Pages

Thursday, June 28

နှစ်သက်မိသော စာစုလေးများ(၁)


ကျွန်တော်ဖတ်မိသော စာအုပ်မှ နှစ်သက်သော စာစုလေးများကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။

မနေ့သည် အိပ်မက်၊
မနက်ဖြန်သည် မျှော်မှန်းချက်၊
ယနေ့သည် လက်တွေ့ဘ၀။
Yesterday is only a dream, tomorrow is  only a vision , but today is life .

အတွေးအခေါ် နှင့် ဘ၀ကို ပတ်ဝန်းကျင်က ပြုပြင်ပေးသည်။
Environment influence one'e mode of life and thought.

အသုံးမ၀င်သော အသက်ရှည်ခြင်းသည် စောစော သေခြင်းပင်ဖြစ်သည်။ 
A uneless life is an early death.

ဘ၀ဆိုတာ ဘာမှမဟုတ်သော်လည်း ရုန်းကန်မှု တစ်ရပ်ဖြစ်သည်။
Life is nothing but a struggle .

ပျင်းရိခြင်းသည် အသက်ရှင်နေသူအား(ဘ၀အား) သဂျြိင်္လ်ခြင်းဖြစ်သည်။
Lazy is a burial of a living man.

အသက်ရှင်နေသရွေ့ ဘယ်လိုနေထိုင်ရမည်ကို အမြဲ လေ့လာဆည်းပူးနေပါ။ 
As long as you live, keep learning how to live.

အသက်ရှင်ခြင်း(ဘ၀) ဟူသည် တိုက်ပွဲပင်ဖြစ်သည်။
To live is to do battle .

အချစ်သည် သူ့အလိုအလျောက်ပေး၏။ ၀ယ်ယူလို့ မရပေ။
Love gives itself ,it is not bouhgt.

အချစ် နှင့် ချောင်းဆိုးခြင်းကို ဖုံးကွယ်ထားလို့မရပေ။ 
Love and cough  can not be hid. ( ဖုံးကွယ် ထားရင် ပိုဆိုးတယ် ဟုတ် ...:) )

ဘ၀သည် ပန်းဖြစ်ပြီး အချစ်သည် ၀တ်ရည်ဖြစ်ပေသည်။
Life is a flower of which love is the honey.


ဘ၀၏ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အကောင်းဆုံးမှာ အချစ်ပင်တည်း။
The greatest pleasure of life  is love.

အချစ်တွင် မျက်စေ့မရှိပါ။ 
Love is blind . (ချစ်နေသောကြောင့် အပြစ်မမြင်ခြင်း ဖြစ်မည်ထင်၏...:P)

အချစ်စစ် အချစ်မှန်သည် ဘယ်သောအခါမှ မဟောင်းနွမ်းပေ။
Ture love  never grows old .

အချစ်သည် ကမ္ဘာကြီးကို တည်ဆောက်ထားသည်။ 
Love made the world . ( မှန်၏ ကျွန်တော့် ကမ္ဘာကြီးပေါ့.....:P )

အချစ်သည် အရာရာကိုအောင်နိုင်၏ ။ 
Love conqueror all things.

ကျွန်ုပ်သည် အရူးဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ကောင်းတာမှန်သမျှကို ချစ်၏။
I am a fool anything that is good .

စောစီးစွာ အိမ်ထောင်ပြုခြင်းသည် အချစ်တာရှည်၏။
Early marriage ,long live.

ငယ်ချစ်သည် မပျောက်ပျက်။
Old love does not rust. (ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ )

ဒေါသသည် မိုက်မဲမှုဖြင့် စတင်ခဲ့ပြီး နောင်တရရှိခြင်းဖြင့် အဆုံးသတ်သည်။
Anger begins with folly, and ends with repentance.

ဒေါသကြီးသူ စကားတို။
A short tempered person's speech is short.

မီးပြင်းတဲ့အခိုက် ရေလိုက်လို့လည်းမနိုင်။
While the fire is raging, water can do nothing.

ဒေါသဖြစ်နေသူသည်  သူ၏မျက်စိကိုပိတ်ထားပြီး  သူ၏ပါးစပ်ကိုပိတ်ထာ၏။
An angry man opens his mouth and shuts up his eyes.

