Pages

Saturday, November 26

@ ဆိုတာ


အီးမေးလ်လိပ်စာများမှာပါတဲ့ အင်္ဂလိပ်အက္ခရာ အေ ကို ၀ိုင်းထားတဲ့ ဟာလေးကို ခေါ်ကြတာတော့။ @ " at sign" ဖြစ်ပါတယ်။ ဒါပေမယ့် သူမှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။ ဘာပုံနှိပ်စက်များမှ မပေါ်ခင်မှာ  စာသမားပေသမားများဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးကြပြီဆိုရင် လက်ကိုဘဲ အသုံးပြုကြရတယ်။ အဲ့ဒီ အခါမှာ အင်္ဂလိပ်စာလုံးကို ရေးတဲ့ အခါ အတွန့်အတက်တွေနဲ့ပေါ့ ။ ကျွန်တော်တို့ မြန်မာလိုဆို ပန်းစာလုံးပုံစံမျိုးလေးတွေပါ။ လှလှပပပေါ့။ အဲ့လို ရေးတဲ့ အခါမှာ at ဆိုတဲ့စာလုံးကို အတွန့် အတက်များနဲ့ ရေး တဲ့ အခါ a ကို ရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲ a ကနေ တဆက်တည်း ပြန်ဝိုင်းလိုက်တယ်။ at ဟာ အများသုံးစာ လုံးဖြစ်တာကတစ်ကြောင်း သူ့ကို ဒီအတိုင်းရေးရင် ( a + ထောင်လျက်+အချောင်း+ မျဉ်းတို) လို့ သုံးကြိမ် ရေးရတာကို တကြိမ်တည်း နဲ့ ရေးလိုက်ရာကနေ ပုံသေစာလုံး တစ်လုံးဖြစ်လာလို့ဆိုကြပါတယ်။ နောက်တခါ ဗဟုသုတအနေနဲ့ ပြောပြချင်တာကတော့ တခြား နိုင်ငံခြား နည်းပညာသိပ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေမှာ ဆိုရင် အဲ့ဒီ သင်္ကေတကို ထူးခြားတဲ့ သင်္ကေတအဖြစ် အမှတ်အသားထားကြတယ်။ အချို့က တိရစ္ဆာန် ငယ်ကလေးများဖြင့် တင်စားလို့ အမှတ်အသား ပြုကြပါတယ်။ ဥပမာ ရေးရရင်-
တရုတ် - (xiao laoshu) ကြွက်ကလေး (သို့) ကြွက်သင်္ကေတ ၊ ရုရှား- (sobachaka) - ခွေးသေးသေးလေး၊ပိုလန်- (atka) မျောက်၊ ဟန်ဂေရီကတော့ (kukac) တီကောင် ၊ ကိုရီးယားတွေက (daseul-gi) - ခရု ၊ ပြင်သစ်တို့ကတော့ တစ်မျိုးခေါ်တယ်။ ( escargot) ပက်ကျိ ၊ သို့မဟုတ် ( queue de singe , a dans le rond) မျောက် ၊ ဂျာမန်ကတော့ ( klammeraffe) တွဲလွဲခိုနေတဲ့ မျောက်ကလေး ၊ ဟော်လန်ကတော့ (apen-staartje) မျောက်အမြီး ဆိုပြီး အသီးသီးချစ်စနိုးနဲ့ခေါ်ကြတယ်။ နောက်တစ်ခု အီးမေးလ်တွေ မတွင်ကျယ် မသုံးခင်ကတည်းက။ @ သင်္ကေတကို ပစ္စည်းများရဲ့ အလေးချိန်သတ်မှတ်ရာမှာလဲ အသုံးပြုခဲ့ကြတယ်။ ဥပမာ- ငှက်ပျောသီး ၁၀ လုံးကို ဒေါ်လာ ၅ ဒေါ်လာနဲ့ဝယ်တယ်ဆိုရင် တော့ - ငှက်ပျောသီး ၁၀လုံး @ $ ၁၀ လို့ ရေးကြတယ်။ 
 
အားလုံးကိုလေးစားလျက်

2 comments:

  1. Anonymous5:14 AM

    Please let me know if you're looking for a article author for your site. You have some really great articles and I feel I would be a good asset. If you ever want to take some of the load off, I'd love to write
    some articles for your blog in exchange for a link back to mine.
    Please shoot me an email if interested. Thank you!

    My web site :: ford ranger forum

    ReplyDelete
  2. Anonymous1:10 AM

    Thanks for your personal marvelous posting! I actually enjoyed reading it, you could be a great author.
    I will make sure to bookmark your blog and will eventually come back
    in the foreseeable future. I want to encourage one to continue
    your great writing, have a nice weekend!

    Feel free to surf to my page ford ranger forum

    ReplyDelete