Pages

Sunday, September 30

ချစ်သူကိုပေးဖို့ ဆော့ဝဲလ်


ဒီတစ်ခါတော့ ချစ်သူကောင်မလေးက ကွန်ပျူတာသုံးမယ်ဆိုရင် ဒီကောင်လေးကို လက်ဆောင် ပေးလိုက်နော်။ မိုက်တယ် Desktop ပေါ်မှာ အသဲပုံလေးတွေ ပျံနေပြီးတော့ I love you  ဆိုတဲ့ စာတန်းလေး က ပေါ်လိုက်ပျောက်လိုက်ပုံစံလေး။ ဒီကောင်လေးကို စ run လိုက်ရင် တီးလုံးသံလေး ပါတယ်။ ပြီးရင်တော့ တီးလုံးလေးပျောက်သွားတယ် ။ Effect လေးတွေပဲ ပေါ်တယ်။ ပိတ်ချင်ရင် အသဲပုံလေတစ်ခုခု ပေါ်ကို right click ထောက်လိုက်ပါ။ close ဆိုတာပါ တယ်။  ဖိုင်ဆိုဒ်က 1 MB ပဲရှိတာနော်။



စိတ်ဝင်စားရင် အောက်မှာဒေါင်းလို်က်နော် ။ ဒေါင်းတဲ့နေရာမှာ ချက်ချင်းကျမလာရင် အောက်ကပုံစံလေးမှာ click here ဆိုတာကိုနှိပ်ပါ။ 

Your file download should start immediately.
If it does not start automatically, please click here to start the download process.


To download >> Adrive@

အားလုံးကိုလေးစားလျက်.....

Wifi password hack နည်း


ဘာလည်းတော့မသိဘူး ဖေ့ဘွတ်မှာတွေ့လိုက်လို့ ရှယ်လိုက်တယ်။ wifi မသုံးတော့ ကျွန်တော့်အတွက်တော့ အခုလောလောဆယ် အသုံးမဝင်ဘူး။ စမ်းကြည့်ချင်သူများဖတ်ကြည့်နော်။ 

WIFI Password ခိုးနည်းလေး ပေးလိုက်ပါတယ် ?

ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက် WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D ကဲ လုပ်ကြည့်နော်.. ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်

WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။
အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။ အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်။

လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..

ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။

ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။

လုပ်နည်းလေးကတော့။

အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။

အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

Bitdefender Ineternet Security 2013 + crack


ကျွန်တော် ဒီတစ်ခါ Bitdefender Internet Security 2013 လေးတင်ပေးလိုက်ပါတယ်။ crack ဖိုင်လေးပါ ပါတယ်။   အင်တာနက်ချိတ်ဆက်ပြီး အသုံးပြုသူတိုင်း  ရိုးရိုး Anitivirus ကို အသုံးပြုမယ့် အစား  Ineternet Security ကို အသုံးပြုတာက ပိုပြီးကောင်းပါတယ် ။ Antivirus ဆိုတာက Internet ကနေလာတဲ့ Maleware ကို မသတ်နိုင်ပါဘူး။ အိမ်မှာအင်တာနက်မချိတ်ဘဲအသုံးပြုသူများ အတွက် က ရိုးရိုး Antivirus ကိုသုံးသင့်ပါတယ်။ crack ဖြေနည်းလေးကို ဒီမှာ ပြန်ကြည့်လိုက်ပါ။ 2012 ကနဲ့ အတူတူ ပါပဲ။   windows 8 မှာလည်းအတူတူပါပဲခင်ဗျာ။

For 32 bit >> adrive@

For 64 bit >> adrive@


For crack >> Mediafire  

For crack >> Adrive

Crack  file password >>  didiek


အားလုံးကိုလေးစားလျက်......

