Pages

Monday, March 19

Gmail အကောင့်အသစ်ပြုလုပ်သူများ မြန်မာပြည်ဖုံးနံပါတ်ဖြင့် Google မှ code ရယူနိုင်ပြီ


မြန်မာနိုင်ငံက သူငယ်ချင်းတွေအတွက် သတင်းကောင်းပါ။ တကယ်လည်းအဲလိုဖြစ်သင့်တာကြာပါပြီ။ ဖုန်းရှိတဲ့သူတိုင်းပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ။
မြန်မာနိုင်တွင် ယခင်ကာလများကို  Gmail အသုံးပြုလိုသူများအနေ ဖြင့်  အကောင့်အသစ်တခုပြုလုပ်ပါက တခါတရံ ဖုန်းနံပါတ်များတောင်းခံ လေ့ရှိပါသည် ။ ထိုအခါတွင် အခြားတိုင်းပြည်များမှ အသိမိတ်ဆွေများ၏  ဖုန်းနံပါတ်ဖြင့် အသုံးပြုခဲ့ကြရပါသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်မှ စတင်၍ Google မှ မြန်မာပြည်ဖုန်းနံပါတ်ဖြင့် code နံပါတ် အတည်ပြုချက်ရယူခြင်းကို ခွင့်ပြုလိုက်ပြီ ဖြစ်ပါသည်။ သို့  ပါ၍  မြန်မာပြည်တွင်းရှိ Gmail အကောင့်အသစ်ဖွင့်လိုသူများ အနေဖြင့် မိမိတို့  အသုံးပြုနေသော လက်ကိုင်ဖုန်းနံပါတ်အား ရိုက်နှိပ်ထည့်သွင်းလိုက်ပါက Google မှ Audio Massages ပြန်လည်ပေးပို့  ပါလိမ့်မည်။ သို့ သော်  SMS အနေဖြင့် ပြန်လည်ပေးပို့ ခြင်း မရှိသေးပဲ Audio Massages ကိုသာအသုံးပြုနိုင်ဦးမည် ဖြစ်ပါသည်။


အားလုံးကိုလေးစားလျက်.....

4 comments:

  1. အရင်ထက်တော့ ကောင်းတာပေါ့ဗျာ.... SMS ကတော့ အဆင်မပြေသေးဘူးပေါ့နော်........

    ReplyDelete
  2. ဝမ်းသာပါတယ်ဗျာ
    အကောင့်ဖောက်ရတာ လွယ်သွားပြီပေါ့
    ဒါနဲ့ cbox လေးက go မတွေ့လို့ မရေးခဲ့ရဘူး
    သူများတွေရေးကြတာ ရပါတယ်ဗျာ
    ကျွန်တော်ကိုက တုံးတာပါ ရှာမတွေ့လို့...:)

    ReplyDelete
    Replies
    1. အစ်ကိုရေ go မသွားလည်းရပါတယ်ဗျာ..... ရေးချင်တာရေးပြီးတော့ ....Enter သာ ခေါက်လိုက်ပါ.......လာရောက်လည်ပတ်မှုအတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ.........

      Delete
  3. စိုးသူရေ ဒါဆိုမြန်မာပြည်တော့တစ်ယောက်ကိုအကောင်း၁၀မနည်းဖြစ်တော့မယ်
    ဟူးးးး

    ReplyDelete