Pages

Saturday, November 19

၂၀၁၂ ခုနှစ်အတွက် ခရီးသွားရန် ဒုတိယမြောက် အကောင်းဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံကိုရွေးချယ်


ဒီပို့လေးကို ဗဟုသုတအဖြစ် ပြန်လည်ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပေါ့။ဒီလိုအကြောင်းအရာလေးတွေက မြန်မာနိုင်ငံလူမျိုးများအတွက် ကြည်နူးစေမယ့် အကြောင်းအရာလေးတွေမို့လို့ ပါ။မြန်မာနိုင်ငံအတွက်လည်း ဂုဏ်တက်တာပေါ့ဗျာ။ 
ကမ္ဘာလှည့် ခရီးသွားများ၏ ယုံကြည်မှု ရရှိထားသော Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်က ရွေးချယ်သော ၂၀၁၂ ခုနှစ် ခရီးသွားရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာကြောင်း သတင်း ရရှိသည်။ Lonely Planet က ရွေး ချယ်ခဲ့သော ၂၀၁၂ ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ခရီးသွား ၁၀ နိုင်ငံ ထဲတွင် ပထမအဖြစ်ယူဂန်ဒါ၊ ဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ဖော် ပြထားပြီး တတိယအဖြစ် ယူကရိန်း နိုင်ငံအားဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့်ပတ်သက် ၍ Lonely Planet က ထုတ်ပြန် ချက်တွင် ရွှေတိဂုံစေတီတော် အကြောင်းအား ဖော်ပြထားပြီး တောင်ကုန်းများ၊ သဲအဖြူရောင် ကမ်းခြေများ၊ ဝိုင်းရံထားသော စွန်ပုံသဏ္ဌာန်ရှိသည့် နိုင်ငံဟုညွှန်းဆိုထားသည်။ထို့အပြင်နိုင်ငံအတွင်း၌လည်း ရှေး ဟောင်း မြို့များ၊ မရေတွက်နိုင်သော သော ဘုရားများနှင့် ပုဂံဒေသအ ကြောင်းကိုလည်း ဖော်ပြထား သည်။ တခြားစိတ်ဝင်စားစရာက ကမ္ဘာမှာ သဘောအကောင်းဆုံး လူသားတွေ အဲဒီမှာရှိတယ် ဟုလည်း တင်စားထားသည်။ Lonely Planet က ၂၀၁၂ ခုနှစ်အတွက် ရွေးချယ်ခဲ့သော ခရီးသွားရန်အကောင်းဆုံး ၁၀နိုင်ငံ မှာ ယူဂန်ဒါ၊ မြန်မာ၊ ဂျော်ဒန်၊ ဂျာဗား၊ ယူကရိန်း၊ ဒိန်းမတ်၊ ဘူတန်၊ ကျူးဘား၊ နယူးကာလီ ဖိုး နီးယား၊ ထိုင်ဝမ်နှင့်ဆွစ်ဇာလန် နိုင်ငံတို့ဖြစ်သည်။ ၂၀၁၁ခုနှစ်က လည်း ထိုကဲ့သို့ ရွေးချယ်ခဲ့ပြီး ရွေး ချယ်နိုင်ငံတွင်ပါဝင်ခဲ့သည့် ဂျပန် နိုင်ငံက ထိုနှစ်ကစ၍ ကမ္ဘာလှည့် ခရီးသည်များ တိုးတက်ရရှိလာခဲ့ ကြောင်း ခရီးသွားလုပ်ငန်း လုပ် ကိုင်သူတို့က သုံးသပ်သည်။ယခုနှစ် ခရီးသွားရာသီအ တွက် ဒီဇင်ဘာလအထိ ရရှိထား သော စာရင်း ဇယားများအရ ယမန် နှစ်ကထက် ၂၅ရာခိုင်နှုန်း တိုး တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက သုံးသပ်ထားပြီး နိုဝင်ဘာလအတွက် ရန်ကုန်မြို့ ရှိဟိုတယ်များ အခန်းပြည့် ရရှိထားကြောင်း သိရသည်။

 source:myanmarexpress

3 comments:

  1. Anonymous5:14 AM

    Thanks for finally writing about > "၂၀၁၂ ခုနှစ်အတွက် ခရီးသွားရန် ဒုတိယမြောက် အကောင်းဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံကိုရွေးချယ်"
    < Liked it!

    Feel free to surf to my site :: Ford Ranger Forum

    ReplyDelete
  2. Anonymous6:49 AM

    We are a group of volunteers and opening a new scheme in our community.
    Your site offered us with valuable info to work on. You've done a formidable job and our whole community will be grateful to you.

    Also visit my website - Ranger Forum

    ReplyDelete
  3. Anonymous11:01 AM

    Heya i am for the first time here. I found this board and
    I in finding It really helpful & it helped me out a lot.
    I am hoping to present one thing back and aid others
    such as you helped me.

    Feel free to visit my web page ford ranger

    ReplyDelete