ဒေါသကို ကုစားဖို့ရာ အကြီးမားဆုံး သောနည်းလမ်း ကား အချိန်ဆွဲထားရန်ပင်ဖြစ်သည်။
The gratest for anger is delay.

ဒေါသဖြစ်ခြင်းသည် ခေတ္တခဏ ရူးသွပ်ခြင်းဖြစ်သည်။
Anger is short madness.

လူတစ်ယောက်ဒုက္ခရောက်ခြင်းသည်  မချမ်းသာရသော်လည်း အသိပညာတိုးပွားလာလေသည်။
Advesity makes a man wise , not rich.

ကြံသာ အစဉ်ချိုသည်၊ လူ သည် အစဉ်မချို။
Only sugar-cane is always  sweet , not man.

တောင်ထိပ်ရောက်သောသူတိုင်း အောက်က တက်၏။
Whoever has reached the peak , had  to begin the climb at the foot of the hill.

တုံဆိုင်းသောလူသည် ရှုံးနှိမ့်သည်။
The man who hesitates is lost.

လူတစ်ယောက်သည် ပျော်ရွှင်နေသောအခါ နာရီထိုးသံပင် မကြားပေ။
When a man happy he does not hear the clock strike.( နာရီထိုးသံမပြောနဲ့ ဗုံးကြဲတာတောင် ကြားမှမဟုတ်ဘူး....:) )

လူကြီးနှင့်လူငယ်သည် ဘယ်တော့မှ သဘောထားခြင်းတိုက်ဆိုင်မည် မဟုတ်။
Youth and age will never agree.(May be sometime )

ဆက်လက်ဖော်ပြပါမည်။

သုတေသီ ဘုန်းမြင့်သွေး

Tuesday, June 26

၁၂ ရာသီခွင် ဟာသ



(၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"
Aries "ဟုတ်ကဲ့ပါ မေမေ"
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"
မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"
Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်
ချွတ်ထားပြီးမှ ဒါန်းစီးတာပါ" :cd

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)


(၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"
ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ" :cd
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)


(၃) Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"
Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ" :cd
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)


(၄) Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer "ဒီည သားမေမေနဲ့အိပ်မယ်"
မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"
Cancer "အင်း"
မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"
Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်" :cd
(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)


(၅) Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"
ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။
Leo "မေမေ.. မေမေ... တင်ပါးထဲမှာ အီးတွေနဲ့...."
ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)


(၆) virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့ ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။ 
virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"
(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)


(၇) Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက
အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်" :cd

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)


(၈) Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ
ခြင်ထွက်မသွားဘူး။
"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး
တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)


(၉) Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"
ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"
Sagittarius တအောင့်လောက် စဉ်းစားပြီး.....
"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"
ဖေဖေ "............"  :cd

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)


(၁ဝ) Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ...
ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့
"ရှေ့မှာ မိုးမရွာလို့လား?" တဲ့။ :cd

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်မက ထွက်လာတာပေါ့"
Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်ဥက ပေါက်လာတာပေါ့"
Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)


(၁၂) Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"
Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
ရောက်လာခဲ့တာပေါ့နော်" :cd

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)

:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd

***၁၂ရာသီဖွားတွေမှာ အားနည်းချက်၊ အားသာချက်တွေ ဒီထက်မကရှိကြပါတယ်။ အင်တာနက်မှာရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒီမှာရေးထားတာက တချို့တလေပဲဖြစ်ပါတယ်။ (၁၂)ရာသီခွင်ဟာသလို့ ဆိုထားပေမယ့် တချို့က သိပ်မရယ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ဘာသာပြန် မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ (ဓနုရာသီဖွား)

Monday, June 25

Uninstall လုပ်လို့မရဘူးဆိုရင်



၁။ အရင်ဆုံး Run Box မှာ  regedit ဟု ရိုက်ပါ။ နောက်ထပ် Box အရှည်တစ်ခုပေါ်လာပါ့မယ်။

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
 
၎။ ပြီးရင် Run Box ထဲတွင် C:\Program Files\WordWeb\uninst.exe ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။


အဆင်ပြေပါစေ.......

အားလုံးကိုလေးစားလျက်...

