Pages

Monday, May 7

Photoshop CS5 serial keys and crack


Photoshop CS 5 အသုံးပြုသူများအတွက် serial keys လေးတွေ တင်ပေးလိုက်ပါတယ်။ ကျွန်တော်တင်ပေးထားတဲ့ rar ဖိုင်ထဲမှာ serial ဖိုင်နဲ့ hosts ဖိုင်လေးနှစ်ခုပါ ပါတယ်။ hosts ဖိုင်လေးက crack ဖိုင်လေးပေါ့။ အဲဒီကောင်လေးက ဘာအတွက်လဲဆိုရင် ကျွန်တော်တို့ serial keys ထည့်ထားတာတော့ ဟုတ်ပါပြီ။ ဒါပေ့မယ့် တစ်ခါသုံးပြီးတိုင်း တစ်ခါထည့်နေရတာကို ကြုံဖူးမယ်ထင်ပါတယ်။ အဲဒီ crack ဖိုင်လေးက  serial key  တစ်ခါ ထည့်ပြီးထားရင်  နောက်တစ်ခါ keys တွေကို ထပ်ခါ ထပ်ခါ ထည့်စရာမလိုတော့ဘူးပေါ့ဗျာ။ serial key ထည့်ပြီးပြီဆိုရင် hosts ဖိုင်လေးကို copy ကူးပါ။ ပြီးရင် Local disk(C:)>>Windows>>System 32 >>drivers>>etc   ဒီကိုရောက်ပြီဆိုရင် paste လုပ်ပါ။  အဲဒီမှာ အရင်က ဖိုင်တစ်ခုရှိတဲ့အတွက် copy and replace ကို ကလစ်ပေးပါ။  ပြီးပါပြီ။ မသိသေးသောသူများအတွက်ပါ။



ဒီမှာ ဒေါင်းပါ။ 

အဆင်ပြေကြပါစေ........


အားလုံးကိုလေးစားလျက်..

File type တွေကို ဖျောက်မယ်



ကျွန်တော်တို့ တစ်ခါတလေ ကွန်ပျူတာမှာ  ဖိုင်တွေကို  rename ပေးထားပေ့မယ့်လည်း အဲဒီ rename တွေရဲ့နောက်မှာ File type တွေပါတတ်ပါတယ်။ ဥပမာ-sound.avi,  myfile.txt, new.pdf အဲလိုလေးတွေပေါ့။ ဒါမျိုးလေးတွေက မိမိကွန်ပျူတာ မှာ error တစ်ခုခု တက်ပြီဆိုရင်ဖြစ်တတ်ပါတယ်။ ပြန်ပြီး မဖျောက်တတ်သူများအတွက် ပြောပြခြင်းဖြစ်ပါတယ်။ 
အရင်ဆုံး My computer ကို ဖွင့်ပါ။
အဲဒီမှာ organize ကနေ  Folder and search options ကိုသွားပါ။ 

အဲဒီကနေ View buttom ကို ကလစ်ပေးပါ။ အဲဒီအောက်မှာ  Hide extensions for known file types ဆိုတာလေးကို ရွေးပြီးတော့ အမှန်ခြစ်   ပေးပါ။ Apply and Ok ။ ပြီးပါပြီ။ 

အဆင်ပြေကြပါစေ....

အားလုံးကိုလေးစားလျက်.....

Sunday, May 6

ခေတ္တအဝေး (ဘန်နီဖြိုး)


ဒီနေ့တော့ သီချင်းလေး တင်ပေးလိုက်တယ်ဗျာ။ ပျင်းပျင်းရှိလို့ တစ်နေကုန် ထိုင်လုပ်နေတာ ။ ဘန်နီဖြိုးသီချင်း အသစ်လေးရယ်၊ အိုင်းရစ် ဇာတ်ဝင်ခန်းလေးတွေကို ပေါင်းစပ်ပြီးတော့  လုပ်ထားတာ။ ထွက်တာ မကြာသေးဘူး။ ဒီသီချင်းလေးက  ချစ်ခွင့်ပေးပါ  စီးရီးထဲကပါ။ နားမထောင်ရသေးသူများအတွက်ပေါ့။ mp 3 လိုချင်တယ်ဆိုလည်းတင်ပေးပါ့မယ်။

 ဒါလေးကတော့ ကျွန်တော်နားထောင်နေကျသီချင်းလေးတွေစုထားတဲ့ facebook fan page လေးပါ။

အားလုံးကိုလေးစားလျက်.....

