ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ error တစ်ခု ကိုပြောပြချင်ပါတယ်။ သူက ဝင်းဒိုးတင်ပြီးတဲ့ နောက်ပိုင်းမှာ partiton ခွဲထားတာက သုံးခု နှစ်ခုပဲ ပေါ်နေတယ်။ အဲဒါဘယ်လိုပြန်ပေါ်အောင်လုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်။ မသိသေးသောသူများ အတွက်ပါ။ အရင်ဆုံး My computer ပေါ်ကို right click ထောက်လိုက်ပါ။ ပြီးရင် Disk Management ကလစ်ပေးပါ။ ပြီးရင် ပျောက်နေသော partition ကိုရှာပါ။ အဲဒီပေါ်ကို right click ထောက်ပါ။ change Drive latter and paths ကို ကလစ်ပေးပါ။ အဲဒီမှာ C ရယ် D ရယ်က လွဲလို့ တခြား တစ်ခုခုကိုရွေးပါ။ ပြီးရင် ok ပေးပါ။ ဒါဆိုရင် ပျောက်နေတဲ့ partition ပေါ်ပါပြီ။
အဆင်ပြေပါစေ........
အားလုံးကိုလေးစားလျက်.......
နည်းပညာလေးတွေ ကြုံရင်ကြုံသလို အမြဲဖြန့်ဝေပေးတာ ကျေးဇူးပါ အိမ့်မှူးသော်ရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးပါပဲ
ReplyDeleteအခုလို နည်းပညာတွေကို မျှဝေပေးနေတဲ့အတွက်
အခုလည်း ဗဟုသုတ တစ်ခု တိုးသွားတာပေါ့
နောက်လည်း သည်ထက်မကမျှဝေပေးနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)