Saturday, June 23

သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ


ဒီပို့စ်လေးတင်လို့ ရိုင်းတယ်လို့ မထင်ပါနဲ့။ ကျန်းမာရေးရှူ့ထောင့်ကနေကြည့်ပေးပါ။



သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်းတင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ်

သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင်   ဖြစ်ပွား သောရောဂါတစ်မျိုး ဖြစ်ပြီးတော့  မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀%သည် ပိုးရှိသူအမျိုးသားများနှင့် အတူနေမိမှုကြောင့် ဖြစ်ပါတယ်။ အိမ်ထောင်များသူများ၊ မီးဖွားမှုများသူများ၊ အပျော်အပါးများသူမျာ၊ အပျော်အပါးများသောအိမ်ထောင်ဖက်ရှိသူအမျိုးသမီးများ နှင့် ပဋိသန္ဓေတားရန် အမျိုးသား အကာအကွယ်မသုံးပဲ ဆေးစားသူများ တို့ မှာဖြစ်တတ်ပါတယ်။

မေးခွန်းတစ်ခုမေးမယ်။ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှစ်ဦးက မိမိတို့ရဲ့ အမျိုးသားက သူ့ဘ၀မှာမိမိသာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ပါတယ်လို့အာမခံနိုင်တဲ့သူ ရှိသလဲ။ ဘယ်နှစ်ယောက် ကကော မိမိတို့ လက်ထပ်မဲ့ အမျိုးသားက အရင်ကဘာအပျော်အပါးမှ မလိုက်စားပါဘူး ဒီ ပိုးမရှိပါဘူးလို့ အာမခံနိုင်သလဲ။ စာရေးသူ ကလဲ ယောက်ျားတစ်ယောက်ပါ။ ယောက်ျားမကောင်းကြောင်းရေးနေတာမဟုတ်ပါဘူး။ သိသင့်တယ်ထင်တာ ဆန်းစစ်သင့်တာလေးတွေကို ထောက်ပြနေတာပါ။

ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါ တော့ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒီကင်ဆာရောဂါ ကဘယ်လိုဖြစ်တာလဲ ဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင်ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရောသားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။

ဘယ်လိုသိနိုင်မလဲ။ ဒီကင်ဆာဖြစ်တော့မယ်ဆို၇င် သူက အဆင့်လေးတွေနဲ့လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့ သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့မှားတတ်တယ်။ သူကတော့ အကြာကြီးကိုဆက်ဖြစ်နေတာ။ ပြီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလိုသွေးတွေဆင်းလာတယ် ပြီးတော့ သားမွေးလမ်းကြောင်းကနေ သွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။ ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကိုဒေါင်လိုက် နာတာကပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်းတစ်ခုလုံး နာလာတယ်။ နောက်ပိုင်းမှာ ဆီး ၀မ်းမထိန်းနိုင်တော့တာတွေ နဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။ လူလည်းပိန်လာတယ်။ အနာတွေကနေပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။ ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါပျက်စီးနိုင်တယ်။

ဒါဆိုရင်ဘာလုပ်ကြမလဲ။

ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။

ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင် နောက်တစ်လနေရင်တစ်ခါထိုးမယ်။ နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ်ထိုးမယ်။ ကဒ်ပြားလေးတွေပေးတယ်။ နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လိုထိုးပြီးပြီဆိုရင် ရှစ်နှစ်အထိခံတယ်။ ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉နှစ်ကစပြီးထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက်မလိုသေးပါဘူး။ အပျိုဖော်ဝင်စလောက်ကဆိုရပါတယ်

ရောဂါရှိမရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့်တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ခန္ဓာကိုယ်ထဲကိုပစ္စည်းထည့်ပြီးယူ၇မှာ ကိုမကြိုက်ကြဘူး။ တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။ ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင်တားလို့ရသေးတယ်။ CIN 1,2,3ဆိုပြီးတော့အဆင့်သုံးဆင့်မှာ မှာ 1ဆို ကာကွယ်ဆေးလောက်နဲ့တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ရသေးတယ်။

ဘယ်လိုကုမလဲ။

ဖြစ်တဲ့နေရာလေးကိုလှီးထုတ်တယ်။ ဓာတ်ကင်တယ်။ ဆေးကျွေးတယ်။ တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ်လိုက်ရတာတို့ လုပ်ရတယ်။

ဘာဆေးတွေပေးလဲ။

ပေးတာကတော့ ထိုးဆေးရော သောက်ဆေးရောပေါ့ အသုံးများတဲ့ဆေးတွေကတော့ Cyclophosphamine ၁၀ရက်စာ(ခန္ဓာကိုယ်အလေးချိန်အလိုက်သောက်သုံးရန်တွက်ချက်ရသည်) Lomustine နေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ်အကြီးအသေးအရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)

လတ်တလောဆိုးကျိုး-ပျို့၊အန်

ဘာရောဂါတွေနဲ့မှားတတ်သလဲ။

ဓမ္မတာမမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ဆင်မှားတတ်တယ်။ သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲသွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရစုတ်ပြဲသွားတဲ့အခါ။ သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။ ကာလသာရောဂါမှာ ရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။ အခြားသောသားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

ဒါဆိုဘယ်လိုသိနိုင်မလဲ။

အထက်မှာပြထားတဲ့ လက္ခဏာ တစ်ခုခုပေါ်လာတဲ့အခါ အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ ၀မ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်ကနာလာတဲ့အခါ ကိုယ့်ကိုကိုယ်သံသယ ရှိတဲ့အခါ ultra-sound ရိုက်ကြည့်လို့ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေးသုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိကုသလိုက်ပါ။
ဆေးဝါးများမှာသောက်ဆေးများဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုး အလွန်များသောဆေးများ ဖြစ်သဖြင့် ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်။

ဆေးပညာဂျာနယ်တစ်ခုမှ........

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဖို့အရေးကြီး



• Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။ မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။ Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက Placenta အချင်း ကတဆင့် ကလေးဆီ ကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။ Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ cells သွေးနီဥတွေ မျက်နှာပြင်မှာ D antigen ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မိခင်သွေးတွေ အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။ ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ

• Rh negative မိခင်ကနေ Rh positive ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ မိခင်ရဲ့ Immune system ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive red blood cells သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ ဒါကိုဆန့်ကျင်တဲ့ Antibodies တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။ Sensitization ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပထမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပထမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား Antibodies တွေဟာ များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ Miscarriage ကိုယ်ဝန်ပျက်တာ၊ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာ၊ Induced abortion ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့် မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ

• မိခင်ရဲ့ ဆန့်ကျင်တဲ့ Antibodies တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပါးလို့ (Anemia) သွေးအားနည်းမယ်၊(Jaundice) အသားဝါရောဂါရမယ်၊ (Mental retardation ) ဦးနှောက်ညံ့မယ်၊ ကြာရင်( Heart failure) နှလုံးရောဂါရမယ်။
• သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီ Jaundice အသားဝါဖြစ်တာက Physiological jaundice ကလေးတိုင်း ဖြစ်တဲ့ အသားဝါထက် ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်

Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့ မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ ဘာမှ စိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

စာရေးသူကိုမသိသောကြောင့် အမည်မဖော်ပြလိုက်ပါ........ 

ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။  နောက်တစ်ခုက ပုံလေးတင်ပေးလိုက်ပါတယ်။ မည့်သို့သောသွေးအုပ်စုတွေက တခြားသွေးအုပ်စုတွေကို အစားသွင်းလို့ရတယ်ဆိုတာရယ်၊ မိခင်သွေးနဲ့ ဖခင်သွေးပေါင်းရင် ကလေးသွေးက ဘာဖြစ်တယ်ဆိုတာကို ပြထားတဲ့ ဇယားလေးပါ။


အားလုံးကိုလေးစားလျက်.....

Friday, June 22

Steve Jobs ပြောခဲ့သော မိန့်ခွန်း



ဖတ်ဖြစ်အောင် တော့ ဖတ်ကြည့်စေချင်တယ်။ တကယ်ကို တန်ဖိုးရှိပါတယ်။ အတုလည်းယူသင့်ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျွန်တော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်းသုံးပုဒ် ထဲပါ။

ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ကို "အူဝဲ"ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

"ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…" တဲ့။ မိဘများကလဲ "သိပ်ယူတာပေါ့…" တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်…" လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေးအတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေ အားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာ ရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျွန်တော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့ မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို တက္ကသိုလ်မှာလာပြီး ဖြုံးနေတာပါဘဲ။

ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်းမရှိတော့ပါဘူး။ ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု ပေးပါရစေ။

Thursday, June 21

Softwares ပေါင်းစုံ ဒေါင်းရန်


ကဲ ဒီတစ်ခါတော့ ဆော့ဝဲလ်တွေ ဒေါင်းလို့ရတဲ့လင့်တွေကို တင်ပေးလိုက်ပါတယ်။  အများကြီးပဲ ဒီကောင်လေးတွေရှိနေတယ်ဆိုရင် ကျန်တဲ့ဆိုဒ်တွေ သွားစရာမလိုလောက်အောင်ပါပဲ။ အဟီးနောက်တာနော်။ များတော့များတယ်။ မိမိလိုချင်တဲ့နာမည်နဲ့ ကိုက်တယ်ဆိုရင် ဒေါင်းသွားလိုက်ပေါ့ဗျာ။ အစ်ကိုတစ်ယောက်ဆီက မလာတာ။ မသိတာတွေလည်းများကြီး ပဲ။ ဘာဆော့ဝဲလ်တွေမှန်း   ကိုမသိဘူး။   တော်တော် ကိုကောင်းတယ်လို့ ပြောရမှာပဲ ဒေါင်းလော့လင့်တွေကလည်းအများကြီးပဲ။ တစ်ခုမရရင်တစ်ခုပေါ့။ စိတ်ကြိုက်သာဒေါင်းပေတော့ ။ကျွန်တော်လည်းမအားသေးလို့။  ဒီဟာတွေအကုန်ဒေါင်းလော့ချပြီး သိမ်းထားရအုံးမယ်။ တကယ်လည်း အသုံးဝင်တဲ့ ဆော့ဝဲလ်တွေပါပဲ။ ဒီထဲက သုံးဖြစ်တယ်ဆိုရင် ကျွန်တော်သုံးပုံ သုံးနည်းလေးတွေပါ နောက်ကျရင်တင်ပေးပါ့မယ့်။ အခုတော့ အားရပါးရ ဒေါင်းလိုက်ပါအုံး။ 



Driver Robot_v2.5.4.2
System Cleaner_v5.95c
Red Button_v4.0 (Portable)
TuneUp Utilities 2012
Super Hide IP_v3.1.7.2
PC Speed Maximizer
Keygen for Blumentals Soft
Button & Menu Maker_v2.3
mFormat_v1.1A
Wondershare PDF Converter
IDM_v6.07.12
Kaspersky 2012 Trial Reset
Easy MP3 Downloader_v4
Xilisoft MP4 Converter_v6
Driver Genius Professional
USB Disk Security_v6
IDM_v6.07.03
IDM_v6.06
Windows 8 Activator
Button & Menu Maker_v2.11
SWF to Video (Sothink)
SWF To Video (iWisoft)
Video Converter Pro
Kaspersky 2011 Crack
IDM_v6.02
Ultra Surf v9.97
Kaspersky Blacklist Crack
IDM_v5.19.2
Google Translate PRO
File Joiner & Splitter
Windows 7 Manager 64 bit
Windows 7 Manager 32 bit
Web Calendar Pad
Nero_v9.4.26.0
Farsight Calculator_v3.6
SWF to MP3 Converter
Driver Checker_v2.7.4
RAR Password Recovery
Registry Purify_v4.90
Video Cutter_v1.0.34
Password Store
Folder Lock_v6.3.2

Nokia ဖုန်းတွေမှာ မြန်မာလိုပေါ်အောင်လုပ်နည်း




Nokia မှာမြန်မာဖောင့်ထည့်ချင်တယ်လို့ comment ပေးသွားတာတွေ့လို့ပါ။ မြန်မာဖောင့်သွင်းဖို့ အတွက် Font Zoomer ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ Nokia C7 မှာတင်မကပါဘူး ။ တခြား Nokia smart phone တွေဖြစ်တဲ့
Nokia 5230, 5233, 5235, 5530, 5800, X6, C5, N97mini, N97 တို့မှာလည်း ဒီ ဆော့ဝဲလေးကိုသွင်းလို့ရပါတယ်။ အောက်မှာရယူနိုင်ပါတယ်။

