Pages

Tuesday, February 28

Style အရမ်းမိုက်တဲ့ Facebook Theme လေးများ




ဒီတခါတော့ ဖေ့ဘွတ်ကို စတိုင်တစ်မျိုးနဲ့ သုံးချင်သူများအတွက်ပါ။ အရမ်းမိုက်တယ်ဗျ။ ကျွန်တော်တောင် အခုသုံးနေတယ်ဗျာ။ အပေါ်က ပုံက ဘလော့ Template မဟုတ်ဘူးနော် ။ ဖေ့ဘွတ်ပါ။  ကဲအရင်ဆုံး ဒီလင့်  လေးမှာ သွားပြီးတော့ install လုပ်လိုက်ပါ။ ပြီးရင် Firefox  ကို restart ပေးလိုက်ပါ။ ပြီးရင် လင့်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီလင့်မှာလည်း INSTALL  တစ်ခုထပ်လုပ်ပေးရပါတယ်။ ဒါမှသုံးလို့ရမှာဖြစ်ပါတယ်။ဒုတိယလင့်မှာက ဒီလိုပုံစံလေးပါ။
အခုအသစ်တစ်ခုပြောင်းသွားပါတယ်ခင်ဗျာ။ အပေါ်ကပုံလေးကို install လုပ်ပြီး ရင် အောက်ကလင့်လေးကိုလည်း install လုပ်ပေးဖို့လို့ပါမယ့်ခင်ဗျာ။ TRY IT ဆိုတာကို နှိပ်ပြီး install လုပ်ပါ။ (20.10.2012)


 ပြီးရင်နောက်တစ်ခုက စိတ်ကြိုက် Theme လေးတွေ ရွေးဖို့ ဒီလင့်  လေးကိုသွားပါ။
အဲဒီမှာ Themes တွေ နည်းတာမဟုတ်ဘူး။ အများအများကြီးပဲ။  စိတ်ကြိုက် Themes လေးတွေ့ပြီဆိုရင် ကလစ်ပေးလိုက်ပါ။ ပြီးရင်  Install With Stylish ဆိုတာကို ကလစ်ပေးလိုက်ပါ။ ပြီးရင် Firefox ကို restart ပေးပါ။  ပြီးပါပြီ။ သုံးကြည့်နော် ။ လင့်နှစ်ခုကို install လုပ်ရမှာနော် ။မှားနေမှာစိုးလို့ ထပ်သတိပေးတာ။ အဆင်ပြေကြပါစေ.။

အားလုံးကိုလေးစားလျက်.....

10 comments:

  1. လှတော့လှတယ်နော် မောင်လေး
    ခက်တာကfbမသုံးတော့ သုံးရမလိုဖြစ်နေတယ် :)

    ReplyDelete
  2. Anonymous6:25 AM

    ပထမ လင့်က ၀င်လို့မရဘူး

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ လင့် ပြန်ပြင်ပေးထားပါတယ်ခင်ဗျာ....ပြန်သုံးကြည့်ပါနော်..........ကျေးဇူးတင်ပါတယ်........

      Delete
  3. Anonymous2:59 PM

    2ဆင့်လုံးပီးသွားပီ..Themes တွေကပေါ်လာသေးဘူးဘယ်လိုလုပ်ရမလဲ..သိချင်ပါတယ်..
    အြားပေးနေပါတယ်..

    ReplyDelete
    Replies
    1. ကျွန်တော်အထင်ပြောရရင် ပထမလင့်ပြီးရင် firefox က restart ကျသွားမယ်။ အဲဒီမှာ firefox ပြန်တက်လာရင်လင့်တစ်ခု ထပ်ပေးတယ်ဗျ။ ဒီလင့်လေး( http://userstyles.org/firstrun ) ။ အဲဒီလင့်လေးကိုလည်း INSTALL လုပ်ပေးရပါတယ်။ အဲဒီတစ်ဆင့်ကို INSTALL မလုပ်မိလို့ မရတာ ဖြစ်နိုင်ပါတယ်။ ကျန်တာကတော့ မမှားနိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်။

      Delete
  4. Anonymous6:18 PM

    နဂိုအတိုင်းပြန်လိုချင်ရင်ဘယ်လို့လုပ်ရမလဲ...themeကကြည့်ရအဆင်မပြေဘူးရှင့်..ပြန်ကူပါအုံး

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ လွယ်ပါတယ်ခင်ဗျာ ...Firefox မှာ Tools ကိုကလစ်ပေးပါ ။ပြီးရင် Add-ons ဆိုတာကို ထပ်ကလစ်ပေးပါ။ Extensions မှာ Stylish ဆိုတာကို ရှာပြီး Remove ပေးလိုက်ပါ။ ပြီးရင် firefox ကို restart ချလိုက်ပါ။ ဒါဆိုရင်အဆင်ပြေပါပြီ။ အဆင်မပြေရင် ထပ်ပြောလိုက်ပါနော်.........ကျေးဇူးတင်ပါတယ်........

      Delete
  5. Firefoxကိုrestartလုပ်ပြီးရင်(Wordpress Toolbar)Web site linkဘဲတတ်တယ်တယ်ရင်းရေ...:)

    ReplyDelete
    Replies
    1. အစ်ကို ညီအခုမှပြန်လုပ်ကြည်.မိတယ်။ Wordpress Toolbar မှာ TRY IT ဆိုတာလေးကို ကလစ်ပေးပြီးတော့ install လုပ်ရအုံးမယ်။ ပြီးရင် Theme ရွေးဖို့အတွက် နောက်ထပ်လင့်တစ်ခုရှိသေးတယ်လေ။ အစ်ကို အဲဒါကိုမတွေ့လို့ထင်တယ်။ ဒီလင့်လေ(http://userstyles.org/styles/browse/facebook)
      ပြန်လုပ်ကြည့် ကြည့်ပါနော် အစ်ကို ။ ညီပြန်လိုပ်တာ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်....။

      Delete
    2. ဟုတ်တယ်ညီရေအကိုနဲနဲလောသွားလို့မတွေ့လိုက်ဘူးကျေးဇူးအထူးတင်တယ်ညီရေ...

      Delete