Pages

Thursday, September 27

unicode နဲ့ရေးသောဆိုက်များ unicode မသုံးဘဲ ဖတ်မယ်


ဒီတစ်ခါ တော့ ကျွန်တော်တို့ unicode နဲ့ ရေးထားတဲ့ဆိုက်တွေကို zawgyi one သုံးထားရင်ဖတ်လို့မရပါဘူး။ အဲဒါကို ဖတ်လို့ရအောင် firefox add on လေးတစ်ခုတင်ပေးလိုက်ပါတယ်။  အစ်ကိုတစ်ယောက်မေးလ်ပို့ထားတာလည်းပါတယ်။ BBC မြန်မာပိုင်းကို ဖတ်လို့မရဘူးလို့ပြောပါတယ်။ အဲဒါကြောင့် ရှာပေးလိုက်ပါတယ်။  တခြားသူတွေလည်း အဆင်ပြေအောင်ပေါ့။ အသုံးပြုနည်းကလွယ် လွယ်လေးပါ။ ကျွန်တော်ပေးထားတဲ့လင့်လေးကို ကလစ်ပေးပြီးတော့ firefox မှာ install လုပ်လိုက်ရင် ရပါပြီ။  အဲလိုမှမဟုတ်ရင် နောက်တစ်နည်းရှိပါသေးတယ်။ ဘာလဲဆိုတော့ firefox Tools ကနေ option ကိုသွားပါ။ ပြီးရင် Content ဆိုတဲ့ကောင်လေးကို ကလစ်ပေးပါ။ပြီးရင် အောက်မှာ  Default font မှာ zawgyi one ချိန်းပါ။အဲဒီဘေးနားက Advanced ကိုကလစ်ပေးပါ။ ပြီးရင်အောက်ကပုံလေးအတိုင်းပြောင်းပါ။ ဒါဆိုရင် အဆင်ပြေပါပြီ။ 


အဆင်ပြေပါစေ...

အားလုံးကိုလေးစားလျက်.....

1 comment:

  1. မြတ်နိုးသူ(MUFL)8:27 AM

    ဗဟုသုတလေးများမှတ်သားသွားပါတယ်
    အားပေးလျက်

    ReplyDelete