ဒီတစ်ခါ တော့ မိမိ ကွန်ပျူတာမှာ မိမိ မကြည့်စေချင်သော Folder လေးတွေကို ဖျောက်ထားတဲ့ ဆော့ဝဲလ်လေး တစ်ခု တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော်တော်လေးကို သေးပါတယ် ။ ဒါပေ့မယ့်အထင်မသေးနဲ့နော် ။ တော်တော်မိုက်တယ်။ ဒီကောင်လေးကို run ပြီးပြီဆိုရင် short cut လေးကို ကလစ်ပေးပါ။ ပြီးရင် မိမိထည့်လိုသော ပတ်ဝက်စ် ကို ရိုက်ထည့်ပါ။ ပြီးရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်။
အဲဒီမှာ သူက သုံးမျိုးပါတယ်။ ဖိုင် တစ်ခုချင်းစီလား၊ Folder တစ်ခုလုံးလား၊ usb drive ကိုလားလို့ ပေးထားပါတယ်။ ဥပမာ-Folder ကိုဖျောက်ချင်တယ်ဆိုရင် Folder ကိုရွေးပါ။ ပြီးရင် ဖျောက်ချင်သော Folder ကို ရွေးပါ။ ပြီးရင် ပိတ်လိုက်ပါ။ မိမိ တို့ ဖျောက်လိုက်သော folder ရှိတဲ့ Partition ထဲကို ၀င်ကြည့်လိုက်ပါ။ ဖျောက်ထားတဲ့ Folder လေးကို မြင်ရမှာမဟုတ်ပါဘူး။ ပြန်ရှိနေချင်တယ်ဆိုရင် Folder Hider shoutcut လေးကို ကလစ်ပေးပါ။ ပြီးရင် ပတ်ဝက်စ်တောင်းပါလိမ့်မယ်။ ပတ်ဝက်စ်ရိုက်ထည့်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Unhide ပေးလိုက်ပါ။ ရပါပြီ။
ဒါဆိုပြီးပြီနော်။ ဒါပေ့မယ့် နောက်တစ်ခုရှိတာက ဒီကောင်လေးက password ကို နှစ်ခါ ခံလို့ရတယ်။ အပေါ်ပုံလေးမှာ Set Password ဆိုတာကို တွေ့တယ်မို့လား ။ အဲဒီကောင်လေးက နောက်ထပ် အဲဒီ Folder အတွက် Password ထပ်တောင်းလိမ့်မယ်။ password ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင် မိမိဖျောက်လိုက်တဲ့ Folder အတွက် Password နှစ်ခါ ခံပြီးသွားဖြစ်သွားပါပြီ။
အသုံးလိုမည့်သူများ ဒီမှာ ဒေါင်းသွားလိုက်ပါ။
အဆင်ပြေပါစေ ...
အားလုံးကိုလေးစားလျက်......
I am in fact grateful to the holder of this site who has shared this impressive article at at this time.
ReplyDeleteAlso visit my blog post ... ranger forum