Friday, September 28

Tekken 3 game for PC




ဒီတစ်ခါတော့ Fighter ဂိမ်းလေးတစ်ခုတင်ပေးလိုက်တယ်။ ငယ်ငယ်တုန်းကဆော့ခဲ့ ဘူးတဲ့ဂိမ်းလေးပါ။ အခုကွန်ပျူတာ (PC )မှာဆော့ချင်သူများအတွက်တင်ပေးလိုက်ပါတယ်။  ဖိုင်ဆိုဒ်က 33 MB ပဲရှိပါတယ်။  အသုံးပြုပုံကဒီလိုလေးပါ။ ပထမဆုံး ပေးထားတဲ့ဖိုင်လေးကို ဖြေလိုက်ပါ။  Folder ထဲမှာ အောက်ပုံစံလေးကိုအရင်ဆုံးကလစ်ပေးပါ။

ပြီးရင်အောက် ပုံစံလေးကိုထပ်ကစ်ပေးပါ။ 

ဒါဆိုရင်ဆော့လို့ရပါပြီ။ 

အကောင်ရွေးတာဘာညာက keyboard က v ကိုရွေးပါ။ အကောင်ရွေးပြီးရင် z ကိုနှိပ်ပါ။သိုင်းကွက်ကတော့ လျှောက်သာနှိပ်လိုက် ထွက်လာလိမ့်မယ်။

To download >> Adrive@


အဆင်ပြေပါစေ.....

အားလုံးကိုလေးစားလျက်......

Thursday, September 27

unicode နဲ့ရေးသောဆိုက်များ unicode မသုံးဘဲ ဖတ်မယ်


ဒီတစ်ခါ တော့ ကျွန်တော်တို့ unicode နဲ့ ရေးထားတဲ့ဆိုက်တွေကို zawgyi one သုံးထားရင်ဖတ်လို့မရပါဘူး။ အဲဒါကို ဖတ်လို့ရအောင် firefox add on လေးတစ်ခုတင်ပေးလိုက်ပါတယ်။  အစ်ကိုတစ်ယောက်မေးလ်ပို့ထားတာလည်းပါတယ်။ BBC မြန်မာပိုင်းကို ဖတ်လို့မရဘူးလို့ပြောပါတယ်။ အဲဒါကြောင့် ရှာပေးလိုက်ပါတယ်။  တခြားသူတွေလည်း အဆင်ပြေအောင်ပေါ့။ အသုံးပြုနည်းကလွယ် လွယ်လေးပါ။ ကျွန်တော်ပေးထားတဲ့လင့်လေးကို ကလစ်ပေးပြီးတော့ firefox မှာ install လုပ်လိုက်ရင် ရပါပြီ။  အဲလိုမှမဟုတ်ရင် နောက်တစ်နည်းရှိပါသေးတယ်။ ဘာလဲဆိုတော့ firefox Tools ကနေ option ကိုသွားပါ။ ပြီးရင် Content ဆိုတဲ့ကောင်လေးကို ကလစ်ပေးပါ။ပြီးရင် အောက်မှာ  Default font မှာ zawgyi one ချိန်းပါ။အဲဒီဘေးနားက Advanced ကိုကလစ်ပေးပါ။ ပြီးရင်အောက်ကပုံလေးအတိုင်းပြောင်းပါ။ ဒါဆိုရင် အဆင်ပြေပါပြီ။ 


အဆင်ပြေပါစေ...

အားလုံးကိုလေးစားလျက်.....

