Message Center Number ပြောင်းလဲ၍ အခမဲ့ပို့လို့ရသောသတင်းမှာ အရမ်းလူသိများသွားသောကြောင့် မြန်မာ့ဆက်သွယ်ရေးမှ ယနေ့နေ့လည်ပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အသုံးပြု၍မရတော့အောင် ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါသည်။
Saturday, December 3
Friday, December 2
စကားအင်္ဂါရပ် (၁၀) ပါး
မသိသေးသော သူများအတွက်ပြန်လည် ဖော်ပြလိုက်ပါသည်။
၁ ။ ကာလ၀ါဒီ ပြောချိန် ပြောခွင့်သင့်မှ ပြောခြင်း ။
၂ ။ ဘူတ၀ါဒီ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း ။
၃ ။ ဓမ္မ၀ါဒီ တရားနှင့်ဆက်စပ်သည်ကိုသာ ပြောဆိုခြင်း ။
၎ ။ အတ္တ၀ါဒီ အကျိုးစီးပွားနှင့် ဆက်သွယ်သည်ကိုသာ ပြောဆိုခြင်း ။
၅ ။ ပီယ၀ါဒီ ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း ။
၆ ။ မိဟိတပုဗ္ဗဘာဏီ ပြုံးရွှင်စွာ ပြောဆိုခြင်း ။
၇ ။ မိတဘာဏီ မတိုမရှည် ချင့်ချိန်ပြောဆိုခြင်း ။
၈ ။ အတုရိတ၀ါဒီ အဆောတလျင် အရင်စလို မပြောဆိုရခြင်း ။
၉ ။ ပေါရီ မြို့  ကြီးသူ မြို့ ကြီးသားတို့ အသုံးမနှုန်း အတိုင်း ပြောဆိုခြင်း ။
၁၀။ ၀ိသဒ၀ါဒီ တိကျပြတ်သား သန့်ရှင်းသေချာစွာ ပြောဆိုခြင်း ။
စာဖတ်သူများလည်း လိုက်နိုင်ကျင့်သုံးနိုင်ကြပါစေ.....
အားလုံးကိုလေးစားလျက်

Labels:
အတွေးအခေါ်
cmd command box အရောင်ပြောင်းမယ်
ကျွန်တော် ဒီတခါပြောပြချင်တာက cmd command box အရောင်ပြောင်းတာကိုပြောပြပါ့မယ်။ မသိသေးသော သူများအတွက်ပါ။ cmd command box တွေက အနက်ရောင် background နဲ့သုံးကြတာများပါတယ် ။ အရောင်လေးနဲ့ ဆန်းဆန်းသုံးချင်သူများအတွက်ပါ။ လုပ်နည်းက run (windows+r) ကိုခေါ်လိုက်ပါ။ run ထဲမှာ cmd ရိုက်ပါ။ cmd command box ရဲ့အပေါ် ဘားတန်းလေးကို right click ထောက်လိုက်ပါ။ Properties ကို ရွေးပါ။ ပြီးရင် color ဆိုတာကိုထပ်ရွေးပါ။အဲဒီမှာ မိမိစိတ်ကြိုက် အရောင်ကိုပြောင်းပါ။ အိုကေပါပြီ။
အားလုံးကိုလေးစားလျက်
အားလုံးကိုလေးစားလျက်
Labels:
ကွန်ပျူတာ
Thursday, December 1
Message Free ပို့မယ်
ကျွန်တော်ဒီတခါ forward mail ကရတဲ့ အကြောင်းအရာလေးကိုဖော်ပြပါ့မယ်။သူက Message Free ပို့လို့ရတယ်လို့ပြောတယ်။ မသိသေးသူများအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။ ကျွန်တော်ကတော့ ဖုန်းမရှိသေးတော့ စမ်းရသေးဘူး။
၁။သင့်ဖုန်းကGSMဖုန်းဖြစ်ပါစေ။
၂၊ဖုန်းရဲ့ Message ကိုသွားပါ။
၃။Message Setting ကိုဝင်ပါ။
၎။Message Center ကိုသွားပါ။
၅။အဲဒိမှာ *********003 လို့တွေ့ပါလိမ့်မယ်။
၆။အဲဒိကနောက်ဆုံးနှစ်လုံး 03 ကို 14 လို့ပြင်လိုက်ပါ။
၇။ပြီးရင်အပေါ်မှာဘာမှမရေးထားရင် SIM Center 1 လို့ပြင်လိုက်ပါ။
၈။တစ်ချို့ဖုန်းတွေမှာပြင်စရာ မလိုပါဘူး။
၉။ပြင်ပြီးသွားပြီဆိုရင် ပိုက်ဆံစစ်ပြီး တစ်စောင်လောက်စမ်းပို့ကြည့်ပါ။
၁၀။ပိုက်ဆံကုန်တယ်ဆိုရင် အထက်ပါအချက်တွေ ကိုပြန်စစ်ပါ။ ပို က်ဆံမကုန်တော့ ဘူးဆိုရင်တော့အော င်မြင်သွားပါပြီ။
ကျေးဇူးတင်ပါတယ်။မရတဲ့သူတွေ ၀၉၄၃၁၅၈၄၈၅ ကိုဖုန်းဆက်ပြီးအသေးစိတ်မေးမြန်းနိုင်ပါတယ်။
Labels:
ဗဟုသုတ
ဓာတ်ပုံလေးတွေ လိုသလိုကလိကြမယ်
ကျွန်တော် ဒီတစ်ခါ Photo Editor ဆော့ဝဲလေး ပြောပြချင်ပါတယ်။ ဒီကောင်လေးက ဓာတ်ပုံတွေကို ဆိုက်သေးတာတို့ လိုချင်တဲ့ အပိုင်းကိုဖြတ်တာတို့ လိုသလိုသုံးလို့ရပါတယ် ဖိုင် ဆိုက်လေးက 16.36 MB ပဲ ရှိပါတယ် ။ ကျွန်တော်သဘောကျတာကတော့ ဓာတ်ပုံတွေအများကြီးကို ပေါင်းလို့ရတာကိုပါ။ ဒီကောင်လေးကို run ပြီး၊ စဖွင့်လိုက်တာနဲ့ ရွေးစရာတွေကအများကြီးပဲ ကျွန်တော်လည်းအကုန်တော့ မစမ်းကြည့်ဖူးဘူး။ ဒါပေ့မယ့် တော်တော်ကောင်တယ်ဗျာ။ ဓာတ်ပုံတွေကို file type ပြောင်းတာတွေလည်းပါတယ်။ Functions တွေကတော့အများကြီးပဲဗျာ။ အသုံးလိုမည့်သူများအောက်မှာ ဒေါင်းယူလိုက်ပါ။
အားလုံးကိုလေးစားလျက်.....
Labels:
Photo Editor
Subscribe to:
Posts (Atom)