မတွေ့ဖူးသောသူများအတွက် ထူးထူးဆန်းဆန်းလေးတင်ပြလိုက်ပါတယ်။ကြည့် ကြည့်ပါ။
Sunday, November 20
မြွေဝင်စားလား
မတွေ့ဖူးသောသူများအတွက် ထူးထူးဆန်းဆန်းလေးတင်ပြလိုက်ပါတယ်။ကြည့် ကြည့်ပါ။
Labels:
အထူးအဆန်း
အချိုရည် လျော့သောက်ပါ
အချိုရည်အမြောက်အမြား သောက်သုံးခြင်းက အလျင်အမြန် အိုမင်းစေဖွယ်ရှိသည်ဟု သိပ္ပံ ပညာရှင်တို့က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ သုတေ သနပြုချက်အရဘိလပ် ရည်တွင်ပါဝင်သော ပြင်းရှသောအရသာရှိသည့် ဖော့စဖိတ်က အိုမင်းခြင်းကိုအရှိန်မြှင့် တင်ပေးခြင်းဖြစ်သည်။ဖော့စဖိတ်သတ္တုဓာတ်သည် အသား၊ ကိတ်မုန့် နှင့် ပေါင်မုန့်ထဲတွင်လည်းပါဝင်ကာ စားသုံး သူ၏အသား အရေနှင့် ကြွက်သားတို့အား ညှိုးရော်ခြောက်သွေ့စေသကဲ့သို့ နှလုံးနှင့် ကျောက်ကပ်လည်းပျက်စီးစေကြောင်းသိရသည်။ဖော့စဖိတ်သတ္တုဓာတ်နှင့် ပတ်သက်၍ သုတေသနပြုဖော်ထုတ်တင်ပြခဲ့သည့် ဂျာရယ်ဝစ်မန်း၏အဆို အရ ဆိုဒါက ကဖင်းဓာတ် ကိုပေး၍ဖော့စဖရတ်သည် ဆိုဒါနှင့်အတူလိုက်ပါလာသော ခရီး သည်ဖြစ် သည်ဟု ဆိုခဲ့သည်။အလားတူပင် ဘိလပ်ရည်အား ရက်သတ္တ ပတ်လျှင် နှစ်ပုလင်းသောက်သုံးခြင်းသည် အရိုးကင်ဆာ၊ ပန်က ရိယ ကင်ဆာ၊ အကြောသေခြင်းနှင့် ကြွက်သား အားနည်းခြင်း ရောဂါတို့ဖြစ်ကြောင်းဆက်နွှယ်မှုရှိနေ သည်ဟု ဆိုသည်။ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာအမ်ရှော ကက်ရာဇာကွီဦးဆောင်သော သုတေသနအဖွဲ့က ဖော့ စဖိတ်၏ သက်ရောက်မှုနှင့်ပတ်သက်၍ ကြွက်များနှင့် စမ်းသပ်ခံရာ ရက်သတ္တပတ်ရှစ်ပတ်နှင့် ၁၅ပတ်အကြား တွင်အချိန်မတိုင်မီစော၍ အိုမင်းလာသည့် လက္ခဏာ များကို တွေ့ရှိရသည်ဟုဆိုသည်။သိပ္ပံပညာရှင်တို့၏ယူဆချက်အရ ဖော့စဖိတ် ဓာတ်စာမှာ အဆိပ်အတောက်ဖြစ်စေသော သက်ရောက်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည် ဟုဆိုသည်။ သုတေသီတို့၏ အဆိုအရလူသားတို့တွင် ကျန်းမာရေးနှင့်ညီညွတ်သော ဓာတ်စာနှင့် အစားအစာထဲ တွင် ပါဝင်သောဖော့စဖိတ်အလေးအပေါ့ကိုချိန်ညှိ၍ သက်ရှည်ကျန်းမာစေ ရန်မှာအရေးပါသည့်အတွက်ဖော့ စဖိတ်၏ အဆိပ်အာနိသင်ကိုရှောင်ရှားနိုင်ရန် ဘိလပ် ရည်ကို သင့်တင့်မျှတစွာသောက်သုံးသင့်သည်ဟု အကြံ ပြုခဲ့ကြောင်း သိရသည်။ အချိုရည်ကြိုက်သူများ နုပျိုချင်ရင် အချိုရည်လျော့သောက်နော်။
Labels:
ကျန်းမာရေး
Saturday, November 19
၂၀၁၂ ခုနှစ်အတွက် ခရီးသွားရန် ဒုတိယမြောက် အကောင်းဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံကိုရွေးချယ်
ဒီပို့လေးကို ဗဟုသုတအဖြစ် ပြန်လည်ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပေါ့။ဒီလိုအကြောင်းအရာလေးတွေက မြန်မာနိုင်ငံလူမျိုးများအတွက် ကြည်နူးစေမယ့် အကြောင်းအရာလေးတွေမို့လို့ ပါ။မြန်မာနိုင်ငံအတွက်လည်း ဂုဏ်တက်တာပေါ့ဗျာ။
