Pages

Monday, January 2

Facebook Timeline ကိုဖျတ်ပစ်မယ်


ကျွန်တော်ဒီတခါပြောပြချင်တာက  Facebook အသုံးပြုသူများ Timeline ကိုဖျတ်ပစ်ချင်သူများအတွက်ပါ။ ကျွန်တော်လည်း ရှာတော့ရှာတာပဲ ဒီနည်းလေးပဲတွေ့တာ။ မသိသောသူများအတွက်ပါ ။ အရင်ဆုံး ဒီလင့် လေးကို  Firefox မှာ install လုပ်လိုက်ပါ။ ပြီးရင် Firefox ကို restart ပေးပါ။ Firefox ပြန်ပွင့်လာပြီဆိုရင် အပေါ်ဆုံးဘားတန်း က Tools ကိုသွားပါ။ အဲဒီမှာ Default user agent ကိုရွေးပါ။ ပြီးရင် အဲဒီဘေးကိုဆက်သွားပါ။ Internet explrorer ကိုရွေးပါ။ အဲဒီကနေမှ Internet explorer 7 ကိုရွေးပါ ။ ပြီးရင် Facebook ကို reflash ပေးလိုက်ပါ။  ဒါဆိုရင် Facebook က ဟိုးအရင်အဟောင်းကို ပြန်ရောက်သွားပါလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုက ဒီနည်းလေးက အပြည့်အ၀ မဖယ်ရှားနိုင်ဘူးဗျာ။ Firefox ဖွင့်တိုင်းဖွင့်တိုင်း မှာ  Default user agent ကနေ  Internet explorer 7  ကိုပြောင်းပေးရတယ်ဗျာ ။ တကယ်လို့ပြောင်းမပေးဘူးဆိုရင် အဲဒီ Timeline ကြီးက ပေါ်နေပြန်ရော ။ အဲဒါလေးကို  Firefox ဖွင့်တိုင်းမှာပြောင်းပေးဖို့တော့ မမေ့ပါနဲ့။ ကျွန်တော်လည်း ဒီနည်းလေးပဲ သိသေးလို့ပါ။ ဒီထက်ကောင်းတဲ့နည်းလေးရှိရင်လည်း ပြောပေးကြပါနော်။ ကျွန်တော်က Timeline ကိုကြိုက်ဘူး။ 

အားလုံးကို လေးစားလျက်.....

2 comments:

  1. Anonymous8:06 PM

    အဲလိုလုပ်တာက ကိုယ့်ဘာသာပဲမြင်ရတာပါ ... သူများက လာလည်ပြီးကြည့်လိုက်ရင် အဲဒီ Timeline အတိုင်းပဲမြင်ရတယ် ... ကျွန်တော်လည်း ဆက်ရှာနေဆဲပါ ... ရရင်ပြောပါ့မယ် ... :)

    ReplyDelete
  2. Anonymous11:08 AM

    Thanks for every other magnificent article. Where else may anyone get that type of information in such a perfect method of writing?
    I have a presentation subsequent week, and I am at the look for such info.


    Feel free to surf to my homepage ford ranger

    ReplyDelete