Pages

Monday, November 21

ငယ်ငယ်ကသိချင်ခဲ့သော


အခုဖော်ပြတဲ့ အကြောင်းအရာတွေကတော့ ကျွန်တော်ငယ်ငယ်ကတည်းကသိချင်တာလေးတွေ ပါပါတယ်။ငယ်ငယ်ကဘာလို့လဲမသိဘူး။ စပ်စုတယ်ပဲပြောမလားပဲ ။ တစ်ခုခုဆို အရမ်းမေးတတ်တယ်။ နောက်ပိုင်းလူကြီးတွေအမြင်ကပ်လာတော့ မေးတဲ့အကျင့်လး  ပျောက်သွားပါလေရောဗျာ။ ကြီးလာတော့လည်း ကိုယ်ကိုယ်တိုင်ပဲ စာအုပ်တွေထဲမှာလိုက်ရှာရတော့တာပေါ့။ ဒီလိုမျိုး နောက်ထပ်ရှာလို့တွေ့ခဲ့ရင်လည်း ဆက်လက်ဖော်ပြ ပါအုံးမယ်။ ဗဟုသုတအဖြစ်ပါ။

ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ 

ကြယ်တံခွန်ဆိုတာ ကီလိုမီတာအနည်းငယ်ပဲထူတဲ့ ကျောက်သားအကြေအမွတွေ၊ ရေခဲအကြေအမွတွေ ဖွဲ.စည်းထားတဲ့ ကိုယ်ထည်ကြီးဖြစ်တယ်။ သူက နေရဲ့ အနီးကိုရောက်လာတဲ့အခါမှာ ပူလာတယ်။ ရေခဲတွေက ဓာတ်ငွေ.အဖြစ်ပြောင်းလဲသွားတယ်။ ဖုန်မှုန့် အပိုင်းစတွေကို အာကာသထဲဆွဲထုတ်ပစ်တယ်။ နေမှပျံထွက်လာတဲ့ အမှုန်လေးတွေစုထားတဲ့တိမ်တိုက်တွေက  (အာကာသထဲရှိလေကြောင့်) သူ.ဓာတ်ငွေ.တွေကို နောက်ဘက်တွန်းထုတ်ပြီး ဖုန်မှုန်တွေနဲ့ အမြီးတန်းအဖြစ် ဖွဲ.စည်းထားလိုက်ပါတယ်။ နေရဲ့အနားကဖြတ်နေစဉ်မှာ အဲဒီဥက္ကာခဲရဲ့ အမြီးတန်းက သိပ်လှတယ်။ အမြီးတန်းကီလိုမီတာ သန်းနဲ့ချီပြီး ရှည်လျားနိုင်တယ်။ အချို့အမြီးတန်းတွေက သိပ်ကိုပါးလွှာတယ်။  ဥပမာအားဖြင့်   ကမ္ဘာ့ အနီးမှ    ဘေးဒုက္ခမပေးဘဲ     ဖြတ်သန်းသွားတဲ့   
ဟေလီကြယ်တံခွန်ရဲ့  အမြီးဟာသိပ်ကို ပါးလှပ်ပါတယ်။

ပင်လယ်ဟာဘယ်လောက်နက်သလဲ 

ပစိဖိတ်သမုဒ္ဒရာဟာ အနိမ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက် (၁၁၀၃၀) မီတာရှိပြီး အနက်ဆုံး ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာဟာအနိမ့်ဆုံး (၃၉၀၀) မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀) မီ တာရှိတယ်။ အတ္တလန်တိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအနက်(၃၃၀၀) မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀) မီတာရှိပြီး မြေထဲပင်လယ်ကအများဆုံးအနက် (၅၁၂၀) မီတာနဲ့ အနည်းဆုံးက (၁၀၀၀) မီတာရှိတယ်။ ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေက ဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က (၄၆၀) မီတာ ရှိပြီး မြောက်ဘက်ပင်လယ်ကတော့ (၉၁-၁၀၀) မီတာနက်တယ်။

သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ


သက်တန့်တွေကို    ညမှာမမြင်ရဘူးဆိုတာ   သတိထားမိကြမှာပါ။  တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့  အခါမှာလည်းသူတို့ကိုမမြင်ရပါဘူး။ မိုးရွာပြီးကြည်လင် သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့ အချိန်အတွင်းမှာ သက်တန့်တွေပေါ်ပေါက် လာတတ်ပါတယ်။   ရေထဲမှာရှိတဲ့ရေစက်        ကလေးတွေကို
နေရောင်ခြည်    အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်ပါတယ်။ 

ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ

KLM (Kiss Me, Leave Me, Miss Me) သည် ကမ္ဘာ့ပထမဆုံးစီးပွားဖြစ်လုပ်ကိုင်သော လေကြောင်းလိုင်း ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၈၀) ကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ခ်ျလူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။ အဲလဘတ်သည်KLM လေကြောင်းလိုင်းကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယနေ့ခေတ်တွင်တိုက်ကြီးငါးတိုက်မှ မြို့တော်ပေါင်း ၁၄၀၀ ကျော်တွင် KLM လေကြောင်းလိုင်း၏ ကွန်ယက်များဖြန့်ကျက်ထားပြီဖြစ်သည်။

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ 

ခရစ်တော်မပေါ်မီ (၇၇၆) ခုနှစ်မှစ၍ ဂရိလူမျိုးများသည် အိုလံပစ်ပွဲတော်များကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန် ပန်းချီပညာရှင်များ ၊ စာရေးဆရာများ ၊ အားကစားသမားများ စုဝေးရောက်ရှိတတ်သည်။ အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ ပထမဦးဆုံးအိုလံပစ်ပြိုင်ပွဲများသည် အားကစားသက်သက်မဟုတ်ချေ၊ ပြဇာတ်များကကြသည်၊ ကဗျာများရွတ် ကြသည်။ ပြေးပွဲများကျင်းပကြသည်။ ဂရိလူမျိုးများအတွက် အိုလံပစ်ပြိုင်ပွဲများသည် စိတ်နှင့်ရုပ် ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံ အောင်ပွဲဆုတောင်းခံနိုင်သည် ဟုယူဆသည်။ အိုလံပစ် ပွဲတော်များကို (၃) ရက်ကြာမျှကျင်းပခဲ့သည်။ အားကစားသမားများသည် အပြေးပြိုင်ကြ၊ လှည်းမောင်း ပြိုင်ကြသည်။ ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲများစားသောက် ပွဲများ ကျင်းပတတ်ကြသည်။ 

ငပလီလို့ဘာကြောင့်ခေါ်တာလဲ

အပန်းဖြေစခန်းအဖြစ်ထင်ရှားသည်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် လေးမိုင်လောက်သာဝေးကွာသည်။ မဇင်းလေဆိပ်သည်သံတွဲမြို့နှင့်ခုနှစ်မိုင်ခန့်ဝေးသည် ။ ငပလီကမ်းခြေစခန်းသည် ရွာကလေးဖြစ်သည်။ မဇင်းလေဆိပ်မှ(၂)မိုင်မျှသာဝေးသည်။ ငပလီသည် မြန်မာစကား မဟုတ်ပေ။ အီတလီလူမျိုးတို့သည် သံတွဲမြို့အနီး ယခုငပလီစခန်းသို့ရောက်လာကြသည်။ ငပလီစခန်းနေရာသည် အီတလီနိုင်ငံရှိ နေပလီ(နေပယ်) ကမ်းခြေစခန်းကဲ့သို့အလွန်သာယာသည်။ ရှုခင်းလှသည်။ ထို့ကြောင့်နေပလီဟုခေါ်တွင်ခဲ့သည်း နောင်တွင်နေပလီ မှ ငပလီ ဖြစ်လာသည်ဟုဆိုသည်။

အားလုံးကိုလေးစားလျက်.........

2 comments:

  1. Anonymous8:07 AM

    What's up, just wanted to mention, I liked this blog post. It was funny. Keep on posting!
    My site thedietsolutionreview.info

    ReplyDelete
  2. Anonymous6:49 AM

    wonderful points altogether, you simply received a emblem new reader.
    What could you recommend in regards to your post that
    you just made a few days ago? Any sure?

    Take a look at my homepage - ranger forum

    ReplyDelete