ကမ္ဘာလှည့် ခရီးသွားများ၏ ယုံကြည်မှု ရရှိထားသော Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်က ရွေးချယ်သော ၂၀၁၂ ခုနှစ် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာကြောင်း သတင်း ရရှိသည်။ Lonely Planet က ရွေး ချယ်ခဲ့သော ၂၀၁၂ ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ခရီးသွား ၁၀ နိုင်ငံ ထဲတွင် ပထမအဖြစ်ယူဂန်ဒါ၊ ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော် ပြထားပြီး တတိယအဖြစ် ယူကရိန်း နိုင်ငံအားဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့်ပတ်သက် ၍ Lonely Planet က ထုတ်ပြန် ချက်တွင် ရွှေတိဂုံစေတီတော် အကြောင်းအား ဖော်ပြထားပြီး တောင်ကုန်းများ၊ သဲအဖြူရောင် ကမ်းခြေများ၊ ဝိုင်းရံထားသော စွန်ပုံသဏ္ဌာန်ရှိသည့် နိုင်ငံဟုညွှန်းဆိုထားသည်။ထို့အပြင်နိုင်ငံအတွင်း၌လည်း ရှေး ဟောင်း မြို့များ၊ မရေတွက်နိုင်သော သော ဘုရားများနှင့် ပုဂံဒေသအ ကြောင်းကိုလည်း ဖော်ပြထား သည်။ တခြားစိတ်ဝင်စားစရာက ကမ္ဘာမှာ သဘောအကောင်းဆုံး လူသားတွေ အဲဒီမှာရှိတယ် ဟုလည်း တင်စားထားသည်။ Lonely Planet က ၂၀၁၂ ခုနှစ်အတွက် ရွေးချယ်ခဲ့သော ခရီးသွားရန်အကောင်းဆုံး ၁၀နိုင်ငံ မှာ ယူဂန်ဒါ၊ မြန်မာ၊ ဂျော်ဒန်၊ ဂျာဗား၊ ယူကရိန်း၊ ဒိန်းမတ်၊ ဘူတန်၊ ကျူးဘား၊ နယူးကာလီ ဖိုး နီးယား၊ ထိုင်ဝမ်နှင့်ဆွစ်ဇာလန် နိုင်ငံတို့ဖြစ်သည်။ ၂၀၁၁ခုနှစ်က လည်း ထိုကဲ့သို့ ရွေးချယ်ခဲ့ပြီး ရွေး ချယ်နိုင်ငံတွင်ပါဝင်ခဲ့သည့် ဂျပန် နိုင်ငံက ထိုနှစ်ကစ၍ ကမ္ဘာလှည့် ခရီးသည်များ တိုးတက်ရရှိလာခဲ့ ကြောင်း ခရီးသွားလုပ်ငန်း လုပ် ကိုင်သူတို့က သုံးသပ်သည်။ယခုနှစ် ခရီးသွားရာသီအ တွက် ဒီဇင်ဘာလအထိ ရရှိထား သော စာရင်း ဇယားများအရ ယမန် နှစ်ကထက် ၂၅ရာခိုင်နှုန်း တိုး တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက သုံးသပ်ထားပြီး နိုဝင်ဘာလအတွက် ရန်ကုန်မြို့ ရှိဟိုတယ်များ အခန်းပြည့် ရရှိထားကြောင်း သိရသည်။
source:myanmarexpress
Labels:
ဗဟုသုတ
ကွန်ပျူတာကို auto ပွင့်အောင်လုပ်မယ်
ကျွန်တော် ဒီနည်းလေးကို သိချင်နေတာ ကြာပြီဗျာ ။ ရှာတော့ရှာနေတာ ပဲ မတွေ့ဘူး။ ဒါပေ့မယ့်အခုတော့တွေ့ပြီ။မသိသေးသောသူများကိုရည်ရွယ်ပြီး တင်ပြလိုက်ရပါသည်။ မိမိကွန်ပျူတာကို မိမိ ကြိုက်တဲ့အချိန် ကြိုက်တဲ့ရက်စွဲ အတိအကျ ပွင့်အောင်လုပ်လို့ရပါတယ်။ လုပ်နည်းကတော့ အရင်ဆုံး ကွန်ပျူတာကိုဖွင့်ပါ။ Del key ကိုနှိပ်ထားပါ။ BIOS ထဲကို ၀င်တာဖြစ်ပါတယ်။ Tab key လေးနဲ့ Power ဆိုတာကို ရွေးပါ ။ အဲဒီအောက်မှာ APM Configuration ကိုရွေးပါ။ Enter ခေါက်ပါ။ Restore on AC Power Loss ကို [ Enabled ] ပေးပါ။ ဒီနေရာမှာသတိထားရမှာက [ Enabled ] ပြောင်းတဲ့အခါမှာ Keyboard ကနေ (+)key နဲ့ (-)key နှိပ်ပြီးတော့ ပြောင်းရပါတယ်။ ပြီးအောက်ကိုထပ်ဆင်းပါ။ Power on By RTC Alarm ကို [Enabled] ပေးပါ။ ပြီးရင် RTC Alarm Date မှာ မိမိ ကြိုက်သလိုပြောင်းနိုင်ပါတယ်။ နေ့တိုင်းဆိုရင် Everyday ပေးပါ။ ရက်စွဲအတိအကျထားချင်ရင်တော့ ရက်ကိုအတိအကျသတ်မှတ်ပေးပါ။ ကျွန်တော်ကတော့ Everyday ပေးထားပါတယ်။ ပြီးရင် AIC Alarm Hour မှာ မိမိပွင့်လိုသောနာရီကို ပြောင်းပါ။ AIC Alarm Minute မှာ မိမိပွင့်လိုသော မိနစ်ကိုပြောင်းပါ။ ACI Alarm Second မှာ မိမိပွင့်လိုသော စက္ကန့်ကို ရွေးပါ။ အားလုံးပြီးပြီဆိုရင် F 10 ကိုနှိပ်ပါ။ OK ပေးပါ။ ပြီးပါပြီ။ Motherboard အလိုက် အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ တချို့ ကွန်ပျူတာတွေမှာဆိုရင် နာရီ၊မိနစ်၊စက္ကန့်က တစ်ခုတည်းမှာပဲပေါင်းပြီးဖော်ပြထားပါတယ်။ အဟဲ မသိသေးသောသူများကို မျက်လှည့်ပြလို့ရတယ်နော်။ အယ်မေ့လို့ တစ်ခုသတိထားရမှာက ကျွန်တော်တို့က ကွန်ပျူတာကိုအော်တိုပွင့်စေချင်တာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ Cable ကြိုးတွေ Power Slpply တွေ Power ခလုပ်တွေကို ဖွင့်ပေးထားရပါ့မယ်။ လျှပ်စစ် စီးဆင်းဖို့အတွက် ပါ။ အတိုမှတ်ရန်
Computer open >>
Del key >>
Power >>
APM Configuration>>
Restore on AC Power Loss [Enabled] >>
Power on By RTC Alarm [Enabled]>>
RTC Alarm Date [ Everyday ] >>
AIC Alarm Hour [hours]>>
AIC Alarm Minute [minutes]>>
ACI Alarm Second [seconds] >>
F 10 >> Ok
အဆင်ပြေပါစေ။ အားလုံးကိုလေးစားလျက်........
Labels:
ကွန်ပျူတာ
Friday, November 18
Internet and internet
Internet နဲ့ internet ကိုဖတ်ကြည့်ရင် တူညီတယ်လို့ထင်ရပေမယ့် အသုံးပြုတဲ့အခါ “I” အကြီးအသေးကွဲတာနဲ့ အဓိပ္မာယ်ကွဲလွဲမှုရှိတာဖတ်မိလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
An internet (note the lowercase letter i) is two or more networks that can communicate with each other.
The most notable internet is called the Internet (uppercase letter I), a collaboration of more than hundreds of thousands of interconnected networks.
internet ဆိုတာက နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ network တွေကို အချင်းချင်း အပြန်အလှန်ချိတ်ဆက်နိုင်တယ်လို့ အဓိပ္မာယ်သက်ရောက်ပြီး Internet ကတော့ ရာပေါင်း၊ ထောင်ပေါင်းများစွာသော network များကိုပေါင်းစည်းချိတ်ဆက်ထားခြင်းဆိုတဲ့ အဓိပ္မာယ် သက်ရောက်ပါတယ်။
Labels:
ဗဟုသုတ
Subscribe to:
Posts (Atom)

















