ကျွန်တော်ဒီတခါပြောပြချင်တာက Facebook သုံးသူများ အတွက်ပါ။ မိမိတို့ wall မှာရှိသော ပုံတွေကို အကြီးချဲ့ကြည့်ချင်သူများအတွက်ပါ။ ကျွန်တော်တို့ Facebook မှာပုံမှန် ဓာတ်ပုံကိုကြည့်မယ်ဆိုရင် ကလစ်ပေးလိုက်မှ အကြီးပုံပေါ်တာပါ။ အခုဟာ က ကလစ်ပေးစရာမလိုပါဘူး ။ ဓာတ်ပုံလေးပေါ်ကို mouse pointer လေးထောက်လိုက်တာနဲ့ ပုံကို auto အကြီးချဲ့ပြီး မြင်ရမှာဖြစ်ပါတယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ ဒီလင့် လေးကို သွားပါ။ အဲဒီလင့်လေးမှာ မိမိတို့အသုံးပြုသော browser ကိုရွေးပြီး ကလစ်ပေးပါ ။ ဒီလိုလေးပါ။
ကလစ်ပေးပြီး ရင် buttom လေးတစ်ခုပေါ်လာပါလိမ့်မယ် ။ Allow ဆိုတာလေးကို ကလစ်ပေးပါ။ မိမိတို့ အသုံးပြုသော browser ကို restart ပေးလိုက်ပါ။ ပြီးရင် မိမိတို့ Facebook ကိုဖွင့်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။
အဆင်ပြေပါစေ....
အားလုံးကိုလေးစားလျက်.....
မျှဝေပေးတဲ့ကို ကိုကျေးဇူးပါ
ReplyDeleteမျှဝေပေးတဲ့ကို ကိုကျေးဇူးပါ
ReplyDeleteမျှဝေပေးတဲ့ကို ကိုကျေးဇူးပါ
ReplyDelete