Pages

Thursday, March 22

မိန်းကလေးများ ဆင်ခြင်ကြပါ



ကျွန်တော် ဒီနေ့ ဖေ့ဘွတ်ကိုဖွင့်ကြည့်လိုက်တယ်။ တွေ့တွေ့ချင်းကို ရင်ထဲမှာ နင့်သွားတာပဲဗျာ။ ဘာလို့လည်းဆိုတော့ ကောင်မလေးတစ်ယောက် ရေးထားတဲ့ Status  မှာ ဗျာ။ မိန်းကလေးတန်မဲ့ ဆဲထားလိုက်တာဗျာ။ နင့်အမေ့(......) ဟိုင်း...Everyone တဲ့။  သူဘာသာပေါ့ ဘယ်လောက်ပဲ မကျေနပ်ချက်တွေ များပါစေ။ ဒီလိုတော့ မဆဲသင့်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့သိက္ခာဆိုတာ ဘယ်ရောက်သွားပြီလဲ။  မိန်းကလေးဆိုတာ များသောအားဖြင့် နူးညံ့တယ် ၊ သိမ်မွေ့တယ်၊ ယဉ်ကျေးကြတယ်။ ဒါက သူတစ်ယောက်အတွက်ပဲထိခိုက်သွားတာ မဟုတ်ဘူးနော်။ သူ့အသိုင်းဝိုင်း၊သူ့ပတ်ဝန်းကျင်ပါ ထိခိုက်သွားတယ်ဆိုတာကို အဲဒီကောင်မလေး မစဉ်းစားမိဘူး ။ အဲဒီစာကို မြင်တဲ့ မိန်းကလေးအချင်းချင်းရော ဘယ်လိုမြင်မလဲ။ အရမ်းကို ရှက်ဖို့ကောင်းပါတယ်ဗျာ။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ သူ့ရည်စားနဲ့ အဆင်မပြေဖြစ်တာကိုလည်း ($)အဲဒါကို ပါးစပ်ကမချဘဲ မိုးမွန်အောင်ဆဲထားတယ်ဗျာ။ သူ့ရည်းစားတော့ ဘယ်လိုနေတယ်မသိဘူး။ ကျွန်တော်တော့သူငယ်ချင်း list ထဲက ထုတ်ပစ်လိုက်ပြီ။ မိန်းကလေးတွေ ဘာလို့အဲလိုတွေ ဖြစ်နေတယ်ဆိုတော ကျွန်တော်မသိဘူ့း။ ဒါပေ့မယ် သူ့ပတ်ဝန်းကျင်၊ သူ့သူငယ်ချင်းတွေက ဘာလို့ မထိန်းသိမ်းကြပဲလွတ်ပေးထားတာလဲဗျာ။ သူငယ်ချင်းဆိုလို့ မင်းလည်းသူငယ်ချင်းပဲ၊  ပြောပါ့လားလို့ မေးမယ်ဆိုရင်တော့ အမည်ခံသူငယ်ချင်းပဲပေါ့ဗျာ။ Facebook ကသူငယ်ချင်းတွေကို ကျွန်တော်စကားတောင်ပြောတာမဟုတ်ပါဘူး။ သတင်းတခုခုရဖို့ရယ်၊ မိမိအတွက် စိတ်ဝင်စားစရာတစ်ခုခုရမယ်ဆိုတာရယ်၊ကိုယ်ပိုင် ဒိုင်ယာရီလေး တစ်ခုအဖြစ်သုံးတာပါ။ မရင်းနှီးပါဘူး သူတို့တွေနဲ့။ အဲဒီနှစ်ယောက်တည်းမကဘူးနော်။ နောက်ထပ်လည်းရှိသေးတာ။ နောက်တစ်ခုက Sexy ပုံတွေ ထင်ကြတယ်။ ခေတ်မီတာလား ၊ ခေတ်လွန်တာလားတော့ မပြောတတ်ဘူး။ မိန်းကလေးမှာ ရှိသင့်တဲ့ အရှက်တရားတွေကရော ဘယ်ရောက်သွားပြီလဲ။ ယောက်ျားလေးတွေကတော့ ဘာပြောမလဲ တင်ပေါ့။ မျက်စိတောင် အစာကျွေးလိုက်အုံးမယ်။ ပေါ်ပြူလာဖြစ်ချင်ကြလို့လား၊ သူငယ်ချင်းတွေ များအောင်လို့လား အယူအဆတွေ လွဲမှားနေကြတယ်။ တစ်ချို့ကပြောသေးတယ် ကိုယ်ရည်းစားနဲ့ လွတ်လွတ်ကဲထားတာ တင်တာ ဘယ်သူ့ $ ဂရုစိုက်ရမှာလဲတဲ့။ တင်ထားတဲ့ပုံတွေက ပလူးပလဲ ပုံတွေ။ အင်းပြောရရင်တော့ အများကြီးပဲဗျာ။ ဒါက ဖေ့ဘွတ်ပေါ်မှာနော်။ နောက်တစ်ခုက အပြင်ဘက်လက်တွေ့မှာ ဖြစ်တာတွေပေါ့။ မိန်းကလေးတစ်ယောက် စကက်တိုတိုဝတ်လို့ ဘတ်စ်ကားပေါ်မှာ ပေါင်အကိုက်ခံလိုက်ရတာ အားလုံးလည်းသိကြမှာပါ။ အဲလိုပေါ့ ၀တ်စားဆင်ယင်မှုတွေ ကလည်း  တိုသထက် တိုလာကြတယ်။ ပြောမယ်ဆိုရင် အရမ်းကိုဟော့လာကြတယ်။ ခေတ်မီတာ လက်ခံပါတယ်။ ခေတ်လွန်တာကျတော့ မကောင်းတော့ဘူးပေါ့။  ကောင်လေးတွေ မနောက်ယှက်အောင်တော့ မိမိကိုယ်ကို အရင်ပြင်သင့်တာပေါ့နော်။ ကိုယ်က အတိုလေးတွေဝတ်၊ ဟိုက်လိုက်တွေ ၀တ် မယ်ဆိုရင်တော့ အစခံရတာ၊ အနောက်ခံရတာ ၊ အီခံရတာ နည်းသေးတယ်လို့ အဲလို မိန်းကလေးတွေကိုပြောလိုက်ချင်ပါတယ်။ နောက်ပြီး မယုံရင် စောင့်ကြည့်ပါ။ သင်္ကြန်မှာ ပြဿနာ ပေါင်း သောင်းခြောက်ထောင် ကြားရပါလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲလုပ်ချင်တာ မလုပ်ကြပါနဲ့လို့ အချို့အချို့သော မိန်းကလေးများကို ပြောချင်ပါသည်။   ကိုယ့်ကြောင့် ကိုယ့်မိဘ ၊ကိုယ့်မောင်နှမ ၊ကိုယ့်သူငယ်ချင်းတွေ ပါ ထိခိုက်စေမယ့် အပြုအမှု ၊အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား အားလုံး အားလုံး ဆင်ခြင်ကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါရစေ။ မိန်းကလေးများကို ထိခိုက်စေလိုသော၊ ရှုတ်ချလိုသော ဆန္ဒ လုံးဝ၊ လုံးဝ မပါ ပါ။ ဒီပိုစ့်ကို ဖတ်မိတဲ့သူတွေမှာ လည်း အဲလိုမျိုး မိန်းကလေးတွေ တစ်ယောက်မှ မပါဘူးဆိုတာ ယုံပါတယ်။ ဘာလို့လည်းဆိုရင် အဲလိုမိန်းကလေးများက စာဖတ်ပါ့မလား။ တစ်ချို့ တစ်ချို့သော မိန်းကလေးများကြောင့် နှမချင်း ကိုယ်ချင်းစာမိလို့ ဒီပို့စ်လေးကို ရေးသားတင်ပြ လိုက်ရပါသည်။