Notepad နဲ့ Diary ရေးမယ်


ဒီနည်းလေးက ဘာမှတော့မဟုတ်ပါဘူး။ ကွန်ပျူတာမှာ Diary ရေးချင်သူများအတွက် ပါ။  သူက Notepad နဲ့ ရိုးရိုးရေးတာကိုမှ နည်းနည်းလေး ကညွှန့်လိုက်တာပါ။ ကျွန်တော်တို့ ပုံမှန်ရေးတယ်ဆိုရင် Notepad က ရက်စွဲကို မမှတ်ပေးပါဘူး။ ဒီနည်းလေးက ရက်စွဲလေးပါ တစ်ခါတည်းမှတ်ပေးထားပါတယ်။ ဘယ်လိုလည်းဆိုရင် Notepad ကိုဖွင့်ပါ။ ဘာမှမရေးသေးပဲနဲ့။ ထိပ်ဆုံးမှာ .LOG  ဆိုတာကို ရေးပါ။ ပြီးမှ မိမိရေးလိုသော Diary ကိုစရေးပါ ။ ပြီးရင် save လုပ်တဲ့အခါမှာ   unicode နဲ့ save ပါ။ ဒါမှပြန်ဖွင့်တဲ့အခါ မြန်မာလို မြင်ရမှာဖြစ်ပါတယ်။ အောက်ကပုံလေးကို နမူနာကြည့်ပါ။ 




အားလုံးကိုလေးစားလျက်......

Tuesday, September 25

Windows error လေး တစ်ချို့



Windows error တွေထဲကအရင်ဆုံး စက်တက်တာ ကြာတဲ့အကြောင်း ကနေစကြ ရအောင် စက်တက်တာမြန်ချင်တယ်ဆိုရင်တော့ start > run> msconfig ကနေ Boot tab က timeout 30 seconds ကနေ လျော့ပေးလိုက်ပါ ပြီးတော့ Boot screen တက်နေတာမကြိုက်ရင်ဒါမှမဟုတ်ဖြုတ်ထားချင်ရင်တော့ NoGUI Boot ကိုအမှန်ခြစ်ပေးထားလိုက်ပါပြီးရင်
Apply > Ok ပေါ့ ဒါဆိုခုဏ ကချိန်ထားပေးတဲ့ Timeout seconds အတွင်းမှာ Boot ကိုရအောင်တက်ပေးလိမ့်မယ် အားသာချက်ရှိသလိုဆိုးကျိုးလဲရှိနေပါတယ် Boot time ကိုမြန်မြန်တက်ပေးပေမဲ့ Boot time မှာလုပ်နေကျ Test တွေကိုတော့ကျော်သွားမှာဖြစ်လို့ကြာရင် Files error တွေ Memory test error တွေကြုံလာနိုင်ပါတယ်
နောက်တစ်ခုကတော့ Startup tab ကအမှန်ခြစ်တွေ အကုန်ဖြုတ်ထား  လိုက်ပေါ့ဒါက အားလုံးသိပြီးသားပါ နောက် Windows ထဲမှာစက်ကိုလေးမနေစေချင်ရင်လည်း start> run > msconfig ကနေ Services tab ကဖြုတ်လို့ရတဲ့အမှန်ခြစ်တွေဖြုတ်ထားနိုင်ပါတယ် အလွယ်ဆုံးကတော့ ဘယ် services တွေ run နေလဲ ဘယ် services တွေ stopping ဖြစ်နေလဲဆိုတာကိုကြည့်လိုက်ပါ အဲ့ဒီထဲကမှ တချို့ stopping ဖြစ်နေတဲ့ services တွေကို ဖြုတ်ထားနိုင်ပါတယ် ပြီးတော့ Network သုံးနေလား မသုံးဘူးဆိုရင် network နဲ့ပက်သက်တာတွေအကုန်ဖြုတ်ထားနိုင်ပါတယ်

Sunday, September 23

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်



အကြောင်းအမျိုးမျိုးကြောင့် Laptop များကိုမီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကိုသုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် အောက်ပါ အတိုင်းဆောင် ရွက်နိုင်ပါသည်။

၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။ 
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကိုပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကိုလျော့ချ၍သုံးစွဲရန်လိုအပ်ပါသည်။ Brightness ကိုလျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။
More power options
More power options

