ဒီတစ်ခါ ဓာတ်ပုံလေးတွေကိုအကြီးချဲ့ပေးတဲ့ ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ချို့ အင်တာနက်ကနေ ဒေါင်းလော့ချတဲ့ပုံလေးတွေက သေးသေးလေးတွေဖြစ်နေတတ်ပါတယ်။ အကြီးချဲ့ဖို့ရာ CS 5 တို့ CS 6 တို့ မရှိသူများအတွက် ဒီကောင်လေးက အလွယ်တကူအကြီးချဲ့ပေးပါလိမ့်မယ်။ အရည်သွေးက အနည်းငယ်သာ ကျသွားပါတယ်။ တော်တော်ကိုကောင်းပါတယ်။ ကျွန်တော် အရင်တုန်းက Microsoft offic picture manager ကိုသုံးပါတယ် ။ အဲဒီကောင်လေးကိုသုံးတုန်းက အရည်သွေးကတော်တော်ကို ကျပါတယ်။ ဝါးတားတားပဲမြင်ရတယ်။ ဒါပေ့မယ့် Pix resizer ကကျတော့ ပြောလောက်အောင် သိသိသာသာကြီး ကျမသွားပါဘူး။ တော်တော်ကောင်းတယ်လို့ပြောရ မှာပဲ။ ဖိုင်ဆုဒ်ကလည်း ဘယ်လောက်မှမရှိဘူး ။သေးသေးလေးပါ။
အသုံးပြုနည်းကတော့ ဆော့ဝဲလေးကို install လုပ်ပြီးရင်အောက်ကပုံလေးကိုသာ ကြည့်လိုက်ပါ။
To download >> Mediafire
To download >> Adrive
အဆင်ပြေကြပါစေ...
အားလုံးကိုလေးစားလျက်....
လေ့လာသွားတယ် သူငယ်ချင်းရေ...
ReplyDelete