အားလုံးကိုလေးစားလျက်....

9 comments:

  1. ကြိုက်တယ် အဲလိုပိုစ်လေးတွေ များများရေးသင့်တယ်။
    ခေတ်မှီတာလား လူမှီတာလား ခေတ်ကိုအကြောင်းပြ
    လုပ်ချင်ရာလုပ်ကြတယ်။ အစွမ်းကုန် အားပေးသွားတယ်။
    မိဘတွေလည်း အုပ်ထိန်းမှု့အတွက် ရေးပေးဦး။





    ခင်မင်စွာဖြင့်
    အလွမ်းမြို့

    ReplyDelete
  2. လူအမျိုးမျိုးစိတ်အထွေထွေပေါ့ မှူးသော်ရေ။ ကိုယ်ကစေတနာနဲ့ ပြောပေမယ့်
    တစ်ခါတစ်ရံဝေဒနာဖြစ်သွားတတ်တယ်။ လူ့တန်ဘိုးကိုနားမလည်တာထင်ပါရဲ့ကွယ်။
    တစ်ချို့ကျတော့မွေးရာပါဗီဇလို့ခေါ်လေမလား ခွေးမြီးကောက်ခြေထောက်စွပ်ဆိုသလို
    ပြောင်းလဲသွားလဲတစ်ဒင်္ဂပဲနောက်တော့ ဒုံရင်းဒုံရင်းဆိုသလိုပေါ့။ တစ်ဦးပေါက်တစ်ယောက်ထွန်း
    မိသားစုတစ်ချို့မှာပါတတ်တယ်လေ။ သတိပေးဆောင်းပါးလေးကိုအားပေးသွားပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဒီပိုစ့်ကိုလာဖတ်သွားပါတယ်..:P
    အရင်ကတော့ အမရေးတယ် မူသော်ရေ
    အခုနောက်ဘာမှမထူးတာနဲ့ရေးရတာမရေးချင်တော့တာ.
    ကိုယ့်ကိုကိုယ်ပဲဆင်ခြင်ရင် ကိုယ်ပတ်ဝန်းကျင်ကိုဆုံးမရင်ပေါ့

    ReplyDelete
  4. ဟုတ်တယ် အစ်ကိုရေ...ဒါမျိုးတွေက အများကြီးဘဲဗျ....ဖေ့စ်ဘုတ်မှာ ဒီထက်ဆိုးတာတွေရှိသေးတယ်..... ခေတ်မှီတာ နဲ့ ခေတ်လွန်တာကို မခွဲတတ်ကြတဲကလူတွေများလာပြီထင်တယ်ဗျာ..ယဉ်ကျေးမှု့ကိုတော့ စောင့်ထိန်းသင့်သလို တစ်ဖက်ကလည်း ခေတ်ရေစီးထဲမျောပါရမယ်လို့ထင်တယ်ဗျာ.....မကြီးလွမ်းအပေါ်မှာပြောသွားသလို မိဘအုပ်ထိန်းမှု့အကြောင်းလည်း ရေးသင့်တယ.်ဗျ....ရေးပါဦး....အားပေးနေပါတယ်....

    ReplyDelete
  5. ဖြူဝင်း10:13 AM

    ရေးထားတာကောင်းတယ် တကယ်လဲမိန်းကလေးတွေဆင်ခြင်သင့်တယ်

    ReplyDelete
  6. Anonymous8:02 PM

    လင်မောင် မောင်
    မဆင် ချင် လို့တော့ဆူပေါ ဖက်ကျ လဲဖကက်ပေါက်မှာပဲ
    ဖက်ပေါ်ဆူးကျ လဲဖက်ပေါက် မှာ ပဲ

    ReplyDelete
  7. ကောင်းပါ တယ် အကို
    ဒါ မေမဲ့ လူ ဆိုတာ က ကိုယ့် ကြရာ ဇာတ်ရှပ် ကို ကိုယ် က ရတာပဲလေး သူတို့ အတွေး နေမှာ ပေါ့ ဗျာ ။။။။။။။။။
    အကိုတင်တဲ့ ပို့စ် လေး ပညာသားပြီး တော်တော် ကောင်းပါတယ် အကို ....

    ReplyDelete
  8. Anonymous11:09 AM

    Excellent weblog here! Additionally your web site rather a lot up very fast!
    What web host are you the use of? Can I am getting
    your associate hyperlink in your host? I want my site loaded up as fast as yours lol

    My webpage ... ford ranger forum

    ReplyDelete
  9. Anonymous1:35 AM

    Hi there! Do you know if they make any plugins to safeguard against hackers?
    I'm kinda paranoid about losing everything I've worked hard on.

    Any tips?

    My weblog ford Ranger

    ReplyDelete