Power options window ပွင့်လာသောအခါ အောက်ဖော်ပြပါပုံအတိုင်း screen brightness ကို အနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်း ကောင်းမွန်စေပါသည်။

decrease screen brightness
decrease screen brightness

Friday, September 21

ပျိုမေတို့အတွက် ချစ်သူမောင်၏ အသွင်ပြင်လက္ခဏာများ



* မကာရ ရာသီ > CAPRICORN *
ပြာသိုလဖွား December 22nd to January 20th


ဒီဇင်ဘာ ၂၂ ရက်နေ့ က စပြီး ဇန်နဝါရီ ၂၀ နေ့ အတွင်း မွေးဖွားသူ ပျိုလေးတို့ ချစ်သူမောင်ကို မကာရ ရာသီဖွားလို့ ခေါ်ရ     မယ်။ မကန်း ရုပ်ပုံကို အစွဲပြု ခေါ်တွင်တာဖြစ်ပြီး မြေဓာတ်ကြီးစိုးချိန် ဖြစ်တဲ့ အပြင်စနေဂြိုဟ် စိုးမိုးနေချိန် ဖြစ်တာမို့ အဲဒီလကို မကာရ ရာသီလို့ ခေါ်တွင်ကြတယ်။ မြန်မာအခေါ်က ပြာသို လ ဖြစ်တယ်။
-------------
၁. ရုပ်သွင်
-------------
အရပ်ပုသူ ဖြစ်တတ်တယ်။ ရင်အုပ်တွေ မကျယ်တဲ့အပြင် သာမန်ထက်ကျဉ်းမြောင်းဟန်ရှိ တယ်။ဒါကြောင့် ဝင့်ကြွားထည်ဝါတဲ့ ဟန်ကို မတွေ့ နိုင်ဘူး။ အထက်ပိုင်းကြီးသူဖြစ်လျှင် အောက်ပိုင်း အားနည်း ကြုံလှီကြ သူများ ဖြစ်တယ်။ အရပ်အမောင်း အဆင်ပြေ အချိုးကျသူ နည်းပါးတဲ့ သူတွေ ဖြစ်တယ်။ သူတို့ ရဲ့ သွားများ ကြီးတတ်တယ်။ သို့ မဟုတ် သွားမြင့်မောက်စွာ ဖွဲ့ စည်းတတ်တယ်။ မျက်ခုံး   မွေး ထူထဲ နက်မှောင်သလို ဆံပင်  လည်း နက်မှောင်တတ်တယ်။ အချို့ ထိပ်ပြောင်တတ်သူတွေ ဖြစ်မယ်။ လည်းပင်းကတော့ သေးသွယ်မယ်။  ရှည်လျားမယ်။
---------------

Wednesday, September 19

Animated Wallpaper Maker +serial key


Animation လေးတွေကို ကိုယ်တိုင်ဖန်တီးပြီးတော့  Desktop ပေါ်မှာ ထားချင်သူများအတွက် wallpaper maker လေးတစ်ခုတင်ပေးလိုက်ပါတယ်။  ကျွန်တ်ာတော့ သုံးရတာသဘောကျတယ်ဗျာ။ အသုံးပြုနည်းက wp maker လေးကို install လုပ်ပါ။ ပြီးရင် keygen ကိုကလစ်ပေးပါ။ အဲဒီမှာ serial  key လေးတွေ ပေါ်လာပါလိမ့်မယ်။ wp maker လေးရဲ့ညာဘက်ထိပ်မှာ သော့ပုံစံလေးကို ကလစ်ပေးပြီးထည့်ပါ။ ဒါဆိုရင်အသုံးပြုလို့ရပါပြီး သူက နမူနာတွေပါ ပေးထားပါတယ်။ အရင်ကဆိုရင် wallpaper ကို background ကို ပုံတွေပဲထားတာ ။ အခုတော့ဒီကောင်လေးသုံးပြီး Desktop မှာ လိပ်ပြာလေးတွေ ပျံခိုင်းထားလိုက်တယ် ။ ဒီလိုလေးပေါ့။


ဒါလေးကနမူနာပေါ့ ။ မျိုးစုံလုပ်လို့ရတယ်။ ပုံလေးတွေကို ရေလိုလှုပ်နေတာတို့။ မြက်ခင်းစိမ်းလေးတွေ တို့ effect တွေအများကြီးပါတယ်။သုံးကြည့်ပေါ့ဗျာ။ save နည်းလေး မသိမှာစိုးလို့ အောက်ပုံကိုကြည့်ပါ။

