Pages

Tuesday, May 8

တပတ်တခါ ပုံမှန်ပြေးခြင်းသည် အသက်ပိုရှည်နိုင်



တစ်ပတ်တစ်ခါ ပုံမှန်ပြေးရင် အသက် ခြောက်နှစ်မျှ ပိုရှည်စေကြောင်း  သိပ္ပံပညာရှင်များ ကဖော်ထုတ်ခဲ့သည်။ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းများထက် သက်သောင့်သက်သာပြေးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းကြောင်းလည်းတွေ့ရှိခဲ့ကြသည်။  တစ်ပတ် တစ်နာရီမှ နှစ်နာရီထိ ပုံမှန်ပြေးခြင်းသည် အမျိုးသားများတွင် အသက် ၆.၂ နှစ်မျှ ပိုရှည်စေနေနိုင်ပြီး အမျိုးသမီးများတွင် ၅.၆ နှစ်မျှ ပိုရှည်စေနိုင်ကြောင်း သုတေသန ပညာရှင်များက သုံးသပ်ခဲ့သည်။ ယခင်လေ့လာမှုများတွင် ပုံမှန်ပြေးခြင်း သည် လူလတ်ပိုင်းများအတွက် အသင့်တော်ဟု ယူဆမှုများ ရှိခဲ့သည်။ ဒိန်းမတ်နိုင်ငံ၊ ကိုပေဟေဂင် မြို့တွင် လူ၂၀၀၀၀ ကျော်ကို နှလုံးသွေးကြောဆိုင်ရာလေ့လာမှုများ ပြုလုပ်ပြီးတွေ့ရှိခဲ့မှုအရ ယခင်အယူအဆများကို ဆန့်ကျင်ခဲ့ပီး ပုံမှန်ပြေးခြင်းသည် အသက်ရှည်စေရန် အထောက်အကူပြုကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသက်၂၀ မှ ၉၃ နှစ်အထိ အရွယ်စုံလေ့လာမှုအရ ပုံမှန်ပြေးခြင်းသည် အခြားကျန်းမာရေး  အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်ပြီး အောက်ဆီဂျင်ရှူသွင်းမှုအားကောင်းစေခြင်း၊ သွေးတိုးကျစေခြင်း၊ အ၀လွန်မှုမှကာကွယ်ပေးခြင်း ၊ နှလုံးလုပ်ဆောင်မှုကောင်းမွန်စေခြင်း ၊စိတ်ပိုင်းဆိုင်ရာ သွက်လက်စေခြင်းများကို လည်းရရှိစေနိုင်သည်ဟုဆိုသည်။


ကဲ ဒီတစ်ပတ်ကစပြီး ပြေးပြီဗျိုးးးးးးးးးးး.....................:P

source: weeklyeleven journal

အားလုံးကိုလေးစားလျက်......

2 comments:

  1. ဟုတ်တယ်ဟေ့...ဒို့ဆီမှာလည်း နွေဦးဆိုတော့ ပြေးလို့ကောင်းနေပြီ....
    စပြေးတော့မယ်ဗျို့...

    ReplyDelete
  2. ပြေးတာထက် လမ်းလျှောက်တာကို ပိုသဘောကျတယ် မှူးသော်ရေ။
    အသက်ကြီးတဲ့သူဆိုတော့ သက်သာတဲ့နည်းလမ်းကိုရှာတာလေး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete