ကဲ ဒီတစ်ခါတော့ သီတင်းကျွတ်မှာ အိမ်မှာလည်း မီးထွန်းမယ်။ မိမိ ကွန်ပျူတာ ပေါ်မှာပါ မီးထွန်းချင်သူများအတွက် ဆီမီးခွက်လေးတွေနဲ့ မီးပုံးလေးတွေ ပါတဲ့ ဆော့ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်ခင်ဗျာ။ နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ် ။ တော်တော်လေးလည်း လှတယ်ပြောရမှာပဲ။ အဲ တစ်ခုတော့ရှိတာပေါ့ဗျာ ။ နောက်ခံ background လေးက အိမ်လေးနဲ့ မီးထွန်းတဲ့ ပုံလေးဆိုရင် ပိုပြီးလှတာပေါ့။ အကြံပေးတာပါ။ စိတ်ကြိုက်ဖန်တီးကြည့်ပေါ့ဗျာ။ အသုံးပြုပုံကတော့ လွယ်လွယ်လေးပါ။ စိုးသူလုပ်ထားတဲ့နှမူနာပုံလေးကို ပြပါ့မယ်။
အရင်ဆုံး ဖိုင်လေးကိုဖြေလိုက်ပါ။
အဆင့်(၁) ဖိုင်လေးဖြေပြီး run လိုက်ရင် စာအိပ်ပုံလေး တစ်ခုပေါ်လာပါ့မယ် ။ အဲဒီကောင်လေးကို ကလစ်ပေးလိုက်ပါ။
အဆင့်(၂) အဲဒါပြီးရင် Desktop ရဲ့ ဘယ်ဘက်ခြမ်းမှာ မီးပုံလေးတစ်ခုရယ် ၊ ဆီမီးခွက်လေးတစ်ခုရယ် ပေါ်လာပါ့မယ်။
အဆင့်(၃) နောက်ထပ် အများကြီးပွားဖို့အတွက်က အဲဒီမီးပုံးလေးပေါ်ကို right click ထောက်ပါ။ ပြီးရင်
Add Latern ၊ Add Drya စတဲ့ အရာတွေထဲက မိမိကြိုက်နှစ်သက်ရာကို ထပ်ထည့်ပါ။
ပြီးရင်တော့ စိတ်ကြိုက်နေရာချပေတော့ဗျာ။
စိတ်ဝင်စားသူများအောက်မှာဒေါင်းလိုက်ပါ။
To download >> Mediafire
To download >> Adrive
အဆင်ပြေပါစေ..
အားလုံးကိုလေးစားလျက်......

ကျေးဇူးအများတင်ပါတယ် ခင်ဗျား....ကိုတိုင်လုပ်ထားတာလား? ..ကိုတိုင်လုပ်ထားတာဆိုရင် လုပ်နည်းလေးတင်ပေးပါလား ...ဝါသနာပါလို့ပါ soesoe931@gmail.com
ReplyDelete