Avira Antivirus 2012 + crack


ဒီတစ်ခါ antivius လေးတစ်ခုတင်ပေးလို်က်ပါတယ်။ Avira သုံးချင်သူများအတွက်ပါ။ အသုံးပြုနည်းတော့ မပြောတော့ပါဘူး ။  အသုံးလိုမည့်သူများအောက်မှာဒေါင်းလိုက်ပါ။ 

To download >> Avira

For crack >>  avira crack

အားလုံးကိုလေးစားလျက်....

Tuesday, September 18

ချစ်ခဲ့ဖူးလား( ကလေးသီချင်း)


Youtube မှာလိုက်ရှာရင်း အဲသီချင်းလေးတွေ့လာလို့ တင်လိုက်တာ။ ကလေးတစ်ယောက်ဆိုထားတာ။ နားထောင်လို့ကောင်းတယ် ။ ထိုင်းဇာတ်ကားလေးနဲ့ ဖန်တီးထားတာ။ ဘယ်သူလဲတော့မသိဘူး။ အဲဒီထိုင်းကားလေး ကိုကြည့်ချင်တယ်ဆိုရင် လင့်ပါပေးထားတယ်နော်။ သူက ဒေါင်းလော့ချပြီးကြည့်ရမယ်။  Youtube မှာ အပိုင်းလိုက်ကြည့်လို့လည်းရ တယ်။ My girl (2003) Thai movie လို့သာရိုက်ချလိုက်။ အခုကျွန်တော်ပေးထားတဲ့ လင့်ကနေဒေါင်းလော့ချပြီးကြည့်မယ်ဆိုရင Eng subtitle ပါ တခါတည်းပါ တယ်။
ဒါက သီချင်းလေးပေါ့။


ဇာတ်ကားကြည့်ချင်တယ်ဆိုရင်အောက်မှာသွားလိုက်ပါ။


From youtube >> part 1

From youtueb >> part 2

အားလုံးကိုလေးစားလျက်.....

ဒေါ်လာ “ $ ” သင်္ကေတ၏ မူလအစ





အမေရိကန် ဒေါ်လာကို ငွေကြေးစံအဖြစ် ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ မက္ကဆီကို နှင့် အခြားနိုင်ငံများတွင် သုံးစွဲလျှက်ရှိကြသည်။ အမေရိကန်ဒေါ်လာငွေ နှင့် ၎င်းငွေ၏ သင်္ကေတဖြစ် သည့် “ $ ” ၏သမိုင်းကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

“ ဒေါ်လာ ” ဟူသောဝေါဟာရမှာ ရှေးဟောင်း ဂျာမန်ငွေဒင်္ဂါး ( Thaler ) မှ ဆင်းသက်လာသည်။ Thaler မှာ Joachimsthalar ၏ အတိုကောက်ဖြစ်သည်။ Joachimsthaler သည် ဗိုဟီးမီးယားနိုင်ငံ မှ မြို့ငယ်လေးတစ်မြို့ဖြစ်၍ ၎င်းမြို့အနီး တွင် (၁၆ ) ရာစု နှစ်အစပိုင်းလောက်က အလွန်အောင်မြင် သည့် ငွေသတ္တု တွင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။

၎င်းမြို့မှ မြေရှင်ပဒေသရာဇ်တို့က ၎င်းသတ္တုများဖြင့် ငွေဒင်္ဂါးများ သွန်းလုပ်ကြသည်။ ယင်းငွေဒင်္ဂါးများ၏ အရည်အသွေးမှာ ကောင်းမွန်သဖြင့် မကြာမီအချိန်အတွင်း ဥရောပ တစ်ဝန်း သုံးစွဲလာကြသည်။ ယင်းဒင်္ဂါးနှင့်အလားတူ ထုတ်လုပ်သည့် ဒင်္ဂါးများကို Joachimsthaler ဟုခေါ်၍ အတိုကောက် Thaler ဟုခေါ်သည်။

Monday, September 17

youtube က သီချင်းတွေကို repeat လုပ်နားထောင်မယ်


ကျွန်တော်တို့ youtube က သီချင်းတွေနားထောင်တဲ့ အခါ တစ်ခေါက်ပဲရပါတယ်။ အဲဒါကို player တွေမှာလို repeat ပေးပြီး နားထောင်ချင်သူများအတွက် ပြောပြပါ့မယ်။ မသိသေးသောသူများ အတွက်ပါ။ တကယ့်လွယ်လွယ်လေးပါ။ ထမင်းစားရေသောက်တောင်ခက်နေအုံးမယ်။ ဒီလိုပါ။  ကျွန်တော်တို့ youtube မှာ မိမိ နားထောင်ချင်သော သီချင်းကို ရှာလိုက်ပါ။ 


အဲလိုလေးရှာပြီး ပြီဆိုရင် အပေါ်က url လင့်ကို သွားပါ။ အဝါနဲ့ပြထားတဲ့နေရာ။ အဲဒီ youtube ဆိုတာရဲ့ နောက်မှာ repeat ဆိုတာလေး ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ 

ရေခဲသေတ္တာထဲ အမြဲမထားသင့်သောအရာများ


၁။ နို့ နှင့် နို့ထွက်ပစ္စည်းများ ၊

၂။ မွေးမြူရေးကြက်ဥ၊

၃။ မာဂျရင်းနှင့် ထောပတ်၊
(မာဂျရင်းကတော့ ထောပတ်နဲ့ပုံစံတူပါတယ်၊ ကိတ်မုန့်လုပ်တာတို့ ၊ ပူတင်းလုပ်တဲ့နေရာတို့ မှာသုံးလေ့ရှိပါတယ်။ )

၎။ မေရိုးနိစ်၊ ( အဆီခဲပျစ်ပျစ်တွေပါတဲ့ ၊ ကြားဖူးဘူး )

၅။ Ketchup (ဆော့စ် အမျိုးမျိုး)၊

၆။ အသားလွှာ ၊

၇။ ပြုပြင်းထားသည့်အသားများနှင့် ဝက်ပေါင်ခြောက်၊

၈။ ဒိန်ချဉ်၊

၉။ တိုဟူး ၊ 

၁၀။ ဖျော်ရည်၊ 

၁၁။ ဆော်ဒါ

၁၂။ စူပါမားကတ်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Dressings) 
(အခုမှကြားဖူးတယ်၊ သူက ကျွန်တော်ထင်ပါတယ် ထောပတ်တို့၊ ရှာလကာရည်တို့နဲ့ ပုံစံတူမယ်။ ရှာကြည့်တော့ အဲလိုအရည်ဗူးပုံလေးတွေ တွေ့တယ်။ )

ထည့်သင့်တဲ့အစားအစာတွေကတော့ အသီးအရွက်တွေနဲ့ လတ်လတ်ဆတ်ဆတ်အသားတွေပါတဲ့ ။ အသေးစိတ်ကိုနောက်မှရေးပေးပါ့မယ်ခင်ဗျာ)

ဒေါက်တာခင်မိုးမိုး

Sunday, September 16

ဘယ်သူ့အတွက်လဲ (သီချင်း)


ဒီနေ့ပျင်းလို့ သီချင်းနားထောင်နေတာ။ ဒီသီချင်းလေး မနှစ်တုန်းကလုပ်ထားတာ။ မှတ်မှတ်ရရ 2011 ခြောက်လပိုင်းတုန်းက။ အခုမှတင်ဖြစ်တယ်။ သီချင်းကြိုက်သူများ ခံစားနားဆင်ပေးနော်။ 


အားလုံးကိုလေးစားလျက်.....