Wednesday, May 2

ဆံကေသာအတွက် အသုံးဝင်သော အစားအစာများ




၁။ ဒိန်ချဉ်
ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။

၂။ Salmon (ဆော်မွန်ငါး)

Salmon ငါးကြောင့်ရရှိနိုင်သော ဗီတာမင်များမှာZinc ဟုခေါ်သောသံဓါတ်၊ Omega 3 (Essential Fatty Acid) တို့ဖြစ်ပြီး ၄င်းတို့မှ ခန္ဓာကိုယ်အတွက် လှပသောအသားအရေနှင့် သန်မာစေသော ဆံသားများအား ရရှိစေနိုင်ပါသည်။ Omega 3 ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သော အက်ဆစ်တမျိုးမှ ဆံပင်များရှင်သန်ခြင်းနှင့် ဆံပင်များကျွတ်ခြင်းမှကာကွယ်ပါသည်။ နောက်ထပ်ရနိုင်သော ဗီတာမင်မှာ Vitamin B3 အမျိုးအစား ဖြစ်သော Niacin ပဲဖြစ်ပြီး ဆံပင်ပါရှိသော ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဆော်မွန်ငါးရဲ့နောက်ထပ် အားဖြည့်ခြင်းတစ်ခုက အမဲသားကဲ့သို့ ဗီတာမင်အပြည့်အ၀ရှိစေသဖြင့် အမဲသားမစားသော မမလေးများအတွက် အသားအရေ စိုပြေခြင်းကို ဆော်မွန်ငါးမှရရှိစေနိုင်မှာဖြစ်ပါတယ်။

၃။ကြက်ဥ၏ အနှစ်

ကြက်ဥအနှစ်ကတော့ ဗီတာမင် Vitamin B7 အုပ်စုဖြစ်တဲ့ Biotin ၊ Vitamin B5 အုပ်စုဖြစ်တဲ့ Pentatonic Acid ၊ Vitamin B6 အုပ်စုဝင် Pyridoxine ၊ Vitamin B12 အုပ်စုဝင် Cobalamin နှင့် ဗီတာမင် Vitamin A တို့ပါဝင်ပါတယ်။ ဆံပင်များအား ကြက်ဥနှစ်ဖြင့်ပေါင်းတင်ပါက မည်းနက်သန်စွမ်းစေပြီး ပျော့ပျောင်းစေတယ် လို့ရေးသားကြပါတယ်။ ထို့ကြောင့် အချိန်ကုန်ခံ ပေါင်းတင်မနေတော့ပဲ ကြက်ဥအနှစ်ကို ခပ်များများသာ စားလိုက်ကြစို့နော်။ ထို့ပြင်ကျိုးပဲ့ပျက်စီးခြင်း ဆံသားနှစ်ခွဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

၎။Almond (သစ်စေ့တစ်ခုမှရသောအစေ့)

ဗီတာမင် Vitamin A ၊ Vitamin E ၊ Vitamin B1, B2, B6 ကြွယ်ဝသော Almond သစ်စေ့သီးများဟာ စိမ့်သက်သက်အရသာရှိပြီး ဆံပင်သားများကိုလဲခိုင်မာစေပါတယ်။ ထို့ကြောင့် တီဗွီကြည့်ရင်းစားစား၊ ကျောင်းသွားရင်းပဲစားစား live food တစ်ခုအနေနဲ့ရွေးချယ်စေလိုကြောင်း။

