပြီးရင် icaredrp အဲဒီကောင်လေးရဲ့ အောက်က Register ဆိုတဲ့ ဖိုင်လေးကို  run ပါ။ အဲဒီကောင်လေးက  crack ဖိုင်လေးပေါ့။  ဒါဆိုရင်သုံးလို့ရပါပြီ။ မသုံးတတ်တဲ့သူများအတွက် ပုံလေးနဲ့ ပြထားပါတယ်။
ဆော့ဝဲလေးကိုတော့  ဒီမှာ ဒေါင်းပါ။ 

အဆင့်(၁)

ဒီလိုပုံစံလေးပေါ်လာပြီဆိုရင် ဒုတိယမြောက် e  ပုံစံ(အနီပြထားသော ) လေးကို ကလစ်ပေးပါ။

အဆင့်(၂)
ပြီးရင်ဒီအဆင့်ကိုရောက်လာပါလိမ့်မယ်။ ဒီအဆင့်မှာ မိမိ ပြန်ပြီး recovery ယူလိုသော  partition  ကို ရွေးပါ။ ကဲ ရွေးပြီးပြီဆိုရင်  အောက်နားလေးက  Recover  ဆိုတဲ့ မြှားလေးကို နှိပ်လိုက်ပါ။ ပြီးရင် စောင့်ပါ။ ရှိသမျှဖိုင်တွေပြန်ယူမှဖြစ်တဲ့အတွက်  ရှိတဲ့ဖိုင်အရေအတွက်ပေါ် မူတည်ပြီး အချိန်စောင့်ရပါ့မယ်။

အဆင့်(၃)
ပြီးသွားပြီဆိုရင် ဒီလိုလေးပေါ်လာပါ့မယ်။  အဲဒီမှာ အမှန်မခြစ်ရသေးရင် အမှန်ခြစ်လိုက်ပါ။  ပြီးရင် အောက်နားလေးက  Show Files ဆိုတာကို ကလစ်ပေးပါ။

အဆင့်(၄)

ဒီလိုလေးပေါ်လာပါ့မယ်။ အဲဒီအချိန်မှာ  1NTFS ဆိုတဲ့ ကောင်လေးရဲ့ ဘေးနားလေးမှာအမှန်ခြစ်ပါ။ အမှန်ခြစ်ပြီးရင်  Save Files ဆိုတာလေးကို ကလစ်ပေးပါ။


အဆင့်(၅)

ဒီလိုပုံလေးပေါ်လာပါ့မယ့်။  ok  ကို ကလစ်ပေးပါ။

အဆင့်(၆)
ဒီလိုလေးပေါ်လာတာက ဘယ်မှာ Save လုပ်မှာလည်းလို့မေးခြင်းဖြစ်ပါတယ်။ ဥပမာ မိမိပြန်ယူမယ့် ဖိုင်က 50G လောက်ရှိနေမယ်ဆိုရင်တော့  အဲဒီ ပမာဏနဲ့ လောက်မယ့် အပိုင်းကို ရွေးချယ်ပြီး save  လုပ်ပါ။ ဖိုင်  save မယ့်နေရာကိုရွေးပြီးပြီဆိုရင် ok  ကိုကလစ်ပေးပါ။

အဆင့်(၇)
အားလုံးပြီးသွားပြီဆိုရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်။ပြီးပါပြီ။ အဲဒီထဲမှာ မိမိလိုချင်သော ဖိုင်တွေကို ပြန်ယူပါ။ မလိုသောဖိုင်များကို ဖျတ်ပစ်ပါ။

အဆင်ပြေကြပါစေ....

အားလုံးကိုလေးစားလျက်.....

Saturday, March 24

မြတ်စွာဘုရားရှင်၏ ထူးခြားချက် (၁၈) ချက်


၁။ ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရမှု၊ ဟောင်းနွမ်းသွားမှု မရှိခြင်း။

၂။ ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူရာတွင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

၎။ ဆွမ်းစားပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါ စင်၏။ လက်တော်ဆေးလျှင် သပိတ်တော်ပါ စင်၏။

၅။ မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ပင် ၀င်နိုင်ခြင်း။

၆။ ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းခြင်း။

၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

၉။ အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

၁၁။ တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ ဟောသကဲ့သို့ကြားရခြင်း။