Cyberlink PowerDirector 10 + crack


ဗွီဒီယို Editing လုပ်တဲ့နေရာမှာကျွန်တော် အကြိုက်ဆုံးတစ်ခုပါပဲ။ တော်တော်လည်းသဘောကျတယ်။ မိမိလို သလို လုပ်လို့ရတယ်။ ဖြတ်ညှပ်ကပ်၊  စာလုံးလေးတွေထည့်တာ၊  ဇာတ်ဝင်ခန်းလေးတွေနဲ့ သီချင်းလေးတွေ ပေါင်းထည့်တာ၊ တော်တော်ကို ကောင်းတယ်ဗျာ။ ကျွန်တော်အရင်က သုံးတာ version 8 တို့ 9 တို့သုံးတာ အခု လျှောက်ရှာရင်း version 10 လေးတွေ့လာလို့ တင်ပေးလိုက်ပါတယ်။  ဖိုင်ဆိုက်ကတော့နည်းနည်းကြီးတယ်ဗျာ။  500 MB ကျော်တယ်။  Full version ဖြစ်အောင် Simkey ထဲကကောင်လေးကို copy လုပ်ပြီး C:\Program Files\CyberLink\PowerDirector10 အဲဒီရောက်အောင်သွားပြီး copy and replace လုပ်ပါ။ ဒါဆိုရင်ရပါပြီ။ 16.11.2012 လင့်အသစ်ပြင်ပြီး ။


To download >> part 1

To download >> part 2

To download >> part 3

To download >> part 4

To download >> part 5

To download >> part 6

To download >> part 7

To download >> part 8

To download >> part 9

To download >> part 10

To download >> part 11

To download >> part 12

အားလုံးကိုလေးစားလျက်..

Timer shutdown


ကျွန်တော်တို့ ညအိပ်တဲ့အခါ သီချင်းနားထောင်တတ်သူများအတွက် Timer shutdown လေးတစ်ခု တင်ပေးလိုက်ပါတယ်။ သီချင်းနားထောင်တာမှ မဟုတ်ပါဘူး။ တခြား အလုပ်တွေများနေလို့ နားချိန် တောင်မေ့နေတဲ့သူများအတွက်လည်း အဆင်ပြေတာပေါ့။ အသုံးလိုမည့်သူများအောက်မှာဒေါင်း လိုက်နော်။ 

To download >> minus@

Sagasoft Power MP3 Cutter Joiner 1.12


Mp-3 လေးတွေကို လိုသလို ပိုင်းဖြတ်ချင်သူများအတွက်  mp-3 cutter လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးလိုမည့်သူများအောက်မှာဒေါင်းလိုက်ပါ။ 


To download >> minus@

Any Video Converter Ultimate 4.4.0


Video converter လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးလိုသူများအောက်မှာဒေါင်းလိုက်ပါ။


To download >> mediafire

Power iso burner+serial key


ဒီတစ်ခါ CD, DVD burner လေးတစ်ခုတင်ပေးလိုက်ပါတယ်။  အရင်တစ်ခါလည်းတင်ပေးထားပါတယ်။ ဒါလေးက နောက်တစ်ခုပေါ့ဗျာ။ ကီးထည့်နည်းက  keygen ဖိုင်လေးထဲက ကောင်လေးကို ကလစ်ပေးပါ။ ပြီးရင် generate ကိုကလစ်ပေးလိုက်ပါ။ Name နဲ့ serial key နဲ့ရပါပြီ။  
To download >> minus@