၅။ Carrot (မုန်လာဥနီ)

မုန်လာဥနီမှာ Vitamin A အကြွယ်ဝဆုံးဖြစ်ပြီး ဦးရေပြားနှင့် ဆံသားတောက်ပမှုအတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ပါတယ်။

၆။ Spinach (ဟင်းနုနွယ်ရွက်) 
Vitamin C , Iron နှင့် Folic Acid ကြွယ်ဝသော ဟင်းနုနွယ်ရွက်မှ ဆံပင်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်ပြန်လည် မွေးဖွားခြင်းကိုလဲပြုလုပ် လုပ်ဆောင်ပါတယ်။ ထို့ကြောင့် သက်သက်လွတ်စားမယ်ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကိုပဲအကြံပေးပါရစေ။ ဒါမှ ထိပ်ပြောင်သူများနဲ့ ဆံပင်ခပ်ထူထူလေးများလိုအပ်သော မမများအတွက် အကျိုးလဲရ သက်လဲသာတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ၀ယ်ယူစားသုံးကြပါစို့လို့ ။

အားလုံးကိုလေးစားလျက်.....

Gtalk မဟုတ်ဘူး Ftalk ( For facebook)


ဒီတခါတော့ Facebook  သုံးတဲ့ သူငယ်ချင်းများ ကြိုက်မယ်ထင်ပါတယ် ။  Facebook ကို ဆိုက်ထဲကနေ မချက်ဘဲ Gtalk လိုမျိုးလေး Chat  ချင်သပဆိုရင်တော့ ဒီကောင်လေးကို သုံးကြည့်လိုက်ပါ။ ဒီကောင်လေးက Facebook အကောင့်ရှိတဲ့သူတိုင်းသုံးလို့ရပါတယ်။ Voice ရော  Video   call ပါခေါ်လို့ရတယ်။  နောက်ပိုင်းဆိုရင်တော့ အသုံးများလာမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အခုတလော  Gtalk server  ကျနေတယ်။  Gtalk က နေ call   ခေါ်လို့ရတော့ဘူး ။  သူငယ်ချင်းနဲ့စကားပြော ချင်အုံးတော့  VZO  ဖွင့်ပြီးမှ ပြောရတယ်။  အဲဒီတော့ ဒီကောင်လေးကို စမ်းသုံး ကြည့်ကြည့်ပေါ့နော်။ အဲဒီကောင်လေးကို run ပြီးပြီ ဆိုရင်  Gtalk ပုံစံအတိုင်းပဲ  sign in ၀င်ရပါတယ်။ အော်တစ်ခုပြောရအုံးမယ် ဒီကောင်လေးက မိမိက Ftalkသုံးပြီး  သူငယ်ချင်းက Ftalk  မသုံးဘူးဆိုရင် စာပဲ ရိုက်လို့ရပါတယ်။ နှစ်ယောက်လုံး Ftalk  သုံးပြီး ပြောရင်တော့ အဆင်ပြေတာပေါ့ဗျာ။  ကဲ အောက်ကပုံလေးကို နမူနာကြည့်နော်။ ပုံပဲကြည့်ခိုင်းတာနော်။ အနော့် သူငယ်ချင်းအကောင့်ကို အပ်နဲ့။ ပြီးတော့ Gtalk  လိုအကောင့်အများကြီးဖွင့်လို့ရတဲ့နည်းမသိသေးဘူး။ သိခဲ့ရင်လည်း ပြောပေးကြနော်။မြန်မာလို မရဘူး။ လုပ်တော့လုပ်ကြည့်နေတယ်။ သိရင်ပြန်ပြောပါ့မယ်။



ဆော့ဝဲလေးက တော့  ဒီမှာ  ဒေါင်းပါ။ 

အဆင်ပြေကြပါစေ........

အားလုံးကိုလေးစားလျက်.....