Pages

Saturday, November 26

ဒု-သ-န-သော ဆိုတာ


ဒု-သ-န-သော တဲ့။ငယ်ငယ်တုန်း ကတော့အဘိုးရှင်းပြဖူးပါတယ် ။ ဒါပေ့မယ့် မှတ်ဥာဏ်က မကောင်းတော့ မမှတ်မိတော့ဘူး။ ဒါကြောင့် စာအုပ်တွေထဲမှာလည်းမွေနှောက်ရှာပါတယ်။ အင်တာနက်မှာလည်းရှာတယ်။ အခုမှ ဘာလို့ရှာလည်းဆိုရင် ငယ်ငယ်တုန်းက သိချင်စိတ်နည်းခဲ့လို့ပေါ့။ အခုသိချင်တဲ့အရွယ်ရောက်မှ လျောက်ရှာဖြစ်တယ်။ ဆရာတော်တပါးရဲ့ ဘာသာရေးဆိုက်လေးမှာ သွားတွေ့တယ်။ တော်တော်ပျော်သွားတယ်။ ကိုယ်သိချင်တာလေး သိရလို့။  နောက်ထပ်သိချင်တာလေး   တွေလည်းရှိသေးတယ် ။ ဆက်လက်ရှာနေဆဲပေါ့။ အခုတွေ့ရှိတာလေးကို မသိသေးသောသူများအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။ နည်းနည်းတော့ရှည်တယ်ဗျာ။ ဒု-သ-န-သော  ဆိုတာ ဒီလိုတဲ့ဗျာ။
 
အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သောထိုက်လိမ့်မယ်ဆိုတဲ့    စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ ဒီလိုပါ။       တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက်ငွေကြေးချမ်းသာမှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အ်ာဟစ်မြည်တမ်းလိုက်တဲ့ အသံများဖြစ်ပါတယ် ။ ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ ဒီအကြောင်းကို ကောသလ   မင်းကြီးအားအကြောင်းပြုပြီးြ မတ်စွာဘုရားရှင်ကေ ဟာကြားတော်  မူခြင်းဖြစ်ပါတယ်။  သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။  ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရားပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။ ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေ ခိုင်းလိုက်ပါတယ်။ ညနေ မိမိရေးချိုးရန် အမီပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်း မိန့်ကြားလိုက်ပါတယ်။ ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို           ယူဆောင်ကာ   နေပြည်တော် သို့ပြန်ခဲ့ပါတယ်။  မြို့တံခါးဝရောက်တော့  နေမဝင်သေးသော်လည်း    တံခါးပိတ်ထားပြီး    ဖြစ်သည်  ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေ ထား၍မြေမှုန့်နှင့် ကြာပန်းတို့ကိုထားခဲ့ပြီး မို့ပြင်ရှိကျောင်းတစ်ကျောင်း မှာသွားအိပ်ပါတယ်။ မင်းပြစ်မင်းဒဏ် သင့်၍ချစ် လှစွာသောဇနီးနှင့်ကွဲကွာရတော့ မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာ  မအိပ်နိုင်ပဲဖြစ်နေပါတယ် ။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။ ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာ ကိုကြားရတော့ထိတ် လန့်တုန်လှုပ်သွားပါတယ်။ အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်း   လျင်လင်းချင်း    ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍  အကြောင်းစုံကိုပြောပြပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန် လိုက်ပါတယ်။ ဘယ်လိုပြန်လိုက် သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက် စရာကောင်းလှကြောင်း၊ အသက်အန္တရာယ်ပင်       ထိခိုက်နိုင်ကြောင်းဖြစ် ပါတယ်လို့လျှောက်ထားပါတယ်။ အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို  တားဆီးနိုင်မည့်  ယတြာကို အမြန်စီစဉ်ခိုင်းပါတယ်။
ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ) မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။ သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့ လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့် အလားဖြစ်နေပါတော့တယ်။  ထိုအဖြစ်ပျက်တွေကို  မလ္လိကာမိဖု ရားကြီးကြားတော့  ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည်သင့်ကြောင်း ၊မြတ်စွာဘုရားရှင်ကို အကြောင်းအကျိုး  သိအောင်လျှောက် ထားမေးမြန်းသင့်ကြောင်း လျှောက်ထားပါတယ် ။  ကောသလမင်းကြီးလည်းမလ္လိကာ မိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာဘုရား  အားလျှောက်ထားပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်ေ အာင်ဟောတော်မူပါတယ်။ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း ၊  မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိ တဲ့မိန်းမ၊ ကာမပိုင်ယောင်္ကျားမရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး   သောက်စားမူးရစ် ပြီး မှားယွင်းစွာဖောက်ပြန်ခဲ့ကြကြောင်း ၊ ထိုမကောင်းမှုများကြောင့်  သေလွန်သည့်အခါ  လောဟကုမ္ဘီငရဲသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခများခံစားရ၍ နောင်တ ..တရားရရှိကြောင်း ထုတ်ဖော်ပြောကြားတဲ့စကား သာဖြစ်ကြောင်း၊ သူတို့ပြောလို    တဲ့စကားကို   အပြည့်အဝ     ဆုံးအောင်   မပြောနိုင်           ရှာပဲအစ  တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီး နစ်မြုပ်သွားကြကြောင်း၊ ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတမဇီဝိမှ"     သူဌေးသားဘဝ   ကမကောင်းသော      အသက်မွေး မှုပြုခဲ့မိခြင်းကို     ပြန်လည်ပြောဆို         လိုသော်လည်း    ရှေ့ဆုံး(ဒု)ဆိုတဲ့    စကားတစ်လုံးကိုသာပြော နိုင်ပြီးအောက်သို့ပြန် လည်နစ်မြုပ်သွားကြောင်း၊ ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူပြောဆိုခြင်း သာဖြစ်ကြောင်း   ထိုသို့ပြော ဆိုသော်လည်း   စကားဆုံးအောင်မပြောနိုင်ပဲ (သ)   တစ်လုံးထဲ သာပြောဆိုပြီးအောက်သို့နစ်မြုပ်သွားကြောင်း၊တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူ လိုသော်လည်း(န) တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊ စတုတ္ထငရဲသားအနေနဲ့ ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက်(သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံသတ်သွားကြောင်းေ ဟာတော်မူပါတယ် ။မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသောအဓိပ္ပါယ်ကိုနားကြားပြီးတဲ့ အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ် သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟု ဆုံဖြတ်ချက်ချမှတ်ပြီး ၊ ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကို ရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး
"အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏"
"ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏"
"တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရားဒေသနာတော်ကိုေ ဟာကြားတော်မူပါတယ်။ တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ်မှလည်းကင်းလွတ်သွားပါတယ်။ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန် ဖမ်းဆီးထားသော သတ္တဝါအားလုံးကိုချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိနေပါတော့တယ်။ ဒီဒေသနာတော်အရ     (ဒု၊သ၊န၊သော)ဆိုတဲ့    အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊ သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။ အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော်လိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

2 comments:

  1. Anonymous6:49 AM

    I know this site gives quality dependent articles or reviews and extra data, is there any other web site which presents
    these stuff in quality?

    My web-site; lavegaent.com

    ReplyDelete
  2. Anonymous3:37 PM

    E Knowledg >>>>> Download Now

    >>>>> Download Full

    E Knowledg >>>>> Download LINK

    >>>>> Download Now

    E Knowledg >>>>> Download Full

    >>>>> Download LINK

    ReplyDelete