Pages

Monday, October 8

မိမိနားထောင်နေတဲ့သီချင်း gtalk မှာပေါ်အောင်


ဒါလေးက သိတာတော်တော်ကြာပြီ။ ဘာလို့မတင်လဲဆိုတော့ ကိုယ်တိုင်သုံးလို့မရလို့ မတင်ဖြစ်တာ  ။ ကျွန်တော်ဆီမှာ  windows media player ထဲက option>> plug in >> Background မှာ Google Talk Music Plugin ဆိုတာ မပါဘူးဗျ။ အဲဒါကြောင့်ဘယ်လိုအမှန်ခြစ်ပေးရမလဲဆိုတာ အဖြေရှာနေတာ ကြာပြီ။ သူများစက်တွေကျ ရပြီး င့ါစက်မှာဘာလို့မရလဲပေါ့။ သူများတွေလိုက်မေးတော့လည်း  အပေါ်က ပြောထားတဲ့အတိုင်းပဲလုပ်ရတာတဲ့။ ဒီမှာမပါဘူးဆိုတော့ windows media  version မတူလို့နေမှာဆိုပြီး သူတို့သုံးတဲ့ version ကိုလိုက်သုံးတယ် ဒါလည်းမရဘူး။ ဒါပေ့မယ့်အဲလိုပါအောင်လုပ်တာ အခုမှသိတော့တယ်။ Google Talk Music Plugin မပါရတဲ့ အကြောင်းအရင်းက gtalk စပြီး install လုပ်ကတည်းကစတာဗျာ။ ကျွန်တော်က ဆော့ဝဲလ်တစ်ခုခု install လုပ်ရင် left click နှစ်ချက်နှိပ်ပြီးသုံးတယ်လေ။ အဲဒါကြောင့်မရတာပေါ့။ Gtalk ကိုစ install လုပ်ကတည်းက run as administartor ဆိုပြီး install လုပ်ရင် ခုနကပြောတဲ့ Google Talk Music Plugin လေးက windows media မှာ ပေါ်လာပြီဗျာ။ 

ကဲပေါ်လာပြီဆိုတော့ gtalk custom message မှာပေါ်အောင်က windows media player ရဲ့ option ကိုသွားပါ။ အဲဒီမှာ Plug in ဆိုတဲ့ buttom လေးကိုကလစ်ပေးပါ။  အဲဒီအောက်မှာ Background ဆိုတာကို  ထပ်ပြီးကလစ်ပေးပါ။ Google Talk Music Plugin မှာ အမှန်ခြစ်ပေးပါ။ ပြီးအိုကေပေးပါ။  နောက်တစ်ခါ Gtalk သွားပါ။ Available မှာ show current  music track ဆိုတာကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင်မိမိနားထောင်နေသာ mp-3 ခေါင်းစဉ်လေးကို Gtalk custom message မှာပေါ်နေပါပြီ။ 





အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment