Pages

Sunday, December 4

Google ဆိုတဲ့နေရာမှာ မိမိနာမည်လေးအစားသွင်းမယ်


ကျွန်တော်ဒီတခါရှာတွေ့တာလေးကို ပြောပြချင်ပါတယ်။ ဒီလိုဗျာကျွန်တော်တို့   google.com ရိုက်လိုက်ရင် Home page မှာ  Google လို့ပေါ်နေလိမ့်မယ်။  အဲဒါကို  မိမိကိုယ်ပိုင်နာမည်လေးပြောင်းတဲ့ဆိုက်လေးပါ။ မိမိကိုယ်ပိုင်နာမည်လေး ပြောင်းပြီးရင်တောသူ့ကို bookmarks မှာ ဖြစ်ဖြစ် Foxtab မှာ ဖြစ်ဖြစ် သိမ်းထားဖို့တော့ လိုမယ်နော်။ ဒါမှ မိမိလိုချင်တဲ့အခါမှာ တခါတည်းရွေးလို့ရအောင်။ ကျွန်တော်ကတော့ Foxtab မှာသိမ်းထားတယ် ဗျာ။ လုပ်နည်းကလွယ်လွယ်လေးပါ။ အရင်ဆုံး ကျွန်တော်ပေးထားတဲ့ လင့်လေးကိုသွားလိုက်ပါ။ ပြီးရင် Step 1: Enter your name below!  အောက်မှာ မိမိ လိုချင်သော နာမည်ကို ရိုက်ထည့်ပါ။ ပြီးရင် အောက်ကိုထပ်ကြည့်ပါ။ အဲဒီမှာလည်းမိမိလိုချင်သော effect လေးတစ်ခုကိုရွေးပါ။ အဲဒီကောင်လေးရွေးပြီးတာနဲ့ အော်တို ပြောင်းသွားပါပြီ။ မိမိရဲ့ Bookmarks မှာမှတ်ထားလိုက်တော့ပေါ့ဗျာ။အောက်မှ နမူနာပြထားတယ်နော်။ အဟဲ။

 နှစ်သက်သူများ ဒီလင့် လေးကိုသွားလိုက်ပါ။
ပြီးတော့ တစ်ခုပြောပြချင်သေးတယ်ဗျာ။ ဘာလဲဆိုတော့ အဲဒီလို loco လေးကို ဘလော့မှာလည်း ထားလို့ရတယ်ဗျာ။  မသိသေးသောသူများအတွက်ပါ။ အခုဆိုကျွန်တော့်ဘလော့မှာတောင် ထည့်ထားပါတယ်။ ဒီကောင်လေးကကျတော့  HTML ကုပ်လေးပေးတယ်ဗျာ။ အဲဒီ ကုပ်လေးကို လိုတဲ့နေရာမှာ သုံပေါ့ဗျာ။ နမူနာကတော့ကျွန်တော့ ဘလော့ရဲ့ ညာဘက်ခြမ်းကိုကြည့် ကြည့်လိုက်ပါ။ လုပ်နည်းကတော့ ခုနကနဲ့အတူတူပါပဲ ဘာမှမကွာပါဘူး။ နှစ်သက်သူများ  ဒီလင့် လေးကိုသွားလိုက်ပါ။ အားလုံးပဲ အဆင်ပြေပါစေ။

အားလုံးကိုလေးစားလျက်

No comments:

Post a Comment