၁၂။ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို မဟာဂရုဏာသမာပတ္တိဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

၁၄။ အထက်ပါ ၁၃-ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

၁၅။ အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

၁၆။ ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြနိုင်ခြင်း။

၁၇။ တာဝတိံသာသို့ အဘိဓမ္မာတရားဟောတော်မူရန် ကြွသည့်အခါ နှစ်လှမ်း သုံးဖ၀ါးတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

၁၈။ ဒေသစာရီကြွချီတော်မူလျှင် ခြေတော်ရာမတင်သည့်အပြင် မြေပြင်မှာလည်း အညီအညွတ်ဖြစ်ရခြင်း။


သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။

 


Thursday, March 22

အင်တာနက် ဂျာနယ်(မတ်လ)


ဒီတပတ် (မတ်လ) အတွက်အင်တာနက် ဂျာနယ် ထွက်ပါပြီ။ ဒီတပတ်တော့ windows 8 အကြောင်းကို အသားပေးပြီး ရေးထားပါတယ်။ မြက်ခင်းပုံစာသားလေး တွေ ဖန်တီးခြင်း၊  Ubanu Os ကို Backup ပြုလုပ်ခြင်း၊ Mobile Handset ကို ရွေးချယ်ဝယ်ယူခြင်း ၊တခြား ကွန်ပျူတာ အကြောင်းလေးတွေ ပါ ပါတယ်။ ခါတိုင်းလိုပဲ အွန်လိုင်းမှာရော ၊ဒေါင်းလော့ချပြီးဖတ်လို့ ရအောင် ရောတင်ပေးထားပါတယ်။


အွန်လိုင်းမှာ ဖတ်ချင်သူများ ဒီလင့် မှာ သွားပါ။

ဒေါင်းလော့ချပြီး ဖတ်မည့်သူများ ဒီလင့် မှာဒေါင်းပါ။ 

အခုနောက်ပိုင်းမှာ Google မှာ အင်တာနက်ဂျာနယ်ကို ရှာတဲ့သူများလာတယ်။ ကျွန်တော်တင်ထားတာက တစ်ခုတစ်လေပါ ။ အဲဒါ မူရင်းဆိုဒ်ကို သွားကြည့်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော့်ဘလော့ကို လူလာအောင်လုပ်ထားခြင်း လည်းမဟုတ်ပါ။ မူရင်းဆိုက်မှာအရင်က ပို့တစ်ခုအနေနဲ့ပဲတင်တာဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ  အပြင်မှာဖတ်တဲ့အတိုင်းကို PDF ဖိုင်နဲ့ ဒေါင်းလော့ချပြီး ဖတ်လို့ရအောင် လုပ်ထားပေးပြီး ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော့ဘလော့မှာ  အင်တာနက်ဂျာနယ် ကို ဆက်ပြီး မတင်တော့တာဖြစ်ပါတယ်။    အခုမှ ထပ်ပြီး ရေးသားလိုက်တာပါ။   

မူရင်း  website >> http://www.myanmarinternetjournal.com/

အားလုံးကိုလေးစားလျက်.....

