Pages

Saturday, October 13

PDF ဖိုင်တွေကို password ပေးမယ်


ကဲ ဒီတစ်ခါတော့ PDF ဖိုင်တွေကို password ပေးတဲ့ ဆော့ဝဲလ်လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းလေး ရောပေါ့ ဗျာ။ မူရင်း PDF ဖိုင်လေးပါ တင်ပေးထားပါတယ်။ အရင်ဆုံး ပေးထားတဲ့ ဆော့ဝဲလ်လေးကို install လုပ်လိုက်ပါ။ 

အဆင့်(၁) ပေးချင်သော Miscrosoft office ဖိုင်ပေါ်ကို right click ထောက်ပါ။ အဲဒီမှာ Create PDF and Bitmap Files with PDFCreator ဆိုတာကိုကလစ်ပေးပါ။ 


အဆင့်(၂) နောက်ထပ် Box တစ်ခုပေါ်လာရင် Print ဆိုတာကို ကလစ်ပေးပါ။




အဆင့်(၃) နောက်ထပ် Box တစ်ခုပေါ်လာခဲ့ရင် option ဆိုတာကို ကလစ်ပေးပါ။


အဆင့်(၄) နောက်ထပ်ပေါ်လာတဲ့ box မှာ အရင်ဆုံး Format ဆိုတာကိုရှာပြီးကလစ်ပေးပါ။ ပြီးရင် Security ကိုကလစ်ပေးပါ။ ပြီးရင်အောက်ပုံလေးအတိုင်း အဝါပြ ထားသလို လုပ်ပါ။


အဆင့်(၅)  ပြီးရင် Save ကိုနှိပ်ပါ။ နှစ်ခါ နှိပ်ရပါ့မယ်။ ပြီးရင် Save ချင်သောနေရာတစ်ခုခုမှာ rename ပေးပြီး save ပါ။ အဲဒီအခါ အောက်ကလိုပုံလေးပေါ်လာပါ့မယ်။ User password မှာ မိမိဖြည့်ချင်သော password ကိုဖြည့်ပါ။ owner မှာဖြည့်စရာမလိုပါ။ ပြီးရင် ok ပေးလိုက်ပါ။ ပြီးပါပြီ။ 



To download >> Mediafire 

To download >> Adrive

ပြီးတော့ ဒီကောင်လေးအသုံးပြုပုံ အသေးစိတ်ဖော်ပြထားတဲ့ E-book လေး တင်ပေးလိုက်ပါတယ်။ အဲဒီကောင်လေးကို password ပေးထားတယ်။ ချစ်သူရှိတဲ့သူတိုင်း အဲဒီ ပတ်ဝက်စ်ကို သိတယ်။ အောက်မှာဒေါင်းလိုက်နော်။ 

To download E-book >> Mediafire

အဆင်ပြေကြပါစေ...

 အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment