Pages

Monday, February 20

web page ကို pdf အဖြစ် print ထုတ်မယ်


ကျွန်တော် ဒီတခါပြောပြချင်တာက မိမိဖတ်တဲ့  web page (စာမျက်နှာ) ကို pdf ဖိုင်လေးနဲ့ လိုချင်သူများအတွက် ပါ။ ဘာမှခက်တဲ့နည်း မဟုတ်ပါဘူး။ ကျွန်တော် အရင်က web page ကို pdf ဖိုင်ပြောင်းတဲ့ ဆော့ဝဲလေး လိုက်ရှာပါသေးတယ် ။ ကီးဝယ်ရမှာမို့လို့ မရေးတော့ပါဘူး။ မသိသေးသောသူများအတွက်ပါ။ ဒီတခါတွေ့တာလေးက firefox ရှိရင်အဆင်ပြေပါတယ်။ အရင်ဆုံး  firefox ရဲ့ ညာဘက်ထောင့်က File ကို ကလစ်ပေးပါ။ ပြီးရင် Print ဆိုတာကို ကလစ်ပေးပါ။ Box လေးတစ်ခုထပ်ပေါ်လာပ့ါမယ်။ အဲဒီ box လေးရဲ့ Name ဆိုတဲ့ နေရာမှာ Pdf ဖိုင်မှ မဟုတ်ပါဘူး။ word ဖိုင်လည်း ပြောင်းလို့ရပါတယ် ။ မိမိတို့လိုချင်တာကို ပြောင်းပါ။  ပြီးရင် ok ကိုနှိပ်ပါ။  အဲဒါပြီးရင် သတိထားရမှာက save ရမယ့် ဖိုင်ကို  Taskbar မှာရှာပါ။save လိုသော နေရာကို ရွေးပြီးတော့ နာမည်ပေး ပါ။ ပြီးရင် save ကိုနှိပ်ပါ ။ပြီးပါပြီ။ ကျွန်တော်ပုံနဲ့ပါပြထားပါတယ်။ 

အဆင့်(၁)

 အဆင့်(၂)

အဆင့်(၃)
အပေါ်အဆင့်(၂)က ok ပေးပြီးရင်  အောက်ပုံကိုသေချာကြည့်ပါ။ Task bar ပေါ်က အနီပြထားတာလေးကို ရွေးပြီးမှ save မယ့်နေရာကို ရှာပါ။ 


အဆင့်(၄)
ကွက်လပ်လေးထဲမှာ မိမိ save လိုသော နာမည်ကိုထည့်ပါ။

ပြီးပါပြီး။

ဒါက pdf ဖိုင်ထုတ်ပြီးပုံလေးပါ။ 

အဆင်ပြေပါစေ



အားလုံးကိုလေးစားလျက်....


3 comments:

  1. ကျေးဇူးပါကွယ်

    ReplyDelete
  2. android ဖုန်းမှာသိမ်းချင် လို့ကူညီပေးပါဗျာ

    ReplyDelete
  3. android ဖုန်းမှာသိမ်းချင် လို့ကူညီပေးပါဗျာ

    ReplyDelete