မိန်းကလေးများ ဆင်ခြင်ကြပါ



ကျွန်တော် ဒီနေ့ ဖေ့ဘွတ်ကိုဖွင့်ကြည့်လိုက်တယ်။ တွေ့တွေ့ချင်းကို ရင်ထဲမှာ နင့်သွားတာပဲဗျာ။ ဘာလို့လည်းဆိုတော့ ကောင်မလေးတစ်ယောက် ရေးထားတဲ့ Status  မှာ ဗျာ။ မိန်းကလေးတန်မဲ့ ဆဲထားလိုက်တာဗျာ။ နင့်အမေ့(......) ဟိုင်း...Everyone တဲ့။  သူဘာသာပေါ့ ဘယ်လောက်ပဲ မကျေနပ်ချက်တွေ များပါစေ။ ဒီလိုတော့ မဆဲသင့်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့သိက္ခာဆိုတာ ဘယ်ရောက်သွားပြီလဲ။  မိန်းကလေးဆိုတာ များသောအားဖြင့် နူးညံ့တယ် ၊ သိမ်မွေ့တယ်၊ ယဉ်ကျေးကြတယ်။ ဒါက သူတစ်ယောက်အတွက်ပဲထိခိုက်သွားတာ မဟုတ်ဘူးနော်။ သူ့အသိုင်းဝိုင်း၊သူ့ပတ်ဝန်းကျင်ပါ ထိခိုက်သွားတယ်ဆိုတာကို အဲဒီကောင်မလေး မစဉ်းစားမိဘူး ။ အဲဒီစာကို မြင်တဲ့ မိန်းကလေးအချင်းချင်းရော ဘယ်လိုမြင်မလဲ။ အရမ်းကို ရှက်ဖို့ကောင်းပါတယ်ဗျာ။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ သူ့ရည်စားနဲ့ အဆင်မပြေဖြစ်တာကိုလည်း ($)အဲဒါကို ပါးစပ်ကမချဘဲ မိုးမွန်အောင်ဆဲထားတယ်ဗျာ။ သူ့ရည်းစားတော့ ဘယ်လိုနေတယ်မသိဘူး။ ကျွန်တော်တော့သူငယ်ချင်း list ထဲက ထုတ်ပစ်လိုက်ပြီ။ မိန်းကလေးတွေ ဘာလို့အဲလိုတွေ ဖြစ်နေတယ်ဆိုတော ကျွန်တော်မသိဘူ့း။ ဒါပေ့မယ် သူ့ပတ်ဝန်းကျင်၊ သူ့သူငယ်ချင်းတွေက ဘာလို့ မထိန်းသိမ်းကြပဲလွတ်ပေးထားတာလဲဗျာ။ သူငယ်ချင်းဆိုလို့ မင်းလည်းသူငယ်ချင်းပဲ၊  ပြောပါ့လားလို့ မေးမယ်ဆိုရင်တော့ အမည်ခံသူငယ်ချင်းပဲပေါ့ဗျာ။ Facebook ကသူငယ်ချင်းတွေကို ကျွန်တော်စကားတောင်ပြောတာမဟုတ်ပါဘူး။ သတင်းတခုခုရဖို့ရယ်၊ မိမိအတွက် စိတ်ဝင်စားစရာတစ်ခုခုရမယ်ဆိုတာရယ်၊ကိုယ်ပိုင် ဒိုင်ယာရီလေး တစ်ခုအဖြစ်သုံးတာပါ။ မရင်းနှီးပါဘူး သူတို့တွေနဲ့။ အဲဒီနှစ်ယောက်တည်းမကဘူးနော်။ နောက်ထပ်လည်းရှိသေးတာ။ နောက်တစ်ခုက Sexy ပုံတွေ ထင်ကြတယ်။ ခေတ်မီတာလား ၊ ခေတ်လွန်တာလားတော့ မပြောတတ်ဘူး။ မိန်းကလေးမှာ ရှိသင့်တဲ့ အရှက်တရားတွေကရော ဘယ်ရောက်သွားပြီလဲ။ ယောက်ျားလေးတွေကတော့ ဘာပြောမလဲ တင်ပေါ့။ မျက်စိတောင် အစာကျွေးလိုက်အုံးမယ်။ ပေါ်ပြူလာဖြစ်ချင်ကြလို့လား၊ သူငယ်ချင်းတွေ များအောင်လို့လား အယူအဆတွေ လွဲမှားနေကြတယ်။ တစ်ချို့ကပြောသေးတယ် ကိုယ်ရည်းစားနဲ့ လွတ်လွတ်ကဲထားတာ တင်တာ ဘယ်သူ့ $ ဂရုစိုက်ရမှာလဲတဲ့။ တင်ထားတဲ့ပုံတွေက ပလူးပလဲ ပုံတွေ။ အင်းပြောရရင်တော့ အများကြီးပဲဗျာ။ ဒါက ဖေ့ဘွတ်ပေါ်မှာနော်။ နောက်တစ်ခုက အပြင်ဘက်လက်တွေ့မှာ ဖြစ်တာတွေပေါ့။ မိန်းကလေးတစ်ယောက် စကက်တိုတိုဝတ်လို့ ဘတ်စ်ကားပေါ်မှာ ပေါင်အကိုက်ခံလိုက်ရတာ အားလုံးလည်းသိကြမှာပါ။ အဲလိုပေါ့ ၀တ်စားဆင်ယင်မှုတွေ ကလည်း  တိုသထက် တိုလာကြတယ်။ ပြောမယ်ဆိုရင် အရမ်းကိုဟော့လာကြတယ်။ ခေတ်မီတာ လက်ခံပါတယ်။ ခေတ်လွန်တာကျတော့ မကောင်းတော့ဘူးပေါ့။  ကောင်လေးတွေ မနောက်ယှက်အောင်တော့ မိမိကိုယ်ကို အရင်ပြင်သင့်တာပေါ့နော်။ ကိုယ်က အတိုလေးတွေဝတ်၊ ဟိုက်လိုက်တွေ ၀တ် မယ်ဆိုရင်တော့ အစခံရတာ၊ အနောက်ခံရတာ ၊ အီခံရတာ နည်းသေးတယ်လို့ အဲလို မိန်းကလေးတွေကိုပြောလိုက်ချင်ပါတယ်။ နောက်ပြီး မယုံရင် စောင့်ကြည့်ပါ။ သင်္ကြန်မှာ ပြဿနာ ပေါင်း သောင်းခြောက်ထောင် ကြားရပါလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲလုပ်ချင်တာ မလုပ်ကြပါနဲ့လို့ အချို့အချို့သော မိန်းကလေးများကို ပြောချင်ပါသည်။   ကိုယ့်ကြောင့် ကိုယ့်မိဘ ၊ကိုယ့်မောင်နှမ ၊ကိုယ့်သူငယ်ချင်းတွေ ပါ ထိခိုက်စေမယ့် အပြုအမှု ၊အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား အားလုံး အားလုံး ဆင်ခြင်ကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါရစေ။ မိန်းကလေးများကို ထိခိုက်စေလိုသော၊ ရှုတ်ချလိုသော ဆန္ဒ လုံးဝ၊ လုံးဝ မပါ ပါ။ ဒီပိုစ့်ကို ဖတ်မိတဲ့သူတွေမှာ လည်း အဲလိုမျိုး မိန်းကလေးတွေ တစ်ယောက်မှ မပါဘူးဆိုတာ ယုံပါတယ်။ ဘာလို့လည်းဆိုရင် အဲလိုမိန်းကလေးများက စာဖတ်ပါ့မလား။ တစ်ချို့ တစ်ချို့သော မိန်းကလေးများကြောင့် နှမချင်း ကိုယ်ချင်းစာမိလို့ ဒီပို့စ်လေးကို ရေးသားတင်ပြ လိုက်ရပါသည်။


