Pages

Saturday, May 26

How to fix IDM with firefox


ကျွန်တော်တို့ Internet Download Manager အသုံးပြုသူများအတွက် အခုနောက်ပိုင်းမှာ ဒေါင်းလော့ချတာ Fix မဖြစ်တာ ကြုံရတက်ပါတယ်။ အရင်တုန်းကဆိုရင် IDM CC Add -on ကို သုံးလို့ရပါတယ်။ Add-on လေးကို run လိုက်တာနဲ့ youtube တို့  ၊ video site တွေမှာဆိုရင် အပေါ်ဘားတန်းလေးမှာ ဒေါင်းလော့ချဖို့ အဆင့်သင့် တွေ့ရပါတယ်။ အခုက Add-on ကို ဖိုင်လေးတစ်ခုအဖြစ်ဖန်တီးပြီး ဖြစ်လို့ Add-on လေး အရင်ဆုံးဒေါင်းလော့ ချရမှာဖြစ်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ ဥပမာဒီလိုလေးပေါ့။

ီIDM တော့ run ထားပါ့ရဲ့ ဒါပေ့မယ့် ဒေါင်းလော့ buttom လေး မတွေ့ရဘူး။ အဲဒါကို ဒီလိုလေးပေါ်အောင် လုပ်တာကို Fix လုပ်တယ်လို့ပြောတာပါ။

ကဲအရင်ဆုံးဘာလုပ်မလဲဆိုရင်...ဒီလင့်  လေးမှာ IDM CC ကို ဒေါင်းလော့ချပါ။
ပြီးပြီဆိုရင် Firefox >>Tools >>Add-ons  ကလစ်ပေးပါ။ အဲဒီမှာ  ဘယ်ဘက်ထိပ်က ခရေပွင့်ပုံလေးကို ကလစ်ပေးပါ။ 
အဲဒါပြီးရင် Install Add-on From File ဆိုတာကို ကလစ်ပေးပါ။  အဲဒီမှာ ခုနက ကျွန်တော်ဒေါင်းလော့ချခိုင်းထားတဲ့ ဖိုင်လေးကို ရွေးပေးပါ။ ပြီးရင် Install လုပ်ဖို့ box လေးတစ်ခုပေါ်လာပါ့မယ်။  Install ပေးလိုက်ပါ။ ပြီးပါပြီ။ 

အဆင်ပြေပါစေ....

အားလုံးကိုလေးစားလျက်.....

4 comments:

  1. IDM CC ကို Download လုပ်တာ မရဘူး မှူးသော်ရေ။ ဒီတပည့်က နည်းနည်းညံ့တယ်နော် နောက်မှထပ်ကြိုးစားကြည့်မယ်။ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အန်တီတင့် ရေ မရဘူးဆိုရင် မူရင်းလင့်ကနေ ဒေါင်းကြည့်ပါနော်.......
      http://ayesh.me/content/idm-cc-firefox-add-firefox-11-and-12

      Delete
  2. ကျေးဇူးပဲ စိုးသူရေ

    ReplyDelete
  3. Anonymous11:10 AM

    Hiya very cool blog!! Man .. Excellent .. Wonderful .
    . I will bookmark your site and take the feeds also?

    I am satisfied to seek out numerous helpful information here in
    the post, we want develop extra techniques on this regard, thank you for sharing.
    . . . . .

    my webpage :: ford ranger forum

    ReplyDelete