software လေးကို download ဆွဲပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် သွင်းချင်တဲ့ မြန်မာဖောင့်ကို ဖုန်းရဲ့ sd card ထဲကို copy လုပ်လိုက်ပါ။
ပြီးရင် ဖုန်းရဲ့ file manager ထဲကနေ၀င်ပြီး ခုနက sd card ထဲကို copy လုပ်ထားတဲ့ မြန်မာဖောင့်ကို C:datafontzoomer အောက်ကို ရွေ့လိုက်ပါ။
ပြီးပြီဆိုရင် Font Zoomer program လေးကို ဖွင့်လိုက်ပါ။ Font Zommer ထဲရောက်ပြီဆိုရင် option ကိုရွေးပါ။ option ထဲကနေ list of font ကို
ရွေးပါ။ list of font ထဲကနေ ခုနက သွင်းထားတဲ့ မြန်မာဖောင့်ကိုရွေးလိုက်ပါ။ ပြီးရင် phone ကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် မြန်မာလိုရေးထားတဲ့စာတွေကို မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။
တခြားသွင်းလို့ရတဲ့ဖုန်းအမျိုးအစားတွေကတော့
Nokia 5800, Nokia 5230, Nokia 5233, Nokia 5250, Nokia 5228, Nokia 5235, Nokia 3250, Nokia 5320, Nokia 5500, Nokia 5530, Nokia 5630, Nokia 5700, Nokia 5730,
Nokia 6110, Nokia 6120, Nokia 6124, Nokia 6210, Nokia 6220, Nokia 6290, Nokia 6650, Nokia 6710, Nokia 6720, Nokia 6730, Nokia 6760, Nokia 6788, Nokia 6790,
Nokia: E50, E51, E52, E55, E60, E61, E62, E63, E65, E66, E70, E71, E72, E75, E90, N8, N71, N73, N75, N76, N77, N78, N79, N80, N81, N82, N85, N86, N91,
N92,N93, N95, N96, N97, N97 mini, X6, C7-00, E7-00, C5-03, C6.


တစ်ခုသတိပေးအုံးမယ်နော် မသိသေးသောသူများအတွက်ပါ။ ဖုန်းထဲကို ဆော့ဝဲလ်သွင်းမယ်ဆိုရင် အလွယ်တကူ သွင်းလို့ရအောင် Nokia PC suite  software လေးတွေကို ဒေါင်းလော့ချပြီးသုံးပါ။ တစ်ခုတင်ပေးလိုက်ပါတယ်  ။  ဒီကောင်လေးကိုသုံးခြင်းအားဖြင့် မိမိသွင်းလိုသော ဆော့ဝဲလ်ကို ကလစ်  ပေးလိုက်တာနဲ့  ဖုန်းထဲကိုဝင်သွားပါပြီ။ 

ဒီမှာ ဒေါင်းလိုက်ပါ။

အဆင်ပြေပါစေ......

အားလုံးကိုလေးစားလျက်....

Tuesday, June 19

ဟာသပုံလေးများ


ကဲဒီတစ်ခါတော့ ဟာသပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေက ကျွန်တော် Facebook က Funny world မှာတွေ့ဖူးတဲ့ပုံလေးတွေပါ။ ဒါပေ့မယ့် ကျွန်တော်ယူတာက အဲဒီကတော့မဟုတ်ပါဘူး။ တခြားဆိုက်ကနေ ကူးယူထားပါတယ်။ မူရင်းဆိုက် ကိုလည်း အောက်မှာဖော်ပြထားပါတယ်။ မူရင်းဆိုက်က မြန်မာဆိုက်တော့ မဟုတ်ပါဘူး။ အဲဒီထဲက ကျွန်တော်သဘော ကျတာလေးတွေကို ပြန်တင်ပေးလိုက်တာပါ။ ကျွန်တော်တင်ထားတဲ့ပုံတွေနဲ့တင် မကျေနပ်ဘူးဆိုရင်လည်း ဖော်ပြထားတဲ့ဆိုက်ကိုသာ သွားကြည့်ပါနော်။ 


အဲလိုမျိုးသူများထက် ထူးလိုက်ရမှ.........

ဇိပ်ပဲ ဆိုဖာလောက်တော့ သနားတယ်......

အဲဒီလောက်ထိပျင်းတာ......ငပျင်း.........

ဘယ်ဟာမှန်တာလဲကွာ......

ဒီလိုရီရတယ်.......

နားရွက်က အော်ဒါမှာထားတာလေ.....

ရှင်တော်လောက်ပြီ.ဘုန်းကြီးကျောင်းသွားရအောင်