အားလုံးကိုလေးစားလျက်....

Angry Bird Game


ဒီတစ်ခါတော့  Game ဆော့ချင်သူများအတွက် Angry Bird Game လေးတင်ပေးလိုက်ပါတယ်။ ဒီဂိမ်းလေးက ဥာဏ်နည်းနည်းကစားတယ်ဗျ။ Physic အယူအဆလေးပါတာပေါ့ဗျာ။ ဒီကောင်လေး ကောင်းကောင်းဆော့တက်လို့ကတော့ အမြှောက်ပစ်လို့ရပြီနော်။ ကျွန်တော်ဆော့ကြည့်တာ် Level 10 နဲ့တစ်နေတာ။ ဆော့လို့ရသေးဘူး။ ပစ်ကြည့်ရင်း လက်အယူအဆလေးကို ချိန်ကြည့်လို့ရတယ်။ အပျင်းပြေ ကစားလို့ရတာပေါ့ဗျာ။ အွန်လိုင်းမှာ ကစားလို့ရအောင်ရော၊ PC ဂိမ်းအဖြစ်ပါဆော့ချင်သူများအတွက် နှစ်မျိုးလုံးတင်ပေးထားပါတယ်။


အွန်လိုင်းမှာ ဆော့လိုသူများ  ဒီလင့် မှာသွားဆော့ပါ။

မိမိကွန်ပျူတာမှာပဲ ဆော့ချင်သူများ ဒီမှာ ဒေါင်းလော့ချပါ။

အားလုံးကိုလေးစားလျက်.....