Saturday, September 15

လောကမှာ အခမဲ့ရတဲ့ အရာတွေက တန်ဖိုးအရှိဆုံးပါတဲ့


နေရောင်ခြည်

အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ် ချပ်မှ ပေးစရာမလိုခဲ့ဘူး။

လေ

အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။

မိသားစုသံယောဇဉ်

အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။

Friday, September 14

ImToo video editor + serial key


ကျွန်တော်ဒီတစ်ခါ video editor အသေးစားလေးတစ်ခုတင်ပေးလိုက်ပါတယ်။ သူရဲ့လုပ်ဆောင်ချက်တွေက videos တွေကို တစ်ခုနဲ့တစ်ခုဆက်ပေးတာ၊ မိမိလိုချင်တဲ့အပိုင်းကို ပိုင်းဖြတ်တာ ၊ ပြီးတော့ split လုပ်တာ စတာတွေကို လုပ်ဆောင်ပေးပါတယ်။  အဲဒီမှာ ဖြတ်တာ(cut)နဲ့ split လုပ်တာ က မတူပါဘူး။ cut ဆိုတာက video တစ်ခုမှာ   မိမိလိုချင်တဲ့ အပိုင်းလေးတစ်ပိုင်းကိုပဲ ဖြတ်တာ။ split က video ကြီးတစ်ခုလုံးကို အစိတ်အစိတ်အပိုင်းပိုင်း ခွဲထုတ်ပစ်တာပေါ့။ split လုပ်တဲ့နေရာမှာ 50 MB ရှိတယ်ဆိုပါစို့။ 10 MB စီ ခွဲပစ်လို့ရတယ်။ winrar လိုပုံစံမျိုးပေါ့။ ဒါက video ကို split လုပ်တာ။  အသုံးမည့်သူများ အောက်မှာဒေါင်းလိုက်နော်။  username နဲ့ serial key ပါ ရှာပေးထားပါတယ်။ register ဆိုတဲ့အမှန်ခြစ်လေးထဲမှာ username နဲ့ serial key ထည့်ရပါမယ်။


To download >> minus@

အသိပေးစကားစုများ(၂)



(၁၁)
မြင်တဲ့အတိုင်း အမှန်ဖြစ်မှ 
အမှန်အတိုင်း မြင်တယ်လို့ခေးတယ်။
မြင်တဲ့အတိုင်း မှန်၊ မမှန်
ကြားတဲ့အတိုင်း မှန်၊ မမှန် 
ဆန်းစစ်ရမယ်။

(၁၂)
အရာရာကိုအောင်မြင်နိုင်ဖို့ 
မိမိရဲ့ အရာရောက်မှုကို
မြှင့်တင်ပေးရမယ်။

(၁၃)
အဟုတ်ပါလားလို့ ထင်တားသမျှတွေဟာ 
လွဲနေတတ်သလို 
မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း 
မှန်နေတတ်ပြန်တယ်။ 

(၁၄)
ကိုယ့်စကားကို 
သူ နားထောင်စေချင်ရင် 
သူ့ စကားကို 
အရင် သေသေချာချာ 
နားထောင်ပေးလိုက်ပါအုံး။

(၁၅)
အရေးအကြီးဆုံး ဆိုတာတွေဟာ 
ဘာမျှမဟုတ်ပါလား လို့ 
နားလည်ပြီးတော့ 
ဘာမျှ မဟုတ်တဲ့သဘော  ကို
သိဖို့က အရေးကြီးဆုံးပါပဲ။ 

Windows 7 loader


ကျွန်တော် ဒီတစ်ခါ windows 7 တင်ပြီးတိုင်း genius မကိုက်အောင် loader လေးတင်ပေးလိုက်ပါတယ်။ မသိသေးသောသူများ အတွက်ပါ။ windows  genius ဖြစ်မှသုံးလည်းရပါတယ်။ အကောင်းဆုံးကတော့ windows တင်ပြီး တစ်ခါတည်း install လုပ်ထားတာအကောင်းဆုံးပေါ့ဗျာ။ အခု ကျွန်တော် နှစ်မျိုးတင်ပေး လိုက်ပါတယ်။ ကိုက်ညီမယ့် ကောင်လေးကိုသုံးပေါ့ဗျာ။  loader တိုင်းက စက်တိုင်းနဲ့ မကိုက်ညီပါဘူး။ 

 

To download 1 >> minus@

To download  2 >> minus@

အားလုံးကိုလေးစားလျက်.....