Wednesday, March 21

ကျန်းမာရေး ထိခိုက်စေသော အကျင့်ဆိုးများ


၁။နံနက်စာမစားတဲ့အကျင့်

နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။


၂။ အစာစားပြီး ရေများများသောက်ခြင်း

အစာစားပြီးခါစမှာ ရေအ၀သောက်ရင် အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။


၃။ အစားအလွန်အကျွံစားတတ်မှု

အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။


၎။ လက်ဖက်ရည်ခါးခါးသောက်တတ်ခြင်း

အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက်အိပ်မပျော်မှုကိုဖြစ်စေပါတယ်


၅။ အရက်အလွန်အကျွံသောက်ခြင်း

အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ အရက်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး သောက်သုံးသူကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။


၆။ အလွန်အကျွံအိပ်ခြင်း

အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။


၇။ အချိန်ကြာမြင့်စွာ သွားတိုက်တတ်တဲ့အကျင့်ဆိုး

အစာစားပြီးတိုင်းသွားတိုက်တာဟာ ခံတွင်းနဲ့သွားရောဂါ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။


၈။ မျက်နှာခဏခဏသစ်တတ်တဲ့အကျင့်

မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ မျက်နှာကို ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ အကောင်းဆုံးပါ။


၉။ လမ်းလျှောက်လွန်းတဲ့အကျင့်

လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။


၁၀။ ဒေါက်မြင့်စီးတဲ့ အကျင့်ဆိုး

ဒေါက်မြင့်ဖိနပ်တွေဟာ အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေဟာ ခြေထောက်၊ ခြေမျက်စိ၊ ဒူး ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။

ကဲရှောင်ကြ ရှားကြနော်..ကျန်းမရေးလေးကောင်းအောင်...ကျန်းမာရေးကောင်းမှ လုပ်ချင်တာ လုပ်လို့ရမယ်......:)


အားလုံးကိုလေးစားလျက်.....

Monday, March 19

Gmail အကောင့်အသစ်ပြုလုပ်သူများ မြန်မာပြည်ဖုံးနံပါတ်ဖြင့် Google မှ code ရယူနိုင်ပြီ


မြန်မာနိုင်ငံက သူငယ်ချင်းတွေအတွက် သတင်းကောင်းပါ။ တကယ်လည်းအဲလိုဖြစ်သင့်တာကြာပါပြီ။ ဖုန်းရှိတဲ့သူတိုင်းပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ။
မြန်မာနိုင်တွင် ယခင်ကာလများကို  Gmail အသုံးပြုလိုသူများအနေ ဖြင့်  အကောင့်အသစ်တခုပြုလုပ်ပါက တခါတရံ ဖုန်းနံပါတ်များတောင်းခံ လေ့ရှိပါသည် ။ ထိုအခါတွင် အခြားတိုင်းပြည်များမှ အသိမိတ်ဆွေများ၏  ဖုန်းနံပါတ်ဖြင့် အသုံးပြုခဲ့ကြရပါသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်မှ စတင်၍ Google မှ မြန်မာပြည်ဖုန်းနံပါတ်ဖြင့် code နံပါတ် အတည်ပြုချက်ရယူခြင်းကို ခွင့်ပြုလိုက်ပြီ ဖြစ်ပါသည်။ သို့  ပါ၍  မြန်မာပြည်တွင်းရှိ Gmail အကောင့်အသစ်ဖွင့်လိုသူများ အနေဖြင့် မိမိတို့  အသုံးပြုနေသော လက်ကိုင်ဖုန်းနံပါတ်အား ရိုက်နှိပ်ထည့်သွင်းလိုက်ပါက Google မှ Audio Massages ပြန်လည်ပေးပို့  ပါလိမ့်မည်။ သို့ သော်  SMS အနေဖြင့် ပြန်လည်ပေးပို့ ခြင်း မရှိသေးပဲ Audio Massages ကိုသာအသုံးပြုနိုင်ဦးမည် ဖြစ်ပါသည်။


အားလုံးကိုလေးစားလျက်.....

ငရဲဆိုသည်မှာ....


ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။

ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလို
က်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။

ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။

မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေးဆပ်ခဲ့ရခြင်းကြောင့် ယင်းအလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီကတည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။

ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရောရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက်သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။

သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ

ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ

သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ

ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ

မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ

တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ

မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ

မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ

ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီးတစ်ထပ်တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။

အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေးငယ်နေချေသေးသည်။

တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။
ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။

ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။
ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံးအမှားကိုယ်စီရှိကြချေသည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများအားဖြင့်) ငရဲဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။

မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့်နည်း။

မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာဖန်တီးသည်။ မည်သည့်တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွားမည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။

ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။
မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင်မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိဘုံများသို့ရောက်ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။

သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံတစ်ခုထင်ခြင်းကြောင့်လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါနီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)

ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။

ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကုသိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံးသပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခများ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲမကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြားပဲထားထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။

ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။
ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။

မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံးအမကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏အမှန်ကိုမြင်နိုင်ကြလော။ မှားမှန်းသိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြားလည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ်တွင်ဖြစ်တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင်ရန် ဝေးလှချေသေး၏။
အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။

နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသားအရေအတွက်မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။

မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ်တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ်ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလောကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။

စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။

By International news for myanmar

အိမ် ခြံ မြေ အခမဲ့ ကြော်ငြာလိုသူများအတွက်


C box မှာ အစ်ကိုတစ်ယောက် လာပြီးတော့ ပြောသွားလို့ပါ။ ပို့စ်တစ်ခုအဖြစ်တင်လိုက်တာပါ။  စီဘောက်မှာဆို ဘယ်သူမှမကြည့်မိမှာလည်း စိုးတယ်။ ကျွန်တော်လည်း အခမဲ့ ပြန်ပြီးတော့ ကြော်ငြာပေးလိုက်ပါတယ်။ စိတ်ဝင်စားမယ့်သူများတော့ ဒီလင့် မှာ သွားပြီးတော့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 


အားလုံးကိုလေးစားလျက်.....

Saturday, March 17

Web page မှာရှိတဲ့ ကြော်ငြာဆိုက်တွေကို ဘလော့မယ်


ဒီကောင်လေးက မိမိတို့ web page စာမျက်နှာ တစ်ခုခုကိုဖွင့်လိုက်ပြီ ဆိုပါစို့။ ကြော်ငြာတွေ တွေ့ပါလိမ့်မယ် ။  အဲဒီကြော်ငြာတွေ မတွေ့ချင်ဘူး ၊ မျက်စိနှောက်တယ်ဆိုသူများအတွက်ပါ။ အရင်ဆုံး ဒီလင့် မှာသွားပြီး အင်စတော လုပ်လိုက်ပါ။ ပြီးရင် Firefox  ကို restart ချလိုက်ပါ။ ပြီးရင် မိမိ ဘလော့ချင်သော ကြော်ငြာ ဆိုက်ပေါ်ဖြစ်ဖြစ် ၊ ပုံပေါ်ကိုဖြစ်ဖြစ်  right click ထောက်လိုက်ပါ။ ပြီးရင် Adblock Plus:Block Image ဆိုတာကို ကလစ်ပေးလိုက်ပါ။ပြီးရင် box တစ်ခုကျလာပါလိမ့်မယ်။ Add Filter ဆိုတာကိုကလစ်ပေးပါ။  မိမိတို့ မတွေ့ချင်သော ပုံတွေ၊ ကြော်ငြာတွေ ပျောက်သွားပါလိမ့်မယ်။ ပုံလေးနဲ့ပြထားပါတယ်။

အဆင့်(၁) အပေါ်က ပုံမှာ ကျွန်တော်ဘယ်ဘက်ခြမ်း အောက်နားလေးက Skrapz ဆိုတဲ့ ပုံကိုမတွေ့ချင်ဘူးဗျာ။ အဲဒီတော့ အဲဒီပုံလေးပေါ်ကို right click ထောက်ပါ။ 
အဆင့်(၂) ပြီးရင် ခုနကျွန်တော်ပြောသလိုAdblock Plus:Block Image ဆိုတာကို ကလစ်ပေးပါ။
အဆင့်(၃) Add filter ကိုနှိပ်ပြီးရင်တော့ ပြီးပါပြီ။ အောက်ပုံမှာကြည့်လိုက်ပါ။ ခုနကပုံလေးကိုမတွေ့ရတော့ပါဘူး  ။


အဆင်ပြေပါစေ........

အားလုံးကိုလေးစားလျက်....

haha photo gtalk virus သတ်ရန်


Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်။
hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..

မူရင်းရေးထားတဲ့သူရဲ့ Malwarebytes software ကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)လင့်ကတော့ http://www.mediafire.com/?mkm2jmy2m4z (ဒေါင်းမာန်ဟုန်)

၁.. desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။

From : computer knowledge and sharing